ယူနိုက်တက်နဲ့လီဗာပူးပွဲက ပြောစရာအချက်တွေ……..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မနေ့ ညက အန်ဖီးလ် ကွင်းမှာကစားခဲ့တဲ့ ယူနိုက်တက် နဲ့လီဗာပူး ပွဲစဉ်မှာ သရဲနီတို့ကတော့ အရေးနိမ့်ခဲ့ပါတယ်။ နှစ်ဂိုးပြတ်နဲ့လီဗာပူးတို့ နိုင်ပွဲ ရယူ သွားနိုင်ခဲ့ပါတယ် ။ ဗန်ဒိုက် နဲ့ မိုဟာမက် ဆာလာ တို့က ဂိုးတွေသွင်းယူ ပေးခဲ့ ကြ ပါတယ် ။ လီဗာပူးကစားသမားတွေရဲ့ခြေစွမ်းတွေက ထက်ခဲ့ပေမယ့် ယူနိုက်တက်ကစားသမားတွေကတော့ ထင်သလောက်ခြေစွမ်းမပြနိုင်ကြပါဘူး။ အဲဒီပွဲနဲ့ပတ်သက်တဲ့ အချက်အချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။
လီဗာပူးဟာ ဒီပွဲမှာအနိုင်ရခဲ့တာကြောင့် အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိတာ ရက်အားဖြင့် ၁၀၀၁ ရက်ရှိသွားပြီဖြစ်ကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရှုံးပွဲမရှိအရှည်ကြာဆုံးအသင်းအဖြစ် ၄၉ပွဲနဲ့ စံချိန်တင်ထားတဲ့ အာဆင်နယ်ကို လိုက်မီဖို့လည်း ၁၀ပွဲပဲလိုပါတော့တယ်။ လီဗာပူးဟာ အခုဆိုရင်အိမ်ကွင်းမှာ ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူပြီး နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆုရယူဖို့ ပိုမိုနီးစပ်လာပါတယ်။ အခုတော့လီဗာပူး တို့ လက်ကျန် ပွဲစဉ် 16 ပွဲ လုံးကို အမှားအယွင်း မရှိ မရှုံးနိမ့် အောင် ကစား ပြဖို့ ကြိုးစားချိန် ရောက်ရှိ လာခဲ့ ပါပြီ ။

photo internet

လူငယ်တွေကိုအားပြုတဲ့အသင်းနဲ့လူသန်ကြီးဦးဆောင်တဲ့အသင်း တွေ့ကြတဲ့ပွဲလို့ပြောနိုင်ပါတယ်။ လီဗာပူးကစားသမား ဗန်ဒိုက်ဟာကာယ ပိုင်း ကြံခိုင် သလို၊ အမြင့်ဘောပိုင်းလည်းစွမ်းဆောင်ရည် ကောင်းပါတယ်။ ဗန်ဒိုက်အဖွင့်ဂိုးသွင်းချိန်မှာ ယူနိုက်တက်ဖက်က ဖရက်ဒ်နဲ့ဝီလီယံတို့ယှဉ်ပြိုင်ကစားခဲ့ပေမယ့် လူကြီးနဲ့ကလေးကစားသလိုဖြစ်ခဲ့ပါတယ်။ ကလေး တွေကြား ရောက်ရှိ နေတဲ့ ဗန်ဒိုက် က ပျော်ပျော်ကြီး ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူ သွားခဲ့ တာကို ယူနိုက်တက် တို့ မဟန့်တားနိုင်ခဲ့ပါဘူး။

photo internet

VAR အကြောင်းကလည်းပွဲတိုင်းမပြောမဖြစ်ပြောရတဲ့အချက်တစ်ချက်ဖြစ်လာပါတယ်။ လီဗာပူူး အသင်း ဟာ ပထမပိုင်းမှာပဲ နှစ်ဂိုးရတော့မလိုဖြစ်ခဲ့တာပါ။ ဖာမီနိုသွင်းခဲ့တဲ့ ဒုတိယဂိုးဟာ VAR ကြောင့် ပယ်ဖျက် ခံခဲ့ ရ ပါတယ် ။ ဒီဂီယာ ဖက်ကအဲဒီ ဂိုး မတိုင်မီ ဂိုးပေါက် ကာကွယ် ခဲ့တဲ့အချိန်မှာ ဒီဂီယာ ရဲ့ လက်က ဘောလုံး ကို ဦးသွား ခဲ့ပြီး ဗန်ဒိုက် ကတော့ ပြိုင်ဖက် ဂိုးသမား ကို ပစ်ဒဏ် ကျူးလွန် သလို ဖြစ်သွား ခဲ့ရ ပါတယ် ။ဖာမီနိုရဲ့ဂိုးသွင်းအပြီးမှာတော့ ဒီဂီယာနဲ့မက်ဂွားယားတို့က စောဒကတက်ခဲ့တာကြောင့် ဂိုးကိုပယ်ဖျက်ခဲ့တာပါ။ ယူနိုက်တက်တို့ဂိုးမပေးလိုက်ရပေမယ့် ဒီဂီယာကတော့ ဒိုင်ရဲ့အဝါကတ်လက်ဆောင်ကို ရယူခဲ့ရပါတယ်။ အဝါကတ်နဲ့ဂိုးလဲလှယ်လိုက်ရသလိုပါပဲ။

photo internet

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဒီပွဲအတွက်သုံးခဲ့တဲ့ကစားကွက်ပုံစံဟာလိုအပ်ချက်တွေများခဲ့ပါတယ်။
ယူနိုက်တက် ရဲ့ ခံစစ် ကစားသမား တွေဟာ အစော ပိုင်း မိနစ် တွေမှာ ပြိုင်ဖက် ကစားသမား တွေရဲ့ တိုက်စစ် ဆင်မှု ကို ကြံ့ကြံ့ ခံနိုင် ခဲ့ကြ ပါသေးတယ် ။ဒါပေမယ့် တစ်ဖက်အသင်းသားတွေရဲ့ မြန်ဆန်တဲ့ တိုက်စစ်ဆင်မှု တွေကို အကြိမ်တိုင်း မခုခံ နိုင်ခဲ့ပါဘူး။ ကစားသမားအသုံးပြုတဲ့အပိုင်းမှာဆိုးလ်ရှားတစ်ယောက် လိုအပ်ချက်တွေရှိခဲ့ပြီး၊ သရဲနီတွေကို နေရာတကျဖြစ်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

photo internet

“ကျွန်တော်တို့ရဲ့ကွင်းလယ်ပိုင်းကတော့ သူတို့ကွင်းလယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတချို့ရခဲ့ပါတယ်။ နောက်ဆုံး ၁၀ မိနစ် ၁၅ မိနစ်လောက်မှာ သူတို့ကို ပြန်ဖိပြီး ကစားနိုင်ခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော်တို့အရည်အသွေးတွေမပြည့်စုံခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲရဲ့ဂိုးရလဒ်က မျှတတဲ့သဘောရှိပါတယ်။ သူတို့အနိုင်ရသွားခဲ့တယ်လေ။ ကျွန်တော်တို့တွေ အခွင့်အရေးတွေ ရသလို သူတို့လည်းအခွင့်အရေးတွေ ရခဲ့ကြပါတယ်”ဆိုပြီး နည်းပြဆိုးလ်ရှား ကပြောပါတယ်။

photo internet

လီဗာပူး အသင်းအတွက်ကတော့ ရွှေဖလားဆွတ်ခူးရယူနိုင်မယ့်အခွင့်အရေးပိုများခဲ့ပါပြီ။ နောက်ထပ်ကစားရမယ့် မန်စီးတီး ၊ ချဲလ်ဆီး၊ အာဆင်နယ် အသင်း တွေနဲ့ပွဲစဉ်မှာ လီဗာပူးအနေနဲ့အောင်ပန်း ဆက်လက်ဆင်နိုင်မလား ဆိုတာစောင့်ကြည့်ရပါမယ်။ ယူနိက်တက် ကစားသမားဟောင်းတွေကတော့ အတော်လေးဒေါသထွက်ခဲ့ကြပြီး အသင်းရဲ့ ကစားသမား၊နည်းပြ အပြင် ဘုတ်အဖွဲ့နဲ့ ပိုင်ရှင်တွေကိုပါ ဝေဖန်ပြစ်တင်နေကြပါတယ်။“ယူနိက်တက်ကစားသမား တစ်ယောက် အတွက် ဘယ်ကွင်းမှာ အနိုင်ချင်ဆုံးလဲဆိုရင် အန်ဖီလ်းမှာပါပဲ။ဘယ်ကွင်းမှာရှုံးရတာ အနာကျင်ရဆုံးလဲဆိုရင်လည်းအန်ဖီလ်းမှာပါပဲ။ အခုတော့ ယူနိုက်တက်ကစားသမားတွေက ပိုက်ဆံအတွက်ပဲ ကစားနေတယ်လို့ထင်ရပါတယ်”ဆိုပြီး အီဗရာကပြောပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ကံဇာတာကတော့ မြင့်တစ်ခါ၊နိမ့်တစ်လှည့်ဖြစ်နေဆဲပါ။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔လီဗာပူးပြဲက ေျပာစရာအခ်က္ေတြ……..

မေန႔ ညက အန္ဖီးလ္ ကြင္းမွာကစားခဲ့တဲ့ ယူႏိုက္တက္ နဲ႔လီဗာပူး ပြဲစဥ္မွာ သရဲနီတို႔ကေတာ့ အေရးနိမ့္ခဲ့ပါတယ္။ ႏွစ္ဂိုးျပတ္နဲ႔လီဗာပူးတို႔ ႏိုင္ပြဲ ရယူ သြားႏိုင္ခဲ့ပါတယ္ ။ ဗန္ဒိုက္ နဲ႔ မိုဟာမက္ ဆာလာ တို႔က ဂိုးေတြသြင္းယူ ေပးခဲ့ ၾက ပါတယ္ ။ လီဗာပူးကစားသမားေတြရဲ႕ေျခစြမ္းေတြက ထက္ခဲ့ေပမယ့္ ယူႏိုက္တက္ကစားသမားေတြကေတာ့ ထင္သေလာက္ေျခစြမ္းမျပႏိုင္ၾကပါဘူး။ အဲဒီပြဲနဲ႔ပတ္သက္တဲ့ အခ်က္အခ်ဳိ႕ကိုတင္ဆက္ေပးလိုက္ပါတယ္။
လီဗာပူးဟာ ဒီပြဲမွာအႏိုင္ရခဲ့တာေၾကာင့္ အန္ဖီးလ္မွာ ပရီးမီးယားလိဂ္ရႈံးပြဲမရွိတာ ရက္အားျဖင့္ ၁၀၀၁ ရက္ရွိသြားၿပီျဖစ္ကာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိအရွည္ၾကာဆုံးအသင္းအျဖစ္ ၄၉ပြဲနဲ႔ စံခ်ိန္တင္ထားတဲ့ အာဆင္နယ္ကို လိုက္မီဖို႔လည္း ၁၀ပြဲပဲလိုပါေတာ့တယ္။ လီဗာပူးဟာ အခုဆိုရင္အိမ္ကြင္းမွာ ယူႏိုက္တက္ကို ဂိုးျပတ္အႏိုင္ယူၿပီး ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံဆုရယူဖို႔ ပိုမိုနီးစပ္လာပါတယ္။ အခုေတာ့လီဗာပူး တို႔ လက္က်န္ ပြဲစဥ္ 16 ပြဲ လုံးကို အမွားအယြင္း မရွိ မရွံုးနိမ့္ ေအာင္ ကစား ျပဖို႔ ႀကိဳးစားခ်ိန္ ေရာက္ရွိ လာခဲ့ ပါၿပီ ။
လူငယ္ေတြကိုအားျပဳတဲ့အသင္းနဲ႔လူသန္ႀကီးဦးေဆာင္တဲ့အသင္း ေတြ႕ၾကတဲ့ပြဲလို႔ေျပာႏိုင္ပါတယ္။ လီဗာပူးကစားသမား ဗန္ဒိုက္ဟာကာယ ပိုင္း ႀကံခိုင္ သလို၊ အျမင့္ေဘာပိုင္းလည္းစြမ္းေဆာင္ရည္ ေကာင္းပါတယ္။ ဗန္ဒုိက္အဖြင့္ဂိုးသြင္းခ်ိန္မွာ ယူႏိုက္တက္ဖက္က ဖရက္ဒ္နဲ႔၀ီလီယံတို႔ယွဥ္ၿပိဳင္ကစားခဲ့ေပမယ့္ လူႀကီးနဲ႔ကေလးကစားသလိုျဖစ္ခဲ့ပါတယ္။ ကေလး ေတြၾကား ေရာက္ရွိ ေနတဲ့ ဗန္ဒိုက္ က ေပ်ာ္ေပ်ာ္ႀကီး ေခါင္းတိုက္ၿပီး အဖြင့္ဂိုး သြင္းယူ သြားခဲ့ တာကို ယူႏိုက္တက္ တို႔ မဟန္႔တားႏိုင္ခဲ့ပါဘူး။
VAR အေၾကာင္းကလည္းပြဲတုိင္းမေျပာမျဖစ္ေျပာရတဲ့အခ်က္တစ္ခ်က္ျဖစ္လာပါတယ္။ လီဗာပူူး အသင္း ဟာ ပထမပိုင္းမွာပဲ ႏွစ္ဂိုးရေတာ့မလုိျဖစ္ခဲ့တာပါ။ ဖာမီႏိုသြင္းခဲ့တဲ့ ဒုတိယဂိုးဟာ VAR ေၾကာင့္ ပယ္ဖ်က္ ခံခဲ့ ရ ပါတယ္ ။ ဒီဂီယာ ဖက္ကအဲဒီ ဂိုး မတိုင္မီ ဂိုးေပါက္ ကာကြယ္ ခဲ့တဲ့အခ်ိန္မွာ ဒီဂီယာ ရဲ႕ လက္က ေဘာလုံး ကို ဦးသြား ခဲ့ၿပီး ဗန္ဒိုက္ ကေတာ့ ၿပိဳင္ဖက္ ဂိုးသမား ကို ပစ္ဒဏ္ က်ဴးလြန္ သလို ျဖစ္သြား ခဲ့ရ ပါတယ္ ။ဖာမီႏိုရဲ႕ဂိုးသြင္းအၿပီးမွာေတာ့ ဒီဂီယာနဲ႔မက္ဂြားယားတို႔က ေစာဒကတက္ခဲ့တာေၾကာင့္ ဂိုးကိုပယ္ဖ်က္ခဲ့တာပါ။ ယူႏိုက္တက္တို႔ဂိုးမေပးလုိက္ရေပမယ့္ ဒီဂီယာကေတာ့ ဒိုင္ရဲ႕အ၀ါကတ္လက္ေဆာင္ကို ရယူခဲ့ရပါတယ္။ အ၀ါကတ္နဲ႔ဂိုးလဲလွယ္လုိက္ရသလုိပါပဲ။

ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားဒီပြဲအတြက္သုံးခဲ့တဲ့ကစားကြက္ပုံစံဟာလုိအပ္ခ်က္ေတြမ်ားခဲ့ပါတယ္။
ယူႏိုက္တက္ ရဲ႕ ခံစစ္ ကစားသမား ေတြဟာ အေစာ ပိုင္း မိနစ္ ေတြမွာ ၿပိဳင္ဖက္ ကစားသမား ေတြရဲ႕ တိုက္စစ္ ဆင္မႈ ကို ႀကံ့ႀကံ့ ခံႏိုင္ ခဲ့ၾက ပါေသးတယ္ ။ဒါေပမယ့္ တစ္ဖက္အသင္းသားေတြရဲ႕ ျမန္ဆန္တဲ့ တိုက္စစ္ဆင္မႈ ေတြကို အႀကိမ္တိုင္း မခုခံ ႏိုင္ခဲ့ပါဘူး။ ကစားသမားအသုံးျပဳတဲ့အပိုင္းမွာဆုိ္းလ္ရွားတစ္ေယာက္ လုိအပ္ခ်က္ေတြရိွခဲ့ၿပီး၊ သရဲနီေတြကို ေနရာတက်ျဖစ္ေအာင္မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။
“ကၽြန္ေတာ္တို႔ရဲ႕ကြင္းလယ္ပိုင္းကေတာ့ သူတို႔ကြင္းလယ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ အခြင့္အေရးေကာင္းတခ်ိဳ႕ရခဲ့ပါတယ္။ ေနာက္ဆုံး ၁၀ မိနစ္ ၁၅ မိနစ္ေလာက္မွာ သူတို႔ကို ျပန္ဖိၿပီး ကစားႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္တို႔အရည္အေသြးေတြမျပည့္စုံခဲ့ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ၿပိဳင္ပြဲရဲ႕ဂိုးရလဒ္က မွ်တတဲ့သေဘာရွိပါတယ္။ သူတို႔အႏိုင္ရသြားခဲ့တယ္ေလ။ ကၽြန္ေတာ္တို႔ေတြ အခြင့္အေရးေတြ ရသလို သူတို႔လည္းအခြင့္အေရးေတြ ရခဲ့ၾကပါတယ္”ဆိုၿပီး နည္းျပဆုိးလ္ရွား ကေျပာပါတယ္။
လီဗာပူး အသင္းအတြက္ကေတာ့ ေ႐ႊဖလားဆြတ္ခူးရယူႏိုင္မယ့္အခြင့္အေရးပိုမ်ားခဲ့ပါၿပီ။ ေနာက္ထပ္ကစားရမယ့္ မန္စီးတီး ၊ ခ်ဲလ္ဆီး၊ အာဆင္နယ္ အသင္း ေတြနဲ႔ပြဲစဥ္မွာ လီဗာပူးအေနနဲ႔ေအာင္ပန္း ဆက္လက္ဆင္ႏိုင္မလားဆိုတာေစာင့္ၾကည့္ရပါမယ္။ ယူနိက္တက္ ကစားသမားေဟာင္းေတြကေတာ့ အေတာ္ေလးေဒါသထြက္ခဲ့ၾကၿပီး အသင္းရဲ႕ ကစားသမား၊နည္းျပ အျပင္ ဘုတ္အဖြဲ႕နဲ႔ ပိုင္ရွင္ေတြကိုပါ ေဝဖန္ျပစ္တင္ေနၾကပါတယ္။ “ယူနိက္တက္ကစားသမားတစ္ေယာက္အတြက္ ဘယ္ကြင္းမွာ အႏိုင္ခ်င္ဆုံးလဲဆိုရင္ အန္ဖီလ္းမွာပါပဲ။ဘယ္ကြင္းမွာရႈံးရတာအနာက်င္ရဆုံးလဲဆို ရင္လည္းအန္ဖီလ္းမွာပါပဲ။ အခုေတာ့ ယူႏို္က္တက္ကစားသမားေတြက ပုိက္ဆံအတြက္ပဲကစားေနတယ္လို႔ထင္ရပါတယ္”ဆုိၿပီး အီဗရာကေျပာပါတယ္။ နည္းျပဆိုးလ္ရွားရဲ႕ကံဇာတာကေတာ့ ျမင့္တစ္ခါ၊နိမ့္တစ္လွည့္ျဖစ္ေနဆဲပါ။