ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ…….

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ယူနိုက်တက်အသင်းနဲ့ lask အသင်းတို့ရဲ့ပွဲစဉ်ကို ပရိသတ်မပါဘဲကျင်းပမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းနဲ့ lask အသင်းတို့ကစားကြမယ့် ယူရိုပါလိဂ် 16 သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို တံခါးပိတ်ကျင်းပမှာဖြစ်ပါတယ်။

photo internet

ယူနိုက်တက်ပရိသတ်တွေကတော့ အဲဒီပွဲကိုကြည့်ဖို့အတွက် ဟိုတယ်ကိုကြိုတင်ဘိုကင်လုပ်ထားသလို၊ လက်မှတ်တွေလည်းစောစော စီးစီးကတည်းက ဝယ်ထားခဲ့ကြပါတယ်။ အခုတော့ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယူနိုက်တက်ပရိသတ်တွေ အိမ်ကနေပဲ အားပေးကြည့်ရှုရပါတော့မယ်။ ဒုတိယသတင်းကတော့ ဖရက်ဒ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဖရက်ဒ် ကတော့ မန်စီးတီး ကို အနိုင်ရပြီး ၁၀ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ ခဲ့မှု အတွက် အသင်းသား တွေ ရဲ့ စွမ်းဆောင်ရည် ကို ချီးကျုး ခဲ့ ပေမယ့် ရှေ့ လာမယ့် အရေးပါတဲ့ ပွဲစဉ်တွေ မှာ ပို ကောင်းတဲ့ ရလဒ်တွေ ၊ ခြေစွမ်းတွေ ရရှိ အောင် ကစားဖို့ ပြောဆို ထားပါတယ် ။

photo internet

“စီးတီး ကို အနိုင် ရမှု ဟာ နောက်ထပ် ကောင်းမွန်တဲ့ ရလဒ် တစ်ခု ပါပဲ ။ အခု ကျွန်တော် ရော အသင်း ရော လုပ်ရမှာက ပိုမို ကောင်းမွန်တဲ့ ပုံစံ နဲ့ ရှေ့ဆက် ဖို့ပါ ။ အခု လို ပုံစံမျိုး ၊ ရလဒ်မျိုး ထက် ပိုကောင်းအောင် ကစားပြီး ဆက်လက် ချီတက် ရပါမယ် ။ နောက်ထပ် လာမယ့် ပွဲတွေ က တကယ့် အဆုံး အဖြတ် ပွဲတွေ ဖြစ်လာ တော့ မှာပါ။ယူနိုက်တက် ကို ပြောင်းလာ စဉ် ကတည်းက စပြိး ကျွန်တော် ရဲ့ ယုံကြည်မှုတွေ က တိုးတက် နေပါတယ် ။ အခု ဆိုရင် လုံး၀ အသားကျ နေပြီလို့ ခံစားမိ ပါတယ် ။ ဒီလို ကြီးမား ခမ်းနားတဲ့ အသင်းကြီး တစ်သင်း မှာ အသင်းဖော် ကောင်းတွေ နဲ့ အတူ နေထိုင် ရတာက မိသားစု တစ်ခု ထဲ ကို ရောက်နေသလို ပါပဲ။ ဖာနန်ဒက်စ်နဲ့ပတ်သက်လို့တော့ သူဒီ ကို ရောက်မလာခင် စပို့တင်း နဲ့ ပေါ်တူဂီ မှာ ကစားနေတဲ့ အချိန်ကတည်းက ကျွန်တော် သူ့ကိုစောင့်ကြည့် ခဲ့ တာပါ ။ သူ ရောက်လာတာ ဟာ ကျွန်တော့ ကို ပျော်ရွှင် စေခဲ့ ပါတယ် ။ သူ ကအစ ကောင်းခဲ့ သလို အသင်းနဲ့လည်း ချက်ချင်း အသားကျ ခဲ့တာပါ။သူ နဲ့ ကွင်းထဲမှာ ကောင်းကောင်း ချိတ်ဆက် နိုင်တယ်လို့ ကျွန်တော် ခံစား မိပါတယ် ။ ကျွန်တော် က အရင် ရောက်တာ ဆိုပေမယ့် သူက ကျွန်တော့ထက် အင်္ဂလိပ်လို ပိုပြောတတ် ပါတယ် ။ ဒါပေမယ့် ကွင်းထဲမှာတော့ ပေါ်တူဂီ လိုပဲ ပြောကြတာ များပါတယ် သူနဲ့ ကျွန်တော် က ကစားပေါက် မတူ ပါဘူး ။ ဒါကြောင့်လည်း အတွဲမိမိ ကစားနိုင်ခဲ့တာ နဲ့ တူပါတယ်” ဆိုပြီး ဖရက်ဒ် က ပြောဆိုပါတယ်။

photo internet

နောက်ထပ်သတင်းကတော့ ဝမ်ဘစ်ဆာကာက အသင်းဖော်နှစ်ယောက်ကိုချီးကျူးထားတဲ့အကြောင်းပဲဖြစ်ပါ တယ်။ “အသင်းခေါင်းဆောင်ရဲ့အဓိက တာဝန်က အသင်းအပေါ်ဦးဆောင်နိုင်ဖို့ပါ။ ဟယ်ရီက ဒီတာဝန်နဲ့ပတ်သက်ပြီး ကောင်းကောင်းလုပ်ဆောင်ထားနိုင်ပါတယ်။ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ကြားနားလည်မှုတွေတစ် ဖြည်းဖြည်းရလာပြီး ချိတ်ဆက်ကစားနိုင်မှု အပိုင်းမှာလည်းအရင်ကထက်ပိုပြီးတိုးတက်လာတယ်လို့ထင်တယ်။ ဂိုးမပေးရတဲ့ပွဲတွေမှာခင်ဗျားတို့တွေ့နိုင် ပါတယ်။ ဂိုးမပေးရဖို့ကကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ပါ။ ကျွန်တော်တို့ကြားက ဆက်သွယ်ပြောဆိုမှုတွေလည်းတိုးတက်လာခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ တစ်ခါ တစ်လေကစားကွက်အပြောင်းအလဲရှိပါတယ်။ ဒါကြောင့်လည်း ခံစစ်(၅)ယောက်တန်းကစားကွက်ရော၊ ခံစစ်(၄)ယောက်တန်းကစားကွက်ကိုပါ ကျွန်တော်တို့အသားကျနေခဲ့တာပါ။ တစ်ယောက် နဲ့တစ်ယောက်ကြားဆက်သွယ်ပြောဆိုမှုက အကူအညီပေးခဲ့တာပါ။ စိတ်ကူးထားတဲ့ကစားကွက်မျိုးမရှိပေမယ့် ခံစစ်(၅)ယောက်တန်းကစားကွက်ကြောင့်တိုက်စစ်ကိုပိုပြီးလိုက်ကစားနိုင်ခဲ့ပါတယ်။

photo internet

ဖာနန်ဒက်စ်ကတော့ တော်တော်များများကိုယူဆောင်လာနိုင်ခဲ့ပါတယ်။ ဂိုးတွေ ၊ ဂိုးဖန်တီမှုတွေ လုပ်ထားတာလည်း ခင်ဗျားတို့ မျက်မြင်ပဲလေ။ သူ့ကိုဗဟိုပြုပြီး ကစားသမားတိုင်းကစားနေရတယ်ဆိုတာ ခင်ဗျားတို့မြင်နိုင်ပါတယ်။သူက ယုံကြည်မှုရှိပါတယ်။ ရှေ့တက်ပြီးလည်း ကစားနိုင်သလို၊ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ပါတယ်။ သူက လျင်မြန်ပြီး ထက်မြက်တဲ့အပြင် တစ်ဖက်လူ လိုက်ကပ်ဖို့လည်း ခက်ခဲပါတယ်။ လူတိုင်းကို မြှင့်တင်ပေးနိုင်တာ ခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်။ သူဘောလုံးရတဲ့အချိန်ဆိုရင် တခြားသူူတွေက ပြေးဖို့လုပ်နေကြပါပြီ။ ဒါဟာ သူတို့တွေဆီကို ဘောလုံးပေးမယ်ဆိုတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းကို သိလို့ပဲဖြစ်ပါတယ်။”ဆိုပြီး ဝမ်ဘစ်ဆာကာ ကပြောပါတယ်။
အခြားသတင်းတိုတွေအနေနဲ့ကတော့ ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းရဲ့ အသက်(၁၈)နှစ်အရွယ်တောင်ပံကစားသမားလေး ဘာကာယိုဆာခါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အဲဒီအတွက်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

photo internet

ဒါပေမယ့် အာဆင်နယ်အသင်းကတော့ ဆာခါကို ရောင်းချဖို့အစီအစဉ်မရှိပဲ ကာလရှည်စာချုပ်တစ်ရပ်ချုပ်ဆို သွားဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာပေါ့ဘာနဲ့စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့မယ်ဆိုရင်တော့ တစ်ပတ်လုပ်ခ လစာကို ပေါင်(၄)သိန်းအထိတိုးမြှင့်ပြီးတော့ ပေးချေသွားရဖို့ရှိနေ ပါတယ်။ ယူနိုက်တက် အနေနဲ့လက်ရှိမှာ ပေါ့ဘာကို တစ်ပတ်လုပ်ခလစာပေါင်(၃)သိန်းအထိပေးချေနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ဘာဟာ စပါးနဲ့ ကစားမယ့်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပြီးတော့ ကစားပေးနိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းတိုထြာမ်ား…….

ပထမဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ ယူႏိုက္တက္အသင္းနဲ႔ lask အသင္းတို႔ရဲ႕ပြဲစဥ္ကို ပရိသတ္မပါဘဲက်င္းပမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းနဲ႔ lask အသင္းတို႔ကစားၾကမယ့္ ယူရိုပါလိဂ္ 16 သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္ကို တံခါးပိတ္က်င္းပမွာျဖစ္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ အဲဒီပြဲကိုၾကည့္ဖို႔အတြက္ ဟိုတယ္ကိုႀကိဳတင္ဘိုကင္လုပ္ထားသလုိ၊ လက္မွတ္ေတြလည္းေစာေစာ စီးစီးကတည္းက ၀ယ္ထားခဲ့ၾကပါတယ္။ အခုေတာ့ ဗိုင္းရပ္စ္အႏၱရာယ္ေၾကာင့္ ယူႏို္က္တက္ပရိသတ္ေတြ အိမ္ကေနပဲ အားေပးၾကည့္ရႈရပါေတာ့မယ္။ ဒုတိယသတင္းကေတာ့ ဖရက္ဒ္ရဲ႕အေၾကာင္းပဲျဖစ္ပါတယ္။ ဖရက္ဒ္ ကေတာ့ မန္စီးတီး ကို အႏိုင္ရၿပီး ၁၀ ပြဲ ဆက္တိုက္ ရႈံးပြဲ မရွိ ခဲ့မႈ အတြက္ အသင္းသား ေတြ ရဲ႕ စြမ္းေဆာင္ရည္ ကို ခ်ီးက်ဳး ခဲ့ ေပမယ့္ ေရွ႕ လာမယ့္ အေရးပါတဲ့ ပြဲစဥ္ေတြ မွာ ပို ေကာင္းတဲ့ ရလဒ္ေတြ ၊ ေျခစြမ္းေတြ ရရွိ ေအာင္ ကစားဖို႔ ေျပာဆို ထားပါတယ္ ။ “စီးတီး ကို အႏိုင္ ရမႈ ဟာ ေနာက္ထပ္ ေကာင္းမြန္တဲ့ ရလဒ္ တစ္ခု ပါပဲ ။ အခု ကြၽန္ေတာ္ ေရာ အသင္း ေရာ လုပ္ရမွာက ပိုမို ေကာင္းမြန္တဲ့ ပုံစံ နဲ႔ ေရွ႕ဆက္ ဖို႔ပါ ။ အခု လို ပုံစံမ်ိဳး ၊ ရလဒ္မ်ိဳး ထက္ ပိုေကာင္းေအာင္ ကစားၿပီး ဆက္လက္ ခ်ီတက္ ရပါမယ္ ။ ေနာက္ထပ္ လာမယ့္ ပြဲေတြ က တကယ့္ အဆုံး အျဖတ္ ပြဲေတြ ျဖစ္လာ ေတာ့ မွာပါ။ယူႏိုက္တက္ ကို ေျပာင္းလာ စဥ္ ကတည္းက စၿပိး ကြၽန္ေတာ္ ရဲ႕ ယုံၾကည္မႈေတြ က တိုးတက္ ေနပါတယ္ ။ အခု ဆိုရင္ လုံး၀ အသားက် ေနၿပီလို႔ ခံစားမိ ပါတယ္ ။ ဒီလို ႀကီးမား ခမ္းနားတဲ့ အသင္းႀကီး တစ္သင္း မွာ အသင္းေဖာ္ ေကာင္းေတြ နဲ႔ အတူ ေနထိုင္ ရတာက မိသားစု တစ္ခု ထဲ ကို ေရာက္ေနသလို ပါပဲ။ ဖာနန္ဒက္စ္နဲ႔ပတ္သက္လို႔႔ေတာ့ သူ
ဒီ ကို ေရာက္မလာခင္ စပို႔တင္း နဲ႔ ေပၚတူဂီ မွာ ကစားေနတဲ့ အခ်ိန္ကတည္းက ကြၽန္ေတာ္ သူ႔ကိုေစာင့္ၾကည့္ ခဲ့ တာပါ ။ သူ ေရာက္လာတာ ဟာ ကြၽန္ေတာ့ ကို ေပ်ာ္႐ႊင္ ေစခဲ့ ပါတယ္ ။ သူ ကအစ ေကာင္းခဲ့ သလို အသင္းနဲ႔လည္း ခ်က္ခ်င္း အသားက် ခဲ့တာပါ။သူ နဲ႔ ကြင္းထဲမွာ ေကာင္းေကာင္း ခ်ိတ္ဆက္ ႏိုင္တယ္လို႔ ကြၽန္ေတာ္ ခံစား မိပါတယ္ ။ ကြၽန္ေတာ္ က အရင္ ေရာက္တာ ဆိုေပမယ့္ သူက ကြၽန္ေတာ့ထက္ အဂၤလိပ္လို ပိုေျပာတတ္ ပါတယ္ ။ ဒါေပမယ့္ ကြင္းထဲမွာေတာ့ ေပၚတူဂီ လိုပဲ ေျပာၾကတာ မ်ားပါတယ္ သူနဲ႔ ကြၽန္ေတာ္ က ကစားေပါက္ မတူ ပါဘူး ။ ဒါေၾကာင့္လည္း အတြဲမိမိ ကစားႏိုင္ခဲ့တာ နဲ႔ တူပါတယ္” ဆိုၿပီး ဖရက္ဒ္ က ေျပာဆိုပါတယ္။
ေနာက္ထပ္သတင္းကေတာ့ ၀မ္ဘစ္ဆာကာက အသင္းေဖာ္ႏွစ္ေယာက္ကိုခ်ီးက်ဴးထားတဲ့အေၾကာင္းပဲျဖစ္ပါ တယ္။ “အသင္းေခါင္းေဆာင္ရဲ႕အဓိက တာ၀န္က အသင္းအေပၚဦးေဆာင္ႏိုင္ဖို႔ပါ။ ဟယ္ရီက ဒီတာ၀န္နဲ႔ပတ္သက္ၿပီး ေကာင္းေကာင္းလုပ္ေဆာင္ထားႏိုင္ပါတယ္။ ကၽြန္ေတာ္ တို႔တစ္ေယာက္နဲ႔တစ္ေယာက္ၾကားနားလည္မႈေတြတစ္ျဖည္းျဖည္းရလာၿပီး ခ်ိတ္ဆက္ကစားႏိုင္မႈ အပိုင္းမွာလည္းအရင္ကထက္ပိုၿပီးတိုးတက္လာတယ္လို႔ထင္တယ္။ ဂိုးမေပးရတဲ့ပြဲေတြမွာခင္ဗ်ားတို႔ေတြ႕ႏိုင္ ပါတယ္။ ဂိုးမေပးရဖို႔ကကၽြန္ေတာ္တို႔ရဲ႕အဓိကရည္မွန္းခ်က္ပါ။ ကၽြန္ေတာ္တို႔ၾကားက ဆက္သြယ္ေျပာဆိုမႈေတြလည္းတိုးတက္လာခဲ့တယ္လို႔ကၽြန္ေတာ္ထင္ပါတယ္။ တစ္ခါ တစ္ေလကစားကြက္အေျပာင္းအလဲရွိပါတယ္။ ဒါေၾကာင့္လည္း ခံစစ္(၅)ေယာက္တန္းကစားကြက္ေရာ၊ ခံစစ္(၄)ေယာက္တန္းကစားကြက္ကိုပါ ကၽြန္ေတာ္တို႔အသားက်ေနခဲ့တာပါ။ တစ္ေယာက္ နဲ႔တစ္ေယာက္ၾကားဆက္သြယ္ေျပာဆိုမႈက အကူအညီေပးခဲ့တာပါ။ စိတ္ကူးထားတဲ့ကစားကြက္မ်ိဳးမရွိေပမယ့္ ခံစစ္(၅)ေယာက္တန္းကစားကြက္ေၾကာင့္တိုက္စစ္ကိုပိုၿပီးလိုက္ကစားႏိုင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ကေတာ့ ေတာ္ေတာ္မ်ားမ်ားကိုယူေဆာင္လာႏိုင္ခဲ့ပါတယ္။ ဂိုးေတြ ၊ ဂိုးဖန္တီမႈေတြ လုပ္ထားတာလည္း ခင္ဗ်ားတို႔ မ်က္ျမင္ပဲေလ။ သူ႔ကိုဗဟိုျပဳၿပီး ကစားသမားတိုင္းကစားေနရတယ္ဆိုတာ ခင္ဗ်ားတို႔ျမင္ႏိုင္ပါတယ္။သူက ယုံၾကည္မႈရွိပါတယ္။ ေရွ႕တက္ၿပီးလည္း ကစားႏိုင္သလို၊ အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ပါတယ္။ သူက လ်င္ျမန္ၿပီး ထက္ျမက္တဲ့အျပင္ တစ္ဖက္လူ လိုက္ကပ္ဖို႔လည္း ခက္ခဲပါတယ္။ လူတိုင္းကို ႁမွင့္တင္ေပးႏိုင္တာ ခင္ဗ်ားတို႔ျမင္ေတြ႕ႏိုင္ပါတယ္။ သူေဘာလုံးရတဲ့အခ်ိန္ဆိုရင္ တျခားသူူေတြက ေျပးဖို႔လုပ္ေနၾကပါၿပီ။ ဒါဟာ သူတို႔ေတြဆီကို ေဘာလုံးေပးမယ္ဆိုတဲ့ သူ႔ရဲ႕လုပ္ႏိုင္စြမ္းကို သိလို႔ပဲျဖစ္ပါတယ္။”ဆိုၿပီး ၀မ္ဘစ္ဆာကာ ကေျပာပါတယ္။
အျခားသတင္းတိုေတြအေနနဲ႔ကေတာ့ ယူႏုိ္က္တက္အသင္းဟာ အာဆင္နယ္အသင္းရဲ႕ အသက္(၁၈)ႏွစ္အရြယ္ေတာင္ပံကစားသမားေလး ဘာကာယိုဆာခါကို ေခၚယူဖို႔ စိတ္၀င္စားေနျပီး အဲဒီအတြက္ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အာဆင္နယ္အသင္းကေတာ့ ဆာခါကို ေရာင္းခ်ဖို႔အစီအစဥ္မရွိပဲ ကာလရွည္စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုသြားဖို႔ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ ယူႏို္က္တက္ဟာေပါ့ဘာနဲ႔စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆိုခ့ဲမယ္ဆိုရင္ေတာ့ တစ္ပတ္လုပ္ခ လစာကို ေပါင္(၄)သိန္းအထိတိုးျမွင့္ျပီးေတာ့ ေပးေခ်သြားရဖို႔ရွိေန ပါတယ္။ ယူႏိုက္တက္ အေနနဲ႔လက္ရိွမွာ ေပါ့ဘာကို တစ္ပတ္လုပ္ခလစာေပါင္(၃)သိန္းအထိေပးေခ်ေနရတာျဖစ္ပါတယ္။ ဒါ့အျပင္ ေပါ့ဘာဟာ စပါးနဲ႔ ကစားမယ့္ပြဲစဥ္မွာ အသင္းအတြက္ ျပန္လည္ျပီးေတာ့ ကစားေပးႏိုင္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။