

အခုတင်ဆက်ပေးမှာကတော့ ဒီရက်ပိုင်းအတွင်းမှာကြားသိရတဲ့ ယူနိုက်တက်နဲ့ပတ်သက်တဲ့ သတင်းအတိုအထွာတွေဖြစ်ပါတယ်။ ပထမဆုံးတင်ဆက်ပေးချင်တာကတော့ သရေရလဒ်သာကစားနိုင်ခဲ့တဲ့ ဝုဗ်လ်ပွဲနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်။ အဲဒီပွဲမှာ လူငယ်ကစားသမားလေး ဝီလီယမ်ကတော့ ပရိသတ်ရဲ့ချစ်ခင်အားပေးတာကို အခိုင်အမာရရှိသွားပါတယ်။ ဝီလီယမ်ဟာအဲဒီပွဲမှာ ဘောလုံးပေးပို့ရာ၌တိကျမှု%-(81%)၊ ပြိုင်ဘက်ဂိုးဧရိယာထဲ၌ဘောလုံးပေးပို့မှု-(16) ကြိမ်၊ ကြားဖြတ်လုယူတာ-(2) ကြိမ်၊ ဘောလုံးပိတ်ဆို့တာ-(2) ကြိမ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဝီလီယံ ပွဲထွက် ကစားတဲ့ ပွဲစဉ်တိုင်းမှာ ရှုံးပွဲတွေတစ်ပွဲ မှမရှိသေးပါဘူး။

နောက်ထပ်တင်ဆက်ပေးချင်တာကတော့ ဒဏ်ရာကုစားနေရတဲ့ပေါ့ဘာရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ပေါ့ဘာကိုအခုအခါပြန်လည်ခေါ်ယူချင်နေပါတယ်။ ဒီလိုခေါ်ယူဖို့အတွက်လည်း အသင်းရဲ့ကွင်းလယ် ကစားသမားနှစ်ဦးဖြစ်တဲ့ အမ်မရီချန်နဲ့အက်ဒရီရန် ယာဘီယော့တို့ကို အလိုက်ပေးကမ်းလှမ်းသွား မယ်ဆိုပြီးတော့လည်းသတင်းထွက်နေပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်ဆီကို 2016 ခုနှစ်မှာ ယူရို 105 သန်းနဲ့ပြောင်းရွှေ့ သွားခဲ့တာဖြစ်ပါတယ်။ အခုနှစ်တွေမှာတော့ ပေါ့ဘာတစ်ယောက်ယူနိုက်တက်ကနေ ထွက်ခွာလိုစိတ်တွေပြင်းပြနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းဆီပြန်ချင်စိတ်တွေပေါက်နေတာကြောင့် ပေါ့ဘာတစ်ယောက် အေးဂျင့်ကိုနားပူနားဆာလုပ်ခဲ့ တယ်ဆိုပြီးလည်းသတင်းတွေကြားရပါတယ်။ အခုအချိန်အထိလည်း ဂျူဗင်တပ်စ်ကအသင်းဖော်တွေနဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်ကာ မကြာသေးခင်ကလည်း အားလပ်ချိန်တိုင်း တူရင်ကိုသွားရောက်လည်ပတ်နေ ခဲ့ပါတယ်။ ဒါဟာသူ့ရဲ့အသင်းဟောင်းဆီပြန်ချင်တဲ့ စိတ်ကိုဖော်ပြနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ အခုဇန်နဝါရီမှာ ပေါ့ဘာရဲ့အပြောင်းအရွှေ့အစီအစဉ်ကိုလက်မခံဘဲ ရာသီကုန်ပြီး နောက်နွေရာသီအပြောင်း အရွှေ့ဈေးကွက်မှ သာရောင်းချသွားဖွယ်ရှိတယ်လို့သိရပါတယ်။ ပေါ့ဘာတစ်ယောက်ဘယ်အချိန်ကျမှ အိုးထရက်ဖို့ဒ်ကွင်းကနေ ခွာလို့ရမလဲဆိုတာစောင့်ကြည့်ရပါမယ်။

နောက်ထပ်သတင်းကတော့ လက်စတာ နည်းပြဘရန်ဒါန်ရော်ဂျာက ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ ကွင်းလယ်လူ မက်ဒီဆင်ကို ဒီဆောင်းရာသီ ဈေးကွက်မှာ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုသွားတဲ့ သတင်းဖြစ်ပါတယ်။ မက်ဒီဆင်ကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အထူးစိတ်ဝင်စားနေပြီး
ဒဏ်ရာရကစားသမားတွေနေရာမှာအားဖြည့်ဖို့ခေါ်ယူချင်နေတာဖြစ်ပါတယ်။ “ဘယ်သူမှ အသင်းကထွက်မှာ မဟုတ်သလို ကျွန်တော်တို့အနေနဲ့လည်း မသွားစေချင်ကြပါဘူး။ ကစားသမားတွေရဲ့အကြောင်း ပြောဆိုမှုတွေက အမြဲလိုလို သတင်းတွေထွက်နေတာပါပဲ။ ဒါပေမယ့် ဘယ်သူ့မှ မသွားပါဘူး”လို့ နည်းပြရော်ဂျာကပြောပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ယူနိုက်တက်ကစားသမားလေး ဒန်နီယယ် ဂျိမ်းစ်ပြောလာတဲ့ ဟာသအကြောင်းအရာလေးရှိပါတယ်။ ယူနိုက်တက်အသင်းနဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာအစခံခဲ့ရတဲ့ အကြောင်းကို ဂျိမ်းကပြောပြလာတာဖြစ်ပါတယ်။ “ကျွန်တော့်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းဆင်းတဲ့နေ့က ကာရင်တန်မှာ ကျွန်တော့်ကားမောင်းနေတာကို ဓာတ်ပုံတစ်ပုံရိုက်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီနေ့က ကျွန်တော်က ကားကို ဘယ်ကနေညာကို မောင်းကွေ့နေတဲ့ အနေအထားမှာ ကျွန်တော့်လက်တစ်ဖက်က ကား စတီယာတိုင်ကို မမှီမကမ်းအနေအထားမျိုးပေါ်သွားတယ်ဗျ၊ ဒါကို ပါရဲရားက ကျွန်တော့်ကို ထိုင်ခုံကို မြင့်ဖို့လိုအပ်နေတယ်လို့ လှမ်းပြောခဲ့ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဂျိမ်းစ်ရဲ့ အရပ်ဟာ (၅)ပေနဲ့ (၆)လက်မလောက်သာ ရှိနေတာကြောင့် ဥရောပ ကစားသမားတွေထဲမှာတော့ အရပ်ပုတယ်လို့ဆိုရမှာဖြစ်ပါတယ်။

နောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ မန်စီးတီးနည်းပြဂွာဒီယိုလာက ယူနိုက်တက်အသင်းနဲ့ နည်းပြဆိုးလ်ရှားကိုသတိပေးစကားပြောဆိုလာတဲ့အကြောင်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ လိဂ်ဖလားဆီမီးဖိုင်နယ်အဖြစ် ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်း တို့ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ယူနိက်တက် အိမ်ကွင်း အိုးထရဒ့်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ ဇန်နဝါရီလ၂၉ရက်နေ့မှာ မန်စီးတီး အသင်းရဲ့ အီတီဟဒ်ကွင်းမှာ ယှဉ်ပြိုင်ကစား ရပါမယ်။ အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီး နည်းပြ ဂွာဒီယိုလာက “ကျွန်တော်တို့နဲ့ကစားရမယ့်အပေါ် ယူနိုက်တက်အနေနဲ့အာရုံစိုက်ကစားမယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီပွဲက တစ်ကျော့တည်းနဲ့ပြီးမှာမဟုတ်ဘဲ နှစ်ကျော့ကစားရမှာဆိုတော့ ရလဒ်ကောင်းဖို့က သေချာဂရုစိုက်ရပါမယ်။ နှစ်သင်းစလုံးအဲလိုစိတ်ရှိပါတယ်။ ကျွန်တော်ကတော့ အသင်းအတွက်၊ကစားသမားတွေအတွက်၊ အားပေးတဲ့ပရိသတ်တွေအတွက် သုံးနှစ်ဆက်တိုက် ဗိုလ်လုပွဲကိုရောက်တယ်ဆိုတဲ့ ပျော်စရာစိတ်ခံစားချက်ကို ပေးချင်ပါတယ်”ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

(Zawgyi Version)
ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းအတိုအထြာမ်ား
အခုတင္ဆက္ေပးမွာကေတာ့ ဒီရက္ပိုင္းအတြင္းမွာၾကားသိရတဲ့ ယူႏိုက္တက္နဲ႔ပတ္သက္တဲ့ သတင္းအတိုအထြာေတြျဖစ္ပါတယ္။ ပထမဆုံးတင္ဆက္ေပးခ်င္တာကေတာ့ သေရရလဒ္သာကစားႏိုင္ခဲ့တဲ့ ၀ုဗ္လ္ပြဲနဲ႔ပတ္သက္တဲ့သတင္းျဖစ္ပါတယ္။ အဲဒီပြဲမွာ လူငယ္ကစားသမားေလး ၀ီလီယမ္ကေတာ့ ပရိသတ္ရဲ႕ခ်စ္ခင္အားေပးတာကို အခိုင္အမာရရိွသြားပါတယ္။ ၀ီလီယမ္ဟာအဲဒီပြဲမွာ ေဘာလုံးေပးပို႔ရာ၌တိက်မႈ%-(81%)၊ ၿပိဳင္ဘက္ဂိုးဧရိယာထဲ၌ေဘာလုံးေပးပို႔မႈ-(16) ႀကိမ္၊ ၾကားျဖတ္လုယူတာ-(2) ႀကိမ္၊ ေဘာလုံးပိတ္ဆို႔တာ-(2) ႀကိမ္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဝီလီယံ ပြဲထြက္ ကစားတဲ့ ပြဲစဥ္တိုင္းမွာ ႐ႈံးပြဲေတြတစ္ပြဲ မွမရိွေသးပါဘူး။
ေနာက္ထပ္တင္ဆက္ေပးခ်င္တာကေတာ့ ဒဏ္ရာကုစားေနရတဲ့ေပါ့ဘာရဲ႕အေၾကာင္းပဲျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းက ေပါ့ဘာကိုအခုအခါျပန္လည္ေခၚယူခ်င္ေနပါတယ္။ ဒီလုိေခၚယူဖို႔အတြက္လည္း
အသင္းရဲ့ကြင္းလယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ အမ္မရီခ်န္နဲ႔အက္ဒရီရန္ ယာဘီေယာ့တို႔ကို အလုိက္ေပးကမ္းလွမ္းသြားမယ္ဆိုၿပီးေတာ့လည္းသတင္းထြက္ေနပါတယ္။
ေပါ့ဘာဟာ ဂ်ဴဗင္တပ္စ္အသင္းကေန ယူႏိုက္တက္ဆီကို 2016 ခုႏွစ္မွာ ယူရို 105 သန္းနဲ႔ေျပာင္းေရႊ႕ သြားခဲ့တာျဖစ္ပါတယ္။ အခုႏွစ္ေတြမွာေတာ့ ေပါ့ဘာတစ္ေယာက္ယူႏိုက္တက္ကေန ထြက္ခြာလုိစိတ္ေတြျပင္းျပေနတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဆီျပန္ခ်င္စိတ္ေတြေပါက္ေနတာေၾကာင့္ ေပါ့ဘာတစ္ေယာက္ ေအးဂ်င့္ကိုနားပူနားဆာလုပ္ခဲ့တယ္ဆိုၿပီးလည္းသတင္းေတြၾကားရပါတယ္။ အခုအခ်ိန္အထိလည္း ဂ်ဴဗင္တပ္စ္ကအသင္းေဖာ္ေတြနဲ႔အဆက္အသြယ္ရွိေနဆဲျဖစ္ကာ မၾကာေသးခင္ကလည္း အားလပ္ခ်ိန္တိုင္း တူရင္ကိုသြားေရာက္လည္ပတ္ေနခဲ့ပါတယ္။ ဒါဟာသူ႔ရဲ႕အသင္းေဟာင္းဆီျပန္ခ်င္တဲ့ စိတ္ကိုေဖာ္ျပေနတာျဖစ္ပါတယ္။ ယူနုိက္တက္ဘက္ကေတာ့ အခုဇန္န၀ါရီမွာ ေပါ့ဘာရဲ႕အေျပာင္းအေရႊ႕အစီအစဥ္ကိုလက္မခံဘဲ ရာသီကုန္ျပီး ေနာက္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွ သာေရာင္းခ်သြားဖြယ္ရွိတယ္လို႔သိရပါတယ္။ ေပါ့ဘာတစ္ေယာက္ဘယ္အခ်ိန္က်မွ အိုးထရက္ဖို႔ဒ္ကြင္းကေန ခြာလို႔ရမလဲဆိုတာေစာင့္ၾကည့္ရပါမယ္။
ေနာက္ထပ္သတင္းကေတာ့ လက္စတာ နည္းျပဘရန္ဒါန္ေရာ္ဂ်ာက ယူႏိုက္တက္အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိေနတဲ့ ကြင္းလယ္လူ မက္ဒီဆင္ကို ဒီေဆာင္းရာသီ ေစ်းကြက္မွာ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ေျပာဆိုသြားတဲ့ သတင္းျဖစ္ပါတယ္။ မက္ဒီဆင္ကို ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အထူးစိတ္၀င္စားေနၿပီး
ဒဏ္ရာရကစားသမားေတြေနရာမွာအားျဖည့္ဖို႔ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ “ဘယ္သူမွ အသင္းကထြက္မွာ မဟုတ္သလို ကၽြန္ေတာ္တို႔အေနနဲ႔လည္း မသြားေစခ်င္ၾကပါဘူး။ ကစားသမားေတြရဲ႕အေၾကာင္း ေျပာဆိုမႈေတြက အၿမဲလိုလို သတင္းေတြထြက္ေနတာပါပဲ။ ဒါေပမယ့္ ဘယ္သူ႔မွ မသြားပါဘူး”လို႔ နည္းျပေရာ္ဂ်ာကေျပာပါတယ္။
ေနာက္ထပ္သတင္းတစ္ပုဒ္အေနနဲ႔ကေတာ့ ယူႏိုက္တက္ကစားသမားေလး ဒန္နီယယ္ ဂ်ိမ္းစ္ေျပာလာတဲ့ ဟာသအေၾကာင္းအရာေလးရိွပါတယ္။ ယူႏုိက္တက္အသင္းနဲ႔ပထမဆံုးေလ့က်င့္ေရးအစီအစဥ္မွာအစခံခ့ဲရတ့ဲ အေၾကာင္းကို ဂ်ိမ္းကေျပာျပလာတာျဖစ္ပါတယ္။ “ကၽြန္ေတာ့္ရဲ႕ ပထမဆံုးေလ့က်င့္ခန္းဆင္းတ့ဲေန႕က ကာရင္တန္မွာ ကၽြန္ေတာ့္ကားေမာင္းေနတာကို ဓာတ္ပံုတစ္ပံုရိုက္ခ့ဲတယ္လို႔ ထင္ပါတယ္။ အ့ဲဒီေန႔က ကၽြန္ေတာ္က ကားကို ဘယ္ကေနညာကို ေမာင္းေကြ႔ေနတ့ဲ အေနအထားမွာ ကၽြန္ေတာ့္လက္တစ္ဖက္က ကား စတီယာတိုင္ကို မမွီမကမ္းအေနအထားမ်ိဳးေပၚသြားတယ္ဗ်၊ ဒါကို ပါရဲရားက ကၽြန္ေတာ့္ကို ထိုင္ခံုကို ျမင့္ဖို႔လုိအပ္ေနတယ္လို႔ လွမ္းေျပာခ့ဲပါတယ္” ဆိုၿပီး ေျပာၾကားသြားခ့ဲပါတယ္။ ဂ်ိမ္းစ္ရဲ႕ အရပ္ဟာ (၅)ေပနဲ႔ (၆)လက္မေလာက္သာရွိေနတာေၾကာင့္ ဥေရာပ ကစားသမားေတြထဲမွာေတာ့ အရပ္ပုတယ္လို႔ဆိုရမွာျဖစ္ပါတယ္။
ေနာက္ဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ မန္စီးတီးနည္းျပဂြာဒီယုိလာက ယူႏိုက္တက္အသင္းနဲ႔ နည္းျပဆိုးလ္ရွားကိုသတိေပးစကားေျပာဆုိလာတဲ့အေၾကာင္းျဖစ္ပါတယ္။ ဒီတစ္ပတ္မွာေတာ့ လိဂ္ဖလားဆီမီးဖိုင္နယ္အျဖစ္ ယူႏိုက္တက္အသင္းနဲ႔ မန္စီးတီးအသင္း တို႔ယွဥ္ၿပိဳင္ကစားၾကေတာ့မွာျဖစ္ပါတယ္။ အိမ္ကြင္း၊အေဝးကြင္း ႏွစ္ေက်ာ့ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ပထမအေက်ာ့ကို ယူနိက္တက္ အိမ္ကြင္း အိုးထရဒ့္ဖိုဒ့္မွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ဒုတိယအေက်ာ့ကိုေတာ့ ဇန္နဝါရီလ၂၉ရက္ေန႔မွာ မန္စီးတီး အသင္းရဲ႕ အီတီဟဒ္ကြင္းမွာ ယွဥ္ၿပိဳင္ကစား ရပါမယ္။ အဲဒီပြဲစဥ္နဲ႔ပတ္သက္ၿပီး နည္းျပ ဂြာဒီယုိလာက “ကၽြန္ေတာ္တို႔နဲ႔ကစားရမယ့္အေပၚ ယူႏိုက္တက္အေနနဲ႔အာရုံစိုက္ကစားမယ္လို႔ကၽြန္ေတာ္ထင္ပါတယ္။ ဒီပြဲက တစ္ေက်ာ့တည္းနဲ႔ၿပီးမွာမဟုတ္ဘဲ ႏွစ္ေက်ာ့ကစားရမွာဆိုေတာ့ ရလဒ္ေကာင္းဖို႔က ေသခ်ာဂရုစိုက္ရပါမယ္။ ႏွစ္သင္းစလုံးအဲလိုစိတ္ရိွပါတယ္။ ကၽြန္ေတာ္ကေတာ့ အသင္းအတြက္၊ကစားသမားေတြအတြက္၊ အားေပးတဲ့ပရိသတ္ေတြအတြက္ သုံးႏွစ္ဆက္တိုက္ ဗိုလ္လုပြဲကိုေရာက္တယ္ဆိုတဲ့ ေပ်ာ္စရာစိတ္ခံစားခ်က္ကို ေပးခ်င္ပါတယ္”ဆုိၿပီးေျပာဆုိသြားခဲ့တာျဖစ္ပါတယ္။