ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ…..
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ဂိုးသွင်းစက်ဟာလန်းတစ်ယောက် ယူနိုက်တက်ကို မရောက်တာနဲ့ပတ်သက်ပြီး ယူနိုက်တက် အသင်းရဲ့အမှုဆောင်ချုပ်ဖြစ်သူ အဒ်ဝုဒ်ရဲ့လုပ်ဆောင်ချက် မှန်ကန်ကြောင်း လီဗာပူး ဂန္ဓဝင် ဂျေမီ ကာရေဂါကပြောဆိုလာတဲ့သတင်းဖြစ်ပါတယ်။ “ဟားလန်းကိုခေါ်ယူ လိုချင်ကြတဲ့ အသင်းတိုင်းက သူ့ကို ရရှိ နိုင်မယ် ဆိုရင် တကယ့်ကို ငယ်ရွယ်တဲ့ ပါရမီ ရှင် ကစား သမား တစ်ဦး ကို ပိုင်ဆိုင် နိုင်ရုံ သာမက သူ့ကို ကိုယ်စား ပြုသူ ဖြစ်တဲ့ မီနို ရိုင်အိုလာ ရဲ့ ဆပ်ကပ် အဖွဲ့ ကိုပါ မြို့ထဲ ဖိတ်ခေါ် လိုက် သလို ဖြစ်သွား လိမ့်မယ် ဆိုတာ တွက်ချက် ခဲ့ကြပါတယ်။ဒါ့ကြောင့် ဟားလန်း ကို အိုးလ် ထရပ်ဖို့ဒ် ဆီ လာရောက် စေဖို့ အိုလီ က ဘယ်လို ပဲ သိမ်းသွင်း နေခဲ့ တာပဲ ဖြစ်နေ ပါစေ ၊ အေးဂျင့် ဖြစ်သူ ဖက်က ပိုပြီး အကျိုး အကြောင်း ဆီလျော် နိုင်မယ့် အကြံဉာဏ် ပေးမှု တွေက အဆုံးသတ် မှာ ကစားသမား ဖြစ်သူ ပေါ်ကို လွှမ်းမိုး သွားနိုင် မှာ အသေအချာ ပါပဲ။
photo internet
တကယ်လို့ ဟာလန်းကိုကိုယ်စားပြုတဲ့သူက အခြား တစ်ယောက် သာ ဖြစ်နေမယ် ဆိုရင် ဟားလန်း ဟာ အိုးလ် ထရပ်ဖို့ဒ် ကို ရောက်ရှိ နေလောက် ပါပြီ ။ သာမန် အတိုင်း ကြည့်ရှု လိုက်မယ် ဆိုရင် ဟားလန်း ဟာ ဒေါ့မွန် အသင်း အတွက် ရာစုနှစ် တစ်ခု အတွင်း ကစားသမား တစ်ဦး ကို အသက်သာဆုံး ဈေးနဲ့ ရရှိ လိုက် သလို ဖြစ်ကောင်း ဖြစ်နေ ပါ လိမ့်မယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်း ဖက်က သာ ကစားသမား ကို ပေါင် သန်း 20 နဲ့ ခေါ်ယူမယ် ဆိုရင် အဲတာ က ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် ဖြစ်သွား မှာ မဟုတ် ပါဘူး ” လို့ ကာရေဂါ က ပြောကြား ထားပါတယ်။
photo internet
ဒုတိယသတင်းတစ်ပုဒ်ကတော့ ယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံလူဝီလီယမ် က ဒီရာသီမှာ သူ့ရဲ့တိုးတက်မှု့အတွက် နည်းပြဆိုးလ်ရှားရဲ့ လမ်းညွှန်မှု့တွေက အတော်ကိုအရေးကြီးခဲ့ကြောင်း ပြောဆိုလာတဲ့သတင်းဖြစ်ပါတယ်။ “နည်းပြဆိုးလ်ရှားကအမြဲတမ်းကျွန်တော့်ကို ဘယ်နေရာတွေက တိုးတက်ဖို့လိုနေသလဲပြောပြလေ့ရှိပါတယ်။လေ့ကျင့်ခန်းတွေပြီးရင်တောင်မှပဲ သူကကျွန်တော့်ကို ဘယ်နေရာတွေကတော့တိုးတက်ဖို့ဆက်လေ့ကျင့်ရဦးမယ်ဆိုပြီး စေခိုင်းထားလေ့ရှိတယ်။သူက ကျွန်တော်လိုအပ်လာတဲ့အချိန်တိုင်းမှာ လက်မောင်းကနေဆွဲထူဖို့အမြဲရှိခဲ့သလို ကျွန်တေ်ာ့ကို ဂုဏ်ပြုပေးဖို့လည်းအမြဲအသင့်ပါပဲ။ကျွန်တော်တစ်ခုခုလိုအပ်လို့ပြောရင်လည်း သူက လုပ်ဆောင်ပေးဖို့အဆင်သင့်ပါပဲ။ ကစားဖော်လုခ်ရှောဆိုရင်လည်း ကျွန်တော့်ဘေးနားပတ်လည်မှာ အမြဲကူညီဖို့အသင့်ရှိနေသလို ကျွန်တော်ကလည်းသူ့ကို ကူညီဖို့အသင့်ပါပဲ။အခုလက်ရှိအချိန်က ကျွန်တော့်မိသားစုအတွက် လည်းဂုဏ်ယူစရာဖြစ်ပါတယ်။ကျွန်တော့်အနားကလူတိုင်းကကျွန်တော့်ကိုဂုဏ်ယူ နေကြသလို ယူနိက်တက် မှာကစားရတာကကျွန်တော့်အတွက် တန်ဖိုးဖြတ်မရတဲ့အချိန်တွေပါပဲ”ဆိုပြီး ဝီလီယမ်ကပြောပါတယ်။
photo internet
နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ လီဗာပူးနည်းပြဆီစာရေးပြီးလီဗာပူး အသင်းရှုံးအောင်လုပ်ပေးဖို့တောင်းဆိုခဲ့တဲ့ ယူနိုက်တက်အသင်းကိုအားပေးတဲ့ ကလေးငယ် တစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံ၊ ကယူနိုက်တက်ဖန်တစ်ယောက်ဖြစ်တဲ့ ဒါးရာကာလေဆိုတဲ့ကလေးလေးဟာ နည်းပြကလော့ဆီကိုလိပ်မူလို့ စာရေးတောင်းဆိုခဲ့ပါတယ်။ သူ့စာထဲမှာတော့ လီဗာပူးတို့ကိုရှုံးအောင်လုပ်ပေးဖို့နဲ့ နောက်ဘယ်တော့မှ မနိုင်ဖို့ တောင်းဆိုခဲ့တာပါ။ လီဗာပူးယာဂင်ကလော့က သူ့ရဲ့ဆန္ဒကို စိတ်မကောင်းစွာနဲ့ဘဲ ဖြည့်ဆည်းမပေးနိုင် ပါကြောင်း ပြန်စာပေးခဲ့တဲ့အခါမှာတော့ ဒါးရာတစ်ယောက် အံ့အားသင့်ခဲ့ရပါတယ်။ “နေ့တိုင်း ကျွန်တော့် ဆီရောက်တဲ့စာတွေအကုန်လုံးကို ကျွန်တော်စာမပြန်နိုင်ပါဘူး။ ဒီစာကတော့ ပျော်စရာကောင်းတဲ့ အနေအထားမျိုးပါ။ ကျွန်တော်အဲဒီစာကိုပြန်ပြီးနောက်နေ့မှာ အဲဒီအကြောင်းသတင်းဖြစ်တော့တာပါပဲ။ တတ်နိုင်သမျှစာများများကိုပြန်ဖို့ ကျွန်တော်တို့ကြိုးစားပါတယ်။ ဒါပေမဲ့ ဒါက အားလုံးတော့ မဖြစ်နိုင်ပါဘူး။”ဆိုပြီးနည်းပြကလော့ကပြောပါတယ်။
photo internet
ကလေးငယ်ဒါးရာ နည်းပြကြီးဆီရေးခဲ့တဲ့စာကတော့ “သို့ချစ်လှစွာသော ယာဂင်ကလော့ရေ၊ သားရဲ့နာမည်ကတော့ ဒါးရာပါ။ ကျွန်တော်က ၁၀နှစ်သားပါ။ ဒွန်ဂယ်မှာရှိတဲ့ ဂလန်းစ်ဝီလီကျောင်းမှာစာသင်နေပါတယ်။ ကျွန်တော်ကယူနိုက်တက်အသင်းကိုအားပေးပါတယ်။ ကျွန်တေ်ာစောဒဂတက်ချင်လို့ဒီစာကိုရေးလိုက်တာပါ။ လီဗာပူးတို့က ပွဲတွေနိုင်တာများလွန်းနေပါတယ်။ ခင်ဗျားသာ နောက်ထပ်၉ပွဲထပ်နိုင်ရင် ခင်ဗျားတို့က အင်္ဂလိပ်ဘောလုံးလောကမှာ အကောင်းဆုံးရှုံးပွဲ မရှိလမ်းကြောင်းကို ရတော့မှာပါ။ ယူနိုက်တက်ဖန်တစ်ယောက်ဖြစ်တာကြောင့် ဒါက အရမ်းဝမ်းနည်း စရာကောင်းပါတယ်။ ဒီတော့ နောက်တစ်ခါလီဗာပူးအသင်း ပွဲကစားရင် ကျေးဇူးပြုလို့ လီဗာပူး အသင်းရှုံးအောင်လုပ်ပေးပါ။ ပြိုင်ဖက်အသင်း ဂိုးသွင်းတာကိုဒီအတိုင်းခွင့်ပြုပေးလိုက်ပါ။ လိဂ်ကိုအနိုင်မရဖို့နဲ့ နောက်ထပ်ဘယ်တော့မှ နိုင်ပွဲထပ်မရတော့ဖို့ ကျွန်တော်က ခင်ဗျားကို စည်းရုံးခဲ့ပြီးပြီလို့ မျှော်လင့်ပါတယ်။”ဆိုပြီး ကလေးလေးက စာရေးသားခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)