
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ယူနိုက်တက် အသင်း ဟာ ဘယ်လ်ဂျီယံ ကလပ် ၊ ကလပ် ဘရုချ် အသင်း ကို ယူရို ပါလိဂ် ပြိုင်ပွဲ ရဲ့ 32 သင်း ရှုံးထွက် အဆင့် ၊ ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ရင်ဆိုင် ခဲ့ပြီး 5ဂိုး၊ ဂိုးမရှိ ရလဒ်နဲ့အောင်ပွဲခံခဲ့ရပါတယ်။ ဒါ့ကြောင့် ယူနိုက်တက် အသင်း ဟာ နှစ်ကျော့ပေါင်း 6 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ နောက် တစ်ဆင့် ကို တက်ရောက် သွားနိုင် ခဲ့ ပါပြီ ။ ယူနိုက်တက်နိုင် မယ်ဆိုတာကို အတော် များများက အစောကတည်းက ခန့် မှန်း ထားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီပွဲနဲ့သက်ဆိုင်တဲ့ သတိပြုမိတဲ့အချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။

ပွဲချိန် 22 မိနစ် မှာ ကလပ် ဘရုချ် အသင်း ရဲ့ နောက်ခံလူ ဆီမွန် ဒေလီတစ်ယောက် ဂိုး ဧရိယာ အတွင်း မှ လက်ထိဘော ဖြစ်ခဲ့တာကြောင့် တိုက်ရိုက် အနီကဒ် ပြသ ခံခဲ့ရ သလို ယူနိုက်တက် တို့လည်း ပင်နယ်တီ ရရှိ ခဲ့ကြ ပါတယ် ။ ပင်နယ်တီ ကိုတော့ ဘရူနို ဖာနန်ဒက်စ် က ကန်ခဲ့ပြီး ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ပွဲချိန် 34 မိနစ် မှာ မာတာ ရဲ့ ဘောလုံး ပေးပို့မှု ကနေ တိုက်စစ်မှူးသစ် အီဟာလိုတစ်ယောက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါဟာ အီဟာလိုအနေနဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ကို ရရှိ သွား တာဖြစ်ပါတယ်။ ပွဲချိန် 41 မိနစ် မှာတော့ ဒဏ်ရာ သက်သာပြီးမြက်ခင်းစိမ်းပေါ် ပြန်လည်ခြေချနိုင်ခဲ့တဲ့ ကွင်းလယ် ကစားသမား လေး မက် တော်မီနေး က အဝေး ကန်ချက် နဲ့ အတူ ဂိုးသွင်း ပေးနိုင် ခဲ့ ပါတယ်။ ဒါကြောင့် ယူနိုက်တက် တို့ ပထမပိုင်း ကို 3 – 0 နဲ့ အနိုင်ယူ နိုင်ခဲ့ ကြ ပါတယ် ။
ဒုတိယပိုင်း ပွဲချိန် 82 မိနစ် နဲ့ မိနစ် 90 တွေမှာတော့ ကွင်းလယ်လူ ဖရက်ဒ် က အသင်း အတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဝေဖန်ချက်များစွာနဲ့အပြောအဆိုခံနေရတဲ့ ကွင်းလယ်လူ လင်ဂတ် ကလည်း ပွဲချိန် 65 မိနစ်မှာ အသင်း အတွက် လူစားဝင် ကစားပေး ရင်း ဖရက်ဒ် ရဲ့ ဂိုးကို ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ အခုအချိန်အထိ ပွဲမင်းသားဖြစ်ေ နသူကတော့ ဘရူနိုဖာနန်ဒက်စ်ဖြစ်ပါတယ်။ သူဟာအသင်းသစ် မှာ အလျင်အမြန် အထိုင်ကျအောင် ကစားပြ နိုင်ခဲ့ ပါတယ် ။ အခုဆိုရင် ယူနိုက်တက် အသင်း ဟာ ဘရူနို ဖာနန်ဒက်စ် ရောက်ရှိ ကတည်းက ရှုံးပွဲ မရှိ သေးတာ ကို မြင်တွေ့ ရပါ လိမ့်မယ် ။

ဒါ့အပြင် သူဟာ အသင်း အတွက် ကစား ပေးထား ခဲ့တဲ့ ပွဲစဉ် တိုင်းမှာ ပုံစံကောင်းတွေ ပြသ ထားနိုင် ခဲ့ပြီး ပြိုင်ဖက် ဂိုးပေါက် ကို အမြဲလို ခြိမ်းခြောက် နိုင်ခဲ့ သလို ကွင်းလယ် ကိုလည်း ဖန်တီးမှု တွေနဲ့ ပိုကောင်း စေခဲ့ ပါတယ် ။သရဲနီသစ်လေးဖြစ်ပေမယ့် သူဟာ ပင်နယ်တီ ကန်ခွင့် ၊ ဖရီးကစ် ၊ ထောင့်ကန်ဘော ကန်ခွင့် တွေကိုပါ အချိန်တို အတွင်း ရယူ နိုင်ခဲ့ ပါတယ် ။

ဇန်နဝါရီ အပြောင်းအရွှေ့ ရဲ့ နောက်ဆုံးရက် မှာ ယူနိုက်တက် ဆီကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တဲ့ အီဟာလိုကလည်း ခေသူမဟုတ်ပါဘူး။ သူဟာ ဘရူနို ဖာနန်ဒက်စ် လို ပွဲထွက် ခွင့်တွေကို ချက်ချင်း မရခဲ့ ပါဘူး ။ လူစားဝင် ကစားသမား အဖြစ် နဲ့သာ ပါဝင် ခဲ့ရ ပါတယ် ။ အခုအချိန်မှာတော့ သရဲနီအသင်းသားဘဝနဲ့ဂိုးသွင်းနိုင်ခဲ့ပါပြီ။ အခုသွင်းခဲ့တဲ့ဂိုးကို အီဟာလိုဟာကွယ်လွန် ခဲ့တဲ့ အစ်မ ဖြစ်သူ ကို ရည်စူးပြီး အောင်ပွဲ ခံခဲ့ ပါ သေးတယ် ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ဒဏ်ရာ ပြဿနာ ကြုံတွေ့ ခဲ့တဲ့ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမားလေး မက် တော်မီနေး ဟာ အသင်း အတွက် ပြန်လည် ပွဲထွက် ကစားနိုင် ခဲ့တဲ့ ပွဲစဉ် မှာပဲ အထင်ကြီးဖွယ် ခြေစွမ်း ကောင်း ပြန်လည် ပြသ နိုင်ခဲ့ပြီး လှပတဲ့ ဂိုးလည်း သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ဒါကြောင့် သူ့အနေနဲ့ အသင်း အတွက် အရင်လို ခြေစွမ်း ပြနိုင် မလား ဆိုတာ နဲ့ ပတ်သက်ပြီး စိုးရိမ် စရာ မရှိတော့ ပါဘူး ။ အခြား တစ်ဖက် မှာတော့ ပေါ့ဂ်ဘာ ဟာလည်း ဒဏ်ရာ ပြဿနာ ရရှိ ခဲ့မှု ကနေ ပြန်လည် သက်သာ ကောင်းမွန် လာပြီ ဖြစ်တဲ့ အတွက် ယူနိုက်တက် အသင်းဟာ ရှေ့ဆက်ပြီး ကွင်းလယ်ပိုင်း အတွက် စိုးရိမ် နေရမှာ မဟုတ်တော့ ပါဘူး ။

တစ်ပွဲ ထဲနဲ့ နှစ်ဂိုး အထိ သွင်းယူ ပေးနိုင် ခဲ့တဲ့ဖရက်ဒ်ကလည်း ဒီပွဲမှာ ယူနိုက်တက်ရဲ့မင်းသားပါပဲ။ ဖရက်ဒ်အပေါ်ကျရောက်နေတဲ့ဝေဖန်ချက်အဆိုးတွေကအခုတော့ကောင်းမွန်တဲ့သုံးသပ်ချက်တွေဖြစ်လာပါပြီ။
ဒီအတိုင်းသာ ဆိုရင် ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် မှာ တော်မီနေး ၊ ဘရူနို ဖာနန်ဒက်စ် ၊ ပေါ့ဂ်ဘာ ၊ မာတစ် တို့ လူစုံ သွားတဲ့ အချိန် မှာလည်း ဖရက်ဒ် ဟာ ပွဲထွက်ခွင့် တွေကို ဆက်လက် ရရှိ ဦးမှာ ပါပဲ ။ ရှေ့ဆက် ဖြစ်လာမယ့် ဒီ ပြဿနာ ကိုနည်းပြဆိုးလ်ရှား ဘယ်လို ဖြေရှင်းမလဲဆိုတာစောင့်ကြည့်ရပါမယ်။ တစ်ယောက်ယောက်ကတော့ နစ်နာမှုတွေရှိပါလိမ့်မယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ယူႏိုက္တက္တို႔ 5 ဂိုးျပတ္ႏိုင္တဲ့ပြဲက ေျပာစရာအခ်က္မ်ား……
ယူႏိုက္တက္ အသင္း ဟာ ဘယ္လ္ဂ်ီယံ ကလပ္ ၊ ကလပ္ ဘ႐ုခ်္ အသင္း ကို ယူ႐ို ပါလိဂ္ ၿပိဳင္ပြဲ ရဲ႕ 32 သင္း ရႈံးထြက္ အဆင့္ ၊ ဒုတိယ အေက်ာ့ ပြဲစဥ္ အျဖစ္ ရင္ဆိုင္ ခဲ့ၿပီး 5ဂိုး၊ ဂိုးမရိွ ရလဒ္နဲ႔ေအာင္ပြဲခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ယူႏိုက္တက္ အသင္း ဟာ ႏွစ္ေက်ာ့ေပါင္း 6 – 1 ဆိုတဲ့ ရလဒ္ နဲ႔ အတူ ေနာက္ တစ္ဆင့္ ကို တက္ေရာက္ သြားႏိုင္ ခဲ့ ပါၿပီ ။ ယူႏိုက္တက္နို္င္ မယ္ဆိုတာကို အေတာ္ မ်ားမ်ားက အေစာကတည္းက ခန္႔ မွန္း ထားခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီပြဲနဲ႔သက္ဆိုင္တဲ့ သတိျပဳမိတဲ့အခ်က္ေတြကိုတင္ဆက္ေပးလိုက္ပါတယ္။
ပြဲခ်ိန္ 22 မိနစ္ မွာ ကလပ္ ဘ႐ုခ်္ အသင္း ရဲ႕ ေနာက္ခံလူ ဆီမြန္ ေဒလီတစ္ေယာက္ ဂိုး ဧရိယာ အတြင္း မွ လက္ထိေဘာ ျဖစ္ခဲ့တာေၾကာင့္ တိုက္႐ိုက္ အနီကဒ္ ျပသ ခံခဲ့ရ သလို ယူႏိုက္တက္ တို႔လည္း ပင္နယ္တီ ရရွိ ခဲ့ၾက ပါတယ္ ။ ပင္နယ္တီ ကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ က ကန္ခဲ့ၿပီး ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ 34 မိနစ္ မွာ မာတာ ရဲ႕ ေဘာလုံး ေပးပို႔မႈ ကေန တိုက္စစ္မွဴးသစ္ အီဟာလိုတစ္ေယာက္ဂိုးသြငး္ႏို္င္ခဲ့ပါတယ္။ ဒါဟာ အီဟာလိုအေနနဲ႔ ယူႏိုက္တက္ ကစားသမား ဘဝ ပထမဆုံး သြင္းဂိုး ကို ရရွိ သြား တာျဖစ္ပါတယ္။ ပြဲခ်ိန္ 41 မိနစ္ မွာေတာ့ ဒဏ္ရာ သက္သာၿပီးျမက္ခင္းစိမ္းေပၚ ျပန္လည္ေျခခ်ႏိုင္ခဲ့တဲ့ ကြင္းလယ္ ကစားသမား ေလး မက္ ေတာ္မီေနး က အေဝး ကန္ခ်က္ နဲ႔ အတူ ဂိုးသြင္း ေပးႏိုင္ ခဲ့ ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္ တို႔ ပထမပိုင္း ကို 3 – 0 နဲ႔ အႏိုင္ယူ ႏိုင္ခဲ့ ၾက ပါတယ္ ။
ဒုတိယပိုင္း ပြဲခ်ိန္ 82 မိနစ္ နဲ႔ မိနစ္ 90 ေတြမွာေတာ့ ကြင္းလယ္လူ ဖရက္ဒ္ က အသင္း အတြက္ ႏွစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ေ၀ဖန္ခ်က္မ်ားစြာနဲ႔အေျပာအဆိုခံေနရတဲ့ ကြင္းလယ္လူ လင္ဂတ္ ကလည္း ပြဲခ်ိန္ 65 မိနစ္မွာ အသင္း အတြက္ လူစားဝင္ ကစားေပး ရင္း ဖရက္ဒ္ ရဲ႕ ဂိုးကို ဖန္တီး ေပးႏိုင္ ခဲ့ ပါတယ္ ။ အခုအခ်ိန္အထိ ပြဲမင္းသားျဖစ္ေ နသူကေတာ့ ဘရူႏိုဖာနန္ဒက္စ္ျဖစ္ပါတယ္။ သူဟာအသင္းသစ္ မွာ အလ်င္အျမန္ အထိုင္က်ေအာင္ ကစားျပ ႏိုင္ခဲ့ ပါတယ္ ။ အခုဆိုရင္ ယူႏိုက္တက္ အသင္း ဟာ ဘ႐ူႏို ဖာနန္ဒက္စ္ ေရာက္ရွိ ကတည္းက ရႈံးပြဲ မရွိ ေသးတာ ကို ျမင္ေတြ႕ ရပါ လိမ့္မယ္ ။
ဒါ့အျပင္ သူဟာ အသင္း အတြက္ ကစား ေပးထား ခဲ့တဲ့ ပြဲစဥ္ တိုင္းမွာ ပုံစံေကာင္းေတြ ျပသ ထားႏိုင္ ခဲ့ၿပီး ၿပိဳင္ဖက္ ဂိုးေပါက္ ကို အၿမဲလို ၿခိမ္းေျခာက္ ႏိုင္ခဲ့ သလို ကြင္းလယ္ ကိုလည္း ဖန္တီးမႈ ေတြနဲ႔ ပိုေကာင္း ေစခဲ့ ပါတယ္ ။သရဲနီသစ္ေလးျဖစ္ေပမယ့္ သူဟာ ပင္နယ္တီ ကန္ခြင့္ ၊ ဖရီးကစ္ ၊ ေထာင့္ကန္ေဘာ ကန္ခြင့္ ေတြကိုပါ အခ်ိန္တို အတြင္း ရယူ ႏိုင္ခဲ့ ပါတယ္ ။
ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ရဲ႕ ေနာက္ဆုံးရက္ မွာ ယူႏိုက္တက္ ဆီကို ေျပာင္းေ႐ႊ႕ ေရာက္ရွိ လာခဲ့တဲ့ အီဟာလိုကလည္း ေခသူမဟုတ္ပါဘူး။ သူဟာ ဘ႐ူႏို ဖာနန္ဒက္စ္ လို ပြဲထြက္ ခြင့္ေတြကို ခ်က္ခ်င္း မရခဲ့ ပါဘူး ။ လူစားဝင္ ကစားသမား အျဖစ္ နဲ႔သာ ပါဝင္ ခဲ့ရ ပါတယ္ ။ အခုအခ်ိန္မွာေတာ့ သရဲနီအသင္းသားဘ၀နဲ႔ဂိုးသြင္းႏိုင္ခဲ့ပါၿပီ။ အခုသြင္းခဲ့တဲ့ဂိုးကို အီဟာလိုဟာ
ကြယ္လြန္ ခဲ့တဲ့ အစ္မ ျဖစ္သူ ကို ရည္စူးၿပီး ေအာင္ပြဲ ခံခဲ့ ပါ ေသးတယ္ ။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ တုန္းက ဒဏ္ရာ ျပႆနာ ႀကဳံေတြ႕ ခဲ့တဲ့ ယူႏိုက္တက္ အသင္း ရဲ႕ ကြင္းလယ္ ကစားသမားေလး မက္ ေတာ္မီေနး ဟာ အသင္း အတြက္ ျပန္လည္ ပြဲထြက္ ကစားႏိုင္ ခဲ့တဲ့ ပြဲစဥ္ မွာပဲ အထင္ႀကီးဖြယ္ ေျခစြမ္း ေကာင္း ျပန္လည္ ျပသ ႏိုင္ခဲ့ၿပီး လွပတဲ့ ဂိုးလည္း သြင္းယူ ေပးသြား ႏိုင္ခဲ့ ပါတယ္ ။ဒါေၾကာင့္ သူ႔အေနနဲ႔ အသင္း အတြက္ အရင္လို ေျခစြမ္း ျပႏိုင္ မလား ဆိုတာ နဲ႔ ပတ္သက္ၿပီး စိုးရိမ္ စရာ မရွိေတာ့ ပါဘူး ။ အျခား တစ္ဖက္ မွာေတာ့ ေပါ့ဂ္ဘာ ဟာလည္း ဒဏ္ရာ ျပႆနာ ရရွိ ခဲ့မႈ ကေန ျပန္လည္ သက္သာ ေကာင္းမြန္ လာၿပီ ျဖစ္တဲ့ အတြက္ ယူႏိုက္တက္ အသင္းဟာ ေရွ႕ဆက္ၿပီး ကြင္းလယ္ပိုင္း အတြက္ စိုးရိမ္ ေနရမွာ မဟုတ္ေတာ့ ပါဘူး ။
တစ္ပြဲ ထဲနဲ႔ ႏွစ္ဂိုး အထိ သြင္းယူ ေပးႏိုင္ ခဲ့တဲ့ဖရက္ဒ္ကလည္း ဒီပြဲမွာ ယူႏိုက္တက္ရဲ႕မင္းသားပါပဲ။ ဖရက္ဒ္အေပၚက်ေရာက္ေနတဲ့ေ၀ဖန္ခ်က္အဆုိးေတြကအခုေတာ့ေကာင္းမြန္တဲ့သုံးသပ္ခ်က္ေတြျဖစ္လာပါၿပီ။
ဒီအတိုင္းသာ ဆိုရင္ ယူႏိုက္တက္ အသင္း ရဲ႕ ကြင္းလယ္ မွာ ေတာ္မီေနး ၊ ဘ႐ူႏို ဖာနန္ဒက္စ္ ၊ ေပါ့ဂ္ဘာ ၊ မာတစ္ တို႔ လူစုံ သြားတဲ့ အခ်ိန္ မွာလည္း ဖရက္ဒ္ ဟာ ပြဲထြက္ခြင့္ ေတြကို ဆက္လက္ ရရွိ ဦးမွာ ပါပဲ ။ ေရွ႕ဆက္ ျဖစ္လာမယ့္ ဒီ ျပႆနာ ကိုနည္းျပဆိုးလ္ရွား ဘယ္လို ေျဖရွင္းမလဲဆိုတာေစာင့္ၾကည့္ရပါမယ္။ တစ္ေယာက္ေယာက္ကေတာ့ နစ္နာမႈေတြရိွပါလိမ့္မယ္။