ယူနိုက်တက်တို့အောင်လံလွှင့်နိုင်ခဲ့တဲ့ညက သရဲနီတို့ရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်များ……
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
အခုမနက်မှာ ယူနိုက်တက် အသင်း ဟာ ကလပ် ဘရုချ် အသင်း ကို 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရှာဖွေ သွားနိုင် ခဲ့ ပါတယ် ။ အဲဒီသက်သောင့်သက်သာ နိုင်ခဲ့တဲ့ပွဲမှာ သရဲနီတို့ဘယ်လိုခြေစွမ်းပြခဲ့ တယ်၊အဆင့်သတ်မှတ်ချက်ဘယ်လောက်ရခဲ့တယ်ဆိုတာကိုတင်ဆက်ပေးလိုက်ပါတယ်။
ရိုမဲရိုး-6
ပွဲချိန် အစောပိုင်း မိနစ် မှာ ဘောလုံး ပုတ်ထုတ် ကာကွယ် မှု သေသပ်ခြင်း မရှိ ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ အဖွင့်ဂိုး ပေးဖို့ နီးစပ် ခဲ့ကြ ပါ သေးတယ် ။ ကျန်တဲ့ အချိန် တွေ မှာတော့ သိပ်ပြီး အလုပ် မရှုပ်ခဲ့ ပါဘူး ။
ဝမ်ဘစ်ဆာကာ-6
နောက်ပိုင်းပွဲတွေမှာအတက်ဆင်းမှန်လာတဲ့ဘစ်ဆာကာ ဆီက ဖြတ်တင်ဘောတွေပါရခဲ့တာက တကယ်ကိုကောင်းမွန်လှပါတယ်။ ခံစစ်ပိုင်း မှာ အလုပ် သိပ်ပြီး မရှိ ခဲ့တဲ့ အတွက် တိုက်စစ်ပိုင်း ကို တက်ရောက် ကစား ပေးရင်း အသင်းဖော် တွေကို ကူညီ ပေးနိုင် ခဲ့ ပါတယ် ။
photo internet
အဲရစ် ဘိုင်လီ -6
ပွဲချိန် အစောပိုင်း မိနစ် မှာ အရေးပါတဲ့ ဘောလုံး ရှင်းထုတ်မှု တစ်ကြိမ် လုပ်ဆောင် နိုင်ခဲ့တာ က လွဲရင် ပုံစံကောင်း မပြသ နိုင်ခဲ့ ပါဘူး ။ ဒဏ်ရာကပြန်လာပြီးထဲက ဘိုင်လီ က ကောင်းမွန်တဲ့အနေ အထားရှိပါတယ်။
မက်ဂွိုင်းယား-7
မက်ဂွိုင်းယား က ပေးပို့မှု့တွေသာမကအလိမ်အခေါက်တွေနဲ့ပါ ဒုက္ခပေးနိုင်ခဲ့ပါသေးတယ်။ပြိုင်ဖက် ကစားသမား တွေကို လိမ်ခေါက် ကျော်ဖြတ် ပြီး ဂိုး ရရှိ နိုင်မယ့် အခွင့်အရေး တစ်ခု ကို ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ တိုက်စစ်ပိုင်း ကို အတော်လေး တက်ရောက် ကစားပေး နိုင်ခဲ့ ပါတယ် ။
လုခ်ရှော -7
တကယ်ကိုအားကိုးရတဲ့၊ယုံကြည်ရနိုင်တဲ့ခံစစ်လူဖြစ်လာပါပြီ။ ပြိုင်ဖက် တိုက်စစ် ကို ကောင်းကောင်း ဟန့်တား နိုင်ခဲ့ ပါတယ် ။
photo internet
တော်မီနေး -8.5
ဒဏ်ရာကပြန်လာတဲ့ စကော့သားဟာ လှပတဲ့ အဝေး ကန်ချက် နဲ့ အတူ တတိယ မြောက် ဦးဆောင် ဂိုးကို သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ အသင်းဖော် တွေနဲ့လည်း ကောင်းကောင်း ချိတ်ဆက် ကစားပြ နိုင်ခဲ့ ပါတယ် ။
ဖရက်ဒ် -9
အံ့မခန်းပါပဲလို့ဆိုရမှာပါ။အသင်း အတွက် နှစ်ဂိုး သွင်းယူ ၊ တစ်ဂိုး ဖန်တီး ပေးနိုင် ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားဘဝ ရဲ့ အကောင်းဆုံး ပွဲစဉ် ကို ပိုင်ဆိုင် နိုင်ခဲ့တယ် လို့ ပြောရင် မမှား ပါဘူး ။
မာတာ-8
မအိုသေးတဲ့ခြေစွမ်းတွေကိုပြသခဲ့ပါတယ်။ဂိုးပေါက် ဆီကန်ခဲ့ ပေမယ့် ပြိုင်ဖက် ဂိုးသမား မစ်ဂ်နိုလက် က ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။ အစ်ဟာလို အတွက် ဂိုး ဖန်တီး ပေးခဲ့ ပါတယ် ။
photo internet
ဒယ်နီယယ်ဂျိမ်းစ် -7
သွင်းဂိုးရရှိဖို့နီးစပ်ပေမယ့်လည်း လက်နဲ့ပုပ်ထုတ်ခံခဲ့ရပါတယ်။ အသင်း ရဲ့ ဂိုးပြတ် နိုင်ပွဲ မှာ တိုက်စစ် ကစားသမား လေးဟာ ဂိုး သွင်းယူ မှု ၊ ဂိုးဖန်တီး နိုင်မှု မပြုလုပ် နိုင်ခဲ့ပါဘူး။
ဘရူနိုဖာနန်ဒက်စ်- 8.5
ယူနိုက်တက်အတွက်နောက်ထပ်ကြယ်တစ်ပွင့်ဖြစ်ပါတယ်။ အသင်း အတွက် အဖွင့်ဂိုး သွင်းယူ ပေးနိုင် ခဲ့သလို အခွင့်အရေး ကောင်းတွေ ဖန်တီး ပေးရင်း ကွင်းလယ်ကို လွှမ်းမိုး ချုပ်ကိုင် နိုင်ခဲ့ ပါတယ် ။
photo internet
အီဟာလို -8
နေရာယူတဲ့အပိုင်းနဲ့ကြံ့ခိုင်တဲ့အပိုင်းတွေမှာ ကောင်းပါတယ်။အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစား ခွင့် ပိုင်ဆိုင် ခဲ့ပြီး ယူနိုက်တက် ကစားသမား ဘဝ ရဲ့ ပထမဆုံး ဂိုးကို သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။
လူစားဝင်ကစားသမားတွေဖြစ်တဲ့ လင်ဂတ်၊ဂရင်းဝုဒ်တို့ကတော့ အဆင့်သတ်မှတ်ချက် 7 ရပြီး၊ တာဟစ်ချောင်ကတော့ အဆင့် 6 ရပါတယ်။
အခုအခါ ယူနိုက်တက် အသင်း ဟာ နှစ်ကျော့ပေါင်း 6 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ နောက် တစ်ဆင့် ကို တက်ရောက် သွားနိုင် ခဲ့ ပါပြီ ။
photo internet
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ရိုမဲရိုး-6
ဝမ်ဘစ်ဆာကာ-6
အဲရစ် ဘိုင်လီ -6
မက်ဂွိုင်းယား-7
လုခ်ရှော -7
တော်မီနေး -8.5
ဖရက်ဒ် -9
မာတာ-8
ဒယ်နီယယ်ဂျိမ်းစ် -7
ဘရူနိုဖာနန်ဒက်စ်- 8.5
အီဟာလို -8