M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ယူရိုပါလိဂ်၃၂အသင်းအဆင့်ရဲ့ ရှုံးထွက်ပြိုင်ပွဲမှာ ယူနိက်တက်က ဘလ်ဂျီယံ မှာ ကလပ်ဘရုခ်ျ အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့သာအဆုံးသတ်ခဲ့ပါတယ်။ ယူနိက်တက်အနေနဲ့ ပွဲထွက်လူစာရင်းမှာ အဓိက ကစားသမားတွေကိုအနားပေးခဲ့ပြီး အရံလူအများအပြားနဲ့ပွဲထွက်ခဲ့ပါတယ်။
ဂိုးသမားနေရာမှာဒီဂီယာကိုအနားပေးပြီး ရိုမဲရိုးကိုပွဲထုတ်ခဲ့သလို ဘိုင်လီနဲ့ ဘစ်ဆာကာ အစား လင်ဒီလောဖ့် နဲ့ ဒါးလော့ ပြန်ပါလာပြီး လုခ်ရှော နဲ့ဝီလီယမ်တို့ကိုတော့ဆက်လက်အသုံးပြုခဲ့ပါတယ်။ ကလပ်ဘရုချ်ကတော့ ယူနိုက်တက်ကို ပထမအကျော့အိမ်ကွင်းမှာ ရလဒ်ကောင်းတစ်ခုထွက်ပေါ်နိုင်ဖို့အတွက်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မစ်နိုလက်၊ ကလင်တန်မာတာ၊မာချီဒီ၊ ဒီလီ၊ကိုဆော့နူ၊ မတ်စ်ရစ်၊ အဲဗရက်ဇ်၊ ဗာနန်ခမ်၊ ကိုင်ပါ၊ပါစီတာရူး၊ အီမန်နူရယ်ဒန်းနစ်တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။
ယူနိုက်တက်တို့ဟာကွင်းလယ်မှာ မာတခ်ျ၊ ပါရဲရား ၊ဒါးလော့၊ ဝီလီယမ်တို့် ကို သုံးထားကာ၊ တိုက်စစ်ကိုတော့ မာရှယ်၊ လင်ဂတ် နဲ့မာတာ ကဦးဆောင်ကာ 3-4-2-1 ကစားဟန်နဲ့ပွဲထွက်လာပါတယ်။ ပွဲစထဲက ဘရုဂ်ျ အသင်းက အိမ်ကွင်းအားသာချက်နဲ့ ယူနိက်တက်ကစားသမားတွေ ကို ဆက်တိုက်ဖိအားပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ထင်သလောက်တော့ ပေါက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဘယ်ဘက်ခြမ်းက ဝီလီယမ် နဲ့ လုခ်ရှော ဆီကနေလည်း တိုက်စစ်အတွက်အထောက်အပံ့မရဘဲ ခံစစ်နဲ့သာ ပြန်တွဲနေလို့ ထင်သလောက်ခရီးမပေါက်ဖြစ်နေပါတယ်။
ယူနိုက်တက်အနေနဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ဖိအားပေးကစားနိုင်ခဲ့ပေမဲ့လည်း ကလပ်ဘရုချ်ရဲ့ ထင်မထားတဲ့ တုန့်ပြန်မှုတွေကြောင့် ကစားရခက်တဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ပြီးတော့ ရုန်းကန်ခဲ့ရပါတယ်။
ပထမပိုင်းပွဲချိန်အတွင်းအပြန်အလှန်ဖိအားပေးထိုးဖောက်မှုတွေရှိခဲ့ပြီးတော့ ကလပ်ဘရုချ်ကဦးဆောင်ဂိုး ကိုရရှိခဲ့ပါတယ်။ ပွဲချိန်15မိနစ်မှာတော့ မင်နိုလဂ် ကန်တင်ပေးတာကအတော်လေးတိကျခဲ့ပြီး E.Bonaventure က ရှေ့ထွက်လာတဲ့ ရိုမဲရိုး ကို ကျော်ပြီးသွင်းယူလို့ ဘလ်ဂျီယံကလပ်ဖက်ကဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့်လည်း ယူနိက်တက် ကွင်းလယ် က ဘာမှထူးခြားတဲ့တုံပြန်မှု့မရှိတာကြောင့် ထိရောက်တဲ့တိုက်စစ်ဆင်မှု့မလုပ်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၃၆မိနစ်ရောက်မှသာ လက်ပစ်ဘော လူမှားပေးရာကနေ မာရှယ်က ကွင်းတစ်ဝက်ကနေဆွဲယူပြီး ကန်သွင်းယူနိင်ခဲ့လို့သာ ယူနိက်တက်တို့ ချေပဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ချေပဂိုးရပြီးတော့ နှစ်သင်းလုံးစလုံးဂိုးတွေသွင်းယူနိုင်ခဲ့ဲခြင်းမရှိတာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စချိန်မှာတော့ ယူနိုက်တက်တို့ပိုမိုဖိအားပေးကစား လာခဲ့ပြီးတော့ အဝေးကွင်းရလဒ်ကောင်းတစ်ခုကိုပိုင်ဆိုင်ဖို့ကြိုးစားလာခဲ့ပါတယ်။ မာရှယ် ကို အီဟာလို နဲ့ 67မိနစ်မှာလူစားလဲခဲ့သလို ဘရူနိုဖာနန်ဒက်စ် ကို 81 မိနစ်မှ ဒါးလော့နဲ့ လူစားလဲခဲ့ပါတယ်။ ယူနိုက်တက်တို့ဟာ ကိုယ့်ထက်အားနည်းတဲ့ အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်တဲ့ အစဉ်အလာရယ်၊ ပြိုင်ဖက်အသင်းရဲ့ ဂိုးသမား မစ်နိုလက်ရဲ့ လက်စွမ်းပြကာကွယ်နေမှုတွေကြောင့် ယူနိုက်တက်တို့ အနိုင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး၊ ပွဲပြီးဆုံးချိန်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်တို့ဟာ ဂိုးကန်သွင်းမှု (၁၆)ကြိမ်အထိပြုလုပ်နိုင်ခဲ့သလို၊ ဂိုးရရန်အခွင့်အရေးဖန်တီးမှုမှာလည်း (၁၂)ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း လိုအပ်နေတဲ့ အနိုင်ဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပဲ၊ အိုးထရက်ဖို့ဒ်မှာ ကန်ရမယ့် ဒုတိယအကျော့အတွက် ယူနိုက်တက်တို့ပိုကြိုးစားဖို့လိုအပ်နေပါတယ်။ အဲဒီပွဲနဲ့ပတ်သက် တဲ့လူစာရင်းနဲ့ ပတ်သက်ပြီးနည်းပြဆိုးလ်ရှားကအခုလိုပြောထားပါတယ်။ “ မေဆင်ဂရင်းဝုဒ်ကိုရွေးပေမယ့် သူ က နေလို့ မကောင်းတာ ကြောင့် အင်္ဂလန် မှာပဲ ကျန်ရစ် ခဲ့ ပါတယ် ။ ဒါကြောင့် အန်တိုနီ က ပွဲထွက် လာခဲ့ တာပါ ။ ရှေ့ မှာ ကစား စရာ ပွဲတွေ အများကြီး ကျန်ပါသေးတယ် ။ အရန် နဲ့ ပထမ အသင်းသားတွေ အကြားမှာ ခြားနား မှု အများကြီး မရှိ ပါဘူး ။ ပွဲထွက် ခွင့် နေရာ အတွက် သူတို့ တွေ ပြိုင်ဆိုင် နေတာကို မြင်ချင် ပါတယ် ။ ကျွန်တော်တို့ က ပရီးမီးယားလိဂ် ရော FA Cup ရော ယူရိုပါလိဂ် ရော ကစား နေရတာပါ ။ အားလုံးကို အဆင်ပြေ ချင်တယ် ဆိုရင်တော့ ဒီလို အပြောင်းအလဲ တွေ လုပ်ပြီး ကစား ရမှာပါပဲ။တနင်္လာနေ့ မှာ အဝေးကွင်း ပွဲ ကစားပြီး ၂ ရက်ပဲ နားခဲ့ရ ပါတယ် ။ အခု ဘယ်လ်ဂျီယံ အထိ လာပြီး အဝေးကွင်း ပွဲ ကို ထပ် ကစားခဲ့ ရတာပါ ။ ကစား သမားတိုင်း ကာယပိုင်း အရ ရော စိတ်ပိုင်းဆိုင်ရာ အရပါ အနားယူဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် အပြောင်းအလဲ လုပ်ခဲ့တာပါ”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
ယူနိုက်တက်နဲ့ ကလပ်ဘရုခ်ျပွဲအပေါ်သုံးသပ်ထင်မြင်ချက်များ…..