ယူနိုက်တက်နည်းပြရာထူးကို မျှော်လင့်နေဆဲဖြစ်တဲ့ ပိုချက်တီနို


စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ လာမယ့်ရာသီမှာ ယူနိုက်တက်နည်းပြဖြစ်လာဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ The Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဒီရာသီအသင်းမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် နည်းပြရာထူးက မျက်ခုံးလှုပ်နေတာ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ထိပ်ဆုံး ၆ သင်းစာရင်းကနေ ထွက်ခွာခဲ့ရမယ်ဆိုရင် ဆိုးလ်ရှားကို ထုတ်ပယ်ပြီး ပိုချက်တီနိုကို ခန့်အပ်ဖွယ်ရှိနေပါတယ်။ အာဂျင်တီးနားသားဟာ နည်းပြလောကကို ပြန်လည်ဝင်ရောက်လာဖြစ်ပါက ပရီးမီးယားလိဂ်ကို ပြန်လာဖွယ် ရှိနေပါတယ်။


စပါးအသင်းဟာ ရလဒ်တွေဆိုးဝါးခဲ့တဲ့ နည်းပြ ပိုချက်တီနိုကို အသင်းကနေ ထုတ်ပယ်ပြီး နည်းပြ မော်ရင်ဟိုကို ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေကတော့ အတက်အကျများနေပြီး အားထားရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ကာလရှည် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပိုချက်တီနိုကတော့ ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေတာ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းဟာ လက်ရှိယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်နွှဲနေရပြီး လာမယ့်ရာသီ ဥရောပ ဝင်ခွင့်အတွက် လွဲချော်လို့ မရတာ ဖြစ်ပါတယ်။ တကယ်လို့ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် စပွန်ဆာတွေဖြစ်တဲ့ adidas နဲ့ Chervolet တို့ဟာ စာချုပ်ချုပ်ဆိုဖို့အတွက် စဉ်းစားလာဖွယ် ရှိနေပါတယ်။