ယူနိုက်တက်နဲ့ စာချုပ်အသစ်မချုပ်ဖို့ ဆုံးဖြတ်ထားတဲ့ လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျက်ဆီလင်ဂတ်ဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။

အသင်းမှာ ပုံမှန်ကစားခွင့်ရမှသာ စာချုပ်သစ်ချုပ်ဆိုဖို့ လင်ဂတ်က ဆန္ဒရှိနေပါတယ်။

အသက် ၂၈ နှစ်အရွယ် လင်ဂတ်ဟာ ယူနိုက်တက်အတွက် ဒီရာသီမှာလည်း ပွဲထွက်ခွင့်မရရှိသေးဘဲ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ကာ တစ်ပတ်လုပ်ခပေါင်တစ်သိန်းလောက်အထိ ရရှိနေသူဖြစ်ပါတယ်။

အန်ဒိုရာနဲ့ပွဲမှာ အင်္ဂလန်အတွက်ခြေစွမ်းပြပြီး သွင်းဂိုး၂ ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

မနှစ်ကရာသီတုန်းကဝက်စ်ဟမ်းအသင်းမှာအငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့လင်ဂတ်ကို ယခုနှစ်နွေရာသီမှာဝက်စ်ဟမ်းအသင်းကထပ်မံခေါ်ယူနိုင်ဖို့ကြိုးစားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ရာသီဝက်တုန်းက လင်ဂတ်ဟာဝက်စ်ဟမ်းအသင်းမှာ သွားကစားရင်း ၁၅ပွဲမှာ ၉ဂိုးအထိ သွင်းယူပေးရင်း အကောင်းဆုံးစွမ်းရည်တွေ ပြသနိုင်ခဲ့ပါတယ်။

လက်ရှိ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားအုပ်စုခြေစစ်ပွဲကစားနေသလို ခြေစွမ်းလည်း ပြသထားနိုင်တဲ့ လင်ဂတ်ကိုနည်းပြ ဆောက်ဂိတ်ကလည်း အင်္ဂလန်အသင်းမှာ ပါဝင်ကစားနိုင်ဖို့ ပုံမှန်ပွဲထွက်ခွင့်လိုကြောင်း အကြံပြုထားပါသေးတယ်။

ဒါကြောင့် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲကို ဝင်နွှဲဖို့ စိတ်အားထက်သန်နေတဲ့ လင်ဂတ်ဟာ ပုံမှန် ပွဲထွက်ခွင့် မရနိုင်တဲ့ ယူနိုက်တက်အသင်းကို နှုတ်ဆက်သွားဖို့တော့ အချိန်တွေ နီးလာခဲ့ပြီ ဖြစ်ပါတယ်။

စာချုပ်သစ်မချုပ်ဆိုဘူးဆိုပါက လင်ဂတ်ဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့နိုင်မှာဖြစ်ပြီး ဝက်စ်ဟမ်းက သူ့ကိုအရချိတ်ဆက်နိုင်ပါတယ်။

နည်းပြဆိုးလ်ရှားအတွက်တော့ လင်ဂတ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရမယ့် အချိန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

လင်ဂတ်ကို ပွဲထွက်ခွင့်အာမခံချက်မပေးနိုင်ရင် ရောင်းချဖို့ကိုသာ ဆုံးဖြတ်ရဖွယ်ရှိနေပြီး လက်ကျန်စာချုပ်သက်တမ်းအနေအထားကြောင့် ဈေးလျှော့ရောင်းရဖွယ်ရှိနေပါတယ်။

အဲဒီလိုမှမဟုတ်ရင်တော့ ရာသီကုန်အထိ အသင်းမှာဆက်လက်ထားရှိပြီး အလွတ်ထွက်ခွာခွင့်ပေးရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္နဲ႔ စာခ်ဳပ္အသစ္မခ်ဳပ္ဖို႔ ဆုံးျဖတ္ထားတဲ့ လင္ဂတ္

ဂ်က္ဆီလင္ဂတ္ဟာ ယူႏိုက္တက္အသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းဆန္ထားတယ္လို႔ သိရပါတယ္။ အသင္းမွာ ပုံမွန္ကစားခြင့္ရမွသာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လင္ဂတ္က ဆႏၵရွိေနပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ လင္ဂတ္ဟာ ယူႏိုက္တက္အတြက္ ဒီရာသီမွာလည္း ပြဲထြက္ခြင့္မရရွိေသးဘဲ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနၿပီျဖစ္ကာ တစ္ပတ္လုပ္ခေပါင္တစ္သိန္း​ေလာက္အထိ ရရွိေနသူျဖစ္ပါတယ္။ အန္ဒိုရာနဲ႔ပြဲမွာ အဂၤလန္အတြက္ေျခစြမ္းျပၿပီး သြင္းဂိုး၂ ဂိုးနဲ႔ ဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ေပးခဲ့ပါတယ္။

မႏွစ္ကရာသီတုန္းကဝက္စ္ဟမ္းအသင္းမွာအငွားသြားေရာက္ကစားခဲ့ၿပီး ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့တဲ့လင္ဂတ္ကို ယခုႏွစ္ေႏြရာသီမွာဝက္စ္ဟမ္းအသင္းကထပ္မံေခၚယူႏိုင္ဖို႔ႀကိဳးစားခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ႏွစ္ ရာသီဝက္တုန္းက လင္ဂတ္ဟာဝက္စ္ဟမ္းအသင္းမွာ သြားကစားရင္း ၁၅ပြဲမွာ ၉ဂိုးအထိ သြင္းယူေပးရင္း အေကာင္းဆုံးစြမ္းရည္ေတြ ျပသႏိုင္ခဲ့ပါတယ္။

လက္ရွိ အဂၤလန္ရဲ႕ ကမာၻ႔ဖလားအုပ္စုေျခစစ္ပြဲကစားေနသလို ေျခစြမ္းလည္း ျပသထားႏိုင္တဲ့ လင္ဂတ္ကိုနည္းျပ ေဆာက္ဂိတ္ကလည္း အဂၤလန္အသင္းမွာ ပါဝင္ကစားႏိုင္ဖို႔ ပုံမွန္ပြဲထြက္ခြင့္လိုေၾကာင္း အႀကံျပဳထားပါေသးတယ္။ ဒါေၾကာင့္ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားပြဲကို ဝင္ႏႊဲဖို႔ စိတ္အားထက္သန္ေနတဲ့ လင္ဂတ္ဟာ ပုံမွန္ ပြဲထြက္ခြင့္ မရႏိုင္တဲ့ ယူႏိုက္တက္အသင္းကို ႏႈတ္ဆက္သြားဖို႔ေတာ့ အခ်ိန္ေတြ နီးလာခဲ့ၿပီ ျဖစ္ပါတယ္။

စာခ်ဳပ္သစ္မခ်ဳပ္ဆိုဘူးဆိုပါက လင္ဂတ္ဟာ ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ႏိုင္မွာျဖစ္ၿပီး ဝက္စ္ဟမ္းက သူ႔ကိုအရခ်ိတ္ဆက္ႏိုင္ပါတယ္။ နည္းျပဆိုးလ္ရွားအတြက္ေတာ့ လင္ဂတ္ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်မွတ္ရမယ့္ အခ်ိန္ကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။ လင္ဂတ္ကို ပြဲထြက္ခြင့္အာမခံခ်က္မေပးႏိုင္ရင္ ေရာင္းခ်ဖို႔ကိုသာ ဆုံးျဖတ္ရဖြယ္ရွိေနၿပီး လက္က်န္စာခ်ဳပ္သက္တမ္းအေနအထားေၾကာင့္ ေဈးေလွ်ာ့ေရာင္းရဖြယ္ရွိေနပါတယ္။ အဲဒီလိုမွမဟုတ္ရင္ေတာ့ ရာသီကုန္အထိ အသင္းမွာဆက္လက္ထားရွိၿပီး အလြတ္ထြက္ခြာခြင့္ေပးရမွာျဖစ္ပါတယ္။