
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းဟာ ရန်းနက်စ် အသင်း ရဲ့ အသက် (၁၉) နှစ်အရွယ် ကြယ်ပွင့်ကစား ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့အတွက် psg၊ ရီးရဲ့မက်ဒရစ် အသင်းတို့နဲ့ အပြိုင်ဖြစ်လာပါတယ်။
ပြင်သစ် ကွင်းလယ်ကစားသမား ကာမာဗင်ဂါအတွက် ဒီရာသီဟာ ရန်းနက်စ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ နောက်ဆုံးနှစ်လည်းဖြစ်နေပါတယ်။
အသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကာမာဗင်ဂါ သက်တမ်းတိုး ချုပ်ဆိုဖို့ ဆန္ဒမရှိတော့ပဲ သူ့ကို ကမ်းလှမ်းမှုတွေကိုပဲ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
အားကစားသတင်းထောက် ရိုမာနိုကတော့ ယူနိုက်တက်အသင်း အနေနဲ့ ကာမာဗင်ဂါကို ရင်းနစ် အသင်းကနေ ခေါ်ယူနိုင်ဘို့ အခြေနေကောင်းကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြားထားပါတယ်။
ယူနိုက်တက်အသင်းဟာ ရန်းနက်စ်အသင်းရဲ့ ကွင်းလယ်လူ ကာမာဗင်ဂါကို ဒီနွေရာသီအပြောင်းအရွှေ့မှာ အရင်က ဦးစားပေး ပစ်မှတ်အနေနဲ့ မသတ်မှတ်ထားပေမယ့် အခုအခါမှာတော့ ဦးစားပေး အဖြစ် သတ်မှတ်ပြီးခေါ်ယူဖို့ ဆုံးဖြတ်ထားနေပါတယ်။
အဓိကအကြောင်းအရင်းနှစ်ချက်မှာ တစ်ချက်က အသင်းနဲ့ အနာဂါတ် မရေမရာဖြစ်နေတဲ့ ပေါ့ဘာကြောင့် ဖြစ်ပြီး နောက်တစ်ချက်ကတော့ ကမ်မာဗင်ဂါဟာ အသင်းရဲ့ အနာဂတ် ကြယ်ပွင့်ဖြစ်လာနိုင်တယ်လို့ ယူဆတာကြောင့်လည်းဖြစ်ပါတယ်။
ဆိုးလ်ရှား ယူနိုက်တက်ကို တာဝန်ယူတဲ့ ၂၀၁၉ ပထမဆုံးရာသီကတည်းက ဟာနီဘယ် မစ်ဂျ်ဘရီနဲ့ ကာမာဗင်ဂါတို့နှစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့် ထားခဲ့တာလို့ သိရပါတယ်။
အဲ့သည့် နွေရာသီ အပြောင်းအရွှေ့မှတော့ာ ဟာနီဘယ် မစ်ဂျ်ဘရီကိုသာ ယူနိုက်တက်က ခေါ်ယူခဲ့တာဖြစ်ပြီး ကာမာဗင်ဂါကိုတော့ ဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်။
ဒါဟာ ကာမာဗင်ဂါအတွက်တော့ ပိုကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။
အသက် ( ၁၆ ) နှစ်အရွယ် ( ၂၀၁၉ ) ဧပြီလမှာတင် သူဟာ စီနီယာအသင်းနဲ့အတူ စတင်ကစားခွင့်ရခဲ့ပြီး ပြင်သစ် လီဂူး ( ၁ ) ဘောလုံးလောကမှာ ( ၂ ) ရာသီကြာ ကျင်လည်ထားပြီးဖြစ်နေပါတယ်။
ဒီအချိန်မှာ ယူနိုက်တက်ကခေါ်ယူခဲ့တဲ့ ဟာနီဘယ်ကတော့ စီနီယာ အသင်းကြီးမှာပါဝင်ကစားခွင့်မရရှိသေးပါဘူး။
ဒါပေမယ့် ဟာနီဘယ်ကလည်း အရည်အချင်းပြည့်ဝတဲ့ ကစားသမားဖြစ်သလို အသင်းအနေနဲ့ ရွေးချယ်မှုက မှားယွင်းခဲ့တယ်လို့တော့ မဆိုနိုင်ပါဘူး။
သူက ပြီးခဲ့တဲ့မေလအတွင်းမှာ တူနီးရှားလက်ရွေးစင်အသင်းနဲ့အတူ ကစားခွင့်ရရှိထားပါတယ်။
လူငယ် ကစားသမားချင်းတူပေမယ့် ရန်းနက်စ် မှာ ကစားခွင့်ရခဲ့တာက ကာမာဗင်ဂါအတွက် အတွေ့အကြုံပိုင်းမှာ ပိုမို ကောင်းမွန်နေပြီး သူသာ ယူနိုက်တက်ကိုပြောင်း ရွေ့လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ ပထမအသင်းကြီးမှာ ကစားခွင့်ရပါလိမ့်မယ်။
ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကလည်း ဆန်ချို နဲ့ ဗာရန်း တို့လို အသင်းမှာချက်ချင်းအထိုင်ကျမယ့် သူတွေကို ခေါ်ယူနိုင်ဖို့ အဓိက ပစ်မှတ်ထားနေသလို ကာမာဗင်ဂါလို ရေတို ရေရှည် အသုံးပြုနိုင်မယ့် လူငယ် ကစားသမားတွေကိုပါ ပစ်မှတ်ထားခေါ်ယူဖို့ စီစဉ်ထားနေပါတယ်။
အသင်းတာဝန်ရှိသူတွေကလည်း လူငယ် ကစားသမားတွေအတွက် ငွေထုတ်သုံးစွဲဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။
ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ကစားသမားရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကသာ အခရာကျမှာဖြစ်နေပြီး ကာမာဗင်ဂါအနေနဲ့ ဘယ်အသင်းကိုပြောင်းရွှေ့ကစားမလဲဆိုတာ ရွေးချယ်ရတော့မှာပါ။
ရန်းနက်စ် အသင်းကတော့ ကာမာဗင်ဂါရဲ့အပြောင်းအရွှေ့အတွက် သန်း 30နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
သတင်းထောက် ရိုမာနိုကလည်း ” ရန်းနက်စ် အသင်းက ကာမာဗင်ဂါကိုရောင်းချပြီး အကျိုးအမြတ်ရှာဖွေလိုနေပါတယ်။
ဒါဟာ ဒီနွေမှာ ယူနိုက်တက်အသင်းအဖို့ ကစားသမားကိုခေါ်ယူနိုင်ဖို့ အခွင့်အလမ်းပါပဲ။
ယူနိုက်တက်အသင်းက ဒီကစား သမားကို အသင်းရဲ့ ရေရှည် အစီအစဉ်မှာ ပါဝင်နေတာကြောင့် ဒီအပြောင်းအရွှေ့ဟာ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ခြေများပါတယ်။” ဆိုပြီးပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူႏိုက္တက္နဲ႕ ကာမာဗင္ဂါ ရဲ႕ အေျပာင္းအေရႊ႔ဟာ မထက္မွတ္ပဲ ျမန္ျမန္ဆန္ဆန္ျဖစ္လာႏိုင္တယ္
ယူႏိုက္တက္အသင္းဟာ ရန္းနက္စ္ အသင္း ရဲ႕ အသက္ (၁၉) ႏွစ္အ႐ြယ္ ၾကယ္ပြင့္ကစား ကာမာဗင္ဂါကို ေခၚယူႏိုင္ဖို႔အတြက္ psg၊ ရီးရဲ႕မက္ဒရစ္ အသင္းတို႔နဲ႔ အၿပိဳင္ျဖစ္လာပါတယ္။ ျပင္သစ္ ကြင္းလယ္ကစားသမား ကာမာဗင္ဂါအတြက္ ဒီရာသီဟာ ရန္းနက္စ္ အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ရဲ႕ ေနာက္ဆုံးႏွစ္လည္းျဖစ္ေနပါတယ္။ အသင္းက စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ကာမာဗင္ဂါ သက္တမ္းတိုး ခ်ဳပ္ဆိုဖို႔ ဆႏၵမရွိေတာ့ပဲ သူ႔ကို ကမ္းလွမ္းမႈေတြကိုပဲ ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။
အားကစားသတင္းေထာက္ ႐ိုမာႏိုကေတာ့ ယူႏိုက္တက္အသင္း အေနနဲ႔ ကာမာဗင္ဂါကို ရင္းနစ္ အသင္းကေန ေခၚယူႏိုင္ဘို႔ အေျခေနေကာင္းကို ပိုင္ဆိုင္ထားတယ္လို႔ ေျပာၾကားထားပါတယ္။
ယူႏိုက္တက္အသင္းဟာ ရန္းနက္စ္အသင္းရဲ႕ ကြင္းလယ္လူ ကာမာဗင္ဂါကို ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အရင္က ဦးစားေပး ပစ္မွတ္အေနနဲ႔ မသတ္မွတ္ထားေပမယ့္ အခုအခါမွာေတာ့ ဦးစားေပး အျဖစ္ သတ္မွတ္ၿပီးေခၚယူဖို႔ ဆုံးျဖတ္ထားေနပါတယ္။ အဓိကအေၾကာင္းအရင္းႏွစ္ခ်က္မွာ တစ္ခ်က္က အသင္းနဲ႔ အနာဂါတ္ မေရမရာျဖစ္ေနတဲ့ ေပါ့ဘာေၾကာင့္ ျဖစ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ ကမ္မာဗင္ဂါဟာ အသင္းရဲ႕ အနာဂတ္ ၾကယ္ပြင့္ျဖစ္လာႏိုင္တယ္လို႔ ယူဆတာေၾကာင့္လည္းျဖစ္ပါတယ္။
ဆိုးလ္ရွား ယူႏိုက္တက္ကို တာဝန္ယူတဲ့ ၂၀၁၉ ပထမဆုံးရာသီကတည္းက ဟာနီဘယ္ မစ္ဂ်္ဘရီနဲ႔ ကာမာဗင္ဂါတို႔ႏွစ္ဦးကို ေခၚယူဖို႔ ေစာင့္ၾကည့္ ထားခဲ့တာလို႔ သိရပါတယ္။ အဲ့သည့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွေတာ့ာ ဟာနီဘယ္ မစ္ဂ်္ဘရီကိုသာ ယူႏိုက္တက္က ေခၚယူခဲ့တာျဖစ္ၿပီး ကာမာဗင္ဂါကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ေနခဲ့ပါတယ္။
ဒါဟာ ကာမာဗင္ဂါအတြက္ေတာ့ ပိုေကာင္းမြန္တဲ့အေျခအေနတစ္ခုျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါပဲ။ အသက္ ( ၁၆ ) ႏွစ္အ႐ြယ္ ( ၂၀၁၉ ) ဧၿပီလမွာတင္ သူဟာ စီနီယာအသင္းနဲ႔အတူ စတင္ကစားခြင့္ရခဲ့ၿပီး ျပင္သစ္ လီဂူး ( ၁ ) ေဘာလုံးေလာကမွာ ( ၂ ) ရာသီၾကာ က်င္လည္ထားၿပီးျဖစ္ေနပါတယ္။ ဒီအခ်ိန္မွာ ယူႏိုက္တက္ကေခၚယူခဲ့တဲ့ ဟာနီဘယ္ကေတာ့ စီနီယာ အသင္းႀကီးမွာပါဝင္ကစားခြင့္မရရွိေသးပါဘူး။ ဒါေပမယ့္ ဟာနီဘယ္ကလည္း အရည္အခ်င္းျပည့္ဝတဲ့ ကစားသမားျဖစ္သလို အသင္းအေနနဲ႔ ေ႐ြးခ်ယ္မႈက မွားယြင္းခဲ့တယ္လို႔ေတာ့ မဆိုႏိုင္ပါဘူး။ သူက ၿပီးခဲ့တဲ့ေမလအတြင္းမွာ တူနီးရွားလက္ေ႐ြးစင္အသင္းနဲ႔အတူ ကစားခြင့္ရရွိထားပါတယ္။
လူငယ္ ကစားသမားခ်င္းတူေပမယ့္ ရန္းနက္စ္ မွာ ကစားခြင့္ရခဲ့တာက ကာမာဗင္ဂါအတြက္ အေတြ႕အႀကဳံပိုင္းမွာ ပိုမို ေကာင္းမြန္ေနၿပီး သူသာ ယူႏိုက္တက္ကိုေျပာင္း ေ႐ြ႕လာခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ ပထမအသင္းႀကီးမွာ ကစားခြင့္ရပါလိမ့္မယ္။
ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားကလည္း ဆန္ခ်ိဳ နဲ႔ ဗာရန္း တို႔လို အသင္းမွာခ်က္ခ်င္းအထိုင္က်မယ့္ သူေတြကို ေခၚယူႏိုင္ဖို႔ အဓိက ပစ္မွတ္ထားေနသလို ကာမာဗင္ဂါလို ေရတို ေရရွည္ အသုံးျပဳႏိုင္မယ့္ လူငယ္ ကစားသမားေတြကိုပါ ပစ္မွတ္ထားေခၚယူဖို႔ စီစဥ္ထားေနပါတယ္။ အသင္းတာဝန္ရွိသူေတြကလည္း လူငယ္ ကစားသမားေတြအတြက္ ေငြထုတ္သုံးစြဲဖို႔ အသင့္ရွိေနတယ္လို႔သိရပါတယ္။
ဒီအခ်ိန္မွာ အေရးႀကီးဆုံးကေတာ့ ကစားသမားရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကသာ အခရာက်မွာျဖစ္ေနၿပီး ကာမာဗင္ဂါအေနနဲ႔ ဘယ္အသင္းကိုေျပာင္းေ႐ႊ႕ကစားမလဲဆိုတာ ေ႐ြးခ်ယ္ရေတာ့မွာပါ။ ရန္းနက္စ္ အသင္းကေတာ့ ကာမာဗင္ဂါရဲ႕အေျပာင္းအေ႐ႊ႕အတြက္ သန္း 30နဲ႔ ေဆြးေႏြးဖို႔ ျပင္ဆင္ေနပါတယ္။
သတင္းေထာက္ ႐ိုမာႏိုကလည္း ” ရန္းနက္စ္ အသင္းက ကာမာဗင္ဂါကိုေရာင္းခ်ၿပီး အက်ိဳးအျမတ္ရွာေဖြလိုေနပါတယ္။ ဒါဟာ ဒီေႏြမွာ ယူႏိုက္တက္အသင္းအဖို႔ ကစားသမားကိုေခၚယူႏိုင္ဖို႔ အခြင့္အလမ္းပါပဲ။ ယူႏိုက္တက္အသင္းက ဒီကစား သမားကို အသင္းရဲ႕ ေရရွည္ အစီအစဥ္မွာ ပါဝင္ေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ဟာ ျမန္ျမန္ဆန္ဆန္ ျဖစ္လာႏိုင္ေျခမ်ားပါတယ္။” ဆိုၿပီးေျပာထားပါတယ္။