
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ဒီ ရာသီ မှာ ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ တွဲ ကစား ကြတာ ကို ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကသူ့အနေနဲ့ မြင်တွေ့ လိုကြောင်းပြောဆိုလာတဲ့ သတင်းပဲဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်း အရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူ ခဲ့တာဖြစ်ပြီး၊ ဖာနန်ဒက်စ်က အခုအချိန်မှာ ယူနိုက်တက်ရဲ့မင်းသားအဖြစ် ရပ်တည်နေပါတယ်။ ပေါ့ဘာကတော့ ဒဏ်ရာကြောင့် မြက်ခင်းစိမ်း ပေါ်ခြေမချနိုင်ဖြစ်နေသေးတဲ့အပြင် အသင်းပြောင်းမယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရဲ့တာဝန်ရှိသူများနဲ့ ပရိသတ်တွေကတော့ ကွင်းထဲမှာ ဖာနန်ဒက်စ်နဲ့ပေါ့ဘာ တွဲဖက်ကစားတာကို မြင်ချင်နေကြပါတယ်။ “ကျွန်တော်ကတော့မြင်ချင်ပါတယ်။ အသင်း ရဲ့ ကစားသမား စာရင်း ကို ကြည့်ရှု လိုက်မယ် ဆိုရင် အကောင်းဆုံး ကစားသမား တွေ ပွဲထွက် ကစား တာကို မြင်တွေ့ ချင်မှာ ပါပဲ ။ ကျွန်တော် တို့ဟာ ဒီ ကစားသမား တွေနဲ့ အတူ လိဂ်ကို စိန်ခေါ် နိုင်မယ့် အဆင့်အတန်း တစ်ခု ဆီကို ရောက်ရှိ နေဖို့ အားလုံး မျှော်လင့် နေကြမှာ ပါပဲ ။ ကျွန်တော်တို့ ဖက်ကလည်း ယူနိုက်တက် အသင်း လုပ်နေ ခဲ့ကျ အတိုင်း တိုက်စစ်ဆင် ကစား နိုင်ဖို့ ၊ ဘောလုံး ကို လိုအပ်တဲ့ နေရာ တွေဆီ စီးမျော ပို့ဆောင်ရင်း ယုံကြည် စိတ်ချ ရဖွယ် ပုံစံ ကောင်းတွေ ကို တည်တည်ငြိမ်ငြိမ် ပြသ နိုင်ဖို့ အတွက် ဆန္ဒ ရှိနေ ကြ ပါတယ်။ ဖာနန်ဒက်စ်ဟာ အသင်းသား ၊ ဝန်ထမ်း ၊ ပရိသတ် တွေ အားလုံး ကို သေချာပေါက် စိတ်ဓါတ် မြှင့်တင် ပေးနိုင်ခဲ့ ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည် တွေနဲ့ အတူ အသင်း ကို အတော်လေး ခွန်အား ဖြစ်စေ ခဲ့ ပါတယ် ။ ကျွန်တော်တို့ ကတော့ သူ့ဆီ ကနေ အခုလို ခြေစွမ်း တွေကို အမြဲမျှော်လင့်ကြ ပေမယ့် အမြဲ ရနိုင် ဖို့ မသေချာ ပါဘူး။ ဖာနန်ဒက်စ်ဟာ အသင်း အတွက် ခြေစွမ်း မပြနိုင်မယ့် အကြောင်းအရင်း ကိုတော့ ကျွန်တော် မတွေ့သေး ပါဘူး ။ သူက အသင်း အတွက် အစကောင်း ပြီးမှ ရပ်တန့် သွားမယ့် လူမျိုး မဟုတ် ပါဘူး ။ သူဟာ ဘောလုံး အားကစား ကို နှစ်သက် စွဲလန်းသူ တစ်ဦး ဖြစ်တဲ့ အတွက် အခက်အခဲ တွေကို ကျော်လွှား နိုင်မှာပါ။”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။

ဒုတိယသတင်းအနေနဲ့ကတော့ မန်စီးတီး အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဘာနာဒို ဆေးလ်ဗားက ဘရူနို ဖာနန်ဒက်စ် ကိုချီးကျူးထားတဲ့အကြောင်းဖြစ်ပါတယ်။ “ဖာနန်ဒက်စ်က ခမ်းနားတဲ့ ကစားသမား တစ်ယောက် ဖြစ်တာကြောင့် ယူနိုက်တက် ကို ရောက်ရောက်ချင်းပဲ ခြေစွမ်း ပြနိုင် ခဲ့တာပါ ။ ဒီ အတွက် ကျွန်တော် မအံ့သြ ပါဘူး ။ သူဟာ ကျွန်တော့် အတွက် တော့ သူငယ်ချင်း ကောင်း တစ်ဦး ပါပဲ ။ ကျွန်တော် တို့ဟာ ပေါ်တူဂီ U 19 ကတည်းက အတူ တွဲဖက် ကစား ခဲ့ ကြတဲ့ သူတွေ ပါ ။ သူဟာ လုပ်အား ကောင်းလွန်း လှတဲ့ ကစားသမား တစ်ဦး ဖြစ်သလို ဉာဏ်လည်း အရမ်း ကောင်းလှ ပါတယ် ။ သူဟာ ဂိုး ဧရိယာ ထဲကို သက်သောင့် သက်သာ ဝင်ရောက် နိုင်သလို ဂိုးတွေ သွင်းယူတာ ၊ ဂိုးဖန်တီးမှု ပြုလုပ်တာတွေကိုလည်း လုပ်ဆောင် ပေးနိုင် ပါတယ် ။ သူဟာ ကစားတဲ့ အသင်းတွေ အတွက် အရေး ပါတဲ့ ကစား သမား တစ်ဦး ပါ ။ ဒါကို သူစစချင်းကစားရတဲ့ပွဲတွေ မှာပဲ ပြသ ထားနိုင်ခဲ့ ပါတယ် ။ ကျွန်တော် သူ့ အတွက် ပျော်ရွှင်မိ ပါတယ် ။ သူဟာ အစ ကောင်းလွန်း ခဲ့ ပါတယ် ။ သူဟာ ကျွန်တော့် ကို ယူနိုက်တက် အကြောင်း မေးခဲ့ ပါ သေးတယ် ။ ကျွန်တော် လည်း သိသလောက် မှန်မှန်ကန်ကန် ဖြေခဲ့ ပါတယ် ။ဒါဟာ သူ့ အတွက် တော့ ခမ်းနား လွန်းတဲ့ ကလပ် အသင်း တစ်ခု ပါ ။ သူဟာ အခုကောင်းမွန် လှတဲ့ အခွင့်အရေး တွေကို ပိုင်ဆိုင် နေရ သလို အလုပ် လည်း ကောင်းကောင်း လုပ်ပြ နိုင်ခဲ့ ပါတယ် ။ သူဟာ ကျွန်တော့် ရဲ့ သူငယ်ချင်း ဖြစ်တာကြောင့် သူနဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်မိ ပါတယ် ။ ဒါပေမယ့် အခုကစားမယ့် မန်ချက်စတာဒါဘီပွဲမှာတော့ ကျွန်တော် သူ့ကို မနိုင် စေချင် ပါဘူး ။ ကျွန်တော် သူ့ကို သေချာပေါက် အနိုင်ယူ ကျော်ဖြတ် ချင် ပါတယ် ” လို့ ဘာနာဒို က ပြောကြား ပါတယ် ။

နောက်ထပ်သတင်းကတော့ မက်ဂွိုင်းယားနဲ့သက်ဆိုင်တဲ့သတင်းပဲဖြစ်ပါတယ်။ ယူနိုက်တက် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားကသူ စံထားအတုယူရပြီး သူ့အပေါ် လွှမ်မိုးမှုအရှိဆုံး နောက်ခံလူ (၂) ဦးရဲ့အမည်ကို ပြောပြလာ ပါတယ်။ “ကျွန်တော် နောက်တန်းကစားသမား(၂)ယောက်ဖြစ်တဲ့ ဖာဒီနန်နဲ့ ဂျွန်တယ်ရီတို့ကိုပဲ ကြည့်ခဲ့ပါတယ်။ကျွန်တော်ငယ်စဉ်ကတည်းက သူတို့(၂)ယောက်ကစားတာကို အပတ်စဉ်တိုင်းမှာကြည့်ခဲ့ပါ တယ်။ သူတို့တွေဖလားတွေရယူခဲ့တာလည်းကြည့်ခဲ့သလို အင်္ဂလန်အသင်းအတွက်ကစားပေးခဲ့တာကိုလည်း ကြည့်ခဲ့ပါတယ်။ သူတို့က အင်္ဂလန် အသင်းအတွက် အဓိကနောက်ခံကစားသမားတွေဖြစ်ခဲ့ကြတာပါ။ဖာဒီနန် က နောက်တန်းအတွက်ဆိုရင် နောက်တစ်ဆင့်မြင့်တဲ့သူလို့ ကျွန်တော်ထင်ပါတယ်။ တယ်ရီ ကတော့ ဘောလုံးကစားတဲ့အခါတိုင်းမှာ အမြဲတမ်းကောင်းတဲ့သူတစ်ယောက်ပါ။ ဘောလုံးပေးတဲ့အခါမှာ ဘယ်ရောညာပါအသုံးပြုနိုင်တဲ့သူပါ”ဆိုပြီး မက်ဂွိုင်းယားကပြောပါတယ်။

အခြားသတင်းတိုများအနေနဲ့ကတော့ ချဲလ်ဆီးအသင်းဟာ၎င်းတို့ရဲ့ဂိုးသမားပြဿနာကိုဖြေရှင်းဖို့အတွက် ရှက်ဖီးယူနိုက်တက်ကို အငှားချထားတဲ့ ယူနိုက်တက်ရဲ့ ဂိုးသမား ဟန်ဒါဆန်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတယ် လို့ သိရပါတယ်။ နောက်ထပ်သတင်းကတော့ မာတစ်ဟာ ယူနိုက်တက်မှာဆက်နေလိုနေပြီးတော့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။ မာတစ်ဟာ ရာသီကုန်ရင် ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း မာတစ်ကို တစ်နှစ်သက် တိုးဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံး သွင်းဂိုးဆုဆန်ခါတင် စာရင်းထဲမှာ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ကြတဲ့ ယူနိုက်တက်တိုက်စစ်မှူးမာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ သွင်းဂိုးတွေ ပါဝင်နေတယ်လို့ သိရပါတယ်။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ…….