ယူနိုက်တက်နဲ့ဒါဘီပွဲက ပြောစရာအချက်များ……

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ဒါဘီနဲ့ယူနိုက်တက်တို့ရဲ့ FAဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ယူနိုက်တက်တို့ဟာ(၃)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး တော့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ လုခ်ရှောက ၃၃ မိနစ်မှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ်သွင်းဂိုးတွေကိုတော့ ၄၁ မိနစ်နဲ့ ၇၀ မိနစ်တို့တွင် အီဟာလိုက သွင်းယူပေးခဲ့ပါတယ်။အဲဒီပွဲစဉ်ကမပြောမပြီးမတီးမမြည်တဲ့ အချက်အချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ဦးဆုံးပြောချင်တဲ့အချက်ကတော့ မက်ဂွားယားတစ်ယောက် ယူနိုက်တက်လူစာရင်းမှာ မပါလာခဲ့တဲ့အကြောင်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ခံစစ်မှာ ဘိုင်လီနဲ့ လင်ဒီလော့တို့ပွဲထွက်လာခဲ့ပြီးတော့ အသင်းခေါင်းဆောင်မက်ဂွားယားတစ်ယောက်ကတော့ အသင်းရဲ့ အရန်စာရင်းမှာတောင်ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့လူစာရင်းကိုပြီးခဲ့ တဲ့ အဲဗာတန်နဲ့ ပွဲစဉ်ကလူစာရင်းနဲ့ (၆)နေရာအထိအပြောင်းအလဲလုပ်ပြီးတော့ကစားသွားခဲ့တာဖြစ်ပါတယ်။

photo internet

မက်ဂွားယားဟာ ထရိန်နင်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းထဲခြေမချဘဲ အိမ်မှာပဲအနားယူနေ ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဝိန်းရွန်းနီအကြောင်းကိုလည်းချန်လှပ်ထားလို့မရပါဘူး။ ရွန်းနီရဲ့ဒီပွဲအပေါ် ထင်မြင်ချက်၊ ပြောဆိုချက်များ ဟာပွဲမစခင်ကတည်းက လှုပ်ခတ်နေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် ဂန္ဓဝင် ကစားသမားဟောင်းဝိန်းရွန်းနီကိုပရိသတ်တွေကအခုအချိန်အထိအားပေးနေဆဲဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေဟာဝိန်း ရွန်းနီ ကို ပြိုင်ဖက် ကစားသမားဆိုတာထက် အသင်း အပေါ် များစွာ အကျိုး ပြုထား ခဲ့တဲ့ ဂန္ဓဝင် ကစားသမား တစ်ဦး အဖြစ် ပွဲချိန် တစ်လျှောက် အော်ဟစ် အားပေး နေခဲ့ကြ ပါတယ် ။ယူနိုက်တက် ပရိသတ် တွေ အတွက် တော့ ဂန္ဓဝင် တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဝိန်း ရွန်းနီ ကို ခြားနားတဲ့ အသင်း တစ်သင်း မှ ပြိုင်ဖက် အဖြစ် အဲဗာတန် ကစားသမား ဘဝ ပြီးနောက် ၊ နောက်ထပ် မြင်တွေ့ရတာပဲဖြစ်ပါတယ်။

photo internet

ယူနိုက်တက် အသင်း ရဲ့ ဘယ် နောက်ခံလူ လုခ်ရှော ဟာ ပွဲထွက် ကစားခွင့် တစ် နေရာ အတွက် ဝါရင့် နောက်ခံလူ အက်ရှ်လေ ယန်းနဲ့ ပြိုင်ဆိုင် ခဲ့ရတဲ့ အချိန် ထူးကဲ လွန်းတဲ့ ခြေစွမ်း တွေကို မပြသ နိုင်ခဲ့ ပါဘူး ။
အခုတော့ သူဟာ တိုက်စစ်ပိုင်း မှာပါ ခြေစွမ်း ပြရင်း ဂိုးသွင်း နိုင်ခဲ့ ပါပြီ ။ ဆက်လက်ပြီးလုခ်ရှောတစ်ယောက် အပြိုင်အဆိုင်တွေနဲ့ ပိုပြီးခြေစွမ်းထက်ဖို့မျှော်လင့်ပါတယ်။ ယူနိုက်တက်ကိုရောက်ဖို့အိပ်မက်မက်ခဲ့သူ အီဟာလိုကတော့ အခုပွဲမှာမင်းသားပါပဲ။ ခြေစွမ်းရှိကြောင်းကိုပြသတဲ့အနေနဲ့အခုပွဲမှာ အသင်း အတွက် တစ်ပွဲ တည်းနဲ့ နှစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ ဒါဟာ တရုတ် စူပါလိဂ် မှာ ကစား နေခဲ့တဲ့ ကစားသမား တစ်ဦး ဆီက အခုလို စွမ်ရည် ကောင်းတွေ တွေ့မြင် ရတာ မဆိုးလှ ပါဘူး ။ဂိုး သွင်းယူ လိုက်တိုင်း အောင်ပွဲ ခံချိန် တွေမှာလည်း ငါ ဂိုးသွင်း လိုက်ပြီ ဆိုတဲ့ ဝံ့ကြွားမှု ထက် ငါ အားပေး ခဲ့တဲ့ ၊ကစားဖို့စိတ်ကူးယဉ်ခဲ့တဲ့အသင်း အတွက် ဂိုးသွင်း နိုင်ပြီ ဆိုတဲ့ ပျော်ရွှင်မှု တွေကို မြင်တွေ့ရပါတယ်။ အခုပွဲမှာမင်းသားမဖြစ်ပေမယ့် ဇာတ်ဆောင်တစ်ယောက် အနေနဲ့ဆက်လက်ရပ်တည်နိုင်ခဲ့သူကတော့ ဖာနန်ဒက်စ်ပဲဖြစ်ပါတယ်။

photo internet

ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက ယူနိုက်တက် တို့ ပေါင် 67.8 သန်းနဲ့ ခေါ်ယူ ခဲ့တဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အတွက် ကစားပေး ခဲ့တဲ့ ပွဲစဉ် တိုင်းမှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ဖာနန်ဒက်စ် ဟာ တိုက်စစ်ကို မောင်းနှင် နိုင်စွမ်း ရှိသလို သေသပ် ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု ၊ အကွက် မြင်တဲ့ ဘောလုံး ပေးပို့မှု တွေကို လုပ်ဆောင် နိုင်သူ တစ်ဦး ပါပဲ ။ ဂိုး သွင်းယူမှု ၊ဂိုး ဖန်တီးမုှ တွေကို လုပ်ဆောင် နိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ သူဟာအခုအချိန်အထိ ယူနိုက်တက်အတွက် မရှိမဖြစ်ကစားသမားနေရာကိုရယူထားနိုင်ဆဲဖြစ်ပါတယ်။ ယူနိုက်တက် အသင်း ဟာ လက်ရှိ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ခွင့် ရှိနေ သေးသလို ယူရို ပါလိဂ် ဖလား ၊ FA ဖလား တို့ကို ဆွတ်ခူး နိုင်ခွင့်လည်း ရှိနေ ပါ သေးတယ် ။ဒီလိုအနေအထားတွေကြောင့် ထိုင်ခုံလှုပ်နေတဲ့နည်းပြ ဆိုးလ်ရှားတစ်ယောက်လည်း အသက်ရှုချောင်တဲ့အခြေအနေတော့ရှိပါတယ်။ ရေရှည်စီမံချက်နဲ့ သွားနေတဲ့ဆိုတဲ့ ဆိုးလ်ရှားရဲ့စကားဟာတကယ်ပဲလားဆိုတာစဉ်းစား စရာဖြစ်လာပါပြီ။ သူ့ဆုံးဖြတ်ချက်မှန်ခဲ့မယ်ဆိုရင်တော့ တစ်ချိန်က ယူနိုက်တက်ကိုပြန်လည်မြင်တွေ့ ရပါတော့မယ်။

photo internet

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ဒါဘီပြဲက ေျပာစရာအခ်က္မ်ား……

ဒါဘီနဲ႔ယူႏိုက္တက္တို႔ရဲ႕ FAဖလားပဥၥမအဆင့္ပြဲစဥ္မွာ ယူႏိုက္တက္တုိ႔ဟာ(၃)ဂိုးျပတ္နဲ႔ အႏုိင္ရရွိခ့ဲျပီးေတာ့ေနာက္တစ္ဆင့္ကိုတက္ေရာက္သြားႏိုင္ခ့ဲပါတယ္။ အဲဒီပြဲမွာ လုခ္ေရွာက ၃၃ မိနစ္မွာ ယူႏိုက္တက္အတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ေနာက္ထပ္သြင္းဂိုးေတြကိုေတာ့ ၄၁ မိနစ္နဲ႔ ၇၀ မိနစ္တို႔တြင္ အီဟာလိုက သြင္းယူေပးခဲ့ပါတယ္။အဲဒီပြဲစဥ္ကမေျပာမၿပီးမတီးမျမည္တဲ့ အခ်က္အခ်ဳိ႕ကိုတင္ဆက္ေပးလိုက္ပါတယ္။ အရင္ဦးဆုံးေျပာခ်င္တဲ့အခ်က္ကေတာ့ မက္ဂြားယားတစ္ေယာက္ ယူႏိုက္တက္လူစာရင္းမွာမပါလာခဲ့တဲ့အေၾကာင္းျဖစ္ပါတယ္။ ယူႏိုက္တက္ရဲ႕ခံစစ္မွာ ဘိုင္လီနဲ႔ လင္ဒီေလာ့တို႔ပြဲထြက္လာခ့ဲျပီးေတာ့ အသင္းေခါင္းေဆာင္မက္ဂြားယားတစ္ေယာက္ကေတာ့ အသင္းရဲ႕ အရန္စာရင္းမွာေတာင္ပါ၀င္လာခ့ဲျခင္းမရွိပါဘူး။ ယူႏုိက္တက္နည္းျပဆိုးလ္ရွားဟာ အသင္းရဲ႕လူစာရင္းကိုျပီးခ့ဲ တ့ဲ အဲဗာတန္နဲ႔ ပြဲစဥ္ကလူစာရင္းနဲ႔ (၆)ေနရာအထိအေျပာင္းအလဲလုပ္ျပီးေတာ့ကစားသြားခဲ့တာျဖစ္ပါတယ္။ မက္ဂြားယားဟာ ထရိန္နင္မွာ ေျခက်င္း၀တ္ဒဏ္ရာရရိွခဲ့တာေၾကာင့္ ကြင္းထဲေျခမခ်ဘဲ အိမ္မွာပဲအနားယူေန ခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ၀ိန္းရြန္းနီအေၾကာင္းကိုလည္းခ်န္လွပ္ထားလို႔မရပါဘူး။ ရြန္းနီရဲ႕ဒီပဲြအေပၚ ထင္ျမင္ခ်က္၊ ေျပာဆုိခ်က္မ်ား ဟာပြဲမစခင္ကတည္းက လႈပ္ခတ္ေနခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ ဂႏၶဝင္ ကစားသမားေဟာင္းဝိန္းရြန္းနီကိုပရိသတ္ေတြကအခုအခ်ိန္အထိအားေပးေနဆဲျဖစ္ပါတယ္။ ယူႏိုက္တက္ ပရိသတ္ေတြဟာဝိန္း ႐ြန္းနီ ကို ၿပိဳင္ဖက္ ကစားသမားဆိုတာထက္ အသင္း အေပၚ မ်ားစြာ အက်ိဳး ျပဳထား ခဲ့တဲ့ ဂႏၶဝင္ ကစားသမား တစ္ဦး အျဖစ္ ပြဲခ်ိန္ တစ္ေလွ်ာက္ ေအာ္ဟစ္ အားေပး ေနခဲ့ၾက ပါတယ္ ။ယူႏိုက္တက္ ပရိသတ္ ေတြ အတြက္ ေတာ့ ဂႏၶဝင္ တိုက္စစ္မႉး ေဟာင္း ျဖစ္သူ ဝိန္း ႐ြန္းနီ ကို ျခားနားတဲ့ အသင္း တစ္သင္း မွ ၿပိဳင္ဖက္ အျဖစ္ အဲဗာတန္ ကစားသမား ဘဝ ၿပီးေနာက္ ၊ ေနာက္ထပ္ ျမင္ေတြ႕ရတာပဲျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္း ရဲ႕ ဘယ္ ေနာက္ခံလူ လုခ္ေရွာ ဟာ ပြဲထြက္ ကစားခြင့္ တစ္ ေနရာ အတြက္ ဝါရင့္ ေနာက္ခံလူ အက္ရွ္ေလ ယန္းနဲ႔ ၿပိဳင္ဆိုင္ ခဲ့ရတဲ့ အခ်ိန္ ထူးကဲ လြန္းတဲ့ ေျခစြမ္း ေတြကို မျပသ ႏိုင္ခဲ့ ပါဘူး ။
အခုေတာ့ သူဟာ တိုက္စစ္ပိုင္း မွာပါ ေျခစြမ္း ျပရင္း ဂိုးသြင္း ႏိုင္ခဲ့ ပါၿပီ ။ ဆက္လက္ၿပီးလုခ္ေရွာတစ္ေယာက္ အၿပိဳင္အဆိုင္ေတြနဲ႔ ပိုၿပီးေျခစြမ္းထက္ဖို႔ေမွ်ာ္လင့္ပါတယ္။ ယူႏိုက္တက္ကိုေရာက္ဖို႔အိပ္မက္မက္ခဲ့သူ အီဟာလိုကေတာ့ အခုပြဲမွာမင္းသားပါပဲ။ ေျခစြမ္းရိွေၾကာင္းကိုျပသတဲ့အေနနဲ႔အခုပြဲမွာ အသင္း အတြက္ တစ္ပြဲ တည္းနဲ႔ ႏွစ္ဂိုး သြင္းယူ ေပးႏိုင္ခဲ့ ပါတယ္ ။ ဒါဟာ တ႐ုတ္ စူပါလိဂ္ မွာ ကစား ေနခဲ့တဲ့ ကစားသမား တစ္ဦး ဆီက အခုလို စြမ္ရည္ ေကာင္းေတြ ေတြ႕ျမင္ ရတာ မဆိုးလွ ပါဘူး ။ဂိုး သြင္းယူ လိုက္တိုင္း ေအာင္ပြဲ ခံခ်ိန္ ေတြမွာလည္း ငါ ဂိုးသြင္း လိုက္ၿပီ ဆိုတဲ့ ဝံ့ႂကြားမႈ ထက္ ငါ အားေပး ခဲ့တဲ့ ၊ကစားဖို႔စိတ္ကူးယဥ္ခဲ့တဲ့အသင္း အတြက္ ဂိုးသြင္း ႏိုင္ၿပီ ဆိုတဲ့ ေပ်ာ္႐ႊင္မႈ ေတြကို ျမင္ေတြ႕ရပါတယ္။ အခုပြဲမွာမင္းသားမျဖစ္ေပမယ့္ ဇာတ္ေဆာင္တစ္ေယာက္အေနနဲ႔ဆက္လက္ရပ္တည္ႏိုင္ခဲ့သူကေတာ့ ဖာနန္ဒက္စ္ပဲျဖစ္ပါတယ္။
ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ တုန္းက ယူႏိုက္တက္ တို႔ ေပါင္ 67.8 သန္းနဲ႔ ေခၚယူ ခဲ့တဲ့ ကြင္းလယ္ ကစားသမား ျဖစ္သူ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ယူႏိုက္တက္ အတြက္ ကစားေပး ခဲ့တဲ့ ပြဲစဥ္ တိုင္းမွာ အေကာင္းဆုံး ကစားသမား တစ္ဦး ျဖစ္ခဲ့ ပါတယ္ ။ဖာနန္ဒက္စ္ ဟာ တိုက္စစ္ကို ေမာင္းႏွင္ ႏိုင္စြမ္း ရွိသလို ေသသပ္ ေကာင္းမြန္တဲ့ ေဘာလုံး ေပးပို႔မႈ ၊ အကြက္ ျမင္တဲ့ ေဘာလုံး ေပးပို႔မႈ ေတြကို လုပ္ေဆာင္ ႏိုင္သူ တစ္ဦး ပါပဲ ။ ဂိုး သြင္းယူမႈ ၊ဂိုး ဖန္တီးမုွ ေတြကို လုပ္ေဆာင္ ႏိုင္စြမ္းရိွသူလည္းျဖစ္ပါတယ္။ သူဟာအခုအခ်ိန္အထိ ယူႏိုက္တက္အတြက္မရိွမျဖစ္ကစားသမားေနရာကိုရယူထားႏိုင္ဆဲျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္း ဟာ လက္ရွိ ပရီးမီးယား လိဂ္ ၿပိဳင္ပြဲ မွာ ထိပ္သီး ေလးသင္း စာရင္း ဝင္ေရာက္ ႏိုင္ခြင့္ ရွိေန ေသးသလို ယူ႐ို ပါလိဂ္ ဖလား ၊ FA ဖလား တို႔ကို ဆြတ္ခူး ႏိုင္ခြင့္လည္း ရွိေန ပါ ေသးတယ္ ။ဒီလုိအေနအထားေတြေၾကာင့္ ထိုင္ခုံလႈပ္ေနတဲ့နည္းျပဆုိးလ္ရွားတစ္ေယာက္လည္း အသက္ရႈေခ်ာင္တဲ့အေျခအေနေတာ့ရိွပါတယ္။ ေရရွည္စီမံခ်က္နဲ႔သြားေနတဲ့ဆိုတဲ့ ဆိုးလ္ရွားရဲ႕စကားဟာတကယ္ပဲလားဆုိတာစဥ္းစား စရာျဖစ္လာပါၿပီ။သူ႔ဆုံးျဖတ္ခ်က္မွန္ခဲ့မယ္ဆိုရင္ေတာ့ တစ္ခ်ိန္က ယူႏိုက္တက္ကိုျပန္လည္ျမင္ေတြ႕ ရပါေတာ့မယ္။