ယူနိုက်တက်နဲ့ချဲလ်ဆီးပွဲက ပြောစရာအချက်များ…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းဟာ မနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းမှာ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 2 – 0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် အတွက် သွင်းဂိုး တွေကို တိုက်စစ်မှူး မာရှယ် နဲ့ နောက်ခံလူ မက်ဂွားယား တို့က ကိုယ်စီ ခေါင်းတိုက် သွင်းယူ ခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ဟာ ဒီ ရာသီ အတွင်း ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် သုံးပွဲ လုံးမှာ ရာနှုန်းပြည့် နိုင်ပွဲ ရယူ နိုင် ခဲ့ ပါတယ် ။

photo internet

အခုတော့ ယူနိုက်တက် အသင်း ဟာ အမှတ်ပေး ဇယား အဆင့် 4 နေရာ မှ ချဲလ်ဆီး နဲ့ 3 မှတ်သာ ကွာဟ နေပါ တော့တယ် ။ အဲဒီပွဲနဲ့ပတ်သက်တဲ့ မပြောမပြီး မတီးမမြည်အကြောင်းလေးတွေ ကိုတင်ဆက်ပေးလိုက်ပါတယ်။
အရင်ဦးဆုံးပရိသတ်စိတ်ဝင်စားအားပေးခဲ့တဲ့ ဖာနန်ဒက်စ်အကြောင်းပြောပါမယ်။ ဖာနန်ဒက်စ်ဟာ ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကို စိုးမိုးထားနိုင်ဖို့ အသင်းဖော် ဖရက်ဒ်၊ မာတစ်တို့နဲ့အတူတူ တွဲဖက်ညီညီ ကစားသွားနိုင်ခဲ့ပါတယ်။ တိုက်စစ်ခံစစ်ပိုင်းမျှတအောင်အကောင်းဆုံးလိုက်ပါကစားသွားနိုင်ခဲ့ပြီးတော့ နှစ်ပွဲကစားပြီးချိန်မှာ Man of the Match နှစ်ကြိမ်ရတဲ့အထိ ဖာနန်ဒက်စ်က ယူနိုက်တက်အတွက်အရေးပါတဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့ပါတယ်။

photo internet

နောက်တစ်ချက်ကတော့ ယူနိုက်တက် အသင်းအတွက်နာမည်ပြောင်ထွက် ပေါ်လာတဲ့အကြောင်းပါ။ မာရှယ်၊ မက်ဂွိုင်းယားတို့ရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်က အဝေးကွင်းမှာအနိုင်ရရှိခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်တွေက အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီးနောက်မှာ VARchester United လို့ လှောင်ပြောင်ခံနေရတာဖြစ်ပါတယ်။ ဘတ်ရှူဝါယီနဲ့ ဘောလုံးယှဉ်လုပြီးနောက် လဲကျခဲ့တဲ့အခိုက်မှာ ယူနိုက်တက်နောက်ခံလူမက်ဂွိုင်းယားက ခြေထောက်ဆန့်ထုတ်ကာ ကန်ကျောက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မက်ဂွိုင်းယားလည်းအခုအချိန်မှာ ချဲလ်ဆီးပရိသတ်တွေရဲ့ ဒေါသထွက်တာကိုခံနေရပါတယ်။

photo internet

ဒါ့အပြင် ဇူးမားက ချေပဂိုးသွင်းခဲ့ပေမယ့် အက်ဇ်ပီလီကွီတာက ဘရန်ဒန်ဝီလီယံကို တွန်းခဲ့တယ်လို့ သတ်မှတ်ခဲ့လို့ ဂိုးအဖြစ်မသတ်မှတ်ပေးခဲ့ပါဘူး။ ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ ဂီရော့ဒ်ရဲ့ သွင်းဂိုးမှာလည်း ခြေထောက် အနည်းငယ်ရှေ့ထွက်နေခဲ့တယ်ဆိုပြီး VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ကာ လူကျွံတယ်လို့ ဆုံးဖြတ်ခံခဲ့ရပါတယ်။ VAR ကြောင့် ယူနိုက်တက်တို့အကျိုးရှိခဲ့တယ် ဆိုပြီး VARchester United လို့ တွစ်တာပေါ်မှာ လှောင်ပြောင်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

photo internet

ချဲလ်ဆီးရဲ့ကံမကောင်းတဲ့အချက်ကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ ချဲလ်ဆီးဟာယူနိုက်တက်ထက်ပိုပြီးတော့ အခွင့်အရေးကောင်းတွေပိုရခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ကစားသမားတွေဟာ အခွင့်အရေးတွေကို အသုံးမချနိုင်တာကြောင့် သွင်းဂိုးတွေမရခဲ့ပါဘူး။ အထူးသဖြင့်တိုက်စစ်ပိုင်းက ဘတ်ရှုအာယီဟာအပိုင် အခွင့်အရေးနှစ်ကြိမ်ကိုဖြုန်းတီးပစ်ခဲ့ပါတယ်။ ဧရိယာထဲမှာ ရခဲ့တဲ့ အပိုင်အခွင့်အရေးနှစ်ကြိမ်ကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းနစ်နာခဲ့ရတာပါ။ တမ်မီအေဘရာဟမ်တစ်ယောက် ဒဏ်ရာရနေတဲ့အချိန်နဲ့ လိဂ်ရဲ့နောက်ဆုံးလနဲ့သွားတိုက်ဆိုင်နေတာကတော့ ဘယ်လိုမှမတတ်နိုင်တဲ့ ကံဆိုးမှုပါပဲ။
ဒဏ်ရာရကစားသမားတွေနေရာအတွက်အစားထိုးကစားနေရတဲ့ မာရှယ် တစ်ယောက် သူ အားမသန် တဲ့ အထောင် တိုက်စစ် ကို ကူးပြောင်း ကစားနေခဲ့ရပါတယ် ။ဒီပွဲမှာ လှပတဲ့ ခေါင်းတိုက် သွင်းဂိုး နဲ့ အတူ အချို့ဝေဖန်မှုတွေကို မာရှယ်တစ်ယောက်ချေဖျက်နိုင်ခဲ့ပါတယ်။

photo internet

ဒါ့အပြင် ဂိုး ဖန်တီးမှု အားနည်းလေ့ ရှိခဲ့တဲ့ ညာ နောက်ခံလူ ဝမ် ဘစ်ဆာကာ အတွက် ပျော်စရာ ကောင်းတဲ့ နေ့ ဖြစ်ခဲ့ သလို ဘရူနို ဖာနန်ဒက်စ် အတွက်လည်း ယူနိုက်တက် ကစား သမား ဘဝ ပထမဆုံး အကြိမ် ဂိုး ဖန်တီး ပေးနိုင် ခဲ့တဲ့ ပွဲ လည်း ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒီ ပွဲနဲ့ပတ်သက်ပြီးနှစ်သင်းစလုံးမှာရည်ရွယ်ချက်နှစ်ခုရှိတယ်လို့ထင်ပါတယ်။ တစ်ခုကတော့ လာမယ့် ရာသီ မှာ ချန်ပီယံလိဂ် ကစားရဖို့ ဖြစ်ပြီး၊နောက်တစ်ခုကတော့ ဒေါ့မွန် မှ ဂျေဒင် ဆန်ချို ကို အပြိုင် ခေါ်ယူလို တဲ့ ရည်ရွယ်ချက်ပါ။ ဆန်ချို အတွက် ပေါင်သန်း ၁၀၀ ကနေ စတင် ကမ်းလှမ်းရမှာ မှန်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့ အသင်း မှာမှ ဆန်ချို လာရောက် ကစားဖွယ် ရှိနေတာကြောင့် ၊ ချယ်လ်ဆီး ရော ၊ ယူနိုက်တက် ပါ အပြိုင်အဆိုင်ကစားခဲ့ကြတာပါ။

photo internet

ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားကတော့ မက်ဂွားယားတစ်ယောက် ပထမဆုံး ပရီးမီးယား လိဂ် သွင်းဂိုး သွင်းယူ နိုင် ခဲ့တဲ့ အပေါ် စိတ်သက်သာရာ ရရှိ ခဲ့ကြောင်းနဲ့ ချဲလ်ဆီး နဲ့ ပွဲစဉ် မှာ အနီကဒ် နဲ့ ထုတ်ပယ် ခံရဖို့ မထိုက်တန် ခဲ့ကြောင်း ပြောကြား ထားပါတယ်။ မက်ဂွိုင်းယားကတော့ ပြီးခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး အခုလိုပြောထားပါတယ်။ ”ကျွန်တော် သူ့ကို ထိခိုက်အောင်လုပ်လိုက်မိသလိုဖြစ်သွားတယ်ဆိုတာ သိပါတယ်။ သူ ကျွန်တော့်အပေါ် ကျလာတော့မယ်လို့ ခံစားမိပြီး ကျွန်တော့်ရဲ့နဂိုတုံ့ပြန်မှုကတော့ သူ့ကိုတားဖို့ ကျွန်တော့်ခြေထောက်တွေကို ဆန့်တန်းမိတာပါ။ ဒါဟာ ကန်ကျောက်တာမဟုတ်သလို ရည်ရွယ်ချက်လည်း မရှိခဲ့ပါဘူး။ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ သူ့ကိုလုပ်မိလိုက်ပေမယ့် သူနာကျင်အောင် ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ပုံမှန်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ခဲ့တာပါ။ ကျွန်တော် သူ့ကိုတောင်းပန်ခဲ့သလို ဒိုင် နားလည်သဘောပေါက်တာလည်း ကောင်းပါတယ်”ဆိုပြီး ပြောထားပါတယ်။အခုအချိန်မှာတော့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲက တော်တော်လေးကို စိတ်ဝင်စားစရာကောင်းနေ ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ခ်ဲလ္ဆီးပြဲက ေျပာစရာအခ်က္မ်ား…..

ယူႏိုက္တက္အသင္းဟာ မေန႔ညက စတမ္းဖို႔ဒ္ ဘရစ္ခ်္ ကြင္းမွာ ခ်ဲလ္ဆီး အသင္း နဲ႔ ရင္ဆိုင္ ကစား ခဲ့ ရၿပီး 2 – 0 ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ယူ ႏိုင္ခဲ့ ပါတယ္ ။ အဆိုပါ ပြဲစဥ္ မွာ ယူႏိုက္တက္ အတြက္ သြင္းဂိုး ေတြကို တိုက္စစ္မႉး မာရွယ္ နဲ႔ ေနာက္ခံလူ မက္ဂြားယား တို႔က ကိုယ္စီ ေခါင္းတိုက္ သြင္းယူ ခဲ့ၾက ပါတယ္ ။ ဒါ့ေၾကာင့္ ယူႏိုက္တက္ ဟာ ဒီ ရာသီ အတြင္း ခ်ဲလ္ဆီး အသင္း နဲ႔ ရင္ဆိုင္ ခဲ့တဲ့ ပြဲစဥ္ သုံးပြဲ လုံးမွာ ရာႏႈန္းျပည့္ ႏိုင္ပြဲ ရယူ ႏိုင္ ခဲ့ ပါတယ္ ။ အခုေတာ့ ယူႏိုက္တက္ အသင္း ဟာ အမွတ္ေပး ဇယား အဆင့္ 4 ေနရာ မွ ခ်ဲလ္ဆီး နဲ႔ 3 မွတ္သာ ကြာဟ ေနပါ ေတာ့တယ္ ။ အဲဒီပြဲနဲ႔ပတ္သက္တဲ့ မေျပာမၿပီး မတီးမျမည္အေၾကာင္းေလးေတြ ကိုတင္ဆက္ေပးလိုက္ပါတယ္။
အရင္ဦးဆုံးပရိသတ္စိတ္၀င္စားအားေပးခဲ့တဲ့ ဖာနန္ဒက္စ္အေၾကာင္းေျပာပါမယ္။ ဖာနန္ဒက္စ္ဟာ ဒီပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကို စိုးမိုးထားႏိုင္ဖို႔ အသင္းေဖာ္ ဖရက္ဒ္၊ မာတစ္တို႔နဲ႔အတူတူ တြဲဖက္ညီညီ ကစားသြားႏိုင္ခ့ဲပါတယ္။ တိုက္စစ္ခံစစ္ပိုင္းမွ်တေအာင္အေကာင္းဆံုးလိုက္ပါကစားသြားႏိုင္ခ့ဲျပီးေတာ့ ႏွစ္ပြဲကစားျပီးခ်ိန္မွာ Man of the Match ႏွစ္ၾကိမ္ရတဲ့အထိ ဖာနန္ဒက္စ္က ယူႏုိက္တက္အတြက္အေရးပါတ့ဲ ေျခစြမ္းေတြျပသႏုိင္ခ့ဲပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ယူႏိုက္တက္ အသင္းအတြက္နာမည္ေျပာင္ထြက္ ေပၚလာတဲ့အေၾကာင္းပါ။ မာရွယ္၊ မက္ဂြိဳင္းယားတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ယူႏိုက္တက္က အေဝးကြင္းမွာအႏိုင္ရရွိခဲ့ေပမယ့္ VAR ဆုံးျဖတ္ခ်က္ေတြက အျငင္းပြားဖြယ္ရာျဖစ္ခဲ့ၿပီးေနာက္မွာ VARchester United လို႔ ေလွာင္ေျပာင္ခံေနရတာျဖစ္ပါတယ္။ ဘတ္ရႉဝါယီနဲ႔ ေဘာလုံးယွဥ္လုၿပီးေနာက္ လဲက်ခဲ့တဲ့အခိုက္မွာ ယူႏိုက္တက္ေနာက္ခံလူမက္ဂြိဳင္းယားက ေျခေထာက္ဆန႔္ထုတ္ကာ ကန္ေက်ာက္ခဲ့ပါတယ္။ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး မက္ဂိြဳင္းယားလည္းအခုအခ်ိန္မွာ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ ေဒါသထြက္တာကိုခံေနရပါတယ္။ ဒါ့အျပင္ ဇူးမားက ေခ်ပဂိုးသြင္းခဲ့ေပမယ့္ အက္ဇ္ပီလီကြီတာက ဘရန္ဒန္ဝီလီယံကို တြန္းခဲ့တယ္လို႔ သတ္မွတ္ခဲ့လို႔ ဂိုးအျဖစ္မသတ္မွတ္ေပးခဲ့ပါဘူး။ ဒုတိယပိုင္းမွာ လူစားဝင္္လာခဲ့တဲ့ ဂီေရာ့ဒ္ရဲ႕ သြင္းဂိုးမွာလည္း ေျခေထာက္ အနည္းငယ္ေရွ႕ထြက္ေနခဲ့တယ္ဆိုၿပီး VAR နဲ႔ ျပန္လည္ၾကည့္ရႈခဲ့ကာ လူကြၽံတယ္လို႔ ဆုံးျဖတ္ခံခဲ့ရပါတယ္။ VAR ေၾကာင့္ ယူႏို္က္တက္တို႔အက်ဳိးရိွခဲ့တယ္ ဆိုၿပီး VARchester United လို႔ တြစ္တာေပၚမွာ ေလွာင္ေျပာင္ေခၚေဝၚေနၾကတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးရဲ႕ကံမေကာင္းတဲ့အခ်က္ကိုလည္း ခ်န္လွပ္ထားလို႔႔မရပါဘူး။ ခ်ဲလ္ဆီးဟာယူႏုိက္တက္ထက္ပိုျပီးေတာ့ အခြင့္အေရးေကာင္းေတြပိုရခ့ဲပါတယ္။ ဒါေပမ့ဲ ခ်ဲလ္ဆီးအသင္းရဲ႕တို္က္စစ္ကစားသမားေတြဟာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္တာေၾကာင့္ သြင္းဂိုးေတြမရခ့ဲပါဘူး။ အထူးသျဖင့္တိုက္စစ္ပိုင္းက ဘတ္ရႈအာယီဟာအပိုင္အခြင့္အေရးႏွစ္ၾကိမ္ကိုျဖဳန္းတီးပစ္ခ့ဲပါတယ္။ ဧရိယာထဲမွာ ရခဲ့တဲ့ အပိုင္အခြင့္အေရးႏွစ္ႀကိမ္ကို ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့တဲ့အတြက္ ခ်ဲလ္ဆီးအသင္းနစ္နာခဲ့ရတာပါ။ တမ္မီေအဘရာဟမ္တစ္ေယာက္ ဒဏ္ရာရေနတဲ့အခ်ိန္နဲ႔ လိဂ္ရဲ႕ေနာက္ဆုံးလနဲ႔သြားတိုက္ဆိုင္ေနတာကေတာ့ ဘယ္လိုမွမတတ္ႏိုင္တဲ့ ကံဆိုးမႈပါပဲ။
ဒဏ္ရာရကစားသမားေတြေနရာအတြက္အစားထိုးကစားေနရတဲ့ မာရွယ္ တစ္ေယာက္ သူ အားမသန္ တဲ့ အေထာင္ တိုက္စစ္ ကို ကူးေျပာင္း ကစားေနခဲ့ရပါတယ္ ။ဒီပြဲမွာ လွပတဲ့ ေခါင္းတိုက္ သြင္းဂိုး နဲ႔ အတူ အခ်ဳိ႕ေ၀ဖန္မႈေတြကို မာရွယ္တစ္ေယာက္ေခ်ဖ်က္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဂိုး ဖန္တီးမႈ အားနည္းေလ့ ရွိခဲ့တဲ့ ညာ ေနာက္ခံလူ ဝမ္ ဘစ္ဆာကာ အတြက္ ေပ်ာ္စရာ ေကာင္းတဲ့ ေန႔ ျဖစ္ခဲ့ သလို ဘ႐ူႏို ဖာနန္ဒက္စ္ အတြက္လည္း ယူႏိုက္တက္ ကစား သမား ဘဝ ပထမဆုံး အႀကိမ္ ဂိုး ဖန္တီး ေပးႏိုင္ ခဲ့တဲ့ ပြဲ လည္း ျဖစ္သြား ခဲ့ရ ပါတယ္ ။ ဒီ ပြဲနဲ႔ပတ္သက္ၿပီးႏွစ္သင္းစလုံးမွာရည္ရြယ္ခ်က္နွစ္ခုရိွတယ္လို႔ထင္ပါတယ္။ တစ္ခုကေတာ့ လာမယ့္ ရာသီ မွာ ခ်န္ပီယံလိဂ္ ကစားရဖို႔ ျဖစ္ၿပီး၊ေနာက္တစ္ခုကေတာ့ ေဒါ့မြန္ မွ ေဂ်ဒင္ ဆန္ခ်ိဳ ကို အၿပိဳင္ ေခၚယူလို တဲ့ ရည္ရြယ္ခ်က္ပါ။ ဆန္ခ်ိဳ အတြက္ ေပါင္သန္း ၁၀၀ ကေန စတင္ ကမ္းလွမ္းရမွာ မွန္ေပမယ့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရတဲ့ အသင္း မွာမွ ဆန္ခ်ိဳ လာေရာက္ ကစားဖြယ္ ရွိေနတာေၾကာင့္ ၊ ခ်ယ္လ္ဆီး ေရာ ၊ ယူႏိုက္တက္ ပါ အၿပိဳင္အဆိုင္ကစားခဲ့ၾကတာပါ။
ယူႏိုက္တက္ အသင္း ရဲ႕ နည္းျပ ျဖစ္သူ ဆိုးလ္ရွားကေတာ့ မက္ဂြားယားတစ္ေယာက္ ပထမဆုံး ပရီးမီးယား လိဂ္ သြင္းဂိုး သြင္းယူ ႏိုင္ ခဲ့တဲ့ အေပၚ စိတ္သက္သာရာ ရရွိ ခဲ့ေၾကာင္းနဲ႔ ခ်ဲလ္ဆီး နဲ႔ ပြဲစဥ္ မွာ အနီကဒ္ နဲ႔ ထုတ္ပယ္ ခံရဖို႔ မထိုက္တန္ ခဲ့ေၾကာင္း ေျပာၾကား ထားပါတယ္။ မက္ဂိြဳင္းယားကေတာ့ ၿပီးခဲ့တဲ့အျဖစ္အပ်က္နဲ႔ပတ္သက္ၿပီးအခုလိုေျပာထားပါတယ္။ ”ကြၽန္ေတာ္ သူ႔ကို ထိခိုက္ေအာင္လုပ္လိုက္မိသလိုျဖစ္သြားတယ္ဆိုတာ သိပါတယ္။ သူ ကြၽန္ေတာ့္အေပၚ က်လာေတာ့မယ္လို႔ ခံစားမိၿပီး ကြၽန္ေတာ့္ရဲ႕နဂိုတုံ႔ျပန္မႈကေတာ့ သူ႔ကိုတားဖို႔ ကြၽန္ေတာ့္ေျခေထာက္ေတြကို ဆန႔္တန္းမိတာပါ။ ဒါဟာ ကန္ေက်ာက္တာမဟုတ္သလို ရည္႐ြယ္ခ်က္လည္း မရွိခဲ့ပါဘူး။ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္လို႔ ထင္ပါတယ္။ သူ႔ကိုလုပ္မိလိုက္ေပမယ့္ သူနာက်င္ေအာင္ ရည္႐ြယ္ခ်က္မရွိခဲ့ပါဘူး။ ပုံမွန္တုံ႔ျပန္မႈတစ္ခုသာ ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္ သူ႔ကိုေတာင္းပန္ခဲ့သလို ဒိုင္ နားလည္သေဘာေပါက္တာလည္း ေကာင္းပါတယ္”ဆိုၿပီး ေျပာထားပါတယ္။အခုအခ်ိန္မွာေတာ့ ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ၿပိဳင္ပြဲက ေတာ္ေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းေန ပါၿပီ။