
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
မနေ့ညက အဲဗာတန်နဲ့ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ တစ်ဖက် တစ်ဂိုးစီနဲ့ ပွဲပြီးခဲ့ပါတယ်။ အဲဒီပွဲမှာ အဖွင့်ဂိုးဟာ ဒီဂီယာရဲ့တစ်ဦးချင်းအမှားကနေ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒီဂီယာဟာ ဘောလုံးကို အချိန်တော်တော်ကြာကြာ ကိုင်တွယ်ခဲ့ပြီး ရှေ့ကိုကန်တင်ဖို့ ကြိုးစားခဲ့ရမှာတော့ ပြိုင်ဘက်ကစားသမား လီဝင်ကို ထိပြီး ဂိုးထဲ ဝင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမှားအယွင်းဟာ ကမ္ဘာ့အဆင့် ဂိုးသမားတစ်ယောက်အဖို့ လုံးဝမဖြစ်သင့်တဲ့ အမှားအယွင်းမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီပွဲအပြီးမှာတော့ ဒီဂီယာဟာ ပြောစရာပစ်မှတ်ဖြစ်ခဲ့ရပါပြီ။ ယူနိုက်တက်ရဲ့ ဂန္ဓဝင်ကြီး ရွိုင်းကိန်းကတော့ အဲဗာတန်ရဲ့ အဖွင့် ဂိုးနဲ့ ပတ်သက်ပြီးတော့ ဂိုးသမားဒီဂီယာကို ကြိမ်းမောင်းပြောဆိုထားပါတယ်။ “မန်နေဂျာတစ်ယောက်ပဲဖြစ်ဖြစ်၊ ကစားသမားတစ်ယောက်ပဲဖြစ်ဖြစ်၊ အဲ့ကောင်ကို ကျွန်တော်သေချာပေါက် ရိုက်နှက်ပစ်ချင်တာပါ။ သူက ပါးနပ်မှုရှိတဲ့ ဂိုးသမားတစ်ယောက်ပါ၊ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ ဘာလို့အချိန်ဆွဲနေတာလဲဗျ၊ ဒီကောင် ဘာကိုစောင့်နေတာလဲမသိဘူး။ ကျွန်တော်ထင်တယ်၊ ဒီကောင် နည်းနည်းတော့ ကြီးကျယ်နေတာဖြစ်မယ်” ဆိုပြီး ရွိုင်းကိန်းက ဒေါသတကြီးပြောဆိုခဲ့ပါတယ်။

ရွိုင်ကိန်းဟာ ယူနိုက်တက်မှာရှိစဉ်ကတည်းက စိတ်ဓာတ်အလွန်ပြင်းထန်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို၊ အသင်းအတွက် လိုအပ်လာခဲ့ရင် ဘယ်သူ့မျက်နှာမှမကြည့်ပဲ ပြောဆိုပစ်တတ်တဲ့ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တာပါ။ တကယ်လို့သာမနေ့ညက ရွိုင်ကိန်းတစ်ယောက်ယူနိုက်တက်က တာဝန်ရှိသူတစ်ယောက်အဖြစ်ကွင်းထဲမှာရှိနေမယ်ဆိုရင် ဒီဂီယာတစ်ယောက်အထောင်းခံရဖို့ သေချာသလောက်ရှိပါတယ်။ ယူနိုက်တက်ရဲ့တာဝန်ရှိသူနည်းပြဆိုးလ်ရှားကတော့ ဒီဂီယာရဲ့အမှားနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။ “ဘောလုံးကိုကန်တင်ဖို့အချိန်တွေအကြာကြီးဆွဲနေရင်တော့ ဒီလိုကိစ္စမျိုးကဖြစ်တတ်ပါတယ်။ လီဝင် ကလည်းဘောလုံးနောက်ကိုတစ်ချိန်လုံးလိုက်နေတာပါ။ ဖြစ်ချင်တော့ဘောလုံးက အခန့်မသင့်ဘဲ ဂိုးထဲဝင်သွားတယ်။ ဒါပေမယ့်ကျွန်တော်တို့တန်ပြန်ကစားနိုင်ခဲ့ပြီး ထိုက်တန်တဲ့ခြေပဂိုးတစ်ဂိုးပြန်ရခဲ့ပါတယ်။ ဒီဂီယာကို ကျွန်တော်ယုံကြည်ပါတယ်။ ပွဲပြီးခါနီးမှာ ဆီဂတ်ဆန် ကန်တဲ့အပိုင်အလုံးကိုကာကွယ်ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ကြောင်းကိုသက်သေပြသွားခဲ့ ပါတယ်။”ဆိုပြီးပြောပါတယ်။

ပွဲနဲ့ပတ်သက်လို့တော့ အခုလိုပြောပါတယ်။ “ဒီပွဲနဲ့ပတ်သက်ပြီး ၂ ပိုင်းခွဲပြောရပါမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် စစချင်း ခွင့်မပြုသင့်တဲ့ဂိုး ပေးလိုက်ရတာတော့ အခြေအနေမကောင်းပါဘူး။ ရှေ့ပိုင်းမှာထူးခြားတဲ့ ကစားပုံမျိုးနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာသာ ဦးဆောင်ဂိုးသွင်းထားနိုင်ခဲ့ရင် ပွဲအပြီးမှာ အနိုင်ရနိုင်ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကောင်းကောင်းတန်ပြန်ခုခံကစားနိုင်ခဲ့ပြီး တစ်မှတ်ရခဲ့တဲ့အတွက်လည်း ကျေနပ်ခဲ့ပါတယ်။ ရမှတ် ၁ မှတ်က ၂ သင်းစလုံးအတွက် ထိုက်တန်မှုတော့ရှိပါတယ်။”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။ဒါ့အပြင် အမြဲချီးကျူးခံနေရတဲ့ ဖာနန်ဒက်စ်ကိုလည်းနည်းပြဆိုးလ်ရှားက “သူက ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော်တို့အသင်းအတွက်ဒီလိုကစားသမားမျိုးလိုအပ်နေတာကြာပါပြီ။ သူ့ရဲ့ ထောက်ပံ့ကစားပေးနိုင်မှုအတွက် ကျွန်တော်ကျေနပ်ပါတယ်။”ဆိုပြီး ပြောပါတယ်။

အဲဒီပွဲမှာ အဲဗာတန် အသင်း အတွက် အဖွင့် ဂိုးကို တိုက်စစ်မှူး ကယ်လ်ဗတ် လီဝင် က သွင်းယူ ပေးခဲ့ပြီး ယူနိုက်တက် အသင်း အတွက် ခြေပဂိုး ကိုတော့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က သွင်းယူ ပေးခဲ့ ပါတယ် ။ဒါ့အပြင်အဲဗာတန် အသင်းရဲ့ ၉၁ မိနစ် မှာသွင်းယူခဲ့တဲ့ သွင်းဂိုးဟာ လူကျွံဘောအဖြစ်သတ်မှတ်ခံခဲ့ ရပြီးတဲ့နောက် ဝေဖန်မှု့တွေများပြားခဲ့ပါတယ်။ ကလက်ဗက်လီဝင် ရဲ့ ကန်ချက်က မက်ဂွိုင်းယားနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်ခဲ့ပေမယ့်လည်း ဘောလုံးလမ်းကြောင်းမှာ ဆီဂတ်ဆန် ရှိနေခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR အကူအညီကိုပြန်လည်ရယူပြီး လူကျွံဘောအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား တစ်ယောက်အဲဒီပွဲမှာ နောက်တန်းအတွက် ဝမ်ဘစ်ဆာကာ ၊ မက်ဂွိုင်းယား၊ လင်ဒီလောဖ့် ၊လုခ်ရှော တို့ကို ထုတ်သုံးခဲ့သလို ကွင်းလယ်မှာ မာတခ်ျ၊ဖာနန်ဒက်စ်၊မက်တော်မနေး၊ ဖရဒ် တို့ကို အသုံးချခဲ့ပါတယ်။ တိုက်စစ်မှာတော့ မာရှယ် နဲ့ မေဆင်ဂရင်းဝုဒ်တို့ကိုသုံးခဲ့ပြီး ၄-၄-၂ စိန်ပွင့်ပုံနဲ့ကစားခဲ့ပါတယ်။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ယူႏိုက္တက္နဲ႔အဲဗာတန္ သေရပြဲအၿပီး ဘယ္သူေတြဘာေျပာၾကသလဲ?
မေန႔ညက အဲဗာတန္နဲ႔ ယူႏိုက္တက္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ တစ္ဖက္ တစ္ဂိုးစီနဲ႔ ပြဲၿပီးခဲ့ပါတယ္။ အဲဒီပြဲမွာ အဖြင့္ဂိုးဟာ ဒီဂီယာရဲ႕တစ္ဦးခ်င္းအမွားကေန ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ဒီဂီယာဟာ ေဘာလုံးကို အခ်ိန္ေတာ္ေတာ္ၾကာၾကာ ကိုင္တြယ္ခဲ့ၿပီး ေရွ႕ကိုကန္တင္ဖို႔ ႀကိဳးစားခဲ့ရမွာေတာ့ ၿပိဳင္ဘက္ကစားသမား လီ၀င္ကို ထိၿပီး ဂိုးထဲ ၀င္ခဲ့တာျဖစ္ပါတယ္။ အဲဒီအမွားအယြင္းဟာ ကမၻာ့အဆင့္ ဂိုးသမားတစ္ေယာက္အဖို႔ လုံး၀မျဖစ္သင့္တဲ့ အမွားအယြင္းမ်ဳိးလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီပြဲအၿပီးမွာေတာ့ ဒီဂီယာဟာ ေျပာစရာပစ္မွတ္ျဖစ္ခဲ့ရပါၿပီ။ ယူႏိုက္တက္ရဲ႕ ဂႏၶ၀င္ၾကီး ရိြဳင္းကိန္းကေတာ့ အဲဗာတန္ရဲ႕ အဖြင့္ ဂိုးနဲ႔ ပတ္သက္ျပီးေတာ့ ဂိုးသမားဒီဂီယာကို ၾကိမ္းေမာင္းေျပာဆိုထားပါတယ္။ “မန္ေနဂ်ာတစ္ေယာက္ပဲျဖစ္ျဖစ္၊ ကစားသမားတစ္ေယာက္ပဲျဖစ္ျဖစ္၊ အ့ဲေကာင္ကို ကၽြန္ေတာ္ေသခ်ာေပါက္ ရိုက္ႏွက္ပစ္ခ်င္တာပါ။ သူက ပါးနပ္မႈရွိတ့ဲ ဂိုးသမားတစ္ေယာက္ပါ၊ ဒါေပမယ့္ ဒီလိုေနရာမ်ဳိးမွာ ဘာလို႔အခ်ိန္ဆြဲေနတာလဲဗ်၊ ဒီေကာင္ ဘာကိုေစာင့္ေနတာလဲမသိဘူး။ ကၽြန္ေတာ္ထင္တယ္၊ ဒီေကာင္ နည္းနည္းေတာ့ ႀကီးက်ယ္ေနတာျဖစ္မယ္” ဆိုၿပီး ရိြဳင္းကိန္းက ေဒါသတႀကီးေျပာဆိုခဲ့ပါတယ္။ ရိြဳင္ကိန္းဟာ ယူႏုိက္တက္မွာရွိစဥ္ကတည္းက စိတ္ဓာတ္အလြန္ျပင္းထန္တ့ဲ ကစားသမားတစ္ေယာက္ျဖစ္သလို၊ အသင္းအတြက္ လိုအပ္လာခဲ့ရင္ ဘယ္သူ႔မ်က္ႏွာမွမၾကည့္ပဲ ေျပာဆိုပစ္တတ္တ့ဲ အသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္ခ့ဲတာပါ။ တကယ္လို႔သာမေန႔ညက ရိြဳင္ကိန္းတစ္ေယာက္ယူႏိုက္တက္က တာ၀န္ရိွသူတစ္ေယာက္အျဖစ္ကြင္းထဲမွာရိွေနမယ္ဆိုရင္ ဒီဂီယာတစ္ေယာက္အေထာင္းခံရဖို႔ ေသခ်ာသေလာက္ရိွပါတယ္။
ယူႏိုက္တက္ရဲ႕တာ၀န္ရိွသူနည္းျပဆိုးလ္ရွားကေတာ့ ဒီဂီယာရဲ႕အမွားနဲ႔ပတ္သက္ၿပီးအခုလိုေျပာပါတယ္။ “ေဘာလုံးကိုကန္တင္ဖို႔အခ်ိန္ေတြအၾကာႀကီးဆြဲေနရင္ေတာ့ ဒီလိုကိစၥမ်ိဳးကျဖစ္တတ္ပါတယ္။ လီ၀င္ ကလည္းေဘာလုံးေနာက္ကိုတစ္ခ်ိန္လုံးလိုက္ေနတာပါ။ ျဖစ္ခ်င္ေတာ့ေဘာလုံးက အခန္႔မသင့္ဘဲ ဂိုးထဲဝင္သြားတယ္။ ဒါေပမယ့္ကၽြန္ေတာ္တို႔တန္ျပန္ကစားႏိုင္ခဲ့ၿပီး ထိုက္တန္တဲ့ေျခပဂိုးတစ္ဂိုးျပန္ရခဲ့ပါတယ္။ ဒီဂီယာကို ကၽြန္ေတာ္ယုံၾကည္ပါတယ္။ ပြဲၿပီးခါနီးမွာ ဆီဂတ္ဆန္ ကန္တဲ့အပိုင္အလုံးကိုကာကြယ္ၿပီး ကမာၻ႔အေကာင္းဆုံးဂိုးသမားျဖစ္ေၾကာင္းကိုသက္ေသျပသြားခဲ့ပါတယ္။”ဆိုၿပီးေျပာပါတယ္။ ပြဲနဲ႔ပတ္သက္လို႔ေတာ့ အခုလိုေျပာပါတယ္။ “ဒီပြဲနဲ႔ပတ္သက္ၿပီး ၂ ပိုင္းခြဲေျပာရပါမယ္။ ပထမပိုင္းမွာ ကၽြန္ေတာ္တို႔ေတြ ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ စစခ်င္း ခြင့္မျပဳသင့္တဲ့ဂိုး ေပးလိုက္ရတာေတာ့ အေျခအေနမေကာင္းပါဘူး။ ေရွ႕ပိုင္းမွာထူးျခားတဲ့ ကစားပုံမ်ိဳးနဲ႔ ကစားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာသာ ဦးေဆာင္ဂိုးသြင္းထားႏိုင္ခဲ့ရင္ ပြဲအၿပီးမွာ အႏိုင္ရႏိုင္ပါတယ္ ။ ဒုတိယပိုင္းမွာေတာ့ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းတန္ျပန္ခုခံကစားႏိုင္ခဲ့ၿပီး တစ္မွတ္ရခဲ့တဲ့အတြက္လည္း ေက်နပ္ခဲ့ပါတယ္။ ရမွတ္ ၁ မွတ္က ၂ သင္းစလုံးအတြက္ ထိုက္တန္မႈေတာ့ရွိပါတယ္။”ဆိုၿပီးနည္းျပဆိုးလ္ရွားကေျပာပါတယ္။ဒါ့အျပင္ အၿမဲခ်ီးက်ဴးခံေနရတဲ့ ဖာနန္ဒက္စ္ကိုလည္းနည္းျပဆိုးလ္ရွားက “သူက ေကာင္းမြန္တဲ့ ကစားသမား တစ္ေယာက္ပါ။ ကၽြန္ေတာ္တို႔အသင္းအတြက္ဒီလုိကစားသမားမ်ဳိးလုိအပ္ေနတာၾကာပါၿပီ။ သူ႔ရဲ႕ ေထာက္ပံ့ကစားေပးႏိုင္မႈအတြက္ ကၽြန္ေတာ္ေက်နပ္ပါတယ္။”ဆိုၿပီး ေျပာပါတယ္။
အဲဒီပြဲမွာ အဲဗာတန္ အသင္း အတြက္ အဖြင့္ ဂိုးကို တိုက္စစ္မႉး ကယ္လ္ဗတ္ လီဝင္ က သြင္းယူ ေပးခဲ့ၿပီး ယူႏိုက္တက္ အသင္း အတြက္ ေျခပဂိုး ကိုေတာ့ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ က သြင္းယူ ေပးခဲ့ ပါတယ္ ။ဒါ့အျပင္အဲဗာတန္ အသင္းရဲ႕ ၉၁ မိနစ္ မွာသြင္းယူခဲ့တဲ့ သြင္းဂိုးဟာ လူကြၽံေဘာအျဖစ္သတ္မွတ္ခံခဲ့ ရၿပီးတဲ့ေနာက္ ေဝဖန္မႈ႕ေတြမ်ားျပားခဲ့ပါတယ္။ ကလက္ဗက္လီဝင္ ရဲ႕ ကန္ခ်က္က မက္ဂြိဳင္းယားနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္ခဲ့ေပမယ့္လည္း ေဘာလုံးလမ္းေၾကာင္းမွာ ဆီဂတ္ဆန္ ရွိေနခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က VAR အကူအညီကိုျပန္လည္ရယူၿပီး လူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ဆိုးလ္ရွား တစ္ေယာက္အဲဒီပြဲမွာ ေနာက္တန္းအတြက္ ၀မ္ဘစ္ဆာကာ ၊ မက္ဂြိဳင္းယား၊ လင္ဒီေလာဖ့္ ၊လုခ္ေရွာ တို႔ကို ထုတ္သုံးခဲ့သလို ကြင္းလယ္မွာ မာတခ္်၊ဖာနန္ဒက္စ္၊မက္ေတာ္မေနး၊ ဖရဒ္ တို႔ကို အသုံးခ်ခဲ့ပါတယ္။ တိုက္စစ္မွာေတာ့ မာရွယ္ နဲ႔ ေမဆင္ဂရင္း၀ုဒ္တို႔ကိုသုံးခဲ့ၿပီး ၄-၄-၂ စိန္ပြင့္ပုံနဲ႔ကစားခဲ့ပါတယ္။