ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ…..

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ PFAတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်မယ့် အခြေအနေရှိ တဲ့ ယူနိုက်တက်ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်။ အခုဆိုရင် PFAတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကိုရောက်ရှိဖို့က အချိန်တစ်လလောက်သာလိုတော့တာဖြစ်ပါတယ်။ PFAတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိုဖို့ လီဗာပူးလ်က ဟန်ဒါဆန်၊ ဗန်ဒိုက်နဲ့ မန်စီးတီးက ဒီဘရူနီတို့ရေပန်းစားနေသလို၊အဲဒီစာရင်းထဲမှာ အခြား လူငယ်ကစားသမားတွေအများအပြား လည်းပါရှိ နေပါတယ်။ ဒီထဲကမှ ယူနိုက်တက်ရဲ့ရေပန်းအစားဆုံးကစားသမား(၃)ဦးကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

photo internet

ရှက်ဖီးယူနိုက်တက်မှာ အငှားနဲ့ သွားရောက်ပြီးတော့ကစားနေတဲ့ ဂိုးသမားဟန်ဒါဆန်ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားလို့တောင် ဆိုရမလိုဖြစ်နေပါပြီ။ ရှက်ဖီးယူနိုက်တက်အတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ပွဲပေါင်း(၂၇)ပွဲပါဝင်ကစားပေးထားခဲ့ပြီးတော့ ဂိုးမပေးရအောင် (၁၀)ပွဲအထိ စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ ဂိုးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးပြီးတော့ PFAတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရဖို့အတွက် ရေပန်းစားလျက်ရှိနေပါတယ်။ ရက်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း(၂၂)ပွဲပါဝင်ကစားပေးထားနိုင်ခဲ့ပြီးတော့၊ သွင်းဂိုး(၁၄)ဂိုး အထိသွင်းယူပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ရက်ဖု့ိဒ်ဟာ လက်ရှိမှာတော့ ဒဏ်ရာကြောင့် အနားယူနေရပြီး၊ သူလည်းဆုရဖို့ နာမည်ကြီးနေပါတယ်။ နောက်တစ်ယောက်ကတော့ အသက် 22 နှစ်အရွယ်သာရှိသေးတဲ့ ဝမ်ဘစ်ဆာကာဖြစ်ပါတယ်။

photo internet

ဒုတိယသတင်းကတော့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ အိုဝင်ဟားဂရေ့ဗ်က ကစားသမားသစ်ဘရူနိုဖာနန်ဒက်စ်ကြောင့် ဖရက်ဒ်၊ မာတစ်နဲ့ မာရှယ်တို့ဟာ အရင်ထက်ပိုပြီး ကောင်းမွန်လာခဲ့တယ် ဆိုပြီးပြောလာတဲ့အကြောင်းပဲဖြစ်ပါတယ်။ “ခင်ဗျား တို့ အနေ နဲ့ သူ့ရဲ့ အနား မှာ ရှိနေ ကြတဲ့ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ကြည့်ရှု သင့်တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဖရက်ဒ် ဟာ ဒီ ဘောလုံး ရာသီ အတွင်း ကစားပုံ ကောင်းမွန် နေခဲ့တာ ကျွန်တော် သိ ပါတယ် ။ ဒါပေမယ့် ဘရူနို ရောက်ရှိ လာခဲ့တဲ့ နောက် ဖရက်ဒ် က ဘောလုံး ကိုင် ကစားတာ တွေကို ပိုပြီး သက်သောင့် သက်သာ လုပ်ဆောင် ပြနိုင် ခဲ့ ပါတယ် ။ ပြီးတော့ အန်သိုနီ မာရှယ် ရဲ့ မန်စီးတီး အသင်း တုန်းက သွင်းဂိုး ကို ကြည့်ရှု လိုက်ပါ ။ သူတို့ နှစ်ဦး ဟာ နားလည်မှု နဲ့ အတူ ချိတ်ဆက် ကစားရင်း ဂိုး ရရှိ နိုင်ခဲ့ ပါတယ် ။ ဒါက လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့် ကြိုးစားရင်း အခုလို ပြနိုင် ခဲ့တဲ့ ပုံစံမျိုး ဟုတ်ခဲ့မယ်လို့ ကျွန်တော်မထင်ပါဘူး ။ ဒါက သူတို့ တွေရဲ့ ပင်ကိုယ် ဗီဇ ကောင်းတွေ ဟာ အတူ တွဲဖက် ကစားရင်း ပေါ်ထွက် လာခဲ့တာ ပါပဲ။ မန်း စီးတီး ခံစစ် က နေရာလွတ် တွေကို ပိတ်ဆို့ ကစား နိုင်ဖို့ ကြိုးစားရင်း နဲ့ မာရှယ် ကို ဟန့်တား နိုင်ဖို့ ပစ်မှတ် ထားခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ဘရူနို ကတော့ လှပတဲ့ ဘောလုံး ပေးပို့မှု လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ သူဟာ တကယ့် ကို ထိပ်တန်း ကစားသမား တစ်ဦး ပါပဲ ။ ထိပ်တန်း ကစားသမား တွေက အတူ ပူးပေါင်း ကစား ရတာ ကို အထူးနှစ်သက် တတ်ကြ ပါတယ်။ မာတစ် က သူ့ကြောင့် ပိုကောင်း နေပါပြီ ၊ ဖရက်ဒ် ကလည်း သူ့ကြောင့် ပိုကောင်း နေပါပြီ ။ အန်သိုနီ ကလည်း သူနဲ့ အတူ ပါတနာ တစ်ဦး အဖြစ် အကောင်းဆုံး ကစား ပြနေပြီ ဖြစ်သလို ယူနိုက်တက် အသင်း ရဲ့ ကစားသမား တိုင်းက ပိုကောင်း နေ့ပြီ ဆိုတာ တွေ့မြင် နေရ ပါတယ် ။ သူဟာ အသင်း ဆီကို ခေါင်းဆောင် နိုင်မှု စွမ်းရည် ကိုလည်း ယူဆောင် လာနိုင်ခဲ့ ပါသေးတယ် ” လို့ ဟားဂရေ့ဗ် ကပြောဆိုပါတယ်။

photo internet

နောက်ထပ်သတင်းကတော့ ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ပေါလ်မာဆင် က ချယ်လ်ဆီး ၊ ယူနိုက်တက် တို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ပတ်သက်ပြီး ပြောဆိုလာတဲ့အကြောင်းပဲဖြစ်ပါတယ်။ “ယူနိုက်တက် အသင်း ရဲ့ ဒီရာသီ အစောပိုင်း က ခြေစွမ်း တွေကို ကြည့်မိတဲ့ အခါ ဒီ အစုအဖွဲ့ ဟာ ပြိုင်ဖက် အသင်း တွေရဲ့ ခံစစ်ကြောင်း ကို ဘယ်လို ဖြိုချနိုင်စွမ်းရှိမှာလဲ လို့ တွေးမိကြပါလိမ့်မယ် ။ ဒါပေမယ့် အခု ယူနိုက်တက်အသင်း ကို တစ်ချက် ပြန်ကြည့်ပါ ။ သူတို့မှာ လိုအပ်တဲ့ နေရာ ကို ဘောလုံး အတိအကျ ဖြန့်ပေးနိုင်မယ့် ကစားသမား ၂ယောက် ရှိလာပါပြီ ။ တိုက်စစ်ပိုင်း လှုပ်ရှားမှု ကလည်း အရင်ကထက် အများကြီး ပိုသွက်လာပါတယ် ။ အခုကျမှ သူတို့ဟာ အသင်းလိုက် ကစားပုံ ရှိတဲ့ အသင်းလို့ သတ်မှတ်ရနိုင်ပါတယ် ။ ကျွန်တော် ကတော့ ယူနိုက်တက် ဟာ ကြီးမားတဲ့ အချိုးအကွေ့ တစ်ခု ကို ရောက်နေပြီ လို့ ထင်ပါတယ် ။ ကံကောင်းလို့ ထကောင်းတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ။ အဓိက အချိုးအကွေ့ တစ်ခု ကို ရောက်နေတာပါ ။ ဒါပေမယ့် ကျွန်တော် ကတော့ လက်ရှိ ချယ်လ်ဆီး အသင်း ဟာ လက်ကျန် ပွဲတွေ အပြီးမှာ ယူနိုက်တက် ရဲ့ အထက် မှာ နေနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ် လို့ ထင်ပါတယ် ။ ” ဆိုပြီး ပေါလ်မာဆင်က ပြောပါတယ်။

photo internet

အခြားသတင်းတိုတွေအနေနဲ့ကတော့ ယူနိုက်တက်နည်းပြဆိုးလ်ရှားကလူငယ်ကစားသမား အိန်ဂျယ်ဂိုးမက်စ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေကြောင်းသိရသလို၊ ယူနိုက်တက်နှင့်ဘိုင်ယန်မြူးနစ်တို့ဟာ မွန်ချန်ဂလာဘတ်ချ်အသင်းရဲ့ ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား Denis Zakaria ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းတိုထြာမ်ား…..

ပထမဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ PFAတစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကို ဆြတ္ခူးႏိုင္မယ့္ အေျခအေနရွိ တဲ့ ယူႏိုက္တက္ကစားသမားေတြအေၾကာင္းပဲျဖစ္ပါတယ္။ အခုဆိုရင္ PFAတစ္ႏွစ္တာအေကာင္းဆုံးဆုေပးပြဲကိုေရာက္ရွိဖို႔က အခ်ိန္တစ္လေလာက္သာလိုေတာ့တာျဖစ္ပါတယ္။ PFAတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရႈိဖို႔ လီဗာပူးလ္က ဟန္ဒါဆန္၊ ဗန္ဒိုက္နဲ႔ မန္စီးတီးက ဒီဘ႐ူနီတို႔ေရပန္းစားေနသလို၊အဲဒီစာရင္းထဲမွာ အျခား လူငယ္ကစားသမားေတြအမ်ားအျပား လည္းပါရွိ ေနပါတယ္။ ဒီထဲကမွ ယူႏိုက္တက္ရဲ႕ေရပန္းအစားဆုံးကစားသမား(၃)ဦးကို ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္မွာ အငွားနဲ႔ သြားေရာက္ၿပီးေတာ့ကစားေနတဲ့ ဂိုးသမားဟန္ဒါဆန္ကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂိုးသမားလို႔ေတာင္ ဆိုရမလိုျဖစ္ေနပါၿပီ။ ရွက္ဖီးယူႏိုက္တက္အတြက္ ဒီရာသီပရီးမီးယားလိဂ္မွာ ပြဲေပါင္း(၂၇)ပြဲပါဝင္ကစားေပးထားခဲ့ၿပီးေတာ့ ဂိုးမေပးရေအာင္ (၁၀)ပြဲအထိ စြမ္းေဆာင္ေပးထားႏိုင္ခဲ့တဲ့ ဂိုးသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္သာရွိေသးၿပီးေတာ့ PFAတစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကို ရဖို႔အတြက္ ေရပန္းစားလ်က္ရွိေနပါတယ္။ ရက္ဖို႔ဒ္ဟာ ယူႏိုက္တက္အတြက္ ပြဲေပါင္း(၂၂)ပြဲပါဝင္ကစားေပးထားႏိုင္ခဲ့ၿပီးေတာ့၊ သြင္းဂိုး(၁၄)ဂိုး အထိသြင္းယူေပးထားႏိုင္ခဲ့တဲ့ ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ရက္ဖု႔ိဒ္ဟာ လက္ရွိမွာေတာ့ ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး၊ သူလည္းဆုရဖို႔ နာမည္ႀကီးေနပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ အသက္ 22 ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဝမ္ဘစ္ဆာကာျဖစ္ပါတယ္။
ဒုတိယသတင္းကေတာ့ ယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္းျဖစ္သူ အိုဝင္ဟားဂေရ႕ဗ္က ကစားသမားသစ္ဘ႐ူႏိုဖာနန္ဒက္စ္ေၾကာင့္ ဖရက္ဒ္၊ မာတစ္နဲ႔ မာရွယ္တို႔ဟာ အရင္ထက္ပိုၿပီး ေကာင္းမြန္လာခဲ့တယ္ ဆိုၿပီးေျပာလာတဲ့အေၾကာင္းပဲျဖစ္ပါတယ္။ “ခင္ဗ်ား တို႔ အေန နဲ႔ သူ႔ရဲ႕ အနား မွာ ရွိေန ၾကတဲ့ ကစားသမား ေတြရဲ႕ စြမ္းေဆာင္ရည္ ေတြကို ၾကည့္ရႈ သင့္တယ္ လို႔ ကြၽန္ေတာ္ ထင္ ပါတယ္ ။ ဖရက္ဒ္ ဟာ ဒီ ေဘာလုံး ရာသီ အတြင္း ကစားပုံ ေကာင္းမြန္ ေနခဲ့တာ ကြၽန္ေတာ္ သိ ပါတယ္ ။ ဒါေပမယ့္ ဘ႐ူႏို ေရာက္ရွိ လာခဲ့တဲ့ ေနာက္ ဖရက္ဒ္ က ေဘာလုံး ကိုင္ ကစားတာ ေတြကို ပိုၿပီး သက္ေသာင့္ သက္သာ လုပ္ေဆာင္ ျပႏိုင္ ခဲ့ ပါတယ္ ။ ၿပီးေတာ့ အန္သိုနီ မာရွယ္ ရဲ႕ မန္စီးတီး အသင္း တုန္းက သြင္းဂိုး ကို ၾကည့္ရႈ လိုက္ပါ ။ သူတို႔ ႏွစ္ဦး ဟာ နားလည္မႈ နဲ႔ အတူ ခ်ိတ္ဆက္ ကစားရင္း ဂိုး ရရွိ ႏိုင္ခဲ့ ပါတယ္ ။ ဒါက ေလ့က်င့္ေရး ကြင္းမွာ ေလ့က်င့္ ႀကိဳးစားရင္း အခုလို ျပႏိုင္ ခဲ့တဲ့ ပုံစံမ်ိဳး ဟုတ္ခဲ့မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး ။ ဒါက သူတို႔ ေတြရဲ႕ ပင္ကိုယ္ ဗီဇ ေကာင္းေတြ ဟာ အတူ တြဲဖက္ ကစားရင္း ေပၚထြက္ လာခဲ့တာ ပါပဲ။ မန္း စီးတီး ခံစစ္ က ေနရာလြတ္ ေတြကို ပိတ္ဆို႔ ကစား ႏိုင္ဖို႔ ႀကိဳးစားရင္း နဲ႔ မာရွယ္ ကို ဟန႔္တား ႏိုင္ဖို႔ ပစ္မွတ္ ထားခဲ့ ၾက ပါတယ္ ။ ဒါေပမယ့္ ဘ႐ူႏို ကေတာ့ လွပတဲ့ ေဘာလုံး ေပးပို႔မႈ လုပ္ေဆာင္ ႏိုင္ခဲ့ ပါတယ္ ။ သူဟာ တကယ့္ ကို ထိပ္တန္း ကစားသမား တစ္ဦး ပါပဲ ။ ထိပ္တန္း ကစားသမား ေတြက အတူ ပူးေပါင္း ကစား ရတာ ကို အထူးႏွစ္သက္ တတ္ၾက ပါတယ္။ မာတစ္ က သူ႔ေၾကာင့္ ပိုေကာင္း ေနပါၿပီ ၊ ဖရက္ဒ္ ကလည္း သူ႔ေၾကာင့္ ပိုေကာင္း ေနပါၿပီ ။ အန္သိုနီ ကလည္း သူနဲ႔ အတူ ပါတနာ တစ္ဦး အျဖစ္ အေကာင္းဆုံး ကစား ျပေနၿပီ ျဖစ္သလို ယူႏိုက္တက္ အသင္း ရဲ႕ ကစားသမား တိုင္းက ပိုေကာင္း ေန႔ၿပီ ဆိုတာ ေတြ႕ျမင္ ေနရ ပါတယ္ ။ သူဟာ အသင္း ဆီကို ေခါင္းေဆာင္ ႏိုင္မႈ စြမ္းရည္ ကိုလည္း ယူေဆာင္ လာႏိုင္ခဲ့ ပါေသးတယ္ ” လို႔ ဟားဂေရ႕ဗ္ ကေျပာဆိုပါတယ္။
ေနာက္ထပ္သတင္းကေတာ့ ေဘာလုံးပြဲ ေဝဖန္ သုံးသပ္သူ တစ္ဦး ျဖစ္တဲ့ ေပါလ္မာဆင္ က ခ်ယ္လ္ဆီး ၊ ယူႏိုက္တက္ တို႔ရဲ႕ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ပတ္သက္ၿပီး ေျပာဆိုလာတဲ့အေၾကာင္းပဲျဖစ္ပါတယ္။ “ယူႏိုက္တက္ အသင္း ရဲ႕ ဒီရာသီ အေစာပိုင္း က ေျခစြမ္း ေတြကို ၾကည့္မိတဲ့ အခါ ဒီ အစုအဖြဲ႕ ဟာ ၿပိဳင္ဖက္ အသင္း ေတြရဲ႕ ခံစစ္ေၾကာင္း ကို ဘယ္လို ၿဖိဳခ်ႏိုင္စြမ္းရွိမွာလဲ လို႔ ေတြးမိၾကပါလိမ့္မယ္ ။ ဒါေပမယ့္ အခု ယူႏိုက္တက္အသင္း ကို တစ္ခ်က္ ျပန္ၾကည့္ပါ ။ သူတို႔မွာ လိုအပ္တဲ့ ေနရာ ကို ေဘာလုံး အတိအက် ျဖန႔္ေပးႏိုင္မယ့္ ကစားသမား ၂ေယာက္ ရွိလာပါၿပီ ။ တိုက္စစ္ပိုင္း လႈပ္ရွားမႈ ကလည္း အရင္ကထက္ အမ်ားႀကီး ပိုသြက္လာပါတယ္ ။ အခုက်မွ သူတို႔ဟာ အသင္းလိုက္ ကစားပုံ ရွိတဲ့ အသင္းလို႔ သတ္မွတ္ရႏိုင္ပါတယ္ ။ ကြၽန္ေတာ္ ကေတာ့ ယူႏိုက္တက္ ဟာ ႀကီးမားတဲ့ အခ်ိဳးအေကြ႕ တစ္ခု ကို ေရာက္ေနၿပီ လို႔ ထင္ပါတယ္ ။ ကံေကာင္းလို႔ ထေကာင္းတဲ့ ပုံစံမ်ိဳး မဟုတ္ပါဘူး ။ အဓိက အခ်ိဳးအေကြ႕ တစ္ခု ကို ေရာက္ေနတာပါ ။ ဒါေပမယ့္ ကြၽန္ေတာ္ ကေတာ့ လက္ရွိ ခ်ယ္လ္ဆီး အသင္း ဟာ လက္က်န္ ပြဲေတြ အၿပီးမွာ ယူႏိုက္တက္ ရဲ႕ အထက္ မွာ ေနႏိုင္ဖို႔ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္မယ္ လို႔ ထင္ပါတယ္ ။ ” ဆိုၿပီး ေပါလ္မာဆင္က ေျပာပါတယ္။
အျခားသတင္းတိုေတြအေနနဲ႔ကေတာ့ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကလူငယ္ကစားသမား အိန္ဂ်ယ္ဂိုးမက္စ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနေၾကာင္းသိရသလို၊ ယူႏိုက္တက္ႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ဟာ မြန္ခ်န္ဂလာဘတ္ခ်္အသင္းရဲ႕ ဆြစ္ဇာလန္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား Denis Zakaria ကိုေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။