ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ……..
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ယူနိုက်တက်ရဲ့တာဝန်ရှိသူ အက်ဒ်ဝုဝဒ် က ဘောလုံးပွဲတွေ ရပ်နားရတဲ့အပေါ်မှတ်ချက်ပြုပြောဆိုလာတဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘောလုံး ပွဲစဉ် တွေ မရှိကြ တော့တဲ့ အတွက် ဘောလုံး အားကစား ကို အမှီ ပြုပြီး စီးပွား ရှာနေ ကြတဲ့ ကလပ် အသင်း ပိုင်ရှင် တွေရဲ့ ဝင်ငွေ တွေ ကိုလည်း ကြီးကြီးမားမား ထိခိုက် စေပါ လိမ့်မယ် ။မကြာ သေးခင် က ထွက်ပေါ် ခဲ့တဲ့ သတင်း တစ်ရပ် အရပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ ယူနိုက်တက် အသင်း ဟာ ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ဂယက် ထမှုကြောင့် တန်ကြေး ပေါင် သန်း 500 ( 0.5 ဘီလီယံ ) ဝန်းကျင် လျော့ကျ နစ်နာခဲ့ ရတယ် လို့ သိရှိ ရ ပါ တယ် ။
photo internet
ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ အမှုဆောင်ချုပ် ဖြစ်သူ အက်ဒ်ဝုဝဒ် က ဘောလုံး အားကစား ထက် ပိုပြီး အရေးကြီး လွန်းတဲ့ အရာတွေ ရှိနေကြောင်း ၊ EFL နဲ့ UEFA မှ ပွဲစဉ် တွေကို ဆိုင်းငံ့ ထားတဲ့ ဆုံးဖြတ်ချက် ဟာ မှန်ကန် သင့်တော် တဲ့ အတွက် အားပေး ထောက်ခံကြောင်း ထုတ်ဖော် ပြောကြား လာပါတယ်။ “လက်ရှိ ဘောလုံး ရာသီ ကို ခဏရပ်ထား ရတဲ့ အတွက် တကယ်ပဲ စိတ် မကျေမနပ် ဖြစ်ရ ပါတယ် ။ ဒါပေမယ့် ဘောလုံး ထက် ပိုပြီး ကြီးမားတဲ့ အရာ တွေ ရှိနေ တယ်လေ ။ ဒီ အတွက် ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ကျဆင်း စေဖို့ ၊ လူတွေ အကူအညီ ဖြစ်စေ ကြဖို့ အထူး လိုအပ်တယ် ဆိုတာ ကျွန်တော် တို့ သိရှိ နားလည် ထားကြ ပါတယ် ။”ဆိုပြီး အက်ဒ်ဝုဝဒ် ကပြောဆိုပါတယ်။
photo internet
ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ တစ် ရာသီ လုံး အသင်း ကို အထူး ထောက်ခံ အားပေး ခဲ့ ကြတဲ့ ပရိသတ် တွေကို ကျေးဇူး တင်ရှိကြောင်း ၊ ကွင်းထဲ သူတို့ တွေ အန္တရာယ် ကင်းစွာ အမြန်ဆုံး ပြန်လည် လာရောက် အားပေး နိုင်ကြ ဖို့ မျှော်လင့် နေကြောင်း ပြောကြား ပါတယ် ။ “ဒီ ဘောလုံး ရာသီ အတွင်း အသင်း အပေါ် အထူး အားပေး ခဲ့ ကြတဲ့ ပရိသတ် တွေကို ကျွန်တော် ကျေးဇူးတင် စကား ပြောလို ပါတယ် ။ ကျွန်တော် တို့ တွေဟာ သူတို့ အားလုံး အိုးလ် ထရပ်ဖို့ဒ် ကွင်းဆီ အန္တရာယ် ကင်းစွာ အမြန်ဆုံး ပြန်လည် လာရောက် အားပေး နိုင်ဖို့ပဲဆန္ဒရှိနေကြ ပါတယ် ” ဆိုပြီးနည်းပြ ဆိုးလ်ရှားကပြောပါတယ်။
photo internet
နောက်သတင်းတစ်ပုဒ်ကတော့ အီဟာလိုအကြောင်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့တိုက်စစ်မှူးသစ် အီဟာလိုဟာနိုက်ဂျီးရီးယားမှာ ကြီးပြင်းခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ငယ်ဘဝက ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကိုကြည့်ရဖို့အတွက် နေ့လည်စာမုန့်ဖိုးလေးတွေကို စုခဲ့ရတယ်လို့ ပြောကြားလာပါတယ်။ “ကျွန်တော့် ညီကိုမောင်နှမတွေကလည်း ဘောလုံးပွဲတွေကြည့်ကြပါတယ်။ ကျွန်တော်က သူတို့နဲ့ကြီးပြင်းခဲ့ရတာပါပဲ၊ သူတို့က ယူနိုက်တက်ကိုအားပေးကြတဲ့ သူတွေလေ၊ တစ်ခါတစ်လေရေဒီယိုကနေပြီးနားထောင်တယ်၊ တစ်ခါတစ်လေ ဗီဒီယိုရုံတွေမှာ သွားကြည့်ရတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့အိမ်မှာ ဘောလုံးပွဲကြည့်ဖို့ အင်တန်နာတိုင်တွေ မတပ်နိုင်ခဲ့လိ့ုပါပဲ၊ အပတ်စဉ် တနင်္လာနေ့ကနေသောကြာနေ့အထိ နေ့လည်စာမုန့်ဖိုးတွေကိုစနေ တနင်္ဂနွေမှာ ယူနိုက်တက်ရဲ့ ပွဲတွေကိုကြည့်နိုင်ဖို့ စုခဲ့ရပါတယ်၊ ပြီးရင် ယူနိုက်တက်ဂျာစီကိုဝတ်ပြီးတော့ ဗီဒီယိုရုံတွေမှာ သွားကြည့်တော့တာပဲ ”ဆိုပြီးအီဟာလိုကပြောပါတယ်။
photo internet
အခြားသတင်းတိုတွေအနေနဲ့ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ FAဖလားပဉ္စမအဆင့်ပွဲစဉ်တွေရဲ့ အကောင်းဆုံး အသင်းမှာ ယူနိုက်တက်ကစားသမား(၅)ဦး အထိပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအသင်းမှာ ပါဝင်လာခဲ့တဲ့ ကစားသမားတွေကတော့ ဘိုင်လီ၊လုခ်ရှော၊မာတာ၊ဖရက်နဲ့ အင်ဟာလိုတို့ပဲဖြစ်ပါတယ်။ ဒီရာသီကစားသမားခဲ့တဲ့ ပွဲစဉ်တွေမှာ သွင်းဂိုးတစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိပေမဲ့ ဥရောပထိပ်သီးလိဂ်(၅)ခုရဲ့ သွင်းဂိုးမသွင်းယူနိုင်ခဲ့ပ ဲစွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်အမြင့်ဆုံး ကစားသမားတွေထဲမှာယူနိုက်တက်ညာနောက်ခံလူဘစ်ဆာခါက(၇.၂၁)နဲ့စတုတ္ထနေရာမှာရပ်တည်လျက်ရှိနေတယ်လို့သိရပါတယ်။ Whoscored.comက ရွေးချယ်ပေးထားခဲ့တဲ့ ပြီးတဲ့တစ်ပတ်ကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူူရိုပါလိဂ်ပွဲစဉ်တွေရဲ့ တစ်ပတ်တာအကောင်းဆုံးအသင်းမှာ LASKအသင်းကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်က ယူနိုက်တက်ကစားသမား (၆)ဦးအထိပါဝင်လာခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ ဝီလီယမ်၊ဘိုင်လီ၊မာတာ၊ ဖာနန်ဒက်စ်၊ ဂျိမ်းစ်နဲ့ အင်ဟာလိုတို့ပဲဖြစ်ပါတယ်။ အီဟာလိုကတော့ စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက် အမြင့်ဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ အီဟာလိုရဲ့ ပြီးခဲ့တဲ့ LASKနဲ့ ပွဲစဉ်က စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်ဟာ (၉.၆၁)အထိရှိနေခဲ့တာဖြစ်ပါတယ်။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)