M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပေါ့ဘာဟာယူနိုက်တက်တွင်ပင်ဆက်လက်ကစားလိုနေပြီး တစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀တန်စာချုပ်သစ်ချုပ်ဆိုလိုနေကြောင်းသိရပါတယ်။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီလမှစတင်ကာအခြားကလပ်များနှင့်ဆွေးနွေးခွင့်ရှိနေသူဖြစ်ပါတယ်။
ပြင်သစ်ကစားသမားကယူနိုက်တက်မှာပဲ ဆက်နေလိုကြောင်း သူ့ရဲ့ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ပေါ့ဘာက ပြောပါတယ်လို့ ပြင်သစ်သတင်းစာဖြစ်တဲ့ L’Equipe က ဖော်ပြထားပါတယ်။
ပေါ့ဘာဟာ ဘရူနိုဖာနန်ဒက်စ်နှင့်အတူ ကွင်းလယ်တွင် ခြေစွမ်းပြသနေတာဖြစ်သလို ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ် ၉ပွဲမှာ ၇ဂိုးအထိ ဖန်တီးပေးထားနိုင်တာ ဖြစ်ပါတယ်။
ပေါ့ဘာဟာယူနိုက်တက်နှင့်တစ်ပတ်လုပ်ခပေါင်၄သိန်းတန်စာချုပ်ချုပ်ဆိုနိုင်ပါကရော်နယ်ဒိုပြီးရင်ပရီးမီးယားလိဂ်တွင်ဒုတိယလုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာပါမယ်။
လက်ရှိအချိန်မှာပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးကစားသမားအဖြစ်ရော်နယ်ဒိုကရပ်တည်နေပါတယ်။
ပေါ့ဘာက” ဂျူဗင်တပ်စ်က ကျွန်တော့်အသင်းဖော်ဟောင်းတွေနဲ့ အဆက်အသွယ်တွေ ရှိနေဆဲပါ။
ကျွန်တော်က မန်ချက်စတာမှာရှိနေပါတယ်။
နောက်ပြီး ကျွန်တော့်စာချုပ်က တစ်နှစ်ကျန်နေသေးတယ်။
ဒီနှစ်ရာသီကို ယူနိုက်တက် နဲ့ပဲရှိချင်တယ်။
ဒါနဲ့ ပြီးသွားရင် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရပါမယ်။ “ဆိုပြီး ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်တော့မယ့် ပေါ့ဘာ