
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လိဒ်စ်ယူနိုက်တက်အသင်းနည်းပြဘီယဲလ်ဆာဟာ (၁)နှစ်ကို ပေါင်(၈)သန်းပမာဏနဲ့ စာချုပ်သက်တမ်းတိုးတော့မှာဖြစ်ပြီး သူ့ရဲ့လစာငွေက မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားထက်တောင် ပိုများနေပါတယ်။
အသက်(၆၅)နှစ်အရွယ်ရှိပြီဖြစ်သူဘီယဲလ်ဆာဟာ ၂၀၁၈ ခုနှစ်က လိဒ်စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး (၁၆)နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်တန်းတက်ခွင့်ကို
၂၀၁၉-၂၀ ရာသီမှာရယူပေးနိုင်ခဲ့လို့ လိဒ်စ်အသင်းက သူ့ကို လစာငွေတိုးမြှင့်ပြီးတော့ စာချုပ်ချုပ်ဆိုခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းက အဆင့်(၉)နေရာရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် လိဒ်စ်အသင်းဟာ (၁)နှစ်ကို ပေါင်(၈)သန်းနဲ့ စာချုပ်ထပ်ချုပ်မှာဖြစ်ပါတယ်။
အခုလောလောဆယ် ဘီယဲလ်ဆာနဲ့လိဒ်စ်အသင်းတို့ဟာ စာချုပ်မှာတရားဝင်လက်မှတ်မထိုးရသေးပေမယ့် ဘီယဲလ်ဆာက အသင်းနဲ့အတူ ရာသီသစ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီဖြစ်တာကြောင့် သူ့အနာဂတ်အတွက် ပရိသတ်တွေက သိပ်ပြီးတော့မစိုးရိမ်ကြပါဘူး။
ဘီယဲလ်ဆာဟာ အရင်က (၁)နှစ်ကို ပေါင်(၆)သန်းအထိရရှိခဲ့သလို အခုစာချုပ်သစ်အရ ပေါင်(၂)သန်းပိုရမှာဖြစ်လို့ ပရီးမီးယားလိဂ်ရဲ့လစာငွေအများဆုံးနည်းပြစာရင်းမှာ ဆိုးလ်ရှားအပါအဝင် ထိပ်သီးနည်းပြတချို့ကို ကျော်ဖြတ်ပြီး စတုတ္ထမြောက်လစာငွေအများဆုံးနည်းပြဖြစ်လာတော့မှာပါ။
ပရီးမီးယားလိဂ်ရဲ့လစာငွေနည်းပြအများဆုံးနည်းပြအဖြစ်ရပ်တည်နေတာကတော့ မန်စီးတီးအသင်းနာမည်ကျော်နည်းပြကြီးဂွါဒီယိုလာပဲဖြစ်ပြီး (၁)နှစ်ကို ပေါင်သန်း(၂၀)အထိရရှိနေတာဖြစ်ပါတယ်။
၂၀၁၉၊ ဒီဇင်ဘာလတုန်းက လီဗာပူးလ်အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တဲ့ နည်းပြယာဂန်ကလော့ပ်ကတော့ (၁)နှစ်ကို ပေါင်(၁၅)သန်းအထိရရှိနေတာကြောင့်
ဒုတိယအများဆုံးဖြစ်နေသလို သူ့နောက်မှာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းနဲ့အတူ FA ဖလားရယူခဲ့တဲ့ ဘရန်ဒန်ရော်ဂျာက ပေါင်(၁၀)သန်းနဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။
ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ လစာငွေပေါင်(၇.၅)သန်းနဲ့ အဆင့်(၅)နေရာမှာရပ်တည်နေပြီး အဲဗာတန်နည်းပြသစ်ဘင်နီတက်ဇ်၊ ချယ်လ်ဆီးနည်းပြတူချယ်လ်တို့က ပေါင်(၇)သန်းစီရရှိနေတာကြောင့် ပရီးမီးယားလိဂ်လစာငွေအများဆုံးထိပ်ဆုံး(၁၀)ဦးစာရင်းမှာပါဝင်ခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူနိုက်တက်နည်းပြဆိုးလ်ရှားထက် လစာငွေရရှိမှုပိုများနေတဲ့ လိဒ်စ်အသင်းနည်းပြဘီယဲလ်ဆာ