ယူနိုက်တက်နဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို ရွန်းနီတစ်ယောက် ဒါဘီကောင်တီအသင်းကိုပြောပြတော့မှာလား?

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ယူနိုက်တက်နဲ့ ဒါဘီကောင်တီအသင်းတို့တွေ့ဆုံကြမယ့်ပွဲမှာ အခရာကျတဲ့သူကတော့ ဝိန်းရွန်းနီဖြစ်ပါတယ်။ ရွန်းနီဟာယူနိုက်တက်မှာ အချိန်အတော်ကြာကြာ ကစားခဲ့တဲ့ သူဖြစ်ပြီး၊ ယူနိုက်တက်နဲ့ပတ်သက်တဲ့ အကြောင်းအရာ များစွာကို နည်းလည်သိရှိထားသူဖြစ်ပါတယ်။ ဒါဘီ ကောင်တီ အသင်း ရဲ့ နည်းပြ ဖိလစ် ကိုကူး ကတော့ အသင်းရဲ့ ဝါရင့် တိုက်စစ်မှုးကြီး ဝိန်းရွန်းနီ ဆီ က ရလာမယ့် သတင်း အချက် အလက်တွေဟာ ယူနိုက်တက် အသင်း နဲ့ ပွဲစဉ် အတွက် အဓိကကျလိမ့် မယ်လို့ ပြောဆို ထားပါတယ်။ ဒါဘီ ဟာ FA Cup ပဉ္စမ ဆင့် ပွဲစဉ် အဖြစ် ယူနိုက်တက် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပဲ ဖြစ် ပါတယ် ။

photo internet

ဒါဟာ ဝိန်းရွန်နီအဖို့ အသင်းဟောင်း ယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ရတာ ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အဲဗာတန်အသင်းနဲ့ အတူ ယူနိုက်တက်အသင်းကို ပြန်လည်ရင်ဆိုင် ခဲ့ဖူးတာဖြစ်ပါတယ်။အခု ပွဲဟာ ဒါဘီ အသင်း မှာ ကစား သမား – နည်းပြ အဖြစ် လုပ်ကိုင် နေတဲ့ ဝိန်းရွန်းနီ အတွက်တော့ အမှတ် ရ စရာ ပွဲ ဖြစ် မှာပါ။ ရွန်းနီ ဟာ ယူနိုက်တက် မှာ ၁၃ နှစ် ကြာအောင် ကစား ခဲ့ပြီး အသင်းရဲ့ သမိုင်း တစ်လျောက် ဂိုးသွင်း အများဆုံး ကစား သမား ဖြစ်ခဲ့ သလို ဆုဖလား များစွာ ကိုလည်း ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

photo internet

“ဝိန်းရွန်းနီဟာအဲဒီပွဲ မှာ အရေးပါ သူ အနေနဲ့ ရှိနေ ပါမယ် ။ ဘာကြောင့်လဲဆိုရင် အခုဒါဘီအသင်းမှာ သူ့လောက် ယူနိုက်တက် အကြောင်း ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်လို့ပါ ။ ယူနိုက်တက်နဲ့ပတ်သက်တဲ့ တိုက်စစ်တွေ၊ကစားကွက်တွေ၊သရဲနီသားတွေအကြောင်းကို ဝိန်းရွန်းနီက ကောင်းကောင်းကိုသိထားပါတယ်။
ဒါကြောင့်အခုကစားမယ့်ပွဲ မှာ ဝိန်းရွန်းနီဆီက အကြံဉာဏ်တွေဟာ အသင်း အတွက် အရေးပါ တဲ့ အချက် အလက်တွေ အဖြစ်ရှိနေမှာပါ။ ကျွန်တော်တို့အသင်းအနိုင်ရလဒ်တောင်ရရှိသွားနိုင်တဲ့ အနေအထား တောင်ဖြစ်သွားနိုင်ပါတယ်”ဆိုပြီး ကိုကူးကပြောဆိုထားပါတယ်။ ရွန်းနီဟာ အခုပွဲမှာလည်း ယူနိုက်တက် ဘက်ကို ထိုးဖောက်တိုက်စစ်ဆင်ရမယ့်ကစားသမားအဖြစ်ကွင်းထဲမှာရှိနေရပါမယ်။

photo internet

“ရွန်းနီဟာ ပွဲကြီးတွေနဲ့အသားကျနေပြီးသူပါ။ ဒီပွဲမှာလည်း အရေးပါတဲ့သူအဖြစ်ရှိနေမှာပါ။”ဆိုပြီး ကိုကူးကပြောထား ပါသေးတယ်။ ဝိန်းရွန်းနီ ဟာ ယူနိုက်တက် ကို ပြိုင်ဘက် အဖြစ် နဲ့ 6 ကြိမ်ကစားခဲ့ဖူးပါတယ်။ အဲလို 6ကြိမ်ကစားရာမှာ သရဲနီအသင်းသားမဖြစ်ခင်နဲ့ သရဲနီအသင်းသားဘဝကနေထွက်ပြီးနောက်ကစားရတဲ့ပွဲတွေ ပါပါတယ်။ ဒါပေမယ့်အဲလို ၆ ကြိမ် ရင်ဆိုင် ကစား ခဲ့ဖူး ရာမှာ တစ်ကြိမ် မှ အနိုင် မရရှိခဲ့ ဖူးပါဘူး ။“ကျွန်တော် ယူနိုက်တက်အသင်းကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် အခုအသင်းမှာလည်း ကျွန်တော် ကောင်းကောင်းကစားနိုင်စွမ်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်အနိုင်ရလိုပါတယ်။ ယူနိုက်တက်နဲ့ပြန်လည် ရင်ဆိုင်ရမယ်ဆိုတာဟာ အခွင့်အရေးတစ်ခုပါပဲ။ အခုအချိန်မှာ ယူနိုက်တက်က အကောင်းဆုံးပုံစံရှိမနေပါဘူး။ ဒါပေမယ့် သူတို့ နဂို ကထက်တော့အခုရက်ပိုင်းရလဒ်အခြေအနေကောင်းနေပါတယ်။ အခုပွဲကတော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲ” ဆိုပြီးရွန်းနီကပြောဆိုထားပါတယ်။

photo internet

“ကစား ပွဲတွေ မစတင်ခင် တိုင်းမှာ ဝိန်းရွန်နီနဲ့ ကျွန်တော် အမြဲ တိုင်ပင် ဖြစ်ပါတယ် ။ သူက အတွေ့ အကြုံရင့် တဲ့ကစား သမား တစ်ဦး ဖြစ်တာ ကြောင့် ပွဲ အတွက် လိုအပ်တဲ့ နည်းဗျုဟာတွေ ကို အကြံ ပေးနိုင် သလို သုံးသပ်မှု တွေ လည်း လုပ်နိုင် ပါတယ် ။ ဒီလို လူမျိုး ရှိနေတာ ဟာ ကျွန်တော့် အတွက် လုပ်ရ ကိုင်ရ လွယ်ကူ စေပါတယ်။ကျွန်တော့်အနေနဲ့ရလဒ်နဲ့ပတ်သက်ပြီးမခန့်မှန်းချင်ပါဘူး။အကောင်းဆုံး ကစားမယ် ၊ တိုက်စစ် ဆင် မယ် ၊ ပရိသတ်တွေ ကြည့်ရတာတန်တယ်ဆိုပြီးဖြစ်အောင် ကစားပါမယ်။”ဆိုပြီး ဒါဘီ နည်းပြ ကိုကူး က ပြောဆို ထားပါတယ်။
ယူနိုက်တက် အသင်း ဟာ 2018 တုန်းက လည်း ဒါဘီ ကောင်တီ အသင်း နဲ့ လိဂ် ဖလား မှာ ရင်ဆိုင် ဆုံတွေ့ ခဲ့ပြီး ပင်နယ်တီ အဆုံး အဖြတ် နဲ့ အရေးနိမ့် ခဲ့ ပါတယ် ။ အခုပွဲမှာ ဝိန်းရွန်းနီတစ်ယောက်ယူနိုက်တက်နဲ့ဘယ်လို ရင်ဆိုင်ကစား မလဲ၊ ပွဲပြီးရလဒ်ဘယ်လိုဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါ။

photo internet

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)



