
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
အိမ်ကွင်းမှာတောင်ရှုံးတဲ့ သရဲနီတွေရဲ့အဆင့်သတ်မှတ်ချက်တွေဘယ်လိုရှိတယ်ဆိုတာတင်ဆက်ပေး လိုက်ပါတယ်။
ဒီဂီယာ-5
ဘောလုံး ဖြန့်ဝေမှုတွေအဆင်မပြေခဲ့ပါဘူး။ ဂိုးပေါက်ကာကွယ်မှုအပိုင်းမှာအရမ်းအားမစိုက်ခဲ့ရပါဘူး။ ပေးဂိုးအပိုင်းအတွက် အပြစ်မတင်လိုပါဘူး။

ဝမ် ဘစ်ဆာကာ -6
ပထမပိုင်း မှာတော့ ဘစ်ဆာကာတစ်ယောက် ဟုတ်သလိုလိုအနေအထားရှိခဲ့ပါတယ်။ တိုက်စစ်ပိုင်း မဆိုးခဲ့သလို၊ ဖြတ်တင်ဘောအနေအထားလည်းကောင်းခဲ့ပါတယ်။
ဖီးလ်ဂျုံးစ်-4
ပြိုင်ဖက်အသင်းအတွက် အဖွင့်ဂိုးဖန်တီးပေးလိုက်သလိုပါပဲ။ကျန်တဲ့အချိန်တွေမှာတော့ ဘောလုံးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့ကြိုးစားခဲ့ပါသေးတယ်။

မက်ဂွားယား -3
အမှားအများဆုံးသရဲနီတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုးမပေးရခင်အထိမဆိုးဘူးလို့ဆိုရမှာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့တည်ငြိမ်မှုတွေနည်းပါးလာခဲ့ပါတယ်။
ဝီလီယမ်- 5
ရှေ့ပိုင်းပွဲတွေမှာခြေစွာတဲ့ပရိသတ်အသည်းကျော်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဒီပွဲမှာတော့အဲဒီကောင်လေးလည်းဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဘောလုံးပေးပို့မှုအပိုင်းမဆိုးဘူးလို့ဆိုရမှာပါ။
မာတစ် -4
မာရှယ် ဆီကို ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု လုပ်ရင်း အခွင့်အရေး ဖန်တီး ပေးနိုင်အောင်ကြိုးစားခဲ့ပါတယ်။

ဖရက်ဒ် – 4
ပြိုင်ဖက် ဂိုးပေါက် ကို ခြိမ်းခြောက် နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေအားနည်းခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမဆိုးပါဘူး။
ပါရဲရား-3
ဘောလုံးပေးပို့မှုမကောင်းခဲ့သလို၊ ကစားတဲ့အနေအထားလည်းမစွံပါဘူး။ လူစားလဲခံရတာ လုပ်သင့်တဲ့အခြေအနေလို့ ပြောရမှာပါ။
ဂျိမ်းစ် -4
အဆုံးသတ်မကောင်းတဲ့ကစားသမားဖြစ်ခဲ့ပြီး၊ ပြိုင်ဖက်ခံစစ်တွေကိုတော့ တတ်နိုင်သလောက်ကျော်ဖြတ် ခဲ့ပါတယ်။

မာရှယ် -4
ဂိုး ရရှိ စေမယ့် အပိုင် အခွင့်အရေး ကို ကန်သွင်းဖို့ ကြန့်ကြာ နေခဲ့ ပါတယ် ။ ယူနိုက်တက် တိုက်စစ် အတွက်ပိုပြီးကြိုးစားသင့်ပါတယ်။
လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်က အဆင့်သတ်မှတ်ချက် 6 ရပြီး၊ လင်ဂတ်က အဆင့် 4 ရကာ၊ လုခ်ရှောကတော့ အဆင့် 5 ဖြစ်ပါတယ်။

ဘန်လေအသင်းအတွက် ဂိုးတွေကို ခရစ်ဝုဒ်နဲ့ ဂျေး ရိုဒရီဂွက် တို့က သွင်းယူ ပေးသွား ခဲ့ကြ ပါတယ် ။ အဲဒီပွဲဟာ ယူနိုက်တက်အတွက် နှစ်ပွဲဆက် ရှုံးနိမ့်တာဖြစ်ပြီး၊ ဘန်လေအတွက်ကတော့ နှစ်ပွဲဆက် အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
ယူနိုက်တက်တို့အရှက်ကွဲခဲ့တဲ့ ဘန်လေနဲ့ပွဲက ကစားသမားတွေရဲ့အဆင့်သတ်မှတ်ချက်များ
ဒီဂီယာ-5
ဝမ် ဘစ်ဆာကာ -6
ဖီးလ်ဂျုံးစ်-4
မက်ဂွားယား -3
ဝီလီယမ်- 5
မာတစ် -4
ဖရက်ဒ် – 4
ပါရဲရား-3
ဂျိမ်းစ် -4
မာရှယ် -4