ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ

M Cash 24 အကှောငြးသိလိုပါက M Cash 24 ကို နှိပပြါ။

ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ပေ့ါဘာနဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသခဲ့ရပြီး ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်း ယူနိုက်တက်အတွက် လုံးဝကစားပေးထားခြင်းမရှိသူဖြစ်ပါတယ်။ ဒဏ်ရာက ပြန်လည်သက်သာလာနေပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားနေရတဲ့ ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာဟာ အသင်းအတွက်ပြန်လည်ကစားပေးနိုင်ပါက အသင်းဖော်သစ်ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ကာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

photo internet

ဒူဘိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို သွားရောက်လုပ်ဆောင်ခဲ့ပြီးနောက် ပေါ့ဂ်ဘာက ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။ ပေါ့ဂ်ဘာရဲ့ဒဏ်ရာပြန်လည် သက်သာလာတာကြောင့် လာမယ့်အပတ်ထဲမှာ လေ့ကျင့်မှုတွေစတင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ အသင်းကနေထွက်ခွာလိုတယ်လို့သတင်းတွေထွက်နေပေမယ့် ဘရူနိုဖာနန်ဒက်စ်နဲ့ အတွဲအဖက်မိမိကစားနိုင်ဖို့ ရည်ရွယ်ထားနေတာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဖာနန်ဒက်စ်က နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာ ၃ဂိုးအထိသွင်းယူပေးထားပြီး ပြိုင်ပွဲစုံဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားပြီးဖြစ်ပါ တယ်။ ပေါ့ဂ်ဘာက အရည်အသွေးမြင့်မားတဲ့ အသင်းဖော်သစ်နဲ့ တွဲဖက်ကစားဖို့ ဆန္ဒပြင်းပြနေတာကြောင့် တကယ်လို့သာ ပေ့ါဂ်ဘာနဲ့ဖာနန်ဒက်စ်တွဲဖက်ကစားရင် ယူနိုက်တက်အနေအထားဘယ်လိုရှိမယ် ဆိုတာစိတ်ဝင်စားစရာပါ။
နောက်ထပ်သတင်းကတော့ ကစားသမား တွေရဲ့ အချက်အလက် တွေကို အသေးစိတ် ကောက်ခံရင်း ပါရမီ ရှိတဲ့သူတွေကို ရွေးထုတ် ပေးမယ့် စပါယ်ရှယ်လစ် 8 ဦးကို ယူနိုက်တက်အသင်းအနေနဲ့ခန့်အပ်ဖို့ကြံစည်နေတဲ့ အကြောင်း ပဲဖြစ်ပါတယ်။

photo internet

ယူနိုက်တက် အသင်း ဟာ လက်ရှိမှာ အသင်း ရဲ့ အပြောင်း အရွှေ့ လုပ်ဆောင်ရေး ဌာနကို အကူအညီ တွေ ဖြစ်စေ နိုင်ရေး အတွက် ကစားသမား တွေနဲ့ပတ်သက်ပြီးကောက်ခံ ထားတဲ့ ဒေတာ ကို အခြေခံ ပြီး အရည်အသွေး တွေကို ခွဲခြမ်း စိတ်ဖြာ မုှ ပြုလုပ် ပေးမယ့် သူတွေ ခေါ်ယူ လိုနေ တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်း အရွှေ့ တုန်းက တိုက်စစ်မှူး တစ်ဦး ကို ခေါ်ယူ ချင် နေခဲ့ ပေမယ့် အဆုံးသတ် မှာတော့ ခြေစွမ်း တိုးတက် လာမယ့် လူငယ် ကစားသမား တစ်ယောက် ကို မခေါ်ယူ နိုင်ခဲ့ဘဲ တရုတ် ကလပ် ရှန်ဟိုင်း ရှင်ဟွာ အသင်း မှ အီဟာလို ကိုသာ အရေးပေါ် ပုံစံ နဲ့ အငှား ခေါ်ယူ နိုင်ခဲ့ ပါတယ်။ ဒါ့ကြောင့် အသင်း ဖက်က ကစားသမား ခေါ်ယူဖို့ လိုအပ်တဲ့ အချိန် တွေမှာ အသင်း ရဲ့ လိုအပ်ချက် တွေနဲ့ ကိုက်ညီ နိုင်မယ့် ကစားသမား တွေကို အမြန်ဆုံး ချဉ်းကပ် နိုင်ဖို့ အတွက် ယူနိုက်တက် အသင်း က အပြောင်းအရွှေ့ ဌာန ကို ပိုမို ကျစ်လျစ် အောင် လုပ်ဆောင် လိုနေ တာပဲ ဖြစ်ပါတယ် ။ထပ်မံ သိရှိခဲ့ ရတဲ့ သတင်း တွေ အရ တော့ ယူနိုက်တက် ရဲ့ အဆိုပါ ခွဲခြမ်း စိတ်ဖြာရေး လုပ်ဆောင်မယ့် ဌာန အသစ် ဟာ အလားအလာ ကောင်းတဲ့ ကစားသမား တွေရဲ့ အချက်အလက် တွေကို စိစစ် ပေးမှာ ဖြစ်သလို အကယ်ဒမီ ထွက် ကစားသမား တွေ ထဲကနေမှ အရည်အသွေး ရှိသူ တွေကို ရွေးထုတ် ပေးမှာ ပဲ ဖြစ်ပါတယ် ။

photo internet

အဲဒီအချက်အလက်တွေကို အသင်းရဲ့ ဆေးအဖွဲ့ဝင် နဲ့အခြားသက်ဆိုင်သူတွေဆီ ပို့ဆောင်ပေးမှာဖြစ်ပြီး အဲနောက်မှာမှ အဆုံးသတ်ခေါ်ယူမှု တွေလုပ်ဆောင်မှာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက်အသင်းဟာ ကစားသမား တွေကိုခေါ်ယူ နိုင်ရေးမှာ ဒေတာ အချက်အလက် တွေကို အသေးစိတ် စိစစ်မှု မရှိပဲ ကွင်းအတွင်း စွမ်းဆောင်ရည် အချို့ ကိုသာ ကြည့်ရှု အကဲခတ် ပြီး ခေါ်ယူ ခဲ့တာ ကြာမြင့်ခဲ့ ပါပြီ ။
ဒါ့ကြောင့် အခုလို အချက်အလက် တွေ စုံစုံလင်လင် ကြည့်ရှု စစ်ဆေးခြင်း ၊ ကွင်းအတွင်း စွမ်းဆောင်ရည် တွေကိုပါ လိုက်လံအကဲခတ်ခြင်းတွေကိုလုပ်ဆောင်လိုက်မယ်ဆိုရင် နောက်ပိုင်း အပြောင်းအရွှေ့ တွေမှာ မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှု တွေကို လုပ်ဆောင်နိုင်ခြေနည်းလာပါလိမ့်မယ်။ အချက်အလက် စိစစ်ပေးတဲ့ စပါယ်ရှယ်လစ် တွေခန့်အပ်ဖြစ်မယ်ဆိုရင် သူတို့တွေရဲ့လုပ်ဆောင်နိုင်စွမ်းတွေ ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ကြရပါမယ်။

photo internet

အခြားသတင်းတိုတွေအနေနဲ့ကတော့ ယူနိုက်တက်တို့ဟာ ဒေါ့မွန်အသင်းရဲ့ညာတောင်ပံတိုက်စစ်မှူး ဆန်ချိုကိုခေါ်ယူဖို့အတွက် ထိပ်ဆုံးကဦးဆောင်နေတယ်လို့သိရပါတယ်။ သတင်းတွေအရ ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရှိနေပြီဖြစ်တယ်လို့ သိရသလို၊ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ဟာဆန်ချိုနဲ့ တွဲဖက်ပြီးတော့ ကစားစေဖို့အတွက် အာဘီလိုက်ဇစ်အသင်းရဲ့တိုက်စစ်မှူး ဝါနာကိုပါခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့ ဝါနာကို လီဗာပူးလ်အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့ ယူနိုက်တက်အနေနဲ့ခေါ်ယူဖို့ အတွက်တော်တော်လေးခက်ခက်ခဲခဲကြိုးစားရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ လာမယ့်မတ်လ(၈)ရက်နေ့ ည(၁၁)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် မိုက်ဒိန်းမှတာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

photo internet

M Cash 24 အကှောငြးသိလိုပါက M Cash 24 ကို နှိပပြါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းတိုထြာမ်ား

ပထမဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ ေပ့ါဘာနဲ႔ပတ္သက္တဲ့အေၾကာင္းျဖစ္ပါတယ္။ ေပါ့ဂ္ဘာဟာ ေျခက်င္းဝတ္ဒဏ္ရာခြဲစိတ္ကုသခဲ့ရၿပီး ဒီဇင္ဘာ ၂၆ ရက္ေနာက္ပိုင္း ယူႏိုက္တက္အတြက္ လုံးဝကစားေပးထားျခင္းမရွိသူျဖစ္ပါတယ္။ ဒဏ္ရာက ျပန္လည္သက္သာလာေနၿပီး ႀကံ့ခိုင္မႈျပည့္ဝဖို႔ ႀကိဳးစားေနရတဲ့ ယူႏိုက္တက္ကြင္းလယ္လူေပါ့ဂ္ဘာဟာ အသင္းအတြက္ျပန္လည္ကစားေပးႏိုင္ပါက အသင္းေဖာ္သစ္ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ တြဲဖက္ကာ ေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။ ဒူဘိုင္းမွာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို သြားေရာက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေပါ့ဂ္ဘာက ကာရင္တန္ေလ့က်င့္ေရးကြင္းကို ျပန္လည္ေရာက္ရွိေနၿပီလို႔ သိရပါတယ္။ ေပါ့ဂ္ဘာရဲ႕ဒဏ္ရာျပန္လည္ သက္သာလာတာေၾကာင့္ လာမယ့္အပတ္ထဲမွာ ေလ့က်င့္မႈေတြစတင္ႏိုုင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ေပါ့ဂ္ဘာအေနနဲ႔ အသင္းကေနထြက္ခြာလိုတယ္လုိ႔သတင္းေတြထြက္ေနေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ အတြဲအဖက္မိမိကစားႏိုင္ဖို႔ ရည္ရြယ္ထားေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အတြက္ ဖာနန္ဒက္စ္က ေနာက္ဆုံးကစားခဲ့တဲ့ ၃ပြဲမွာ ၃ဂိုးအထိသြင္းယူေပးထားၿပီး ၿပိဳင္ပြဲစုံဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးထားၿပီးျဖစ္ပါ တယ္။ ေပါ့ဂ္ဘာက အရည္အေသြးျမင့္မားတဲ့ အသင္းေဖာ္သစ္နဲ႔ တြဲဖက္ကစားဖို႔ ဆႏၵျပင္းျပေနတာေၾကာင့္ တကယ္လို႔သာ ေပ့ါဂ္ဘာနဲ႔ဖာနန္ဒက္စ္တြဲဖက္ကစားရင္ ယူႏိုက္တက္အေနအထားဘယ္လုိရိွမယ္ ဆိုတာစိတ္၀င္စားစရာပါ။
ေနာက္ထပ္သတင္းကေတာ့ ကစားသမား ေတြရဲ႕ အခ်က္အလက္ ေတြကို အေသးစိတ္ ေကာက္ခံရင္း ပါရမီ ရွိတဲ့သူေတြကို ေ႐ြးထုတ္ ေပးမယ့္ စပါယ္ရွယ္လစ္ 8 ဦးကို ယူႏိုက္တက္အသင္းအေနနဲ႔ခန္႔အပ္ဖို႔ႀကံစည္ေနတဲ့ အေၾကာင္း ပဲျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္း ဟာ လက္ရွိမွာ အသင္း ရဲ႕ အေျပာင္း အေ႐ႊ႕ လုပ္ေဆာင္ေရး ဌာနကို အကူအညီ ေတြ ျဖစ္ေစ ႏိုင္ေရး အတြက္ ကစားသမား ေတြနဲ႔ပတ္သက္ၿပီးေကာက္ခံ ထားတဲ့ ေဒတာ ကို အေျခခံ ၿပီး အရည္အေသြး ေတြကို ခြဲျခမ္း စိတ္ျဖာ မုွ ျပဳလုပ္ ေပးမယ့္ သူေတြ ေခၚယူ လိုေန တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္း အေ႐ႊ႕ တုန္းက တိုက္စစ္မႉး တစ္ဦး ကို ေခၚယူ ခ်င္ ေနခဲ့ ေပမယ့္ အဆုံးသတ္ မွာေတာ့ ေျခစြမ္း တိုးတက္ လာမယ့္ လူငယ္ ကစားသမား တစ္ေယာက္ ကို မေခၚယူ ႏိုင္ခဲ့ဘဲ တ႐ုတ္ ကလပ္ ရွန္ဟိုင္း ရွင္ဟြာ အသင္း မွ အီဟာလို ကိုသာ အေရးေပၚ ပုံစံ နဲ႔ အငွား ေခၚယူ ႏိုင္ခဲ့ ပါတယ္။ ဒါ့ေၾကာင့္ အသင္း ဖက္က ကစားသမား ေခၚယူဖို႔ လိုအပ္တဲ့ အခ်ိန္ ေတြမွာ အသင္း ရဲ႕ လိုအပ္ခ်က္ ေတြနဲ႔ ကိုက္ညီ ႏိုင္မယ့္ ကစားသမား ေတြကို အျမန္ဆုံး ခ်ဥ္းကပ္ ႏိုင္ဖို႔ အတြက္ ယူႏိုက္တက္ အသင္း က အေျပာင္းအေ႐ႊ႕ ဌာန ကို ပိုမို က်စ္လ်စ္ ေအာင္ လုပ္ေဆာင္ လိုေန တာပဲ ျဖစ္ပါတယ္ ။ထပ္မံ သိရွိခဲ့ ရတဲ့ သတင္း ေတြ အရ ေတာ့ ယူႏိုက္တက္ ရဲ႕ အဆိုပါ ခြဲျခမ္း စိတ္ျဖာေရး လုပ္ေဆာင္မယ့္ ဌာန အသစ္ ဟာ အလားအလာ ေကာင္းတဲ့ ကစားသမား ေတြရဲ႕ အခ်က္အလက္ ေတြကို စိစစ္ ေပးမွာ ျဖစ္သလို အကယ္ဒမီ ထြက္ ကစားသမား ေတြ ထဲကေနမွ အရည္အေသြး ရွိသူ ေတြကို ေ႐ြးထုတ္ ေပးမွာ ပဲ ျဖစ္ပါတယ္ ။
အဲဒီအခ်က္အလက္ေတြကို အသင္းရဲ႕ ေဆးအဖြဲ႕ဝင္ နဲ႔အျခားသက္ဆိုင္သူေတြဆီ ပို႔ေဆာင္ေပးမွာျဖစ္ၿပီး အဲေနာက္မွာမွ အဆုံးသတ္ေခၚယူမႈ ေတြလုပ္ေဆာင္မွာပဲ ျဖစ္ပါတယ္ ။ ယူႏိုက္တက္အသင္းဟာ ကစားသမား ေတြကိုေခၚယူ ႏိုင္ေရးမွာ ေဒတာ အခ်က္အလက္ ေတြကို အေသးစိတ္ စိစစ္မႈ မရွိပဲ ကြင္းအတြင္း စြမ္းေဆာင္ရည္ အခ်ိဳ႕ ကိုသာ ၾကည့္ရႈ အကဲခတ္ ၿပီး ေခၚယူ ခဲ့တာ ၾကာျမင့္ခဲ့ ပါၿပီ ။
ဒါ့ေၾကာင့္ အခုလို အခ်က္အလက္ ေတြ စုံစုံလင္လင္ ၾကည့္ရႈ စစ္ေဆးျခင္း ၊ ကြင္းအတြင္း စြမ္းေဆာင္ရည္ ေတြကိုပါ လိုက္လံအကဲခတ္ျခင္းေတြကိုလုပ္ေဆာင္လိုက္မယ္ဆိုရင္ ေနာက္ပိုင္း အေျပာင္းအေ႐ႊ႕ ေတြမွာ မွားယြင္းတဲ့ ကစားသမား ေခၚယူမႈ ေတြကို လုပ္ေဆာင္ႏိုင္ေျခနည္းလာပါလိမ့္မယ္။ အခ်က္အလက္ စိစစ္ေပးတဲ့ စပါယ္ရွယ္လစ္ ေတြခန္႔အပ္ျဖစ္မယ္ဆိုရင္ သူတို႔ေတြရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြ ဘယ္လုိုရိွမလဲဆုိတာ ေစာင့္ၾကည့္ၾကရပါမယ္။
အျခားသတင္းတိုေတြအေနနဲ႔ကေတာ့ ယူႏုိက္တက္တို႔ဟာ ေဒါ့မြန္အသင္းရဲ႕ညာေတာင္ပံတိုက္စစ္မွဴး ဆန္ခ်ိဳကိုေခၚယူဖို႔အတြက္ ထိပ္ဆံုးကဦးေဆာင္ေနတယ္လို႔သိရပါတယ္။ သတင္းေတြအရ ဆန္ခ်ိဳနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရွိေနျပီျဖစ္တယ္လို႔ သိရသလို၊ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ ဒါ့အျပင္ ယူႏုိုက္တက္တို႔ဟာဆန္ခ်ိဳနဲ႔ တြဲဖက္ျပီးေတာ့ ကစားေစဖို႔အတြက္ အာဘီလိုက္ဇစ္အသင္းရဲ႕တိုက္စစ္မွဴး ၀ါနာကိုပါေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ ဒါေပမ့ဲ ၀ါနာကို လီဗာပူးလ္အသင္းကလည္းေခၚယူဖို႔စိတ္၀င္စားေနျပီးေတာ့ ယူႏိုက္တက္အေနနဲ႔ေခၚယူဖို႔ အတြက္ေတာ္ေတာ္ေလးခက္ခက္ခဲခဲၾကိဳးစားရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ လာမယ့္မတ္လ(၈)ရက္ေန႔ ည(၁၁)နာရီအခ်ိ္န္မွာ ယွဥ္ျပိဳင္ကစားမယ့္ ယူနုိက္တက္နဲ႔ မန္စီးတီးတို႔ရဲ႕မန္ခ်က္စတာ ဒါဘီ ပြဲစဥ္ကို ကြင္းလယ္ဒိုင္အျဖစ္ မိုက္ဒိန္းမွတာ၀န္ယူကိုင္တြယ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။