ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ……
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ယူနိုက်တက်အသင်းဆီကို ဟယ်ရီကိန်းပြောင်းရွှေ့လာချင် တဲ့အကြောင်းပဲဖြစ်ပါတယ်။ စပါးအသင်းမှာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရတဲ့ အင်္ဂလန်လက်ရွေးစင် ဟယ်ရီကိန်းက စပါးအသင်းဟာ အောင်မြင်မှု့ရယူဖို့နဲ့ အဓိကကျတဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်း မရှိဘူးလို့ယူဆထားသလို ဟိုဆေးမော်ရင်ဟို ရဲ့ ခံစစ်အသားပေး ကစားဟန်မှာ သူနဲ့ အံမဝင်နိုင်ဘူးလို့ ယူဆနေပါတယ်။
photo internet
ဟယ်ရီကိန်းကို မန်စီးတီး၊ယူဗင်တပ်စ်၊ရီးရဲလ်မက်ဒရစ် အသင်းတို့ကလည်း ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိတာကြောင့် ယူနိုက်တက်အနေနဲ့သူ့ကိုခေါ်ယူမယ်ဆိုရင် အပြိုင်ကြိုးစားရဖွယ်ရှိပါ တယ်။ ဟယ်ရီကိန်း ဟာ ငယ်စဉ်က ယူနိုက်တက် နဲ့ ဒေးဗစ်ဘက်ခမ်း ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်သလို ယူနိုက်တက်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အဆင့်တွေကို အသင်းမှာ ထိန်းသိမ်းထားလေ့ရှိတဲ့အစဉ်လာအတိုင်း အင်္ဂလန်အကောင်းဆုံးတိုက်စစ်မှုးနှစ်ဦး ကို အသင်းရဲ့တိုက်စစ်မှာ မြင်တွေ့လိုနေမှာအသေအချာပဲဖြစ်လို့ ပြိုင်ဘက်တွေထက်ပိုမိုကြိုးစားလာနိုင်ပါတယ်။ ဟယ်ရီကိန်းအနေနဲ့လည်း နိုင်ငံပြင်ပကို ထွက်မကစားလိုတာကြောင့် မားကပ်စ်ရက်ရှ်ဖိုဒ့် အပြင် ကစားသမားအသစ်အဖြစ်ရောက်ရှိလာနိုင်တဲ့ ဂျေဒန်ဆန်ချို တို့ကြောင့် ယူနိုက်တက် ကို သူ့ရဲ့နောက်တစ်ဆင့်တက်မယ့် ကစားသမားဘဝအတွက် နားခိုရာအဖြစ်အသုံးချလာနိုင်ပါတယ်။ ဟယ်ရီကိန်းရဲ့ ပြောင်းရွှေ့ကြေးက အနည်းဆုံး ပေါင်သန်း၁၅၀ အထိ တန်ကြေးရှိနိုင်ပါတယ်။
photo internet
ဒုတိယသတင်းကတော့ ပေါ့ဘာရဲ့အလှူအကြောင်းပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကိစ္စရပ်တွေအတွက် ပေ့ါဘာတစ်ယောက် ရန်ပုံငွေ ၃ သောင်းကျော်ရရှိအောင် လုပ်ဆောင်ပြီး အဲဒီငွေကြေးတွေကိုလှူဒါန်း သွားမှာဖြစ်ပါတယ်။ ပေါ့ဘာဟာ သူ့အသက် ၂၇ နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် ကျန်းမာရေး အဖွဲ့အစည်းတွေ အတွက် အလှူငွေ ဒေါ်လာ ၃၀၀၀၀ ကျော်ရှာဖွေပေးသွားမယ်လို့ သိရပါတယ်။ “လက်ရှိမှာ ဒီဗိုင်းရပ်စ်ပိုးကြောင့် ပရိသတ်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ကျန်းမာရေးတွေ ထိခိုက်နေကြရပါတယ်။ တကယ်လို့ ဒါကဒီထက်ပိုမိုဆိုးရွားလာမယ်ဆိုရင်တော့ ဆင်းရဲတဲ့နိုင်ငံတွေ အတွက်ပါအဆင်မပြေဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် ဒီဗိုင်းရပ်စ်ကို ဆက်လက်မပြန့်ပွါး အောင်ပြုလုပ်ဖို့ အရေးကြီးသလို၊ သတင်းအမှားတွေကို ထိန်းချုပ်ဖို့ကလည်းအရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ အတူတူလက်တွဲပြီး ဒီဗိုင်းရပ်စ်ကို တားဆီးရမှာပါ”ဆိုပြီး ပေါ့ဘာကပြောပါတယ်။
photo internet
နောက်ထပ်သတင်းကတော့ ယူနိုက်တက် နောက်ခံလူ ဒါလော့ကအသင်းဖော်ဖြစ်သူ ဘရူနိုဖာနန်ဒက်စ် ကိုချီးကျူးထားတဲ့အကြောင်းဖြစ်ပါတယ်။ “ဖာနန်ဒက်စ်က ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းရဲ့ဂန္တဝင်ဖြစ်လာနိုင်ပါတယ်။ သူဟာ မယုံနိုင်စရာပါပဲ။ ပိုပြီးတော့လည်း ကောင်းလာနိုင်ပါတယ်။ ဒီကလပ်မှာသူ့အတွက် လေ့လာသင်ယူစရာတွေ အများကြီးရှိသေးတယ်လေ။ သူက အသင်းအတွက် ကြီးကြီးမားမား သက်ရောက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ သူက အသင်းရဲ့ဂန္တဝင်ဖြစ်လာမယ်ဆိုတာကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ သူက စပို့တင်း လစ်စဘွန်းမှာလည်း အသင်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူ့မှာ အတွေ့အကြုံကောင်း တွေရှိနေပါတယ်။ အီတလီစီးရီအေမှာလည်း ကစားခဲ့သလို၊ ပေါ်တူဂီအသင်းမှာလည်း ကောင်းကောင်းကစားနိုင်တယ်လေ။ သူ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေတာက သူ့အတွက်အရမ်းကောင်းပါတယ်”ဆိုပြီး ဒါလော့ကပြောဆိုပါတယ်။
photo internet
အခြားသတင်းတိုတွေအနေနဲ့ကတော့ ယူနိုက်တက်တို့ဟာ ဘာစီလိုနာအသင်းရဲ့ ဗဟိုနောက်ခံလူ အမ်တီတီကိုလာမယ့်နွေရာသီဈေးကွက်ထဲမှာ ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းထံ ချိတ်ဆက်မှုတွေပြုလုပ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်မရှိတော့တဲ့နောက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ယူနိုက်တက် ကစားသမားမှာ (4) ဦးသာရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီကစားသမားတွေကတော့ (၂၀၁၅)ခုနှစ် စက်တင်ဘာမှာ မာရှယ်၊ (၂၀၁၆)ခုနှစ် ဒီဇင်ဘာမှာ အီဗရာဟိုမိုဗစ်၊ (၂၀၁၉)ခုနှစ် ဇန်နဝါရီမှာ ရက်ဖို့ဒ်နဲ့ အခု ဘရူနိုဖာနန်ဒက်စ်တို့ပဲဖြစ်ကြပါတယ်။ မတ်လအတွက် အသင်းရဲ့တစ်လတာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဖရတ်၊ မက်ဂွိုင်ယား၊ ဖာနန်ဒက်၊အီဟာလိုတို့ပါဝင်ခဲ့ပါတယ်။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)