ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ……..

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဖြစ်သူ လုခ်ရှောတစ်ယောက် မေဆင်ဂရင်းဝုဒ်ရဲ့ခြေစွမ်းကြောင့် အံ့အားသင့်ခဲ့ရတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ အသင်း ရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ် မှာပဲ ဘယ် ၊ ညာ ခြေထောက် နှစ်ခုလုံး ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြု ကစား ပြခဲ့တဲ့ ဂရင်းဝုဒ်က သူအပါအဝင်အားလုံးကို အံ့အားသင့်စေခဲ့တယ်ဆိုပြီး လုခ်ရှောက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဂရင်းဝုဒ် ဟာ အသင်း အတွက် ကစား ပေးတဲ့အခါမှာလည်း ဂိုးပေါက် ကန်သွင်းတဲ့ အခါ တွေမှာ ဘယ်ခြေ ၊ ညာခြေ ရွေး မနေဘဲ အဆင်ပြေတဲ့ ခြေထောက် နဲ့ ဂိုး ရရှိ နိုင်ဖို့ ကြိုးစား အားထုတ် ခဲ့တာဖြစ်ပါတယ်။

photo internet

အခု ဆိုရင် ဂရင်းဝုဒ် ဟာ အသင်း အတွက် တစ် ရာသီ အတွင်း ပြိုင်ပွဲစုံ 11 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ပါပြီ ။ “FIFA 20 နဲ့ပတ်သက်ပြီး 5 star ပေးသင့်တဲ့ကစားသမားတစ်ယောက်ကို ကျွန်တော်ရွေးချယ်ရမယ်ဆိုရင်တော့ ကျွန်တော် ကတော့ ဂရင်းဝုဒ် လို့ပဲ ဖြေကြား ပါရစေ ။ သူဟာ ခြေထောက် နှစ်ချောင်း စလုံး ကို အသုံး ပြုနိုင် ပါတယ် ။ တစ်ခါတလေ မှာ သူက ဖရီးကစ် ကို ညာခြေ နဲ့ ကန်တတ် ပေမယ့် ထောင့်ကန်ဘော ကန်တဲ့ အခါ ကျတော့ ဘယ်ခြေ သုံးတာမျိုး ဖြစ်သွား တတ် ပါတယ်။သူကဘယ်အချိန်ပဲဖြစ်ဖြစ် အဆင် ပြေမယ် လို့ ခံစား ရတဲ့ ခြေထောက် နဲ့ပဲ ဂိုးတွေ ကန်သွင်း ပြတတ် ပါတယ်။ ကန်ချက်တွေနဲ့ပတ်သက်ပြီး ဂရင်းဝုဒ် ဟာ အတော်လေး တည်ငြိမ် အေးဆေး နေတတ် ပြီး ယုံကြည် မှု အပြည့် ရှိနေ တတ်ပါတယ်။

photo internet

အသင်း ရဲ့ လေ့ကျင့်ရေးကွင်းကို ပထမဆုံး အကြိမ် စတင် ရောက်ရှိ တုန်းက ဂရင်းဝုဒ်ကအဲလိုခြေစွမ်း တွေလုပ်ဆောင် ပြခဲ့ပါတယ်။ သူဘယ်သူမှန်းကိုကျွန်တော်တို့ အဲဒီတုန်းက ကောင်းကောင်းမသိကြသေးပါဘူး။ သူခြေစွမ်းပြတာနဲ့ပတ်သက်ပြီးအကုန်လုံးက ဘယ်လိုကောင်လေးလဲ မသိဘူးဆိုပြီးတွေးထင်ခဲ့ကြပါတယ် ”လို့ လုခ်ရှော က ပြောဆိုပါတယ်။

photo internet

ဒုတိယသတင်းတစ်ပုဒ်ကတော့ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ လက်ရှိ လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် ဟာ ဖရက်ဒ်ရဲ့ယူနိုက်တက် ကစားသမား ဘဝ ကို တိုးတက် ကောင်းမွန်အောင် ကူညီ လုပ်ဆောင်ပေးခဲ့တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ယူနိုက်တက် အသင်း ကို ဆိုးလ်ရှား ကိုင်တွယ် ခဲ့တဲ့ အချိန် မှာ ဖရက်ဒ် ဟာ ပွဲထွက်ခွင့် တွေနဂိုထက်ပိုမိုများလာခဲ့ပါတယ်။ ဒီ ရာသီ မှာယူနိုက်တက် အသင်း ရဲ့ အဓိက ကွင်းလယ် ကစားသမား တွေ ဖြစ်တဲ့ ပေါ့ဂ်ဘာ နဲ့ တော်မီနေး တို့ရဲ့ ဒဏ်ရာ ပြဿနာ တွေအပြင်မာတစ် ရဲ့ ပုံစံ ကောင်း မပြ နိုင်ခဲ့ မှု တွေကြောင့် ယူနိုက်တက် အတွက် ရွေးချယ် စရာ မရှိ ဘဲ ပွဲစဉ် တိုင်း နီးပါး ဖရက်ဒ် ကို ထည့်သွင်း ကစား စေခဲ့ရ ပါတယ် ။

photo internet

“ကျွန်တော့် အတွက် နိုင်ငံ အသစ် ၊ နယ်မြေ အသစ် ၊ ကစားဟန် အသစ် မှာ အံဝင် နိုင်ဖို့ အချိန် ပေးခဲ့ ရတယ် လို့ ထင်ပါတယ် ။ အစပိုင်းအသားမကျခင်အခြေအနေက ကျွန်တော့် အတွက် အခက်ခဲဆုံး အရာ တစ်ခု ပါပဲ ။ မိုက်ကယ် ကာရစ် ဟာ ကျွန်တော့် ကို နေ့စဉ် အကူအညီ များစွာပေးခဲ့ ပါတယ် ။ သူက ကွင်းထဲ ရှိနေ ခဲ့တဲ့ ကျွန်တော့် ကို ဘယ်လို နေရာယူ ကစားရ မလဲ ၊ ဘယ် နေရာ ကို သွားရောက် ရမလဲ ဆိုတာ တွေကို မကြာခဏ ညွှန်ကြား ပေးခဲ့ ပါတယ် ။ကျွန်တော်တို့နေ့ရက်တိုင်းလိုလိုစကားပြောဖြစ်ပါတယ်။ ကာရစ် က ကျွန်တော့် ကို အမြဲ ကူညီပေး သလို စကား တွေလည်း အများကြီး ပြောဆို ညွှန်ကြား ခဲ့သူ တစ်ဦး ပါပဲ ။ ကျွန်တော် အသင်းကို စတင် ရောက်ရှိ ခဲ့စဉ် တုန်းက ကွင်းလယ် ပိုင်းမှာ ဘောလုံးကိုင် ကစား နိုင်ဖို့ ကိုပဲ ဦးစားပေး ကြိုးစား ခဲ့ပါတယ်။ အဲ့ဒီ အချိန် တုန်းက ပြိုင်ဖက် ကစားသမား တစ်ယောက် ၊ နှစ်ယောက်လောက် ကျွန်တော့် ဆီကို ပြေးလာရင် ဘောလုံး ကို ကန်ထုတ် လိုက်ခဲ့တာ ချည်း ပါပဲ ။ အခုတော့ ကျွန်တော်အချို့အခြေအနေတွေကိုပိုမို သဘောပေါက်လာခဲ့ပြီးတော့ ကစားပွဲမှာ သန်မာလျင်မြန်ဖို့ပိုကြိုးစားနေပါတယ်။ ကာရစ် က ကျွန်တော့် ကို ကွင်းထဲ မှာ အေးဆေး တည်ငြိမ် နေဖို့ သင်ကြား ပေးခဲ့ ပါတယ်”ဆိုပြီး ဖရက်ဒ်ကပြောပါတယ်။

photo internet

နောက်သတင်းတစ်ပုဒ်ကတော့ အဲဗာတန်နည်းပြသစ် အန်ဆယ်လော့တီက ယူနိုက်တက်နည်းပြဆိုးလ်ရှား ကိုစိန်ခေါ်စကားတွေပြောဆိုလာတဲ့အကြောင်းပဲဖြစ်ပါတယ်။ ချယ်ဆီးနည်းပြဟောင်း အန်ဆယ်လော့တီဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့နည်းပြ တစ်ယောက်ဖြစ်ပြီး၊ ယူနိုက်တက်နည်းပြဟောင်း ဖာဂူူဆန်နဲ့ အကြိမ်တော်တော်များများတွေ့ဆုံခဲ့ဖူးသူ တစ်ဦးပဲဖြစ်ပါတယ်။ “ကျွန်တော်အရင်အသင်းရဲ့ နည်းပြဘဝမှာ တုန်းက ဖာဂူဆန်ကိုင်တွယ်နေတဲ့ယူနိုက်တက်နဲ့ မကြာခဏတွေ့ဆုံခဲ့ဖူးပါတယ်။ ယူနိုက်တက်ဟာ ကျွန်တော့်အတွက်တော့ အခက်ခဲဆုံး ပြိုင်ဘက်ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက အမှတ်ပေးဇယား အရဆိုရင် လွန်ခဲ့တဲ့ ၃ လကထက်တော့ တိုးတက်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အခုယူနိုက်တက်နဲ့ကစားရမယ့် ပွဲအတွက် မျှော်လင့်ချက်တွေထားထားပါတယ်။ ကျွန်တော်တို့အသင်း အနိုင်ရရင် ယူနိုက်တက်နဲ့ ၂ မှတ်သာ ကွာဟတော့မယ်ဆိုတဲ့အချက်က ကျွန်တော်တို့အတွက် အားတက်စေတဲ့ မက်လုံးပဲဖြစ်ပါတယ်။”ဆိုပြီး အန်ဆယ်လော့တီကပြောဆိုပါတယ်။

photo internet

အခြားသတင်းတိုများအနေနဲ့ကတော့ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂရီလစ်ဟာသူ့အနေနဲ့ ယူနိုက်တက်နဲ့ သတင်းတွေထွက်နေပေမယ့် လာမယ့်နွေရာသီမှာ အက်စတွန်ဗီလာမှာပဲဆက်လက်ရှိနေဖွယ်ရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ယူနိုက်တက် ၊ ချယ်ဆီး ၊ လီဗာပူးလ်နဲ့ စပါးအသင်းတို့ဟာ ကနေဒါတိုက်စစ်မှုး ဂျော်နသန်ဒေးဗစ်ကို ပေါင် သန်း ၂၀ နဲ့ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။သူဟာ ဘယ်ဂျီယန်ကလပ် ဂျန့်အသင်းအတွက် ဒီရာသီ ၂၃ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ FAလူငယ်ဖလားပွဲစဉ်မှာ ယူနိုက်တက်ယူ(၁၈)အသင်းဟာ ဝီဂန်ယူ(၁၈)အသင်းကို (၂-၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဆီးမီးဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းတိုထြာမ်ား……..

ပထမဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ ယူႏိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံကစားသမား ျဖစ္သူ လုခ္ေရွာတစ္ေယာက္ ေမဆင္ဂရင္း၀ုဒ္ရဲ႕ေျခစြမ္းေၾကာင့္ အံ့အားသင့္ခဲ့ရတယ္ဆိုတဲ့အေၾကာင္းပဲျဖစ္ပါတယ္။ အသင္း ရဲ႕ ပထမဆုံး ေလ့က်င့္ေရး အစီအစဥ္ မွာပဲ ဘယ္ ၊ ညာ ေျခေထာက္ ႏွစ္ခုလုံး ကို ကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳ ကစား ျပခဲ့တဲ့ ဂရင္းဝုဒ္က သူအပါအ၀င္အားလုံးကို အံ့အားသင့္ေစခဲ့တယ္ဆိုၿပီး လုခ္ေရွာက ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။ ဂရင္းဝုဒ္ ဟာ အသင္း အတြက္ ကစား ေပးတဲ့အခါမွာလည္း ဂိုးေပါက္ ကန္သြင္းတဲ့ အခါ ေတြမွာ ဘယ္ေျခ ၊ ညာေျခ ေ႐ြး မေနဘဲ အဆင္ေျပတဲ့ ေျခေထာက္ နဲ႔ ဂိုး ရရွိ ႏိုင္ဖို႔ ႀကိဳးစား အားထုတ္ ခဲ့တာျဖစ္ပါတယ္။ အခု ဆိုရင္ ဂရင္းဝုဒ္ ဟာ အသင္း အတြက္ တစ္ ရာသီ အတြင္း ၿပိဳင္ပြဲစုံ 11 ဂိုး အထိ သြင္းယူ ေပးထား ႏိုင္ခဲ့ပါၿပီ ။ “FIFA 20 နဲ႔ပတ္သက္ၿပီး 5 star ေပးသင့္တဲ့ကစားသမားတစ္ေယာက္ကို ကၽြန္ေတာ္ေရြးခ်ယ္ရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ ကေတာ့ ဂရင္းဝုဒ္ လို႔ပဲ ေျဖၾကား ပါရေစ ။ သူဟာ ေျခေထာက္ ႏွစ္ေခ်ာင္း စလုံး ကို အသုံး ျပဳႏိုင္ ပါတယ္ ။ တစ္ခါတေလ မွာ သူက ဖရီးကစ္ ကို ညာေျခ နဲ႔ ကန္တတ္္ ေပမယ့္ ေထာင့္ကန္ေဘာ ကန္တဲ့ အခါ က်ေတာ့ ဘယ္ေျခ သုံးတာမ်ိဳး ျဖစ္သြား တတ္ ပါတယ္။သူကဘယ္အခ်ိန္ပဲျဖစ္ျဖစ္ အဆင္ ေျပမယ္ လို႔ ခံစား ရတဲ့ ေျခေထာက္ နဲ႔ပဲ ဂိုးေတြ ကန္သြင္း ျပတတ္ ပါတယ္။ ကန္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ဂရင္းဝုဒ္ ဟာ အေတာ္ေလး တည္ၿငိမ္ ေအးေဆး ေနတတ္ ၿပီး ယုံၾကည္ မႈ အျပည့္ ရွိေန တတ္ပါတယ္။ အသင္း ရဲ႕ ေလ့က်င့္ေရးကြင္းကို ပထမဆုံး အႀကိမ္ စတင္ ေရာက္ရွိ တုန္းက ဂရင္း၀ုဒ္ကအဲလိုေျခစြမ္း ေတြလုပ္ေဆာင္ ျပခဲ့ပါတယ္။ သူဘယ္သူမွန္းကိုကၽြန္ေတာ္တို႔အဲဒီတုန္းက ေကာင္းေကာင္းမသိၾကေသးပါဘူး။သူေျခစြမ္းျပတာနဲ႔ပတ္သက္ၿပီးအကုန္လုံးက ဘယ္လုိေကာင္ေလးလဲ မသိဘူးဆိုၿပီးေတြးထင္ခဲ့ၾကပါတယ္ ”လို႔ လုခ္ေရွာ က ေျပာဆိုပါတယ္။
ဒုတိယသတင္းတစ္ပုဒ္ကေတာ့ ယူႏိုက္တက္ အသင္း ရဲ႕ ကြင္းလယ္ ကစားသမား ေဟာင္း ျဖစ္တဲ့ လက္ရွိ လက္ေထာက္ နည္းျပ မိုက္ကယ္ ကာရစ္ ဟာ ဖရက္ဒ္ရဲ႕ယူႏိုက္တက္ ကစားသမား ဘဝ ကို တိုးတက္ ေကာင္းမြန္ေအာင္ ကူညီ လုပ္ေဆာင္ေပးခဲ့တယ္ဆိုတဲ့အေၾကာင္းပဲျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္း ကို ဆိုးလ္ရွား ကိုင္တြယ္ ခဲ့တဲ့ အခ်ိန္ မွာ ဖရက္ဒ္ ဟာ ပြဲထြက္ခြင့္ ေတြနဂိုထက္ပိုမိုမ်ားလာခဲ့ပါတယ္။ ဒီ ရာသီ မွာယူႏိုက္တက္ အသင္း ရဲ႕ အဓိက ကြင္းလယ္ ကစားသမား ေတြ ျဖစ္တဲ့ ေပါ့ဂ္ဘာ နဲ႔ ေတာ္မီေနး တို႔ရဲ႕ ဒဏ္ရာ ျပႆနာ ေတြအျပင္မာတစ္ ရဲ႕ ပုံစံ ေကာင္း မျပ ႏိုင္ခဲ့ မႈ ေတြေၾကာင့္ ယူႏိုက္တက္ အတြက္ ေ႐ြးခ်ယ္ စရာ မရွိ ဘဲ ပြဲစဥ္ တိုင္း နီးပါး ဖရက္ဒ္ ကို ထည့္သြင္း ကစား ေစခဲ့ရ ပါတယ္ ။ “ကြၽန္ေတာ့္ အတြက္ ႏိုင္ငံ အသစ္ ၊ နယ္ေျမ အသစ္ ၊ ကစားဟန္ အသစ္ မွာ အံဝင္ ႏိုင္ဖို႔ အခ်ိန္ ေပးခဲ့ ရတယ္ လို႔ ထင္ပါတယ္ ။ အစပိုင္းအသားမက်ခင္အေျခအေနက ကြၽန္ေတာ့္ အတြက္ အခက္ခဲဆုံး အရာ တစ္ခု ပါပဲ ။ မိုက္ကယ္ ကာရစ္ ဟာ ကြၽန္ေတာ့္ ကို ေန႔စဥ္ အကူအညီ မ်ားစြာေပးခဲ့ ပါတယ္ ။ သူက ကြင္းထဲ ရွိေန ခဲ့တဲ့ ကြၽန္ေတာ့္ ကို ဘယ္လို ေနရာယူ ကစားရ မလဲ ၊ ဘယ္ ေနရာ ကို သြားေရာက္ ရမလဲ ဆိုတာ ေတြကို မၾကာခဏ ၫႊန္ၾကား ေပးခဲ့ ပါတယ္ ။ကၽြန္ေတာ္တို႔ေန႔ရက္တုိင္းလုိလုိစကားေျပာျဖစ္ပါတယ္။ ကာရစ္ က ကြၽန္ေတာ့္ ကို အၿမဲ ကူညီေပး သလို စကား ေတြလည္း အမ်ားႀကီး ေျပာဆို ၫႊန္ၾကား ခဲ့သူ တစ္ဦး ပါပဲ ။ ကြၽန္ေတာ္ အသင္းကို စတင္ ေရာက္ရွိ ခဲ့စဥ္ တုန္းက ကြင္းလယ္ ပိုင္းမွာ ေဘာလုံးကိုင္ ကစား ႏိုင္ဖို႔ ကိုပဲ ဦးစားေပး ႀကိဳးစား ခဲ့ပါတယ္။ အဲ့ဒီ အခ်ိန္ တုန္းက ၿပိဳင္ဖက္ ကစားသမား တစ္ေယာက္ ၊ ႏွစ္ေယာက္ေလာက္ ကြၽန္ေတာ့္ ဆီကို ေျပးလာရင္ ေဘာလုံး ကို ကန္ထုတ္ လိုက္ခဲ့တာ ခ်ည္း ပါပဲ ။ အခုေတာ့ ကြၽန္ေတာ္အခ်ဳိ႕အေျခအေနေတြကိုပိုမို သေဘာေပါက္လာခဲ့ၿပီးေတာ့ ကစားပြဲမွာ သန္မာလ်င္ျမန္ဖို႔ပိုႀကိဳးစားေနပါတယ္။ ကာရစ္ က ကြၽန္ေတာ့္ ကို ကြင္းထဲ မွာ ေအးေဆး တည္ၿငိမ္ ေနဖို႔ သင္ၾကား ေပးခဲ့ ပါတယ္”ဆိုၿပီး ဖရက္ဒ္ကေျပာပါတယ္။
ေနာက္သတင္းတစ္ပုဒ္ကေတာ့ အဲဗာတန္နည္းျပသစ္ အန္ဆယ္ေလာ့တီက ယူႏိုက္တက္နည္းျပဆိုးလ္ရွား ကိုစိန္ေခၚစကားေတြေျပာဆိုလာတဲ့အေၾကာင္းပဲျဖစ္ပါတယ္။ ခ်ယ္ဆီးနည္းျပေဟာင္း အန္ဆယ္ေလာ့တီဟာ ပရီးမီးယားလိဂ္ အေတြ႕အၾကဳံရွိတဲ့နည္းျပ တစ္ေယာက္ျဖစ္ၿပီး၊ ယူႏိ္ုက္တက္နည္းျပေဟာင္း ဖာဂူူဆန္နဲ႔ အႀကိမ္ေတာ္ေတာ္မ်ားမ်ားေတြ႕ဆုံခဲ့ဖူးသူ တစ္ဦးပဲျဖစ္ပါတယ္။ “ကၽြန္ေတာ္အရင္အသင္းရဲ႕ နည္းျပဘ၀မွာ တုန္းက ဖာဂူဆန္ကိုင္တြယ္ေနတဲ့ယူႏိုက္တက္နဲ႔ မၾကာခဏေတြ႕ဆုံခဲ့ဖူးပါတယ္။ ယူႏိုက္တက္ဟာ ကၽြန္ေတာ့္အတြက္ေတာ့ အခက္ခဲဆုံး ၿပိဳင္ဘက္ပဲ ျဖစ္ပါတယ္။ ယူႏိ္ုက္တက္အသင္းက အမွတ္ေပးဇယား အရဆိုရင္ လြန္ခဲ့တဲ့ ၃ လကထက္ေတာ့ တိုးတက္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔လည္း အခုယူႏိုက္တက္နဲ႔ကစားရမယ့္ ပြဲအတြက္ ေမွ်ာ္လင့္ခ်က္ေတြထားထားပါတယ္။ ကၽြန္ေတာ္တို႔အသင္း အႏိုင္ရရင္ ယူႏိုက္တက္နဲ႔ ၂ မွတ္သာ ကြာဟေတာ့မယ္ဆိုတဲ့အခ်က္က ကၽြန္ေတာ္တို႔အတြက္ အားတက္ေစတဲ့ မက္လုံးပဲျဖစ္ပါတယ္။”ဆိုၿပီး အန္ဆယ္ေလာ့တီကေျပာဆုိပါတယ္။
အျခားသတင္းတိုမ်ားအေနနဲ႔ကေတာ့ ယူနိုက္တက္တို႔ စိတ္၀င္စားေနတ့ဲ အက္စတြန္ဗီလာအသင္းရဲ႕ ကြင္းလယ္ကစားသမား ဂရီလစ္ဟာသူ႔အေနနဲ႔ ယူႏိုက္တက္နဲ႔ သတင္းေတြထြက္ေနေပမယ့္ လာမယ့္ေႏြရာသီမွာ အက္စတြန္ဗီလာမွာပဲဆက္လက္ရွိေနဖြယ္ရွိတယ္ဆိုတဲ့သတင္းပဲျဖစ္ပါတယ္။ ယူႏိ္ုက္တက္ ၊ ခ်ယ္ဆီး ၊ လီဗာပူးလ္နဲ႔ စပါးအသင္းတို႔ဟာ ကေနဒါတိုက္စစ္မႈး ေဂ်ာ္နသန္ေဒးဗစ္ကို ေပါင္ သန္း ၂၀ နဲ႔ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကပါတယ္။သူဟာ ဘယ္ဂ်ီယန္ကလပ္ ဂ်န္႔အသင္းအတြက္ ဒီရာသီ ၂၃ ဂိုး သြင္းယူထားႏိုင္ခ့ဲပါတယ္။ ဒါ့အျပင္ ျပီးခ့ဲတ့ဲရက္က ကစားခ့ဲတ့ဲ FAလူငယ္ဖလားပြဲစဥ္မွာ ယူနုိက္တက္ယူ(၁၈)အသင္းဟာ ၀ီဂန္ယူ(၁၈)အသင္းကို (၂-၁)ဆိုတ့ဲရလဒ္နဲ႔ အႏိုင္ရခ့ဲတာေၾကာင့္ ဆီးမီးဖုိင္နယ္ကိုတက္ေရာက္သြားႏိုင္ခ့ဲျပီျဖစ္တယ္လို႔ သိရပါတယ္။