
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ဘောလုံးပရိသတ်တွေဒီရက်ပိုင်းအားပေးနေတဲ့လူငယ်ခြေတက်လေးကတော့ ချယ်လ်ဆီး အကယ်ဒမီထွက် လူငယ်လေး ဘီလီ ဂီလ်မာဖြစ်ပါတယ်။ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးပေမယ့် ဂီလ်မာ ဟာ သူ့ အသက်အရွယ် နဲ့ မလိုက်အောင် စီနီယာ အဆင့် ၊ ပရီးမီးယားလိဂ် ထိပ်တန်း အဆင့် ရှိ ပြိုင်ဖက် ကွင်းလယ်လူ ၊ အသင်းဖော် ကွင်းလယ်လူ တွေ အကြား ရင်ဘောင်တန်း ကစားပြနိုင်ခဲ့ပါတယ် ။ လီဗာပူး အသင်း နဲ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲမှာ ဒီရာသီ ချယ်လ်ဆီး စီနီယာ အသင်း အတွက် တတိယမြောက် ပွဲထွက်ခွင့် ကို ရရှိခဲ့ပြီး ဘီလီဂီလ်မာဟာခြေစွမ်းကောင်းတွေကိုပြသခဲ့ပါတယ်။

လီဗာပူး နဲ့ ပွဲမှာ မယုံနိုင်ဖွယ် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂီလ်မာ အပေါ် နည်းပြ လမ်းပတ် အပြင် ၊ ချယ်လ်ဆီး အသင်းဖော် တွေနဲ့ ဘောလုံး လောက က အကျော်အမော် တွေကလည်း အသီးသီး ချီးမွမ်းစကားပြောထားကြပါတယ်။ ချယ်လ်ဆီး အသင်း တိုက်စစ်မှူးဟောင်း တိုနီ ကတ်စ်ကာရီနို ကတော့ ဂီလ်မာ ကိုယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ရွိုင်ကိန်း နဲ့နှိုင်းယှဉ်ပြောဆိုထားပါတယ်။ “ဘီလီ ဂီလ်မာ ဟာ လီဗာပူး နဲ့ ပွဲကို အစအဆုံး စိုးမိုး ခြယ်လှယ် နိုင်ခဲ့သလို ၊ ချယ်လ်ဆီး စီနီယာ ကစားသမား တွေနဲ့ အတူ အချိတ်အဆက် မိမိ ကစားပြသွားခဲ့ပါတယ် ။ စီနီယာ အသင်း မှာ ကစားရတာ သူ့ အတွက် ဘာ အခက်အခဲ မှ မရှိတဲ့ပုံပါပဲ ။ ပထမပိုင်း ၁၅ မိနစ် အတွင်းမှာပဲ သူဟာ အဲဒီပွဲ အတွက် သူ့ရဲ့ အဆင့်အတန်း တစ်ခု ကို ချပြခဲ့ပါတယ် ။ ပြိုင်ဖက် ကစားသမား တွေကို ရဲရဲဝံ့ဝံ့ တုန့်ပြန် ကစားခဲ့ပါတယ် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝ ထားပြီး ပွဲအပေါ် အပြည့်အဝ အာရုံစိုက်ခဲ့ပါတယ် ၊ ကွင်းလယ် ရဲ့ အရှိန်အဟုန် ကို လိုသလို အတင်အချ လုပ်ပြီး ထိန်းညှိ ပေးခဲ့ပါတယ် ။ ခြေစွမ်း ထိပ်တန်း အဆင့် အထိ ကို ရောက်လိုစိတ် မရှိပဲနဲ့ ဒီလို လုပ်ပြဖို့ ဆိုတာ မလွယ်ပါဘူး ။ ကျွန်တော် တို့မှာ ဒီလို စိတ်မရှိရင် ၊ ကိုယ့်ရဲ့ အလုပ် အပေါ် အမြဲ သံသယ ဝင်နေမိမှာပါ ။

ဒါပေမယ့် ဒီလို အသက်အရွယ်မျိုး မှာ ကြောက်စိတ်မရှိပဲ ရဲရဲဝံ့ဝံ့ ကစားပြခဲ့ဖူးတဲ့ ကစားသမား အဖြစ် ကျွန်တော် ရွိုင်ကိန်း ရဲ့ ငယ်ငယ် က ကစားပုံ ကို မှတ်မိနေပါတယ် ။ အခု ဂီလ်မာ ရဲ့ ကစားပုံ က သူနဲ့ ခပ်ဆင်ဆင်ပါပဲ ။ ရွိုင်ကိန်း ဟာ ပြိုင်ဖက် ခြေထဲက ဘောလုံး ရယူဖို့ အမြဲ စိတ်ဆန္ဒ ပြင်းပြသူပါ ။ နောက်ပြီး သူဟာ အကြောက်တရား ကင်းမဲ့တဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် သူ့ကို စပြီး သတိထားမိခဲ့တာ နော်တင်ဟမ် ဖောရက်စ် အသင်း မှာတုန်းက ဖြစ်ပြီး ၊ အဲ့ဒီနောက် အိုင်ယာလန် လက်ရွေးစင် အသင်း အတွက် သူ စကစားခွင့် ရတဲ့အခါ သူ့ရဲ့ ကစားပုံ က အရမ်း နှစ်လိုဖွယ် ကောင်းပါတယ် ။ ဘီလီ ဂီလ်မာ ဟာ လီဗာပူး နဲ့ ပွဲမှာ ရွိုင်ကိန်း ရဲ့ ကစားပုံမျိုး ထပ်တူကျအောင် ကစားနိုင်ခဲ့ပါတယ် ။ ရွိုင်ကိန်း ဟာ ကိုယ့်ကိုယ်ကို အပြည့်အဝ ထိန်းချုပ်မှု ရှိခဲ့သလို ၊ ဂီလ်မာ ဟာလည်း အဲဒီလိုပါပဲ။ အိုင်ယာလန် လက်ရွေးစင် အသင်း မှာ ကိန်း စတင် ပါဝင်ခွင့် ရခဲ့တုန်းကတော့ သူ အသက် နည်းနည်း ကြီးနေခဲ့ပါပြီ ။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေး ကို လီဗာပူး နဲ့ ပွဲက ၁၈နှစ် အရွယ် ချာတိတ် ရဲ့ ခြေစွမ်း နဲ့ နှိုင်းယှဉ်ပြရတယ် ဆိုတာ သူတို့ ၂ယောက် အကြား မှာ တူညီတဲ့ ဝိသေသ တွေ ရှိနေလို့ပါ”ဆိုပြီး တိုနီကပြောဆိုခဲ့ပါတယ်။

ဂီလ်မာ ဟာ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးပြီး ၊ ၎င်းနဲ့ သက်တူရွယ်တူ ကစားသမား တွေကို ချယ်လ်ဆီး အသင်း က အငှားချတတ်ပေမယ့် ၊ နည်းပြ ဖရန့် လမ်းပတ် ဟာ ၎င်းကို အသင်း မှာပဲ ဆက်ထားဖို့ ဆန္ဒ ရှိခဲ့ပါတယ် ။ ချယ်လ်ဆီး ယူ ၂၃ အသင်း နဲ့ ခြေစွမ်းကောင်း တွေ ပြသနိုင်ခဲ့တဲ့ ဂီလ်မာ ဟာ ကွင်းလယ် အခက်အခဲ ရှိနေတဲ့ စီနီယာ အသင်း အတွက် ချိန်သားကိုက် ဝင်ဖြည့် ပေးနိုင်ခဲ့ပါတယ် ။ ဂီလ်မာ ဟာ ကာရာဘောင် ဖလား စတုတ္ထ အဆင့် ပွဲဖြစ်တဲ့ ယူနိုက်တက် နဲ့ ရင်ဆိုင်ခဲ့ရတုန်း ကလည်း ချယ်လ်ဆီး အတွက် ကစားခွင့် ရခဲ့ပြီး ၊ အဲဒီတုန်းကသူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ် အချိုးအစား အပေါ် ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား က မထီမဲ့မြင် ပြုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဂီလ်မာကခုလိုပြောပါတယ်။

“မက်ဂွိုင်းယား ဟာ ကျွန်တော့ကို တွန်းထုတ်ဖို့ လုပ်မယ် ဆိုရင်တောင် ဒါက လုံးဝ အဓိပ္ပာယ် မရှိပါဘူး ။ ဒါပေမယ့် သူဟာ အသက်ငယ်ပြီး ခန္ဓာကိုယ် သေးတဲ့ လူငယ် တွေကို အနိုင်ကျင့်ဖို့ ကြိုးစားတတ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရမယ် ၊ ဒီထက် ပိုသန်မာ ရမယ် ဆိုတာ သိလာပါတယ် ။ ကျွန်တော့ ကို သူ ပင်နယ်တီ ဧရိယာ ထဲမှာ ခန္ဓာကိုယ် ကာပြီး ဆွဲထားတဲ့ အချိန် ဘာတွေ သင်ယူရမလဲ ဆိုတာကို သိလိုက်ရတာပါ ။ အပြင်ပန်း ပုံစံ အရ သူ့ကို ကြည့်မယ်ဆိုရင် ကိုယ့်ထက် အားနည်းတဲ့ သူ့ကို တွန်းထုတ်မယ် ၊ လည်ပင်းညှစ်မယ် ဆိုတဲ့ ပုံစံနဲ့ပါ ။ ဒီ အခက်အခဲ တွေကို ကျွန်တော် သေချာပေါက် ရင်ဆိုင် ဖြေရှင်းနိုင်ရပါမယ် ။ နောက်ထပ် ဒီလို အနိုင်ကျင့် ခံရတာမျိုး မကြုံဖို့ ကြိုးစားသွားမှာပါ ။ ဒါက သင်ခန်းစာ တစ်ခုပါပဲ ။ ”ဆိုပြီး ဂီလ်မာကပြောဆိုပါတယ်။

ဘီလီ ဂီလ်မာ ဟာ ချယ်လ်ဆီး စီနီယာ ကွင်းလယ်လူဟောင်း ၊ လက်ရှိ မိုနာကို အသင်းသား ဖြစ်တဲ့ ဆက်စ် ဖာဘရီဂတ်စ် ကို လေးစား အားကျသူဖြစ်ပါတယ်။ပွဲစဉ် တွေမှာ ပွဲပယ်ခံရထားတဲ့ ဂျော်ဂျင်ဟို ၊ ဒဏ်ရာ ရနေတဲ့ အန်ဂိုလို ကန်တေ ၊ မတ်တီယို ကိုဗာဆစ် တို့ နေရာမှာ ဘယ်သူ့ကို ထည့်ကစားရမလဲ ဆိုတာ ခေါင်းစားနေရတဲ့ နည်းပြလမ်းပတ် အတွက် ဂီလ်မာဟာ ရွေးချယ်စရာ ကစားသမားဖြစ်လာခဲ့ပါပြီ။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ယူႏိုက္တက္နဲ႔ပတ္သက္ဆက္စပ္ကာ ႏိႈင္းယွဥ္ခံရ၊ သင္ခန္းစာရခဲ့ရတဲ့ လူငယ္ေသြးသစ္ေလး ဘီလီဂီလ္မာ
ေဘာလုံးပရိသတ္ေတြဒီရက္ပုိင္းအားေပးေနတဲ့လူငယ္ေျခတက္ေလးကေတာ့ ခ်ယ္လ္ဆီး အကယ္ဒမီထြက္ လူငယ္ေလး ဘီလီ ဂီလ္မာျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္ အ႐ြယ္သာ ရွိေသးေပမယ့္ ဂီလ္မာ ဟာ သူ႔ အသက္အ႐ြယ္ နဲ႔ မလိုက္ေအာင္ စီနီယာ အဆင့္ ၊ ပရီးမီးယားလိဂ္ ထိပ္တန္း အဆင့္ ရွိ ၿပိဳင္ဖက္ ကြင္းလယ္လူ ၊ အသင္းေဖာ္ ကြင္းလယ္လူ ေတြ အၾကား ရင္ေဘာင္တန္း ကစားျပႏိုင္ခဲ့ပါတယ္ ။ လီဗာပူး အသင္း နဲ႔ အက္ဖ္ေအ ဖလား ပၪၥမ အဆင့္ ပြဲမွာ ဒီရာသီ ခ်ယ္လ္ဆီး စီနီယာ အသင္း အတြက္ တတိယေျမာက္ ပြဲထြက္ခြင့္ ကို ရရွိခဲ့ၿပီး ဘီလီဂီလ္မာဟာေျခစြမ္းေကာင္းေတြကိုျပသခဲ့ပါတယ္။ လီဗာပူး နဲ႔ ပြဲမွာ မယုံႏိုင္ဖြယ္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဂီလ္မာ အေပၚ နည္းျပ လမ္းပတ္ အျပင္ ၊ ခ်ယ္လ္ဆီး အသင္းေဖာ္ ေတြနဲ႔ ေဘာလုံး ေလာက က အေက်ာ္အေမာ္ ေတြကလည္း အသီးသီး ခ်ီးမြမ္းစကားေျပာထားၾကပါတယ္။ ခ်ယ္လ္ဆီး အသင္း တိုက္စစ္မႉးေဟာင္း တိုနီ ကတ္စ္ကာရီႏို ကေတာ့ ဂီလ္မာ ကိုယူႏိုက္တက္ ဂႏၲဝင္ ကြင္းလယ္လူ တစ္ဦး ျဖစ္တဲ့ ႐ြိဳင္ကိန္း နဲ႔ႏိႈ္င္းယွဥ္ေျပာဆိုထားပါတယ္။ “ဘီလီ ဂီလ္မာ ဟာ လီဗာပူး နဲ႔ ပြဲကို အစအဆုံး စိုးမိုး ျခယ္လွယ္ ႏိုင္ခဲ့သလို ၊ ခ်ယ္လ္ဆီး စီနီယာ ကစားသမား ေတြနဲ႔ အတူ အခ်ိတ္အဆက္ မိမိ ကစားျပသြားခဲ့ပါတယ္ ။ စီနီယာ အသင္း မွာ ကစားရတာ သူ႔ အတြက္ ဘာ အခက္အခဲ မွ မရွိတဲ့ပုံပါပဲ ။ ပထမပိုင္း ၁၅ မိနစ္ အတြင္းမွာပဲ သူဟာ အဲဒီပြဲ အတြက္ သူ႔ရဲ႕ အဆင့္အတန္း တစ္ခု ကို ခ်ျပခဲ့ပါတယ္ ။ ၿပိဳင္ဖက္ ကစားသမား ေတြကို ရဲရဲဝံ့ဝံ့ တုန႔္ျပန္ ကစားခဲ့ပါတယ္ ၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အျပည့္အဝ ထားၿပီး ပြဲအေပၚ အျပည့္အဝ အာ႐ုံစိုက္ခဲ့ပါတယ္ ၊ ကြင္းလယ္ ရဲ႕ အရွိန္အဟုန္ ကို လိုသလို အတင္အခ် လုပ္ၿပီး ထိန္းညႇိ ေပးခဲ့ပါတယ္ ။ ေျခစြမ္း ထိပ္တန္း အဆင့္ အထိ ကို ေရာက္လိုစိတ္ မရွိပဲနဲ႔ ဒီလို လုပ္ျပဖို႔ ဆိုတာ မလြယ္ပါဘူး ။ ကြၽန္ေတာ္ တို႔မွာ ဒီလို စိတ္မရွိရင္ ၊ ကိုယ့္ရဲ႕ အလုပ္ အေပၚ အၿမဲ သံသယ ဝင္ေနမိမွာပါ ။ ဒါေပမယ့္ ဒီလို အသက္အ႐ြယ္မ်ိဳး မွာ ေၾကာက္စိတ္မရွိပဲ ရဲရဲဝံ့ဝံ့ ကစားျပခဲ့ဖူးတဲ့ ကစားသမား အျဖစ္ ကြၽန္ေတာ္ ႐ြိဳင္ကိန္း ရဲ႕ ငယ္ငယ္ က ကစားပုံ ကို မွတ္မိေနပါတယ္ ။ အခု ဂီလ္မာ ရဲ႕ ကစားပုံ က သူနဲ႔ ခပ္ဆင္ဆင္ပါပဲ ။ ႐ြိဳင္ကိန္း ဟာ ၿပိဳင္ဖက္ ေျခထဲက ေဘာလုံး ရယူဖို႔ အၿမဲ စိတ္ဆႏၵ ျပင္းျပသူပါ ။ ေနာက္ၿပီး သူဟာ အေၾကာက္တရား ကင္းမဲ့တဲ့ ေဘာလုံးသမား တစ္ေယာက္ ျဖစ္ခဲ့ပါတယ္ ။ ကြၽန္ေတာ္ သူ႔ကို စၿပီး သတိထားမိခဲ့တာ ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္း မွာတုန္းက ျဖစ္ၿပီး ၊ အဲ့ဒီေနာက္ အိုင္ယာလန္ လက္ေ႐ြးစင္ အသင္း အတြက္ သူ စကစားခြင့္ ရတဲ့အခါ သူ႔ရဲ႕ ကစားပုံ က အရမ္း ႏွစ္လိုဖြယ္ ေကာင္းပါတယ္ ။ ဘီလီ ဂီလ္မာ ဟာ လီဗာပူး နဲ႔ ပြဲမွာ ႐ြိဳင္ကိန္း ရဲ႕ ကစားပုံမ်ိဳး ထပ္တူက်ေအာင္ ကစားႏိုင္ခဲ့ပါတယ္ ။ ႐ြိဳင္ကိန္း ဟာ ကိုယ့္ကိုယ္ကို အျပည့္အဝ ထိန္းခ်ဳပ္မႈ ရွိခဲ့သလို ၊ ဂီလ္မာ ဟာလည္း အဲဒီလုိပါပဲ။ အိုင္ယာလန္ လက္ေ႐ြးစင္ အသင္း မွာ ကိန္း စတင္ ပါဝင္ခြင့္ ရခဲ့တုန္းကေတာ့ သူ အသက္ နည္းနည္း ႀကီးေနခဲ့ပါၿပီ ။ ဒါေပမယ့္ သူ႔ရဲ႕ အရည္အေသြး ကို လီဗာပူး နဲ႔ ပြဲက ၁၈ႏွစ္ အ႐ြယ္ ခ်ာတိတ္ ရဲ႕ ေျခစြမ္း နဲ႔ ႏႈိင္းယွဥ္ျပရတယ္ ဆိုတာ သူတို႔ ၂ေယာက္ အၾကား မွာ တူညီတဲ့ ဝိေသသ ေတြ ရွိေနလို႔ပါ”ဆိုၿပီး တိုနီကေျပာဆိုခဲ့ပါတယ္။
ဂီလ္မာ ဟာ အသက္ ၁၈ ႏွစ္ အ႐ြယ္သာ ရွိေသးၿပီး ၊ ၎နဲ႔ သက္တူ႐ြယ္တူ ကစားသမား ေတြကို ခ်ယ္လ္ဆီး အသင္း က အငွားခ်တတ္ေပမယ့္ ၊ နည္းျပ ဖရန႔္ လမ္းပတ္ ဟာ ၎ကို အသင္း မွာပဲ ဆက္ထားဖို႔ ဆႏၵ ရွိခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး ယူ ၂၃ အသင္း နဲ႔ ေျခစြမ္းေကာင္း ေတြ ျပသႏိုင္ခဲ့တဲ့ ဂီလ္မာ ဟာ ကြင္းလယ္ အခက္အခဲ ရွိေနတဲ့ စီနီယာ အသင္း အတြက္ ခ်ိန္သားကိုက္ ဝင္ျဖည့္ ေပးႏိုင္ခဲ့ပါတယ္ ။ ဂီလ္မာ ဟာ ကာရာေဘာင္ ဖလား စတုတၳ အဆင့္ ပြဲျဖစ္တဲ့ ယူႏိုက္တက္ နဲ႔ ရင္ဆိုင္ခဲ့ရတုန္း ကလည္း ခ်ယ္လ္ဆီး အတြက္ ကစားခြင့္ ရခဲ့ၿပီး ၊ အဲဒီတုန္းကသူ႔ရဲ႕ ေသးငယ္တဲ့ ခႏၶာကိုယ္ အခ်ိဳးအစား အေပၚ ယူႏိုက္တက္ ခံစစ္မႉး ဟယ္ရီ မက္ဂြိဳင္းယား က မထီမဲ့ျမင္ ျပဳခဲ့ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ဂီလ္မာကခုလိုေျပာပါတယ္။ “မက္ဂြိဳင္းယား ဟာ ကြၽန္ေတာ့ကို တြန္းထုတ္ဖို႔ လုပ္မယ္ ဆိုရင္ေတာင္ ဒါက လုံးဝ အဓိပၸာယ္ မရွိပါဘူး ။ ဒါေပမယ့္ သူဟာ အသက္ငယ္ၿပီး ခႏၶာကိုယ္ ေသးတဲ့ လူငယ္ ေတြကို အႏိုင္က်င့္ဖို႔ ႀကိဳးစားတတ္ပါတယ္ ။ ဒါနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို တိုးတက္ေအာင္ လုပ္ရမယ္ ၊ ဒီထက္ ပိုသန္မာ ရမယ္ ဆိုတာ သိလာပါတယ္ ။ ကြၽန္ေတာ့ ကို သူ ပင္နယ္တီ ဧရိယာ ထဲမွာ ခႏၶာကိုယ္ ကာၿပီး ဆြဲထားတဲ့ အခ်ိန္ ဘာေတြ သင္ယူရမလဲ ဆိုတာကို သိလိုက္ရတာပါ ။ အျပင္ပန္း ပုံစံ အရ သူ႔ကို ၾကည့္မယ္ဆိုရင္ ကိုယ့္ထက္ အားနည္းတဲ့ သူ႔ကို တြန္းထုတ္မယ္ ၊ လည္ပင္းညႇစ္မယ္ ဆိုတဲ့ ပုံစံနဲ႔ပါ ။ ဒီ အခက္အခဲ ေတြကို ကြၽန္ေတာ္ ေသခ်ာေပါက္ ရင္ဆိုင္ ေျဖရွင္းႏိုင္ရပါမယ္ ။ ေနာက္ထပ္ ဒီလို အႏိုင္က်င့္ ခံရတာမ်ိဳး မႀကဳံဖို႔ ႀကိဳးစားသြားမွာပါ ။ ဒါက သင္ခန္းစာ တစ္ခုပါပဲ ။ ”ဆိုၿပီး ဂီလ္မာကေျပာဆိုပါတယ္။
ဘီလီ ဂီလ္မာ ဟာ ခ်ယ္လ္ဆီး စီနီယာ ကြင္းလယ္လူေဟာင္း ၊ လက္ရွိ မိုနာကို အသင္းသား ျဖစ္တဲ့ ဆက္စ္ ဖာဘရီဂတ္စ္ ကို ေလးစား အားက်သူျဖစ္ပါတယ္။ပြဲစဥ္ ေတြမွာ ပြဲပယ္ခံရထားတဲ့ ေဂ်ာ္ဂ်င္ဟို ၊ ဒဏ္ရာ ရေနတဲ့ အန္ဂိုလို ကန္ေတ ၊ မတ္တီယို ကိုဗာဆစ္ တို႔ ေနရာမွာ ဘယ္သူ႔ကို ထည့္ကစားရမလဲ ဆိုတာ ေခါင္းစားေနရတဲ့ နည္းျပလမ္းပတ္ အတြက္ ဂီလ္မာဟာ ေ႐ြးခ်ယ္စရာ ကစားသမားျဖစ္လာခဲ့ပါၿပီ။