ယူနိုက်တက်နဲ့ ဆောင်းရာသီဈေးကွက်အပြောင်းအရွှေ့ သုံးသပ်ချက်

photo internet

2020 နှစ်သစ်ကိုတော့ရောက်ရှိခဲ့ပါပြီ။ နှစ်သစ်အစမှာပဲကစားသမားအပြောင်း အရွှေ့တွေလုပ်ဆောင်ပါတော့ မယ်။အဲဒီအပြောင်းအရွှေ့ဈေးကွက်မှာယူနိုက်တက်တို့ရဲ့ အခြေအနေဘယ်လိုရှိမလဲဆိုတာတင်ဆက်ပေးပါ မယ်။ ကြားကာလမှာပြုလုပ်တဲ့အပြောင်းအရွှေ့ဖြစ်တာကြောင့် အသင်းအချို့ကတော့ ကစားသမား အရောင်းအဝယ်မလုပ်ကြပါဘူး။ အချို့တွေကတော့ အလွတ်အပြောင်း အရွှေ့တွေလုပ်ဆောင်ကြပါတယ်။ ယူနိုက်တက်ရဲ့ဆောင်းရာသီအပြောင်းအရွှေ့ဟာ အဆင်ပြေတာများပါတယ်။ ယူနိုက်တက်ခေါ်ခဲ့တဲ့ ကစားသမားထဲမှာဆိုရင် အဲရစ်ကန်တိုနာဟာဆောင်းရာသီမှာရောက်လာခဲ့တာဖြစ်ပြီး၊ လိဂ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့အဆင်ပြေပြီး ဆောင်းရာသီမှာရောက်လာခဲ့တဲ့ နောက်ထပ်ကစားသမားတွေကတော့ ပက်ဂျီဆန် ၊ပက်ထရစ်အီဗရာ နဲ့ နီမန်ဂျာဗီဒစ်တို့ဖြစ်ပါတယ်။

photo internet

ယူနိုက်တက်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာတော့ ထုတ်ရောင်းခဲ့တဲ့သူတွေရှိသလို၊ အသစ်ခေါ်ခဲ့တဲ့ကစားသမားတွေလည်းရှိခဲ့ပါတယ်။ အဲဒီကာလတုန်းက ကစားသမားသုံးယောက်ခေါ်ခဲ့ပြီး အခုအပြောင်းအရွှေ့အတွက်လည်း နောက်ထပ်ကစားသမားခေါ်ဖို့ပြင်ဆင်နေပါတယ်။ ကစားသမားခေါ်ဖို့ လိုကိုလိုအပ်တယ်ဆိုပြီး အဖက်ဖက်က ဝေဖန်သုံးသပ်နေကြသလို၊ ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း အဲဒီအချက်ကို သဘောတူထားပါတယ်။ အခုနောက်ဆုံးကစားသွားတဲ့ အာဆင်နယ်နဲ့ပွဲမှာဆိုရင် မကျေနပ်စရာရလဒ်ကိုသာပေးစွမ်းနိုင်တာကြောင့် နည်းပြနဲ့ကစားသမားတွေရဲ့စွမ်းရည်ကို ဝေဖန်တာတွေရှိပါတယ်။ နည်းပြဆိုးလ်ရှားကတော့ ကစားသမားအသစ်ခေါ်ယူဖို့နဲ့ပတ်သက်လို့တော့ ““ဒီ အသင်း မှာ နောက်ထပ် ကစားသမား တစ်ဦး ၊ နှစ်ဦး လောက်ကို ကျွန်တော် တို့ အင်အား ဖြည့်တင်း နိုင်ပါ သေးတယ် ။ ကျွန်တော် တို့ဟာ အသင်း ကို တည်ဆောက် ဖို့ လုပ်ဆောင် နေကြတာ ဖြစ်တဲ့ အတွက် မှန်ကန်တဲ့ ခေါ်ယူမှု တွေကို ရရှိ နိုင်မယ် ဆိုရင် တိုးတက်တဲ့လုပ်ဆောင်ချက်တွေလုပ်နိုင်မှာပါ”ဆိုပြီးပြောပါတယ်။

photo internet

ယူနိုက်တက်ဟာ ကစားသမားအသစ်နေရာမှာ ဟာလန်းကိုခေါ်ဖို့ပြင်ဆင်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ နည်းပြဆိုးလ်ရှားကိုယ်တိုင်ဟာလန်းကို လေယာဉ်စီးသွားတွေ့ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟာလန်းက ယူနိုက်တက်ကိုငြင်းပယ်ခဲ့ပါတယ်။ နောက်ထပ်ခေါ်ဖို့ပြင်ထားတဲ့ကစားသမားတွေကတော့ ဆန်ချိုနဲ့ မက်ဒီဆင်တို့ဖြစ်ပြီး၊ သူတို့ရဲ့အပြောင်းအရွှေ့ကလည်း ဆောင်းရာသီမှာမဖြစ်နိုင်ဘဲ နွေရာသီကျမှသာ အကောင်အထည်ပေါ်ချင်ပေါ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကတည်းက အသင်းကထွက်မယ် တကဲကဲလုပ်နေတဲ့ပေါ့ဘာကတော့ အခုအချိန်မှာလည်းမပြောင်းဖြစ်သေးဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်နေပြန်ပါတယ်။ ပေါ့ဘာဟာဒဏ်ရာရခဲ့တာကြောင့် ယူနိုက်တက်ပွဲစဉ်တွေကနေ အခိုက်အတန့်ပျောက်ကွယ်သွားခဲ့ပြီး မနှစ်ကနှစ်ကုန်ခါနီးပွဲစဉ်မှာတော့ကွင်းထဲကိုပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

photo internet

ယူနိုက်တက်ဟာ ဟာရဲရား၊ ဖယ်လိုင်နီ ၊လူကာကူတို့ကိုရောင်းချထားပြီး နောက်ထပ်ပေ့ါဘာကိုပါ အသင်းကနေ ထွက်ခွင့်ပြုမယ်ဆိုရင် ငွေကြေးပိုင်းဆိုင်ရာအခြေအနေမှာအတော်ကို ဝန်ပေ့ါမယ့် အနေအထားဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့်အဲလိုဖြစ်ခဲ့မယ်ဆိုရင်တော့ ကစားသမားပြန်လည်ဖြည့် တဲ့ကိစ္စကိုသေချာလုပ်ဖို့လိုပါတယ်။ အခုတောင် အချို့ပွဲစဉ်တွေမှာ ယူနိုက်တက်ဟာ ခြေစွမ်းကျဆင်းနေ တာကိုတွေ့ရပါမယ်။ အထူးသဖြင့်တစ်ခါတလေမှာ အသင်းငယ်တွေနဲ့တောင်အတော်ရုန်းကန်နေရတာပါ။ လူမခေါ်ထားဘဲရှိတဲ့သူတွေကိုသာ ပွဲထုတ်နေမယ်ဆိုရင် ကစားသမားတွေဒဏ်ရာရတဲ့အခါမှာ ယူနိုက်တက်အတော်ကို အခက်တွေ့ပါလိမ့်မယ်။

photo internet

ယူနိုက်တက်ဟာလူငယ်ခြေတက်တွေကို ဦးစားပေးသုံးနေတာဟာတစ်ခါတလေမှာအဆင်ပြေတတ်ပေမယ့် ပွဲစဉ်တိုင်းမှာတော့အဲဒီပုံစံက ရလဒ်ကောင်းနိုင်မှာမဟုတ်ပါဘူး။ လင်ဂတ်၊ပါရဲရားတို့ကို အရမ်းအားကိုးနေ လို့မရပါဘူး။ ဒဏ်ရာရကစားသမားတွေအကြောင်းကိုပြန်ပြောင်းငဲ့ကြည့်မယ်ဆိုရင်လောလော လတ်လတ်မှာ မက်တော်မီနေးတစ်ယောက်ချိုင်းထောက်နဲ့အိမ်ကိုပြန်သွားခဲ့ရပြီး 8 ပတ်လောက်အထိအနားယူရဖွယ်ရှိနေပါ တယ်။ ရာသီအစမှာတုန်းကလည်း ရက်ရှ်ဖို့နဲ့မာရှယ်တို့ ဒဏ်ရာကြောင့်နားခဲ့ရပါသေးတယ်။ ကျန်တဲ့အချို့ ကစားသမားတွေကလည်း မကြာခဏဆိုသလိုဒဏ်ရာရတတ်ကြပါသေးတယ်။ ဒါကြောင့် ယူနိုက်တက် အသင်းသားတွေအတွက် မှန်ကန်တဲ့ကြံ့ခိုင်ရေးနည်းလမ်းတွေကိုရရှိဖို့ကလည်းအရေးပါနေပါတယ်။ အဲလိုမှမဟုတ်ရင်အသင်းသားတွေကို မြက်ခင်းစိမ်းပေါ်မှာထက် ယူနိုက်တက်ရဲ့ဆေးရုံမှာမြင်တွေ့ ရများနေပါမယ်။
ယူနိုက်တက်ပရိသတ်တွေတောင်းဆိုနေတဲ့အချက်တစ်ချက်လည်းရှိပါတယ်။ ဒါကတော့ ဂိုးသမားပြောင်းရွှေ့ ပွဲထုတ်ဖို့ဖြစ်ပါတယ်။ ဒီဂီယာရဲ့နေရာမှာ လူငယ်ဂိုးသမားလေး ဟန်ဒါဆန်ကို အစားထိုးဖို့ တောင်းဆိုနေကြ တာဖြစ်ပါတယ်။ နှစ်သစ်ရဲ့ပွဲစဉ်တွေမှာ ဂိုးသမားကောင်းကောင်းရှိမှသာ ယူနိုက်တက်အနေနဲ့ ပေးဂိုးတွေနည်းမှာဖြစ်ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်လိုချင်ရင်တော့ ယူနိုက်တက်အနေနဲ့ အခုဆောင်းရာသီမှာ တက်တက်ကြွကြွလှုပ်ရှားဖို့လိုကိုလိုအပ်နေပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့ဟာ နှစ်ကာလတစ်ခုအထိယူနိုက်တက်ရဲ့လှုပ်ရှားမှုတွေအပေါ်အကျိုးသက်ရောက်နေမှာဖြစ်တာကြောင့် အကောင်းဆုံးစီစဉ်ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္နဲ႔ ေဆာင္းရာသီေစ်းကြက္အေျပာင္းအေရႊ႕ သုံးသပ္ခ်က္

2020 ႏွစ္သစ္ကိုေတာ့ေရာက္ရိွခဲ့ပါၿပီ။ ႏွစ္သစ္အစမွာပဲကစားသမားအေျပာင္းအေရႊ႕ေတြလုပ္ေဆာင္ပါေတာ့ မယ္။အဲဒီအေျပာင္းအေရႊ႕ေစ်းကြက္မွာယူႏိုက္တက္တို႔ရဲ႕အေျခအေနဘယ္လိုရိွမလဲဆိုတာတင္ဆက္ေပးပါ မယ္။ ၾကားကာလမွာျပဳလုပ္တဲ့အေျပာင္းအေရႊ႕ျဖစ္တာေၾကာင့္ အသင္းအခ်ဳိ႕ကေတာ့ ကစားသမား အေရာင္းအ၀ယ္မလုပ္ၾကပါဘူး။ အခ်ဳိ႕ေတြကေတာ့ အလြတ္အေျပာင္းအေရႊ႕ေတြလုပ္ေဆာင္ၾကပါတယ္။ ယူႏိုက္တက္ရဲ႕ေဆာင္းရာသီအေျပာင္းအေရႊ႕ဟာ အဆင္ေျပတာမ်ားပါတယ္။ ယူႏိုက္တက္ေခၚခဲ့တဲ့ ကစားသမားထဲမွာဆိုရင္ အဲရစ္ကန္တိုနာဟာေဆာင္းရာသီမွာေရာက္လာခဲ့တာျဖစ္ၿပီး၊ လိဂ္ဖလားရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္နဲ႔အဆင္ေျပၿပီး ေဆာင္းရာသီမွာေရာက္လာခဲ့တဲ့ ေနာက္ထပ္ကစားသမားေတြကေတာ့ ပက္ဂ်ီဆန္ ၊ပက္ထရစ္အီဗရာ နဲ႔ နီမန္ဂ်ာဗီဒစ္တို႔ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာေတာ့ ထုတ္ေရာင္းခဲ့တဲ့သူေတြရိွသလုိ၊ အသစ္ေခၚခဲ့တဲ့ကစားသမားေတြလည္းရိွခဲ့ပါတယ္။ အဲဒီကာလတုန္းက ကစားသမားသုံးေယာက္ေခၚခဲ့ၿပီး အခုအေျပာင္းအေရႊ႕အတြက္လည္း ေနာက္ထပ္ကစားသမားေခၚဖို႔ျပင္ဆင္ေနပါတယ္။ ကစားသမားေခၚဖို႔ လုိကိုလိုအပ္တယ္ဆိုၿပီး အဖက္ဖက္က ေ၀ဖန္သုံးသပ္ေနၾကသလုိ၊ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကလည္း အဲဒီအခ်က္ကို သေဘာတူထားပါတယ္။ အခုေနာက္ဆုံးကစားသြားတဲ့ အာဆင္နယ္နဲ႔ပြဲမွာဆုိရင္ မေက်နပ္စရာရလဒ္ကိုသာေပးစြမ္းႏိုင္တာေၾကာင့္ နည္းျပနဲ႔ကစားသမားေတြရဲ႕စြမ္းရည္ကို ေ၀ဖန္တာေတြရိွပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ ကစားသမားအသစ္ေခၚယူဖို႔နဲ႔ပတ္သက္လုိ႔ေတာ့ ““ဒီ အသင္း မွာ ေနာက္ထပ္ ကစားသမား တစ္ဦး ၊ ႏွစ္ဦး ေလာက္ကို ကြၽန္ေတာ္ တို႔ အင္အား ျဖည့္တင္း ႏိုင္ပါ ေသးတယ္ ။ ကြၽန္ေတာ္ တို႔ဟာ အသင္း ကို တည္ေဆာက္ ဖို႔ လုပ္ေဆာင္ ေနၾကတာ ျဖစ္တဲ့ အတြက္ မွန္ကန္တဲ့ ေခၚယူမႈ ေတြကို ရရွိ ႏိုင္မယ္ ဆိုရင္ တိုးတက္တဲ့လုပ္ေဆာင္ခ်က္ေတြလုပ္ႏိုင္မွာပါ”ဆိုၿပီးေျပာပါတယ္။

ယူႏိုက္တက္ဟာ ကစားသမားအသစ္ေနရာမွာ ဟာလန္းကိုေခၚဖို႔ျပင္ဆင္ခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။ နည္းျပဆိုးလ္ရွားကိုယ္တိုင္ဟာလန္းကို ေလယာဥ္စီးသြားေတြ႕ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ဟာလန္းက ယူႏိုက္တက္ကိုျငင္းပယ္ခဲ့ပါတယ္။ ေနာက္ထပ္ေခၚဖို႔ျပင္ထားတဲ့ကစားသမားေတြကေတာ့ ဆန္ခ်ဳိနဲ႔ မက္ဒီဆင္တို႔ျဖစ္ၿပီး၊ သူတို႔ရဲ႕အေျပာင္းအေရႊ႕ကလည္း ေဆာင္းရာသီမွာမျဖစ္ႏိုင္ဘဲ ေႏြရာသီက်မွသာ အေကာင္အထည္ေပၚခ်င္ေပၚပါလိမ့္မယ္။ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ကတည္းက အသင္းကထြက္မယ္ တကဲကဲလုပ္ေနတဲ့ေပါ့ဘာကေတာ့ အခုအခ်ိန္မွာလည္းမေျပာင္းျဖစ္ေသးဘူးဆိုၿပီး သတင္းေတြ ထြက္ေပၚေနျပန္ပါတယ္။ ေပါ့ဘာဟာဒဏ္ရာရခဲ့တာေၾကာင့္ ယူႏိုက္တက္ပြဲစဥ္ေတြကေန အခိုက္အတန္႔ေပ်ာက္ကြယ္သြားခဲ့ၿပီး မႏွစ္ကႏွစ္ကုန္ခါနီးပြဲစဥ္မွာေတာ့ကြင္းထဲကိုျပန္လည္ ထြက္ေပၚလာခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဟာရဲရား၊ ဖယ္လိုင္နီ ၊လူကာကူတို႔ကိုေရာင္းခ်ထားၿပီး ေနာက္ထပ္ေပ့ါဘာကိုပါ အသင္းကေန ထြက္ခြင့္ျပဳမယ္ဆိုရင္ ေငြေၾကးပိုင္းဆိုင္ရာအေျခအေနမွာအေတာ္ကို ၀န္ေပ့ါမယ့္ အေနအထားျဖစ္သြားပါလိမ့္မယ္။ ဒါေပမယ့္အဲလိုျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ကစားသမားျပန္လည္ျဖည့္ တဲ့ကိစၥကိုေသခ်ာလုပ္ဖို႔လုိပါတယ္။ အခုေတာင္ အခ်ဳိ႕ပြဲစဥ္ေတြမွာ ယူႏိုက္တက္ဟာ ေျခစြမ္းက်ဆင္းေန တာကိုေတြ႕ရပါမယ္။ အထူးသျဖင့္တစ္ခါတေလမွာ အသင္းငယ္ေတြနဲ႔ေတာင္အေတာ္ရုန္းကန္ေနရတာပါ။ လူမေခၚထားဘဲရိွတဲ့သူေတြကိုသာ ပြဲထုတ္ေနမယ္ဆိုရင္ ကစားသမားေတြဒဏ္ရာရတဲ့အခါမွာ ယူႏိုက္တက္အေတာ္ကို အခက္ေတြ႕ပါလိမ့္မယ္။

ယူႏိုက္တက္ဟာလူငယ္ေျခတက္ေတြကို ဦးစားေပးသုံးေနတာဟာတစ္ခါတေလမွာအဆင္ေျပတတ္ေပမယ့္ ပြဲစဥ္တိုင္းမွာေတာ့အဲဒီပုံစံက ရလဒ္ေကာင္းႏိုင္မွာမဟုတ္ပါဘူး။ လင္ဂတ္၊ပါရဲရားတို႔ကို အရမ္းအားကိုးေန လို႔မရပါဘူး။ ဒဏ္ရာရကစားသမားေတြအေၾကာင္းကိုျပန္ေျပာင္းငဲ့ၾကည့္မယ္ဆိုရင္ေလာေလာ လတ္လတ္မွာ မက္ေတာ္မီေနးတစ္ေယာက္ခ်ဳိင္းေထာက္နဲ႔အိမ္ကိုျပန္သြားခဲ့ရၿပီး 8 ပတ္ေလာက္အထိအနားယူရဖြယ္ရိွေနပါ တယ္။ ရာသီအစမွာတုန္းကလည္း ရက္ရွ္ဖို႔နဲ႔မာရွယ္တို႔ ဒဏ္ရာေၾကာင့္နားခဲ့ရပါေသးတယ္။ က်န္တဲ့အခ်ဳိ႕ ကစားသမားေတြကလည္း မၾကာခဏဆိုသလိုဒဏ္ရာရတတ္ၾကပါေသးတယ္။ ဒါေၾကာင့္ ယူႏိုက္တက္ အသင္းသားေတြအတြက္ မွန္ကန္တဲ့ႀကံ႕ခိုင္ေရးနည္းလမ္းေတြကိုရရိွဖို႔ကလည္းအေရးပါေနပါတယ္။ အဲလုိမွမဟုတ္ရင္အသင္းသားေတြကို ျမက္ခင္းစိမ္းေပၚမွာထက္ ယူႏိုက္တက္ရဲ႕ေဆးရုံမွာျမင္ေတြ႕ ရမ်ားေနပါမယ္။
ယူႏိုက္တက္ပရိသတ္ေတြေတာင္းဆိုေနတဲ့အခ်က္တစ္ခ်က္လည္းရိွပါတယ္။ ဒါကေတာ့ ဂိုးသမားေျပာင္းေရႊ႕ ပြဲထုတ္ဖို႔ျဖစ္ပါတယ္။ ဒီဂီယာရဲ႕ေနရာမွာ လူငယ္ဂိုးသမားေလး ဟန္ဒါဆန္ကို အစားထိုးဖို႔ ေတာင္းဆိုေနၾက တာျဖစ္ပါတယ္။ ႏွစ္သစ္ရဲ႕ပြဲစဥ္ေတြမွာ ဂိုးသမားေကာင္းေကာင္းရိွမွသာ ယူႏိုက္တက္အေနနဲ႔ ေပးဂိုးေတြနည္းမွာျဖစ္ပါတယ္။ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္လိုခ်င္ရင္ေတာ့ ယူႏိုက္တက္အေနနဲ႔ အခုေဆာင္းရာသီမွာ တက္တက္ၾကြၾကြလႈပ္ရွားဖို႔လုိကိုလိုအပ္ေနပါတယ္။ ေဆာင္းရာသီအေျပာင္းအေရႊ႕ဟာ ႏွစ္ကာလတစ္ခုအထိယူႏိုက္တက္ရဲ႕လႈပ္ရွားမႈေတြအေပၚအက်ဳိးသက္ေရာက္ေနမွာျဖစ္တာေၾကာင့္ အေကာင္းဆုံးစီစဥ္ေဆာင္ရြက္ဖို႔ေတာ့ လိုအပ္ပါတယ္။