ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ……

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ အီဘရာဟီမိုဗစ်က ယူနိုက်တက်ကစားသမားနှစ်ယောက် ကိုခနဲ့တဲ့တဲ့နှိမ်ပြောပြောလာတဲ့အကြောင်းဖြစ်ပါတယ်။ ယူနိုက်တက် ကွင်းလယ်တိုက်စစ် ကစားသမား ၂ဦးစလုံးဖြစ်တဲ့ လင်ဂတ်နဲ့ ပါရဲရားတို့ဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေခဲ့ကာ သွင်းဂိုးတွေလည်း ရရှိခဲ့ခြင်းမရှိပါဘူး။ လင်ဂတ်နဲ့ ပါရဲရားရဲ့ စိတ်ပျက်ဖွယ် ခြေစွမ်းတွေကြောင့် အခု ရာသီတွေအတွင်း ဝေဖန်မှုတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပါတယ်။ ပါရဲရားဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ၂၃ပွဲ ကစားရာမှာ ၁ဂိုးသာ သွင်းနိုင်ခဲ့သလို လင်ဂတ်ကလည်း ပွဲ၂၀မှာ ၁ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။

photo internet

ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း လင်ဂတ်နဲ့ပါရဲရားတို့ယူနိုက်တက်လူစာရင်းမှာမပါပါဘူး။ လင်ဂတ်နဲ့ပါရဲရားကို ရည်ရွယ်ပြီး ဇလာတန်က “ပွဲ၂၀မှာ ၁ဂိုးမှ မသွင်းနိုင်ဘူးဟုတ်လား။ဒီလိုအနေအထားက တော်တော်ဆိုးတာပဲ။ ကြားတောင်မကြားဖူးဘူး။ ဂိုးဘယ်လိုသွင်းရမလဲဆိုတာမသိဘူးဆိုရင် ငါ့ဆီလာသင်ကြ။ငါသင်ပေးမယ်”ဆိုပြီး ပြောထားပါတယ်။

photo internet

ဒုတိယသတင်းကတော့ ယူနိုက်တက်မင်းသား ဖာနန်ဒက်စ်အကြောင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလကမှ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲသာပါဝင်ကစားရသေးပေမယ့် အဲဒီ ၃ ပွဲစလုံး Man of the Match ရရှိသည်အထိ ခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်၃ပွဲကစားပြီးချိန်မှာပဲ သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဘရုဂျက်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ဆယ်မိနစ်လောက်သာ ဝင်ကစားခွင့်ရခဲ့ပေမယ့် အဲဒီအချိန်တိုလေးအတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေက သူ့ကိုချီးကျူးခဲ့ကြပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီနှစ်ဘောလုံးရာသီ စပို့တင်းလစ္စဘွန်းနဲ့ ယူနိုက်တက်အသင်းတို့အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲပါဝင်ကစားထားခဲ့ရာမှာတော့ သွင်းဂိုး ၃၂ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၆ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုလည်း ၁၆ ဂိုးတိတိဖန်တီးပေးထားခဲ့တာပါ။

photo internet

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အငှားယာဉ်တွေမတင်လို့ ကွင်းကိုလမ်းလျှောက်သွားပြီး အားပေးခဲ့ရတဲ့ယူနိုက်တက်ပရိသတ်တွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းနဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ သွားကစားခဲ့တုန်းက မြို့တွင်း တက္ကစီသမားတွေက ယူနိုက်တက်ပရိသတ်တွေကို မတင်ဆောင်တာကြောင့် တည်းခိုရာဟိုတယ်ကနေ ဘောလုံး ကွင်းကို လမ်းလျှောက်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို ယူနိုက်တက် ပရိသတ်တွေက ဘရုဂျက်မြို့တော်ဝန်ထံ အိတ်ဖွင့်ပေးစာတစ် စောင်ပေးပို့ ထားတယ်လို့သိရပါတယ်။ စာထဲမှာ“ ဘရုဂျက်မြို့အနေနဲ့ သူတို့ရဲ့ လုံခြုံရေးပိုင်း အားနည်းမှု နွေးထွေးပျူငှာမှူမရှိမှုတို့အတွက် ရှက်သင့်ပါတယ်။ကျွန် တော်တို့ ပြန်သွားပြီးမှ သိလိုက်ရတာက မြို့ရဲ့ ရဲတွေက တက္ကစီသမားတွေကို ဘောလုံးကွင်းကိုမလာဖို့နဲ့ ယူနိုက်တက် ပရိသတ်တွေဆိုရင် မတင်ဖို့ မှာကြားထားတယ်ဆိုတာပါ။ ဒါကြောင့် ကျွန်တော်တို့ကွင်းကို ကြောက်စရာကောင်းလောက်အောင် အေးတဲ့ ရာသီဥတုအောက်ကနေ လမ်းလျှောက်သွားခဲ့ရပါတယ်။”ဆိုပြီး ရေးသားထားပါတယ်။ အခုဖြစ်စဉ်ကို ယူနိုက်တက်ပရိသတ်တွေ မကျေနပ်ကြပဲ ယူအီးအက်ဖ်အေထိ တိုင်ကြားသွားမယ်လို့လည်းသိရပါတယ်။

photo internet

အခြားသတင်းတိုတွေအနေနဲ့ကတော့ အင်တာမီလန် အသင်းဟာ ယူနိုက်တက် အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို ယခုရာသီကုန်မှာ အပြီးသတ်ဝယ်ယူဖို့ စိတ်မဝင်စားသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးဂရင်းဝုဒ်ကတော့ လက်ရှိအချိန်မှာ စီနီယာအတွက် သွင်းဂိုး (11) ဂိုးအထိရှိလာခဲ့ပြီး အခြားသောပရီးမီးယားလိဂ်ရှိ U-19 ကစားသမား များထက်စီနီယာသွင်းဂိုးပိုများနေကြောင်း သိရပါတယ်။ ဒီနေ့ဟာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဟောင်း တောင်ကိုးရီးယားကြယ်ပွင့် ပက်ဂျီဆန်ရဲ့ (၃၉) နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက် အသင်းကခေါ်ယူဖို့ပစ်မှတ်ထားတဲ့ မူဆာဒမ်ဘီလီကိုပြောင်းရွှေ့ကြေးပေါင်(83) သန်းလောက်ရမှ သာလက်လွှတ်မယ်ဆိုပြီး လိုင်ယွန်အသင်းက ရည်မှန်းထားကြောင်းသိရပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းတိုထြာမ်ား……

ပထမဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ အီဘရာဟီမိုဗစ္က ယူႏိုက္တက္ကစားသမားႏွစ္ေယာက္ ကိုခနဲ႔တဲ့တဲ့ႏွိမ္ေျပာေျပာလာတဲ့အေၾကာင္းျဖစ္ပါတယ္။ ယူႏိုက္တက္ ကြင္းလယ္တိုက္စစ္ ကစားသမား ၂ဦးစလုံးျဖစ္တဲ့ လင္ဂတ္နဲ႔ ပါရဲရားတို႔ဟာ ယခုႏွစ္ရာသီမွာ ေျခစြမ္းေကာင္းေတြ ေပ်ာက္ဆုံးေနခဲ့ကာ သြင္းဂိုးေတြလည္း ရရွိခဲ့ျခင္းမရွိပါဘူး။ လင္ဂတ္နဲ႔ ပါရဲရားရဲ႕ စိတ္ပ်က္ဖြယ္ ေျခစြမ္းေတြေၾကာင့္ အခု ရာသီေတြအတြင္း ေဝဖန္မႈေတြနဲ႔ အႀကိမ္ႀကိမ္ ရင္ဆိုင္ခဲ့ရပါတယ္။ ပါရဲရားဟာ ယခုႏွစ္ရာသီ ပရီးမီးယားလိဂ္ ၂၃ပြဲ ကစားရာမွာ ၁ဂိုးသာ သြင္းႏိုင္ခဲ့သလို လင္ဂတ္ကလည္း ပြဲ၂၀မွာ ၁ဂိုးမွ မသြင္းႏိုင္ခဲ့ပါဘူး။ ၀က္ဖို႔ဒ္နဲ႔ပြဲစဥ္မွာလည္း လင္ဂတ္နဲ႔ပါရဲရားတို႔ယူႏိုက္တက္လူစာရင္းမွာမပါပါဘူး။ လင္ဂတ္နဲ႔ပါရဲရားကို ရည္ရြယ္ၿပီး ဇလာတန္က “ပြဲ၂၀မွာ ၁ဂိုးမွ မသြင္းႏိုင္ဘူးဟုတ္လား။ဒီလုိအေနအထားက ေတာ္ေတာ္ဆုိးတာပဲ။ ၾကားေတာင္မၾကားဖူးဘူး။ ဂိုးဘယ္လုိသြင္းရမလဲဆိုတာမသိဘူးဆိုရင္ ငါ့ဆီလာသင္ၾက။ငါသင္ေပးမယ္”ဆိုၿပီး ေျပာထားပါတယ္။
ဒုတိယသတင္းကေတာ့ ယူႏိုက္တက္မင္းသား ဖာနန္ဒက္စ္အေၾကာင္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလကမွ ယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့သူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္မွာ ၃ ပြဲသာပါဝင္ကစားရေသးေပမယ့္ အဲဒီ ၃ ပြဲစလုံး Man of the Match ရရွိသည္အထိ ေျခစြမ္းျပကစားခဲ့သူျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္၃ပြဲကစားၿပီးခ်ိန္မွာပဲ သြင္းဂိုးတစ္ဂိုးနဲ႔ ဂိုးဖန္တီးမႈႏွစ္ႀကိမ္ ျပဳလုပ္ေပးထားခဲ့ၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ ဘ႐ုဂ်က္နဲ႔ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာလည္း ဆယ္မိနစ္ေလာက္သာ ဝင္ကစားခြင့္ရခဲ့ေပမယ့္ အဲဒီအခ်ိန္တိုေလးအတြင္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့အတြက္ ပရိသတ္ေတြက သူ႔ကိုခ်ီးက်ဴးခဲ့ၾကပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီႏွစ္ေဘာလုံးရာသီ စပို႔တင္းလစၥဘြန္းနဲ႔ ယူႏိုက္တက္အသင္းတို႔အတြက္ ၿပိဳင္ပြဲစုံ ၃၂ ပြဲပါဝင္ကစားထားခဲ့ရာမွာေတာ့ သြင္းဂိုး ၃၂ ဂိုးမွာ တိုက္႐ိုက္ပါဝင္ပတ္သက္ေနခဲ့ပါတယ္။ ကိုယ္တိုင္ ၁၆ ဂိုးသြင္းယူထားၿပီး အသင္းေဖာ္ေတြကိုလည္း ၁၆ ဂိုးတိတိဖန္တီးေပးထားခဲ့တာပါ။
ေနာက္ထပ္သတင္းတစ္ပုဒ္ကေတာ့ အငွားယာဥ္ေတြမတင္လို႔ ကြင္းကိုလမ္းေလွ်ာက္သြားၿပီး အားေပးခဲ့ရတဲ့ယူႏိုက္တက္ပရိသတ္ေတြအေၾကာင္းပဲျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံကလပ္ ဘ႐ုဂ်က္အသင္းနဲ႔ ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္ ပထမအေက်ာ့ သြားကစားခဲ့တုန္းက ၿမိဳ႕တြင္း တကၠစီသမားေတြက ယူႏိုက္တက္ပရိသတ္ေတြကို မတင္ေဆာင္တာေၾကာင့္ တည္းခိုရာဟိုတယ္ကေန ေဘာလုံး ကြင္းကို လမ္းေလွ်ာက္သြားခဲ့ရတယ္လို႔ သိရပါတယ္။ ဒီျဖစ္စဥ္ကို ယူႏိုက္တက္ ပရိသတ္ေတြက ဘ႐ုဂ်က္ၿမိဳ႕ေတာ္ဝန္ထံ အိတ္ဖြင့္ေပးစာတစ္ ေစာင္ေပးပို႔ ထားတယ္လို႔သိရပါတယ္။ စာထဲမွာ“ ဘ႐ုဂ်က္ၿမိဳ႕အေနနဲ႔ သူတို႔ရဲ႕ လုံၿခဳံေရးပိုင္း အားနည္းမႈ ေႏြးေထြးပ်ဴငွာမႉမရွိမႈတို႔အတြက္ ရွက္သင့္ပါတယ္။ကြၽန္ ေတာ္တို႔ ျပန္သြားၿပီးမွ သိလိုက္ရတာက ၿမိဳ႕ရဲ႕ ရဲေတြက တကၠစီသမားေတြကို ေဘာလုံးကြင္းကိုမလာဖို႔နဲ႔ ယူႏိုက္တက္ ပရိသတ္ေတြဆိုရင္ မတင္ဖို႔ မွာၾကားထားတယ္ဆိုတာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ကြင္းကို ေၾကာက္စရာေကာင္းေလာက္ေအာင္ ေအးတဲ့ ရာသီဥတုေအာက္ကေန လမ္းေလွ်ာက္သြားခဲ့ရပါတယ္။”ဆိုၿပီး ေရးသားထားပါတယ္။ အခုျဖစ္စဥ္ကို ယူႏိုက္တက္ပရိသတ္ေတြ မေက်နပ္ၾကပဲ ယူအီးအက္ဖ္ေအထိ တိုင္ၾကားသြားမယ္လို႔လည္းသိရပါတယ္။
အျခားသတင္းတိုေတြအေနနဲ႔ကေတာ့ အင္တာမီလန္ အသင္းဟာ ယူႏိုက္တက္ အသင္းကေန တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူထားတဲ့ အလက္ဆစ္ဆန္းခ်က္ဇ္ကို ယခုရာသီကုန္မွာ အၿပီးသတ္ဝယ္ယူဖုိ႔ စိတ္မဝင္စားေသးဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ တုိက္စစ္မႉးဂရင္းဝုဒ္ကေတာ့ လက္ရိွအခ်ိန္မွာ စီနီယာအတြက္ သြင္းဂိုး (11) ဂိုးအထိရိွလာခဲ့ၿပီး အျခားေသာပရီးမီးယားလိဂ္ရိွ U-19 ကစားသမား မ်ားထက္စီနီယာသြင္းဂိုးပိုမ်ားေနေၾကာင္း သိရပါတယ္။ ဒီေန႔ဟာ ယူႏိုက္တက္အသင္းရဲ႕ ေတာင္ပံကစားသမားေဟာင္း ေတာင္ကိုးရီးယားၾကယ္ပြင့္ ပက္ဂ်ီဆန္ရဲ႕ (၃၉) ႏွစ္ျပည့္ေမြးေန႔ျဖစ္ေၾကာင္း သိရပါတယ္။ ယူႏိုက္တက္ အသင္းကေခၚယူဖို႔ပစ္မွတ္ထားတဲ့ မူဆာဒမ္ဘီလီကိုေျပာင္းေရႊ႔ေၾကးေပါင္(83) သန္းေလာက္ရမွ သာလက္လႊတ္မယ္ဆိုၿပီး လိုင္ယြန္အသင္းက ရည္မွန္းထားေၾကာင္းသိရပါတယ္။