
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ နယူးကာဆယ်ဂန္တဝင် ကစားသမားကြီး အလန်ရှီးယားက မန်ချက်စတာဒါဘီပွဲအပြီးမှာ မန်စီးတီးအသင်းရဲ့ကစားပုံနှင့်ပတ်သတ်ပြီး ဝေဖန်ရှုတ်ချသွားတဲ့ အကြောင်းပဲဖြစ်ပါတယ်။ မန်စီးတီးဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ၂ ဂိုးပြတ်ဖြင့်အရေးနိမ့်ခဲ့ပါတယ်။

“ယူနိုက်တက်ရဲ့ နောက်တန်းကို ထိုးဖောက်ဖို့အတွက် မန်စီးတီးမှာ ထိရောက်တဲ့ ကစားဟန်မရှိပါဘူး။ ယူနိုက်တက်ရဲ့ နောက်တန်းက အရမ်းမာကျောလွန်းပါတယ်။ သူတို့ဟာ လူကို ဘောလုံးမရောက်ခင် အရင်ဟန့်တားတာပါ။ စတာလင်က တစ်ဖက်ကိုရောက်နေတယ်။ ဖိုဒင်က တခြားတစ်ဖက်မှာ ရှိတယ်။ အဂူရိုက အလယ်မှာ ၊ ဘောလုံးက ဘေးရောက်တယ်၊ အနောက်ကိုပြန်ပေးတယ်။ ဂိုးရဖို့အတွက် သူတို့မှာ အခွင့်အရေးများများစားစားမရခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ပြာယာခတ်နေလို့ပါ။ ဒီပွဲမှာ အနီရောင် ဝတ်စုံတွေကြီးပဲ မြင်နေခဲ့ရတယ်။ ဒါကြောင့်လည်း ဂိုးမရခဲ့တာပါ။ ဘောလုံးရပြီဆိုရင် ယူနိုက်တက် ၃ ယောက်၊ ၄ ယောက်လောက်က ဝိုင်းလုတာပဲ။ ဒါဟာ ပထမပိုင်းမှာ ယူနိုက်တက်အသုံးပြုခဲ့တဲ့ နည်းဗျူဟာပါပဲ။ ယူနိုက်တက်အတွက် အလွန်ကိုမှ လွယ်ကူခဲ့ပါတယ်။ ယူနိုက်တက်လည်း အရမ်းကို ကောင်းလွန်းခဲ့ပါတယ်”ဆိုပြီး အလန်ရှီးယားက ပြောဆိုပါတယ်။

ဒုတိယသတင်းအနေနဲ့ကတော့ တော့တင်ဟမ် နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ဖြစ်သူ ဂျမိန်းဂျီးနက် က မန်ချက်စတာဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီး ဝမ်ဘစ်ဆာကာကို ချီးကျူးစကားပြောဆိုလာတဲ့အကြောင်းပဲဖြစ်ပါတယ်။ “ဝမ်ဘစ်ဆာကာ ခံစစ် ကစားတာ ဘယ်လောက် ကောင်းသလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူနဲ့ စတားလင်း တို့ တစ်ဦးချင်း ရင်ဆိုင်မှု တွေကို ပွဲမတိုင်မီ ကတည်းက ကျွန်တော် အတော် ရင်ခုန် နေခဲ့တာပါ။ ဒါပေမယ့် ဝမ်ဘစ်ဆာကာ ဟာ ပွဲအတွင်းမှာ အသာစီး ရသွား ခဲ့ပါတယ်။ စတားလင်း အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ ပါတယ်။ အထူးသဖြင့် ပထမပိုင်း မှာပါ။ ဝမ်ဘစ်ဆာကာဟာ မျှောပေးလိုက်တဲ့ ဘောလုံးကို ဖျက်ထုတ် နိုင်တဲ့ ခြေထောက် အရှည် ရှိနေ ပါတယ်။ စတားလင်း ကတော့ သူနဲ့ ရင်ဆိုင် ခဲ့ရတာကို အတော်ကို စိတ်ပျက် နေမှာပါ။ ဘာလို့လဲ ဆိုတော့ ဝမ်ဘစ်ဆာကာဟာ အသက်ရှုဖို့ အချိန်တောင် မပေးလို့ပါ။ သူ့ရဲ့ ခြေထောက် တွေဟာ နေရာတိုင်းမှာ ရှိနေ ပါတယ်။ တိုက်စစ်ပိုင်း ကို လိုက်ပါ ပံ့ပိုးမှု မှာတော့ ဝမ်ဘစ်ဆာကာ ကြိုးစားဖို့ လိုပါသေးတယ်။ တိုက်စစ် ဆင်သွားပုံ ကောင်းခဲ့ ပေမယ့် အသင်းဖော်ကို ချိုးပေး ရတာ ခက်ခဲတဲ့ အနေအထား မဟုတ်ပါဘူး။ ဒီအခြေအနေတွေမှာ သူတည်ငြိမ်မှု ရှိဖို့ လိုပါသေးတယ်။ အသင်းဖော်ရဲ့ အနေအထားကို ကြည့်ပြီးမှ သေချာ ရွေးပေး သင့်ပါတယ်။”ဆိုပြီး ဂျမိန်းဂျီးနက် ကပြောဆိုပါတယ်။

နောက်သတင်းတစ်ပုဒ်ကတော့ အိန္ဒိယကလပ်အသင်းတစ်သင်းဖြစ်တဲ့ Kerala Blasters အသင်းရဲ့နောက်ခံလူ ဝက်စ်ဘရောင်းက ယူနိုက်တက်ရဲ့လဘ်ကောင်လေး ဘရူနိုဖာနန်ဒက်စ်ကို ချီးကျူးစကားပြောထား တဲ့အကြောင်းပဲဖြစ်ပါတယ်။ “ဇန်နဝါရီလမှာ ကစားသမားတစ်ယောက်အသင်းပြောင်းတဲ့အခါ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်၊ ဘာကြောင့်လဲဆိုရင် ကစားသမားတစ်ယောက် အနေနဲ့အသင်းသစ်မှာ အထိုင်ကျဖို့က တစ်ခါတလေ အချိန်ယူရတတ်လို့ပါပဲ၊ တချို့ကစားသမားတွေဆို ရင်အချိန်တစ်နှစ်လောက်ယူရင်ယူ ရတတ်ပါတယ်။ ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ အချိန်တိုအတွင်း အထိုင်ကျသွားခဲ့တဲ့အပြင် အသင်းရဲ့ဦးဆောင်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ အတော်လေးကိုချီးကျူးစရာ ကောင်းတဲ့အချက်ပါပဲ၊ တကယ်တော့ ဒီလိုကစားသမားမျိုးကို ယူနိုက်တက်အနေနဲ့လိုအပ်နေတာ အတော်လေးကြာခဲ့ပါပြီ။ သူကဘောလုံးကိုင်ကစားနိုင်တဲ့၊ တိုက်စစ်ကိုဦးဆောင်နိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ တိုက်စစ်နဲ့ကွင်းလယ်ကို ချိတ်ဆက်ပေးရာမှာလည်း အတော်လေးထူးချွန်ပါတယ်။ ယူနိုက်တက်အသင်းရဲ့လက်ရှိ တိုးတက်မှုတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်က အဓိကကျခဲ့ပါတယ်။”ဆိုပြီး ဝက်စ်ဘရောင်းက ပြောဆိုပါတယ်။

အခြားသတင်းတိုတွေအနေနဲ့ကတော့ ကွင်းလယ်လူပေါ့ဘာရဲ့ဒဏ်ရာအခြေအနေမှာပိုမိုသက် သာလာပြီး အခုတစ်ပတ်မှာ ပဲ အသင်းနှင့်ပူးပေါင်းနိုင်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ လင်ဂတ်ဟာ နည်းပြရဲ့ယုံကြည်မှုကို ရရှိဖို့အဆင်မပြေတဲ့အနေအထားရှိလာနေတာကြောင့် လာမယ့် နွေအပြောင်းအရွှေ့ ဈေးကွက်မှာရောင်းထုတ်ခံရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ ဗီလာကွင်းလယ်လူ ဂျက်ဂရေးလစ်ကို ပေါင် သန်း (၇၀) နဲ့ခေါ်ယူ ဖွယ်ရှိနေပါတယ်။ တကယ်လို့ ဂရေးလစ်သာ ယူနိုက်တက်ကို ရောက်ရှိပါက အခုရရှိနေတဲ့ လစာထက် (၃) ဆဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၆ သောင်း ရရှိမှာလည်း ဖြစ်ပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ……