ယူနိုက်တက်နဲ့ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်မှာ (၁၀)မိနစ်လောက်ပဲအချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ ဒီဘရိုင်းနားဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းနာမည်ကျော်ကွင်းလယ်လူဒီဘရိုင်းနားက ပြီးခဲ့တဲ့တစ်ပတ်က,ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင်

သူတို့အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဘယ်လိုပုံစံနဲ့ရင်ဆိုင်ရမလဲဆိုတာ လေ့ကျင့်ခန်းအစီအစဉ်မှာ(၁၀)မိနစ်လောက်ပဲ အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ဖွင့်ဟပြောဆိုလိုက်ပါတယ်။

မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးအသင်းဟာ အိမ်ရှင်အသင်းကို တစ်ပွဲလုံးဦးဆောင်ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဘာယီရဲ့ OG ၊ ဘာနာဒိုဆေးလ်ဗားတို့သွင်းယူခဲ့တဲ့ဂိုးတွေနဲ့အတူ (၂-၀)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ယူနိုက်တက်အသင်းဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာကိုတော့ ဂွါဒီယိုလာတစ်ယောက် ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘူးလို့ ဒီဘရိုင်းနားကဆိုပါတယ်။

ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နောက်တန်း(၅)ဦးနဲ့ပွဲထွက်ခဲ့ပြီး အတ္တလန်တာနဲ့ချန်ပီယံလိဂ်ပွဲမှာတော့ ဗာရန်းဒဏ်ရာရခဲ့တာကြောင့်

အရင်ပုံစံဖြစ်တဲ့ (၄-၂-၃-၁)ကစားကွက်ကို ပြောင်းလဲကစားခဲ့ပေမယ့် မန်စီးတီးနဲ့ပွဲမှာ နောက်တန်း(၅)ဦးနဲ့ (၅-၃-၂)ကစားကွက်ခင်းကျင်းခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားက “ကျွန်တော်တို့တွေဟာ ပွဲကစားမယ့်ရက်မတိုင်ခင် တစ်ရက်အလိုမှာ ပြိုင်ဘက်အသင်းဘယ်လိုကစားမလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ နည်းစနစ်ပိုင်းအရလေ့ကျင့်ခန်းဆင်းရတာမျိုးရှိပါတယ်။

ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာတော့ ဂွါဒီယိုလာက ‘ယူနိုက်တက်အသင်း ဘယ်လိုကစားမလဲဆိုတာ ငါတို့မသိသေးဘူး…

အခြေအနေကို စောင့်ကြည့်ရမှာပဲ’လို့ ပြောခဲ့ပြီး ကျွန်တော်တို့ရဲ့လေ့ကျင့်ခန်းအစီအစဉ်က (၁၀)မိနစ်အကြာမှာပဲ ရပ်နားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ပြိုင်ဘက်အသင်း ဘယ်လိုကစားနိုင်မလဲဆိုတာ ကြိုတင်တွက်ဆနိုင်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ ယူနိုက်တက်အသင်း ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာကို မခန့်မှန်းနိုင်ခဲ့ပါဘူး။

နောက်တန်း(၄)ယောက်၊ ဒါမှမဟုတ် (၅)ယောက်နဲ့ပဲကစားမလား၊ ကွင်းလယ်မှာ Diamond Shape နဲ့ကစားမလား၊ တိုက်စစ်ကစားသမား(၃)ယောက်နဲ့ပဲ ပွဲထွက်လာမလားဆိုတာ ဂွါဒီယိုလာ ကြိုမတွေးနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းနားရဲ့ပြောစကားအရ ဂွါဒီယိုလာလို နည်းဗျူဟာကြွယ်ဝတဲ့နည်းပြတစ်ယောက်တောင် ယူနိုက်တက်အသင်း ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ

မခန့်မှန်းနိုင်လောက်တဲ့အထိ စွမ်းဆောင်ပြခဲ့တဲ့ ဆိုးလ်ရှားရဲ့အရည်အချင်းကို ချီးကျူးရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္နဲ႔ပြဲအတြက္ ေလ့က်င့္ခန္းအစီအစဥ္မွာ (၁၀)မိနစ္ေလာက္ပဲအခ်ိန္ယူျပင္ဆင္ခဲ့ရတယ္လို႔ ဒီဘ႐ိုင္းနားဖြင့္ဟ

မန္စီးတီးအသင္းနာမည္ေက်ာ္ကြင္းလယ္လူဒီဘ႐ိုင္းနားက ၿပီးခဲ့တဲ့တစ္ပတ္က,ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ သူတို႔အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဘယ္လိုပုံစံနဲ႔ရင္ဆိုင္ရမလဲဆိုတာ ေလ့က်င့္ခန္းအစီအစဥ္မွာ(၁၀)မိနစ္ေလာက္ပဲ အခ်ိန္ယူျပင္ဆင္ခဲ့ရတယ္လို႔ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာဒါဘီပြဲမွာ မန္စီးတီးအသင္းဟာ အိမ္ရွင္အသင္းကို တစ္ပြဲလုံးဦးေဆာင္ကစားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ ဘာယီရဲ႕ OG ၊ ဘာနာဒိုေဆးလ္ဗားတို႔သြင္းယူခဲ့တဲ့ဂိုးေတြနဲ႔အတူ (၂-၀)ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ ဒါေပမဲ့ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ ယူႏိုက္တက္အသင္းဘယ္လိုပုံစံနဲ႔ပြဲထြက္လာမလဲဆိုတာကိုေတာ့ ဂြါဒီယိုလာတစ္ေယာက္ ႀကိဳတင္မခန႔္မွန္းႏိုင္ခဲ့ဘူးလို႔ ဒီဘ႐ိုင္းနားကဆိုပါတယ္။

ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ စပါးအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ေနာက္တန္း(၅)ဦးနဲ႔ပြဲထြက္ခဲ့ၿပီး အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ဗာရန္းဒဏ္ရာရခဲ့တာေၾကာင့္ အရင္ပုံစံျဖစ္တဲ့ (၄-၂-၃-၁)ကစားကြက္ကို ေျပာင္းလဲကစားခဲ့ေပမယ့္ မန္စီးတီးနဲ႔ပြဲမွာ ေနာက္တန္း(၅)ဦးနဲ႔ (၅-၃-၂)ကစားကြက္ခင္းက်င္းခဲ့တာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားက “ကြၽန္ေတာ္တို႔ေတြဟာ ပြဲကစားမယ့္ရက္မတိုင္ခင္ တစ္ရက္အလိုမွာ ၿပိဳင္ဘက္အသင္းဘယ္လိုကစားမလဲဆိုတဲ့အေပၚမူတည္ၿပီးေတာ့ နည္းစနစ္ပိုင္းအရေလ့က်င့္ခန္းဆင္းရတာမ်ိဳးရွိပါတယ္။ ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္မွာေတာ့ ဂြါဒီယိုလာက ‘ယူႏိုက္တက္အသင္း ဘယ္လိုကစားမလဲဆိုတာ ငါတို႔မသိေသးဘူး..အေျခအေနကို ေစာင့္ၾကည့္ရမွာပဲ’လို႔ ေျပာခဲ့ၿပီး ကြၽန္ေတာ္တို႔ရဲ႕ေလ့က်င့္ခန္းအစီအစဥ္က (၁၀)မိနစ္အၾကာမွာပဲ ရပ္နားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ ၿပိဳင္ဘက္အသင္း ဘယ္လိုကစားႏိုင္မလဲဆိုတာ ႀကိဳတင္တြက္ဆႏိုင္ေလ့ရွိေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ သူ ယူႏိုက္တက္အသင္း ဘယ္လိုပုံစံနဲ႔ပြဲထြက္လာမလဲဆိုတာကို မခန႔္မွန္းႏိုင္ခဲ့ပါဘူး။ ေနာက္တန္း(၄)ေယာက္၊ ဒါမွမဟုတ္ (၅)ေယာက္နဲ႔ပဲကစားမလား၊ ကြင္းလယ္မွာ Diamond Shape နဲ႔ကစားမလား၊ တိုက္စစ္ကစားသမား(၃)ေယာက္နဲ႔ပဲ ပြဲထြက္လာမလားဆိုတာ ဂြါဒီယိုလာ ႀကိဳမေတြးႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ကေတာ့ ကိုယ္လုပ္စရာရွိတာကို အေကာင္းဆုံးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ဒီဘ႐ိုင္းနားရဲ႕ေျပာစကားအရ ဂြါဒီယိုလာလို နည္းဗ်ဴဟာႂကြယ္ဝတဲ့နည္းျပတစ္ေယာက္ေတာင္ ယူႏိုက္တက္အသင္း ဘယ္လိုပုံစံနဲ႔ပြဲထြက္လာမလဲဆိုတာ မခန႔္မွန္းႏိုင္ေလာက္တဲ့အထိ စြမ္းေဆာင္ျပခဲ့တဲ့ ဆိုးလ္ရွားရဲ႕အရည္အခ်င္းကို ခ်ီးက်ဴးရမွာပဲျဖစ္ပါတယ္။