ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ယူနိုက်တက်အသင်းက အက်စတွန်ဗီလာကွင်းလယ်လူ ဂရေးလရှ်အတွက် စိတ်ဝင်စားမှု့ကို တိုးမြှင့်ခဲ့ပြီး အဓိကခေါ်ယူရမယ့် ကစားသမားအဖြစ် သတ်မှတ်လိုက်တယ် ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ယူနိုက်တက် ရဲ့ လူသစ်စုဆောင်းရေးအဖွဲ့ဟာ မက်ဒီဆင် ဂျက်ဂရေးလရှ် အပါအဝင် ဥရောပတစ်လွှားက ကွင်းလယ်တိုက်စစ်ကစားသမားများရဲ့ ခြေစွမ်းတွေကို အကဲခတ်လေ့လာ ခဲ့ပြီးနောက် အင်္ဂလန်သား နှစ်ယောက်ကသာ ယူနိုက်တက် အတွက် ခြေစွမ်း၊ပုံရိပ်၊အသုံးဝင်မှု့တို့မှာ တိုက်ရိုက်အသင့်သုံးနိုင်သူတွေဖြစ်မယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

photo internet

ယူနိုက်တက် အသင်းဟာ ဘရူနိုဖာနန်ဒက်စ် ကို ခေါ်ယူပြီးဖြစ်ပေမယ့် ကွင်းလယ်တိုက်စစ်ပိုင်းအတွက်ကစားသမား အသစ်ထပ်မံခေါ်ယူမှာဖြစ်ပြီး၊ ပေါဂ့်ဘာ ထွက်ခွာနိုင်ချေရှိ တဲ့အပေါ်ကိုလည်းကြိုတင်ပြင်ဆင်ထားမှာဖြစ်ပါတယ်။
ဒုတိယသတင်းကတော့ ယူနိုက်တက်အသင်းအနေနဲ့ Gent အသင်းရဲ့ အသက်(၂၀)အရွယ်တိုက်စစ်မှူးလေး ဂျိုနသန်ဒေးဗစ်ရဲ့ခြေစွမ်းတွေကိုစောင့်ကြည့်လေ့လာမှုတွေပြုလုပ် နေတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ Gentအသင်းဟာ ဒေးဗစ်ရဲ့ပြောင်းရွှေ့ကြေးကိုယူရို(၁၈)သန်းဝန်းကျင်သက်မှတ်ထားတယ်လို့ သိရပါတယ်။ ဒေးဗစ်ဟာဒီရာသီမှာ Gent အတွက် (၂၅)ပွဲကစားပေးထားခဲ့ပြီးတော့ သွင်းဂိုး(၁၈)ဂိုးသွင်းယူပေးထား နိုင်ခဲ့ပြီးတော့ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

photo internet

ဒါ့အပြင်နောက်ဆုံး(၆)ပွဲမှာလည်း သွင်းဂိုး (၉)ဂိုးအထိသွင်းယူပေးထားခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ သွင်းဂိုး(၈)ဂိုးနဲ့ ဂိုးဖန်တီးမှု(၄) ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်ကနေဒါနိုင်ငံရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ်လည်း သက်မှတ်ခံထားရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မားကပ်ရက်ဖို့ဒ်၊ ဂရင်းဝုဒ်တို့နဲ့ ပုံစံတူကစားသမားတစ်ယောက်ဖြစ်ပြီးတော့ တောင်ပံတွေမှာလည်းကစားနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။

photo internet

နောက်ဆုံးသတင်းကတော့ အာရှရဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ မီနာမီနို က သူ့အနေနဲ့လီဗာပူး ကိုပြောင်းရွှေ့ဖြစ်ဖို့ဆုံးဖြတ်ချက်ခိုင်မာခဲ့တာဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ရှင်ဂျီကာဂါဝါကြောင့်ဖြစ်တယ်ဆိုတာကိုပြောဆိုလာတဲ့အကြောင်းဖြစ်ပါတယ်။ ဂျပန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့က ရက်ဘူးဆဲလ်ဘတ် ကနေ လီဗာပူးကို စာချုပ် ဖျက်သိမ်းကြေး ပေါင် ၇.၂၅ သန်းနဲ့ အန်ဖီးကို ရောက်လာခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် အဲဒီတုန်းက ဆောက်သမ်တန်မှာ ရှိနေတဲ့ မာယာ ယိုရှီဒါ နဲ့ ကစား ပြောဖြစ် ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး အကြောင်းကိုတော့ ကျွန်တော် သူ့ကို မမေး ခဲ့ပါဘူး။ ကျွန်တော် ပရီးမီးယားလိဂ် ကို ပြောင်းလာမယ် ဆိုပြီးပဲ သူ့ကို ပြောခဲ့ ပါတယ်။ ဒါပေမယ့် ဒီအသင်းဟာ လီဗာပူး ဖြစ်မယ်လို့ ကျွန်တော် သူ့ကို မပြော ခဲ့ပါဘူး။ကျွန်တော် ရှင်ဂျီ ကာဂါဝါ နဲ့လည်း ကစား ပြောခဲ့ပြီး သူကတော့ ဒေါ့မွန်မှာ ယာဂန်ကလော့ ရဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ကလော့ဟာ ရှင်ဂျီ အကြောင်း ကျွန်တော့်ကို ပြောခဲ့ပြီး ရှင်ဂျီ ကလည်း ကလော့ အကြောင်းကို ပြောပါတယ်။

photo internet

ဒီကနေ ကျွန်တော် ခံစားမိ ခဲ့တာ ကတော့ သူတို့ ကြားမှာ တကယ် ကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့တယ် ဆိုတာကို ပါပဲ။ ရှင်ဂျီက ကလော့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြတွေ ထဲက တစ်ဦးလို့ ပြောခဲ့ပါတယ်။ အခု ကျွန်တော် ဒီမှာ ရှိနေပါတယ်။ သူနဲ့ အလုပ်အတူ လုပ်နေရင် သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး ဆိုတာကို ကျွန်တော် သဘောပေါက် ခဲ့ပါတယ်။ ကလပ်ကို ရောက်လာပြီး ၂ရက် ၃ ရက် အကြာမှာပဲ ကလော့က ကျွန်တော့် အနေနဲ့ ကစားချင်တဲ့ ပုံစံအတိုင်း စိတ်ကြိုက် ကစား နိုင်တယ်လို့ ပြောခဲ့ ပါတယ်။ကစားသမား တစ်ဦး အနေနဲ့ သူ ဒီလို ပြောတာကို ကျွန်တော် ပျော်ရွှင် မိပါတယ်။ အဝတ်လဲခန်း ထဲမှာ ဆိုရင်လည်း သူဟာ ကစားသမား တွေကို စိတ်ဓာတ် မြှင့်တင် ပေးရာမှာ အရမ်း ကောင်းခဲ့သူပါ။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ သူ့ရဲ့ စိတ်ဓာတ် လှုံ့ဆော်မှု တွေကို လေ့ကျင့်ရေး အစီအစဉ် မှာတင် မကပါဘူး။ တကယ့်ပွဲ ထဲမှာလည်း ပြန်လည် တုန့်ပြန် သွားချင် ပါတယ်။

photo internet

ကလော့နဲ့ ပက်သက်ပြီး ကျွန်တော့် ရဲ့ ခံစားချက် ကတော့ ဒီကို မပြောင်းခင်ရော ပြောင်းလာ ပြီးတဲ့ အချိန်မှာရော ဘာမှ မခြားနားပါဘူး။ ရှင်ဂျီ ကတော့ သူဟာ ကွင်းထဲမှာ အရမ်းကို စိတ်ခံစားမှု ပြင်းထန်တယ်လို့ ပြောခဲ့ ပါတယ်။ ပြီးတော့ သူဟာ ကစားသမား တွေရဲ့ အကြောင်းကို နားလည်ဖို့ ကြိုးစား ပါတယ်။ ကျွန်တော် ဒီကို ရောက်လာ ကတည်းက သူက ဒီလိုပုံစံမျိုး ဆိုတာ မြင်ခဲ့ရ ပါတယ်။” ဆိုပြီး အာရှသားလေး မီနာမီနို ကပြောဆိုပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းတိုထြာမ်ား

ပထမဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ ယူႏိုက္တက္အသင္းက အက္စတြန္ဗီလာကြင္းလယ္လူ ဂေရးလရွ္အတြက္ စိတ္ဝင္စားမႈ႕ကို တိုးျမႇင့္ခဲ့ၿပီး အဓိကေခၚယူရမယ့္ ကစားသမားအျဖစ္ သတ္မွတ္လုိက္တယ္ ဆိုတဲ့အေၾကာင္းပဲျဖစ္ပါတယ္။ ယူႏိုက္တက္ ရဲ႕ လူသစ္စုေဆာင္းေရးအဖြဲ႕ဟာ မက္ဒီဆင္ ဂ်က္ဂေရးလရွ္ အပါအဝင္ ဥေရာပတစ္လႊားက ကြင္းလယ္တိုက္စစ္ကစားသမားမ်ားရဲ႕ ေျခစြမ္းေတြကို အကဲခတ္ေလ့လာ ခဲ့ၿပီးေနာက္ အဂၤလန္သား ႏွစ္ေယာက္ကသာ ယူႏိုက္တက္ အတြက္ ေျခစြမ္း၊ပုံရိပ္၊အသုံးဝင္မႈ႕တို႔မွာ တိုက္႐ိုက္အသင့္သုံးႏိုင္သူေတြျဖစ္မယ္လို႔ သတ္မွတ္ခဲ့ၾကပါတယ္။ ယူႏိုက္တက္ အသင္းဟာ ဘ႐ူႏိုဖာနန္ဒက္စ္ ကို ေခၚယူၿပီးျဖစ္ေပမယ့္ ကြင္းလယ္တိုက္စစ္ပိုင္းအတြက္ကစားသမားအသစ္ထပ္မံေခၚယူမွာျဖစ္ၿပီး၊ ေပါဂ့္ဘာ ထြက္ခြာႏိုင္ေခ်ရွိ တဲ့အေပၚကိုလည္းႀကိဳတင္ျပင္ဆင္ထားမွာျဖစ္ပါတယ္။
ဒုတိယသတင္းကေတာ့ ယူႏုိက္တက္အသင္းအေနနဲ႔ Gent အသင္းရဲ႕ အသက္(၂၀)အရြယ္တိုက္စစ္မွဴးေလး ဂ်ိုနသန္ေဒးဗစ္ရဲ႕ေျခစြမ္းေတြကိုေစာင့္ၾကည့္ေလ့လာမႈေတြျပဳလုပ္ ေနတယ္ဆုိတဲ့အေၾကာင္းျဖစ္ပါတယ္။ Gentအသင္းဟာ ေဒးဗစ္ရဲ႕ေျပာင္းေရႊ႕ေၾကးကိုယူရို(၁၈)သန္း၀န္းက်င္သက္မွတ္ထားတယ္လို႔ သိရပါတယ္။ ေဒးဗစ္ဟာဒီရာသီမွာ Gent အတြက္ (၂၅)ပြဲကစားေပးထားခ့ဲျပီးေတာ့ သြင္းဂိုး(၁၈)ဂိုးသြင္းယူေပးထား ႏိုင္ခ့ဲျပီးေတာ့ဂိုးဖန္တီးမႈ(၈)ၾကိမ္ျပဳလုပ္ေပးႏိုင္ခ့ဲပါတယ္။ ဒါ့အျပင္ေနာက္ဆံုး(၆)ပြဲမွာလည္း သြင္းဂိုး (၉)ဂိုးအထိသြင္းယူေပးထားခ့ဲတာပဲျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲ ရာသီကေတာ့ သြင္းဂိုး(၈)ဂိုးနဲ႔ ဂိုးဖန္တီးမႈ(၄)ၾကိမ္ျပဳလုပ္ႏိုင္ခ့ဲပါတယ္။ ဒါ့အျပင္ကေနဒါႏိုင္ငံရဲ႕တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားအျဖစ္လည္း သက္မွတ္ခံထားရတ့ဲ သူတစ္ေယာက္ျဖစ္ပါတယ္။ မားကပ္ရက္ဖို႔ဒ္၊ ဂရင္း၀ုဒ္တို႔နဲ႔ ပံုစံတူကစားသမားတစ္ေယာက္ျဖစ္ျပီးေတာ့ ေတာင္ပံေတြမွာလည္းကစားႏိုင္တ့ဲ တိုက္စစ္မွဴးတစ္ေယာက္ျဖစ္ပါတယ္။
ေနာက္ဆုံးသတင္းကေတာ့ အာရွရဲ႕ၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ မီနာမီနို က သူ႔အေနနဲ႔လီဗာပူး ကိုေျပာင္းေရႊ႕ျဖစ္ဖို႔ဆုံးျဖတ္ခ်က္ခိုင္မာခဲ့တာဟာ မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူေဟာင္း ရွင္ဂ်ီကာဂါဝါေၾကာင့္ျဖစ္တယ္ဆိုတာကိုေျပာဆိုလာတဲ့အေၾကာင္းျဖစ္ပါတယ္။ ဂ်ပန္လက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ြ႕က ရက္ဘူးဆဲလ္ဘတ္ ကေန လီဗာပူးကို စာခ်ဳပ္ ဖ်က္သိမ္းေၾကး ေပါင္ ၇.၂၅ သန္းနဲ႔ အန္ဖီးကို ေရာက္လာခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ အဲဒီတုန္းက ေဆာက္သမ္တန္မွာ ရွိေနတဲ့ မာယာ ယိုရွီဒါ နဲ႔ ကစား ေျပာျဖစ္ ခဲ့ပါတယ္။ ဒါေပမယ့္ လီဗာပူး အေၾကာင္းကိုေတာ့ ကြၽန္ေတာ္ သူ႔ကို မေမး ခဲ့ပါဘူး။ ကြၽန္ေတာ္ ပရီးမီးယားလိဂ္ ကို ေျပာင္းလာမယ္ ဆိုၿပီးပဲ သူ႔ကို ေျပာခဲ့ ပါတယ္။ ဒါေပမယ့္ ဒီအသင္းဟာ လီဗာပူး ျဖစ္မယ္လို႔ ကြၽန္ေတာ္ သူ႔ကို မေျပာ ခဲ့ပါဘူး။ကြၽန္ေတာ္ ရွင္ဂ်ီ ကာဂါဝါ နဲ႔လည္း ကစား ေျပာခဲ့ၿပီး သူကေတာ့ ေဒါ့မြန္မွာ ယာဂန္ကေလာ့ ရဲ႕ ကစားသမား ျဖစ္ခဲ့ပါတယ္။ ကေလာ့ဟာ ရွင္ဂ်ီ အေၾကာင္း ကြၽန္ေတာ့္ကို ေျပာခဲ့ၿပီး ရွင္ဂ်ီ ကလည္း ကေလာ့ အေၾကာင္းကို ေျပာပါတယ္။ ဒီကေန ကြၽန္ေတာ္ ခံစားမိ ခဲ့တာ ကေတာ့ သူတို႔ ၾကားမွာ တကယ္ ေကာင္းတဲ့ ဆက္ဆံေရး ရွိခဲ့တယ္ ဆိုတာကို ပါပဲ။ ရွင္ဂ်ီက ကေလာ့ဟာ ကမာၻေပၚမွာ အေကာင္းဆုံး နည္းျပေတြ ထဲက တစ္ဦးလို႔ ေျပာခဲ့ပါတယ္။ အခု ကြၽန္ေတာ္ ဒီမွာ ရွိေနပါတယ္။ သူနဲ႔ အလုပ္အတူ လုပ္ေနရင္ သူဟာ ကမာၻ႔အေကာင္းဆုံး နည္းျပ တစ္ဦး ဆိုတာကို ကြၽန္ေတာ္ သေဘာေပါက္ ခဲ့ပါတယ္။ ကလပ္ကို ေရာက္လာၿပီး ၂ရက္ ၃ ရက္ အၾကာမွာပဲ ကေလာ့က ကြၽန္ေတာ့္ အေနနဲ႔ ကစားခ်င္တဲ့ ပုံစံအတိုင္း စိတ္ႀကိဳက္ ကစား ႏိုင္တယ္လို႔ ေျပာခဲ့ ပါတယ္။ကစားသမား တစ္ဦး အေနနဲ႔ သူ ဒီလို ေျပာတာကို ကြၽန္ေတာ္ ေပ်ာ္႐ႊင္ မိပါတယ္။ အဝတ္လဲခန္း ထဲမွာ ဆိုရင္လည္း သူဟာ ကစားသမား ေတြကို စိတ္ဓာတ္ ျမႇင့္တင္ ေပးရာမွာ အရမ္း ေကာင္းခဲ့သူပါ။ ဒါ့ေၾကာင့္ ကြၽန္ေတာ့္ အေနနဲ႔ သူ႔ရဲ႕ စိတ္ဓာတ္ လႈံ႕ေဆာ္မႈ ေတြကို ေလ့က်င့္ေရး အစီအစဥ္ မွာတင္ မကပါဘူး။ တကယ့္ပြဲ ထဲမွာလည္း ျပန္လည္ တုန႔္ျပန္ သြားခ်င္ ပါတယ္။
ကေလာ့နဲ႔ ပက္သက္ၿပီး ကြၽန္ေတာ့္ ရဲ႕ ခံစားခ်က္ ကေတာ့ ဒီကို မေျပာင္းခင္ေရာ ေျပာင္းလာ ၿပီးတဲ့ အခ်ိန္မွာေရာ ဘာမွ မျခားနားပါဘူး။ ရွင္ဂ်ီ ကေတာ့ သူဟာ ကြင္းထဲမွာ အရမ္းကို စိတ္ခံစားမႈ ျပင္းထန္တယ္လို႔ ေျပာခဲ့ ပါတယ္။ ၿပီးေတာ့ သူဟာ ကစားသမား ေတြရဲ႕ အေၾကာင္းကို နားလည္ဖို႔ ႀကိဳးစား ပါတယ္။ ကြၽန္ေတာ္ ဒီကို ေရာက္လာ ကတည္းက သူက ဒီလိုပုံစံမ်ိဳး ဆိုတာ ျမင္ခဲ့ရ ပါတယ္။” ဆိုၿပီး အာရွသားေလး မီနာမီနို ကေျပာဆုိပါတယ္။