
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးလ်အသင်းရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ ဂိုးသမားအယ်လစ်ဆင်၊ ကွင်းလယ်လူဖာဘင်ဟိုနဲ့ တိုက်စစ်မှူးဖေမီနိုတို့ဟာ လာမယ့်အောက်တိုဘာလအတွင်းကစားဖို့ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲကြီးပွဲကောင်းကို လွဲချော်ဖို့ရှိနေပါပြီ။
ဘရာဇီးလ်လက်ရွေးစင်ကစားသမားတွေဖြစ်ကြတဲ့ အယ်လစ်ဆင်၊ ဖာဘင်ဟို၊ ဖေမီနိုတို့ကို လာမယ့်စက်တင်ဘာလမှာ ချီလီ၊ အာဂျင်တီးနား၊ ပီရူးတို့နဲ့ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက်
ဘရာဇီးလ်အသင်းနည်းပြထိထီက ရွေးချယ်ထားသလို သူတို့(၃)ဦးစလုံးကလည်း အဲဒီပွဲတွေမှာပါဝင်ကစားဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ကိုဗစ်ရောဂါဆိုးကြောင့် အသင်းရဲ့တောင်အမေရိက,ကစားသမားတွေ လက်ရွေးစင်အသင်းမှာရွေးချယ်ခံရရင် အသင်းလူစာရင်းကနေ ပြန်ထုတ်ပိုင်ခွင့်ရှိပေမယ့်
ဒီရာသီမှာတော့ ဖီဖာက အဲဒီခွင့်ပြုချက်ကို ရုပ်သိမ်းခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ကစားသမား(၃)ဦးကို လက်ရွေးစင်အသင်းအတွက် မဖြစ်မနေစေလွှတ်ရတော့မှာပါ။
ဒါ့အပြင် ဒီကစားသမား(၃)ဦးဟာ လီဗာပူးလ်အသင်းဆီပြန်လာရင်လည်း Quarantine ဝင်ရဦးမှာဖြစ်လို့ အသင်းရဲ့ပွဲစဉ်တချို့ကို လွဲချော်ဖို့ရှိနေပါပြီ။
ဘရာဇီးလ်အသင်းဟာ စက်တင်ဘာ(၁၁)ရက်ကျရင် ပီရူးနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီးနောက်နေ့မှာ လီဗာပူးလ်အသင်းက လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိနေသလို
အယ်လစ်ဆင်၊ ဖာဘင်ဟိုနဲ့ဖေမီနိုတို့ဟာ လီဗာပူးလ်အသင်းဆီပြန်ရောက်ရင် တစ်ဦးချင်းသီးသန့်(၁၀)ရက်နေရမှာဖြစ်တဲ့အတွက် ပဲလေ့စ်နဲ့ကစားမယ့်ပွဲမှာလည်း ပါဝင်နိုင်ဖို့မသေချာပါဘူး။
ဒါ့အပြင် အောက်တိုဘာလထဲမှာ နိုင်ငံတကာပွဲတွေပြန်စမှာဖြစ်လို့ အောက်တိုဘာလ(၂၄)ရက်ကျရင် အိုးလ်ထရက်ဖို့ဒ်မှာကစားမယ့် ယူနိုက်တက်နဲ့ပွဲကိုလည်း လွဲချော်ဖို့ရှိနေပြီး ယူနိုက်တက်အသင်းရဲ့ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူဖရက်ဒ်ကလည်း အဲဒီပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေမချာဖြစ်နေပါပြီ။
ဘရာဇီးလ်အသင်းဟာ လာမယ့်အောက်တိုဘာလအတွင်း ဗင်နီဇွဲလား၊ ဥရုဂွေးအသင်းတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဆက်လက်ကစားရမှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းလိုပဲ
ဘရာဇီးလ်ကစားသမားတွေရှိနေတဲ့ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့ဟာ သူတို့ကစားသမားတွေဖြစ်တဲ့ ဂါဘရီယဲလ်ဂျေးဆု၊ အီဒါဆင်၊ သီယာဂိုဆေးလ်ဗားတို့ကို လာမယ့်လတွေကျရင် နိုင်ငံအသင်းအတွက်စေလွှတ်ရမှာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူႏိုက္တက္နဲ႔ကစားမယ့္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ အယ္လစ္ဆန္၊ ေဖမီႏိုနဲ႔ ဖာဘင္ဟို
လီဗာပူးလ္အသင္းရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ ဂိုးသမားအယ္လစ္ဆင္၊ ကြင္းလယ္လူဖာဘင္ဟိုနဲ႔ တိုက္စစ္မႉးေဖမီႏိုတို႔ဟာ လာမယ့္ေအာက္တိုဘာလအတြင္းကစားဖို႔ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲႀကီးပြဲေကာင္းကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ ဘရာဇီးလ္လက္ေ႐ြးစင္ကစားသမားေတြျဖစ္ၾကတဲ့ အယ္လစ္ဆင္၊ ဖာဘင္ဟို၊ ေဖမီႏိုတို႔ကို လာမယ့္စက္တင္ဘာလမွာ ခ်ီလီ၊ အာဂ်င္တီးနား၊ ပီ႐ူးတို႔နဲ႔ကစားမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ ဘရာဇီးလ္အသင္းနည္းျပထိထီက ေ႐ြးခ်ယ္ထားသလို သူတို႔(၃)ဦးစလုံးကလည္း အဲဒီပြဲေတြမွာပါဝင္ကစားဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ကိုဗစ္ေရာဂါဆိုးေၾကာင့္ အသင္းရဲ႕ေတာင္အေမရိက,ကစားသမားေတြ လက္ေ႐ြးစင္အသင္းမွာေ႐ြးခ်ယ္ခံရရင္ အသင္းလူစာရင္းကေန ျပန္ထုတ္ပိုင္ခြင့္ရွိေပမယ့္ ဒီရာသီမွာေတာ့ ဖီဖာက အဲဒီခြင့္ျပဳခ်က္ကို ႐ုပ္သိမ္းခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းဟာ သူတို႔ရဲ႕ကစားသမား(၃)ဦးကို လက္ေ႐ြးစင္အသင္းအတြက္ မျဖစ္မေနေစလႊတ္ရေတာ့မွာပါ။ ဒါ့အျပင္ ဒီကစားသမား(၃)ဦးဟာ လီဗာပူးလ္အသင္းဆီျပန္လာရင္လည္း Quarantine ဝင္ရဦးမွာျဖစ္လို႔ အသင္းရဲ႕ပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။
ဘရာဇီးလ္အသင္းဟာ စက္တင္ဘာ(၁၁)ရက္က်ရင္ ပီ႐ူးနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီးေနာက္ေန႔မွာ လီဗာပူးလ္အသင္းက လိဒ္စ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲကစားဖို႔ရွိေနသလို အယ္လစ္ဆင္၊ ဖာဘင္ဟိုနဲ႔ေဖမီႏိုတို႔ဟာ လီဗာပူးလ္အသင္းဆီျပန္ေရာက္ရင္ တစ္ဦးခ်င္းသီးသန႔္(၁၀)ရက္ေနရမွာျဖစ္တဲ့အတြက္ ပဲေလ့စ္နဲ႔ကစားမယ့္ပြဲမွာလည္း ပါဝင္ႏိုင္ဖို႔မေသခ်ာပါဘူး။
ဒါ့အျပင္ ေအာက္တိုဘာလထဲမွာ ႏိုင္ငံတကာပြဲေတြျပန္စမွာျဖစ္လို႔ ေအာက္တိုဘာလ(၂၄)ရက္က်ရင္ အိုးလ္ထရက္ဖို႔ဒ္မွာကစားမယ့္ ယူႏိုက္တက္နဲ႔ပြဲကိုလည္း လြဲေခ်ာ္ဖို႔ရွိေနၿပီး ယူႏိုက္တက္အသင္းရဲ႕ဘရာဇီးလ္လက္ေ႐ြးစင္ကြင္းလယ္လူဖရက္ဒ္ကလည္း အဲဒီပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ မေသမခ်ာျဖစ္ေနပါၿပီ။ ဘရာဇီးလ္အသင္းဟာ လာမယ့္ေအာက္တိုဘာလအတြင္း ဗင္နီဇြဲလား၊ ဥ႐ုေဂြးအသင္းေတြနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲေတြ ဆက္လက္ကစားရမွာျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းလိုပဲ ဘရာဇီးလ္ကစားသမားေတြရွိေနတဲ့ မန္စီးတီး၊ ခ်ယ္လ္ဆီးအသင္းတို႔ဟာ သူတို႔ကစားသမားေတြျဖစ္တဲ့ ဂါဘရီယဲလ္ေဂ်းဆု၊ အီဒါဆင္၊ သီယာဂိုေဆးလ္ဗားတို႔ကို လာမယ့္လေတြက်ရင္ ႏိုင္ငံအသင္းအတြက္ေစလႊတ္ရမွာလည္းျဖစ္ပါတယ္။