ယူနိုက်တက်နဲ့စီရော်နယ်လ်ဒိုတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ပြန်လည်ထွက်ပေါ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းမှာ ရုန်းကန်နေရတဲ့ နာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုနဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ပြန်လည်ထွက်ပေါ်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ မီဒီယာတွေကဖော်ပြနေကြပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်ကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း အသင်းနဲ့ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်စတဲ့ဆုဖလားတွေအပြင် ကစားသမားဘ၀ ပထမဆုံးအကြိမ် Ballon d’Or နဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုတွေပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အသက်အရွယ်အရ ဘောလုံးသမားဘဝကနေ အနားယူဖို့တဖြည်းဖြည်းနီးစပ်လာပြီဖြစ်လို့ သူ့ရဲ့ဘောလုံးသမားဘ၀ နောက်ဆုံးအချိန်တွေကို ယူနိုက်တက်အသင်းမှာဖြတ်သန်းမလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပါပဲ။

အခုလောလောဆယ်မှာလည်း စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး ခြေစွမ်းနဲ့ပတ်သက်လို့ ဝေဖန်ခံနေရသလို ဂျူဗင်တပ်စ်အသင်းကလည်း (၃)နှစ်အတွင်း ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်သာ တက်ရောက်နိုင်ခဲ့တဲ့အပြင် ဒီရာသီ စီးရီးအေမှာလည်း ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်နေတဲ့အခြေအနေတွေက စီရော်နယ်လ်ဒိုအတွက် စိတ်ပျက်စရာလို့ပြောရမှာပါ။

ဒါ့အပြင် ကိုဗစ်ရောဂါဆိုးကြောင့် စီးပွားရေးကျဆင်းမှုဒဏ်ခံစားနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ အသင်းရဲ့လစာငွေအများဆုံးကစားသမား စီရော်နယ်လ်ဒိုကို လက်လွှတ်ခံရမယ့်အနေအထားဖြစ်နေပါပြီ။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့သဘောတူညီခဲ့တဲ့အတွက် UEFA ဒါမှမဟုတ် စီးရီးအေအဖွဲ့ချုပ်ရဲ့ ဒဏ်ငွေချမှတ်တာကို ရင်ဆိုင်ရမယ့်အခြေအနေပါပဲ။

ဒီလိုမျိုးပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက သူ့အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ဆန္ဒပြင်းပြနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်ကစားသမားဘဝတုန်းက စီရော်နယ်လ်ဒိုနဲ့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လက်တွဲကစားခဲ့ဖူးပြီး အခုအချိန်မှာတော့ နည်းပြအဖြစ် စီရော်နယ်လ်ဒိုနဲ့ပြန်လည်လက်တွဲခွင့်ရဖို့ မျှော်လင့်နေတာပါ။

စီရော်နယ်လ်ဒိုကို အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ရီးယဲလ်အသင်းကလည်း ခေါ်ယူလိုနေတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပေမယ့် ရီးယဲလ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအနေအထားကြောင့် တကယ်လို့ ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုကို ပြန်လည်ကြိုးပမ်းမယ်ဆိုရင် ပြိုင်ဘက်မရှိတော့တဲ့အတွက် လွယ်ကူသွားဖို့ရှိနေပါပြီ။

စီရော်နယ်လ်ဒိုနဲ့ဂျူဗင်တပ်စ်အသင်းတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းက (၁)နှစ်သာကျန်ရှိတော့တာကြောင့် စီရော်နယ်လ်ဒိုဟာ အသင်းဟောင်းယူနိုက်တက်မှာပဲ ကစားသမားဘဝပြန်လည်ကုန်ဆုံးမှာလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္နဲ႔စီေရာ္နယ္လ္ဒိုတို႔ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြ ျပန္လည္ထြက္ေပၚလာ

ဂ်ဴဗင္တပ္စ္အသင္းမွာ ႐ုန္းကန္ေနရတဲ့ နာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုနဲ႔ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြ ျပန္လည္ထြက္ေပၚေနၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ႀကိဳးပမ္းေနတယ္လို႔ မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္ကစားသမားဘဝမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီး ၂၀၀၃ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အတြင္း အသင္းနဲ႔ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္စတဲ့ဆုဖလားေတြအျပင္ ကစားသမားဘ၀ ပထမဆုံးအႀကိမ္ Ballon d’Or နဲ႔ ဖီဖာကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆုေတြပါ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုအေနနဲ႔ အသက္အ႐ြယ္အရ ေဘာလုံးသမားဘဝကေန အနားယူဖို႔တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္လို႔ သူ႔ရဲ႕ေဘာလုံးသမားဘ၀ ေနာက္ဆုံးအခ်ိန္ေတြကို ယူႏိုက္တက္အသင္းမွာျဖတ္သန္းမလားဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းတဲ့ေမးခြန္းပါပဲ။

အခုေလာေလာဆယ္မွာလည္း စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး ေျခစြမ္းနဲ႔ပတ္သက္လို႔ ေဝဖန္ခံေနရသလို ဂ်ဴဗင္တပ္စ္အသင္းကလည္း (၃)ႏွစ္အတြင္း ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္အဆင့္သာ တက္ေရာက္ႏိုင္ခဲ့တဲ့အျပင္ ဒီရာသီ စီးရီးေအမွာလည္း ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိသေလာက္ျဖစ္ေနတဲ့အေျခအေနေတြက စီေရာ္နယ္လ္ဒိုအတြက္ စိတ္ပ်က္စရာလို႔ေျပာရမွာပါ။ ဒါ့အျပင္ ကိုဗစ္ေရာဂါဆိုးေၾကာင့္ စီးပြားေရးက်ဆင္းမႈဒဏ္ခံစားေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရလို႔ အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမား စီေရာ္နယ္လ္ဒိုကို လက္လႊတ္ခံရမယ့္အေနအထားျဖစ္ေနပါၿပီ။ ဒါ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔သေဘာတူညီခဲ့တဲ့အတြက္ UEFA ဒါမွမဟုတ္ စီးရီးေအအဖြဲ႕ခ်ဳပ္ရဲ႕ ဒဏ္ေငြခ်မွတ္တာကို ရင္ဆိုင္ရမယ့္အေျခအေနပါပဲ။ ဒီလိုမ်ိဳးျပႆနာေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက သူ႔အသင္းေဖာ္ေဟာင္းျဖစ္ခဲ့ဖူးတဲ့ စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ဆႏၵျပင္းျပေနတယ္လို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာ ယူႏိုက္တက္ကစားသမားဘဝတုန္းက စီေရာ္နယ္လ္ဒိုနဲ႔ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိ လက္တြဲကစားခဲ့ဖူးၿပီး အခုအခ်ိန္မွာေတာ့ နည္းျပအျဖစ္ စီေရာ္နယ္လ္ဒိုနဲ႔ျပန္လည္လက္တြဲခြင့္ရဖို႔ ေမွ်ာ္လင့္ေနတာပါ။ စီေရာ္နယ္လ္ဒိုကို အသင္းေဟာင္းတစ္သင္းျဖစ္တဲ့ ရီးယဲလ္အသင္းကလည္း ေခၚယူလိုေနတယ္လို႔ သတင္းေတြထြက္ခဲ့ဖူးေပမယ့္ ရီးယဲလ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ကေတာ့ အဲဒီသတင္းေတြကို ျငင္းဆန္ခဲ့ပါတယ္။ အဲဒီအေနအထားေၾကာင့္ တကယ္လို႔ ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုကို ျပန္လည္ႀကိဳးပမ္းမယ္ဆိုရင္ ၿပိဳင္ဘက္မရွိေတာ့တဲ့အတြက္ လြယ္ကူသြားဖို႔ရွိေနပါၿပီ။ စီေရာ္နယ္လ္ဒိုနဲ႔ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက (၁)ႏွစ္သာက်န္ရွိေတာ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ အသင္းေဟာင္းယူႏိုက္တက္မွာပဲ ကစားသမားဘဝျပန္လည္ကုန္ဆုံးမွာလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .