ယူနိုက်တက်နည်းပြတွေထဲမှာ နိုင်ပွဲရာခိုင်နှုန်းတတိယမြောက်အများဆုံးဖြစ်နေတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်သူဆိုးလ်ရှားဟာ ရာထူးကအထုတ်ခံရဖို့နီးစပ်နေပေမယ့် သူက အသင်းသမိုင်းတစ်လျှောက်နည်းပြတွေထဲမှာ နိုင်ပွဲရာခိုင်နှုန်းတတိယမြောက်အများဆုံးအဖြစ် အံ့အားသင့်စရာကောင်းအောင်ရပ်တည်နေပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ယူနိုက်တက်နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ဆိုးလ်ရှားဟာ အခုအချိန်အထိဆုဖလားတစ်လုံးမှ မယူနိုင်သေးပေမယ့်

သူ့ရဲ့နိုင်ပွဲရာခိုင်နှုန်းက မယုံနိုင်လောက်စရာဖြစ်နေပြီး ပွဲပေါင်း(၁၆၄)ပွဲကိုင်တွယ်အပြီးမှာ နိုင်ပွဲရာခိုင်နှုန်းက (၅၄.၈၈%)အထိရှိနေတာပါ။

ဒါက ယူနိုက်တက်အသင်းအတွက် ပထမဆုံးရွှေရောင်ကာလတွေပိုင်ဆိုင်အောင်စွမ်းဆောင်ခဲ့တဲ့ ဂန္ထဝင်နည်းပြဆာမတ်ဘတ်စ်ဘီထက်တောင်

ပိုကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်နေပြီး ဆာမတ်ဘတ်စ်ဘီဟာ ပွဲပေါင်း(၁,၁၂၀)ကိုင်တွယ်အပြီးမှာ နိုင်ပွဲရာခိုင်နှုန်း(၅၀.၄၅%)သာရရှိခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားထက် နိုင်ပွဲရာခိုင်နှုန်းပိုများနေတာက နည်းပြဟောင်းမော်ရင်ဟိုနဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်တို့သာရှိတော့ပြီး

ယူနိုက်တက်အသင်းကို ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ ပွဲပေါင်း(၁၄၄)ပွဲမှာ နိုင်ပွဲရာခိုင်နှုန်း(၅၈.၃၃%)ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်(၁၃)ကြိမ်၊ FA ဖလား(၅)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်အပါအဝင် ယူနိုက်တက်နည်းပြဘဝ(၂၆)နှစ်တာကာလအတွင်းဆုဖလားပေါင်းများစွာရယူခဲ့သူ ဖာဂူဆန်ဟာ

ပွဲပေါင်း(၁၅၀၀)မှာ နိုင်ပွဲရာခိုင်နှုန်း(၅၉.၆၇%)အထိရယူခဲ့ပြီး သူက ပျမ်းမျှအားဖြင့်ပွဲပေါင်း(၅)ပွဲမှာ(၃)ပွဲအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြတွေထဲမှာ အဆိုးရွားဆုံးနည်းပြတစ်ဦးဖြစ်တဲ့ဒေးဗစ်မွိုက်စ်ဟာ ပွဲပေါင်း(၅၁)ပွဲကိုင်တွယ်ခဲ့ပြီးချိန်မှာ (၅၂.၉၄%)နဲ့ဆိုးလ်ရှားရဲ့နောက် စတုတ္ထအများဆုံးအဖြစ်ရပ်တည်နေပြီး

ယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိကိုင်တွယ်ခဲ့သလို FA ဖလားရယူပေးခဲ့တဲ့နည်းပြဟောင်းဗန်ဟားလ်ကတော့ ပွဲပေါင်း(၁၀၃)ပွဲမှာ နိုင်ပွဲရာခိုင်နှုန်း(၅၂.၄၃%)နဲ့ ပဥ္စမနေရာရပ်တည်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္နည္းျပေတြထဲမွာ ႏိုင္ပြဲရာခိုင္ႏႈန္းတတိယေျမာက္အမ်ားဆုံးျဖစ္ေနတဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္နည္းျပျဖစ္သူဆိုးလ္ရွားဟာ ရာထူးကအထုတ္ခံရဖို႔နီးစပ္ေနေပမယ့္ သူက အသင္းသမိုင္းတစ္ေလွ်ာက္နည္းျပေတြထဲမွာ ႏိုင္ပြဲရာခိုင္ႏႈန္းတတိယေျမာက္အမ်ားဆုံးအျဖစ္ အံ့အားသင့္စရာေကာင္းေအာင္ရပ္တည္ေနပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက ယူႏိုက္တက္နည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရတဲ့ဆိုးလ္ရွားဟာ အခုအခ်ိန္အထိဆုဖလားတစ္လုံးမွ မယူႏိုင္ေသးေပမယ့္ သူ႔ရဲ႕ႏိုင္ပြဲရာခိုင္ႏႈန္းက မယုံႏိုင္ေလာက္စရာျဖစ္ေနၿပီး ပြဲေပါင္း(၁၆၄)ပြဲကိုင္တြယ္အၿပီးမွာ ႏိုင္ပြဲရာခိုင္ႏႈန္းက (၅၄.၈၈%)အထိရွိေနတာပါ။

ဒါက ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးေ႐ႊေရာင္ကာလေတြပိုင္ဆိုင္ေအာင္စြမ္းေဆာင္ခဲ့တဲ့ ဂႏၴဝင္နည္းျပဆာမတ္ဘတ္စ္ဘီထက္ေတာင္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ျဖစ္ေနၿပီး ဆာမတ္ဘတ္စ္ဘီဟာ ပြဲေပါင္း(၁,၁၂၀)ကိုင္တြယ္အၿပီးမွာ ႏိုင္ပြဲရာခိုင္ႏႈန္း(၅၀.၄၅%)သာရရွိခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားထက္ ႏိုင္ပြဲရာခိုင္ႏႈန္းပိုမ်ားေနတာက နည္းျပေဟာင္းေမာ္ရင္ဟိုနဲ႔ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္တို႔သာရွိေတာ့ၿပီး ယူႏိုက္တက္အသင္းကို ၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိကိုင္တြယ္ခဲ့တဲ့ ေမာ္ရင္ဟိုဟာ ပြဲေပါင္း(၁၄၄)ပြဲမွာ ႏိုင္ပြဲရာခိုင္ႏႈန္း(၅၈.၃၃%)ရရွိခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္(၁၃)ႀကိမ္၊ FA ဖလား(၅)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္အပါအဝင္ ယူႏိုက္တက္နည္းျပဘဝ(၂၆)ႏွစ္တာကာလအတြင္းဆုဖလားေပါင္းမ်ားစြာရယူခဲ့သူ ဖာဂူဆန္ဟာ ပြဲေပါင္း(၁၅၀၀)မွာ ႏိုင္ပြဲရာခိုင္ႏႈန္း(၅၉.၆၇%)အထိရယူခဲ့ၿပီး သူက ပ်မ္းမွ်အားျဖင့္ပြဲေပါင္း(၅)ပြဲမွာ(၃)ပြဲအႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပေတြထဲမွာ အဆိုး႐ြားဆုံးနည္းျပတစ္ဦးျဖစ္တဲ့ေဒးဗစ္မြိဳက္စ္ဟာ ပြဲေပါင္း(၅၁)ပြဲကိုင္တြယ္ခဲ့ၿပီးခ်ိန္မွာ (၅၂.၉၄%)နဲ႔ဆိုးလ္ရွားရဲ႕ေနာက္ စတုတၳအမ်ားဆုံးအျဖစ္ရပ္တည္ေနၿပီး ယူႏိုက္တက္အသင္းကို ၂၀၁၄ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိကိုင္တြယ္ခဲ့သလို FA ဖလားရယူေပးခဲ့တဲ့နည္းျပေဟာင္းဗန္ဟားလ္ကေတာ့ ပြဲေပါင္း(၁၀၃)ပြဲမွာ ႏိုင္ပြဲရာခိုင္ႏႈန္း(၅၂.၄၃%)နဲ႔ ပၪၥမေနရာရပ္တည္ႏိုင္ခဲ့ပါတယ္။