ယူနိုက်တက်နဲ့ပွဲမှာ ကစားသမား(၅)ဦးအထိအထုတ်ခံရသင့်တယ်လို့ ယာဂန်ကလော့ပ်ယူဆ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးအန်သိုနီတေလာရဲ့ဆုံးဖြတ်ချက်တွေက

အိမ်ရှင်အသင်းအပေါ် ငဲ့ညှာလွန်းတယ်လို့ထင်မြင်နေပြီး မန်ချက်စတာယူနိုက်တက်ကစားသမား(၅)ဦးအထိအထုတ်ခံခဲ့ရသင့်တယ်လို့ ယူဆနေပါတယ်။

ယူနိုက်တက်နဲ့ပွဲအပြီးမှာ ယာဂန်ကလော့ပ်နဲ့နီးစပ်တဲ့သူတစ်ယောက်က နာဘီကီတာကို ခြေထောက်မြှောက်ဖျက်ထုတ်ခဲ့တဲ့ဖရက်ဒ်အပါအဝင်

ယူနိုက်တက်ကစားသမား(၅)ဦးအထိအနီကတ်ပြခံရသင့်တယ်လို့ ယာဂန်ကလော့ပ်က ယူဆနေတယ်ဆိုပြီး The Athletic ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

သူက “ယူနိုက်တက်ကစားသမား(၅)ဦးလောက်အထိ အနီကတ်နဲ့အထုတ်ခံခဲ့ရသင့်တာပါ။

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာတုန်းက ဂရစ်ဇ်မန်းဟာ ဖေမီနိုကို အခုလိုပုံစံအတိုင်းကျူးလွန်ခဲ့တာကြောင့် အနီကတ်နဲ့အထုတ်ခံခဲ့ရပေမယ့်

ဖရက်ဒ်က အဝါကတ်သာအပြခံခဲ့ရပါတယ်။ ဒါက စည်းကမ်းတွေဟာ တစ်သမတ်တည်းမရှိဘူးဆိုတဲ့သဘောပါပဲ”လို့ပြောကြားခဲ့ပါတယ်။

မန်ချက်စတာမြို့မှာ မွေးဖွားကြီးပြင်းခဲ့သူ အန်သိုနီတေလာကို ယူနိုက်တက်နဲ့လီဗာပူးလ်ပွဲအတွက် ကွင်းလယ်ဒိုင်အဖြစ်တာဝန်ပေးခဲ့တဲ့အပေါ်

လီဗာပူးလ်အသင်းက မကျေမနပ်ဖြစ်ခဲ့ပြီး အန်သိုနီတေလာဟာ ယူနိုက်တက်ဘက်ကို အသာပေးလေ့ရှိတယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။

ပွဲချိန်မိနစ်(၆၀)မှာ ယူနိုက်တက်ကွင်းလယ်လူပေ့ါဘာဟာ နာဘီကီတာကို ခြေစုံပစ်ဝင်ခဲ့ပြီး ဒါက တစ်ခါတည်းအနီကတ်ပြရမယ့်အနေအထားဖြစ်ပေမယ့်

အန်သိုနီတေလာက အဝါကတ်သာအရင်ဆုံးပြသခဲ့သလို VAR ပြန်ကြည့်ပြီးတော့ အနီကတ်ပြသခဲ့တာပါ။

လီဗာပူးလ်ပရိသတ်တွေကတော့ တကယ်လို့ VAR ဒိုင်လူကြီးစတူးဝပ်အက်တ်ဝဲလ်ရဲ့ ထောက်ပြမှုသာမရှိရင် အန်သိုနီတေလာက ပေ့ါဘာကို အဝါကတ်ပဲပြသမယ်လို့ ယူဆနေကြပါတယ်။

ဒါ့အပြင် ပထမပိုင်းပြီးခါနီးမှာလည်း စီရော်နယ်လ်ဒိုက ကာတစ်ဂျုံးစ်ကို အနောက်ကနေခြေထောက်မြှောက်ကန်ခဲ့သလို ကာတစ်ဂျုံးစ်လဲကျသွားချိန်မှာလည်း ဘောလုံးကိုပိတ်ကန်ခဲ့ပြီး

ဒီလုပ်ရပ်အတွက် အန်သိုနီတေလာက အဝါကတ်သာပြသခဲ့ပေမယ့် တော်တော်များများကတော့ စီရော်နယ်လ်ဒိုအနီကတ်ထိသင့်တယ်လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ကာတစ်ဂျုံးစ်ကို သိသိသာသာပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် အဝါကတ်သာပြခံခဲ့ရတာ၊

ဒီယိုဂိုဂျိုတာကို ပယ်နယ်တီဧရိယာထိပ်နားမှာ မက်ဂွိုင်းယားပြစ်ဒဏ်ကျူးလွန်ခဲ့တာတွေကြောင့် သူတို့နှစ်ယောက်စလုံး အနီကတ်နဲ့အထုတ်ခံခဲ့ရသင့်တယ်လို့ ယာဂန်ကလော့ပ်က ယူဆနေတာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္နဲ႔ပြဲမွာ ကစားသမား(၅)ဦးအထိအထုတ္ခံရသင့္တယ္လို႔ ယာဂန္ကေလာ့ပ္ယူဆ

လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဒိုင္လူႀကီးအန္သိုနီေတလာရဲ႕ဆုံးျဖတ္ခ်က္ေတြက အိမ္ရွင္အသင္းအေပၚ ငဲ့ညႇာလြန္းတယ္လို႔ထင္ျမင္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမား(၅)ဦးအထိအထုတ္ခံခဲ့ရသင့္တယ္လို႔ ယူဆေနပါတယ္။ ယူႏိုက္တက္နဲ႔ပြဲအၿပီးမွာ ယာဂန္ကေလာ့ပ္နဲ႔နီးစပ္တဲ့သူတစ္ေယာက္က နာဘီကီတာကို ေျခေထာက္ေျမႇာက္ဖ်က္ထုတ္ခဲ့တဲ့ဖရက္ဒ္အပါအဝင္ ယူႏိုက္တက္ကစားသမား(၅)ဦးအထိအနီကတ္ျပခံရသင့္တယ္လို႔ ယာဂန္ကေလာ့ပ္က ယူဆေနတယ္ဆိုၿပီး The Athletic ဝက္ဘ္ဆိုက္ကို ေျပာၾကားခဲ့ပါတယ္။

သူက “ယူႏိုက္တက္ကစားသမား(၅)ဦးေလာက္အထိ အနီကတ္နဲ႔အထုတ္ခံခဲ့ရသင့္တာပါ။ ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာတုန္းက ဂရစ္ဇ္မန္းဟာ ေဖမီႏိုကို အခုလိုပုံစံအတိုင္းက်ဴးလြန္ခဲ့တာေၾကာင့္ အနီကတ္နဲ႔အထုတ္ခံခဲ့ရေပမယ့္ ဖရက္ဒ္က အဝါကတ္သာအျပခံခဲ့ရပါတယ္။ ဒါက စည္းကမ္းေတြဟာ တစ္သမတ္တည္းမရွိဘူးဆိုတဲ့သေဘာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာၿမိဳ႕မွာ ေမြးဖြားႀကီးျပင္းခဲ့သူ အန္သိုနီေတလာကို ယူႏိုက္တက္နဲ႔လီဗာပူးလ္ပြဲအတြက္ ကြင္းလယ္ဒိုင္အျဖစ္တာဝန္ေပးခဲ့တဲ့အေပၚ လီဗာပူးလ္အသင္းက မေက်မနပ္ျဖစ္ခဲ့ၿပီး အန္သိုနီေတလာဟာ ယူႏိုက္တက္ဘက္ကို အသာေပးေလ့ရွိတယ္လို႔ယုံၾကည္ေနတာျဖစ္ပါတယ္။

ပြဲခ်ိန္မိနစ္(၆၀)မွာ ယူႏိုက္တက္ကြင္းလယ္လူေပ့ါဘာဟာ နာဘီကီတာကို ေျခစုံပစ္ဝင္ခဲ့ၿပီး ဒါက တစ္ခါတည္းအနီကတ္ျပရမယ့္အေနအထားျဖစ္ေပမယ့္ အန္သိုနီေတလာက အဝါကတ္သာအရင္ဆုံးျပသခဲ့သလို VAR ျပန္ၾကည့္ၿပီးေတာ့ အနီကတ္ျပသခဲ့တာပါ။

လီဗာပူးလ္ပရိသတ္ေတြကေတာ့ တကယ္လို႔ VAR ဒိုင္လူႀကီးစတူးဝပ္အက္တ္ဝဲလ္ရဲ႕ ေထာက္ျပမႈသာမရွိရင္ အန္သိုနီေတလာက ေပ့ါဘာကို အဝါကတ္ပဲျပသမယ္လို႔ ယူဆေနၾကပါတယ္။ ဒါ့အျပင္ ပထမပိုင္းၿပီးခါနီးမွာလည္း စီေရာ္နယ္လ္ဒိုက ကာတစ္ဂ်ဳံးစ္ကို အေနာက္ကေနေျခေထာက္ေျမႇာက္ကန္ခဲ့သလို ကာတစ္ဂ်ဳံးစ္လဲက်သြားခ်ိန္မွာလည္း ေဘာလုံးကိုပိတ္ကန္ခဲ့ၿပီး ဒီလုပ္ရပ္အတြက္ အန္သိုနီေတလာက အဝါကတ္သာျပသခဲ့ေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ စီေရာ္နယ္လ္ဒိုအနီကတ္ထိသင့္တယ္လို႔ သုံးသပ္ေနၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာ ကာတစ္ဂ်ဳံးစ္ကို သိသိသာသာျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ အဝါကတ္သာျပခံခဲ့ရတာ၊ ဒီယိုဂိုဂ်ိဳတာကို ပယ္နယ္တီဧရိယာထိပ္နားမွာ မက္ဂြိဳင္းယားျပစ္ဒဏ္က်ဴးလြန္ခဲ့တာေတြေၾကာင့္ သူတို႔ႏွစ္ေယာက္စလုံး အနီကတ္နဲ႔အထုတ္ခံခဲ့ရသင့္တယ္လို႔ ယာဂန္ကေလာ့ပ္က ယူဆေနတာပဲျဖစ္ပါတယ္။