ယူနိုက်တက်တိုက်စစ်သမားတွေရဲ့မြန်နှုန်းကို မယှဉ်နိုင်ခဲ့ကြောင်း ဂွါဒီယိုလာ ဝန်ခံ

Photo Credit

Photo Credit

စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယူနိုက်တက်အသင်းကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ရတဲ့ဒါဘီပွဲမှာ မိမိတို့အသင်းအနေနဲ့ ပြိုင်ဘက်တိုက်စစ်ကစားသမားတွေရဲ့ မြန်နှုန်းကို မထိန်းနိုင်ခဲ့ကြောင်း ဝန်ခံသွားပါတယ်။ စီးတီးဟာ ပွဲအစမှာပဲ ယူနိုက်တက်ရဲ့မမျှော်လင့်တဲ့တိုက်စစ်ဆင်မှုတွေကြောင့် အခက်တွေ့ခဲ့ရပြီး ယူနိုက်တက်က ပွဲချိန်မိနစ် ၃၀မပြည့်ခင်မှာ ဝ-၂ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

ဂွါဒီယိုလာဟာ ပွဲမတိုင်ခင်ကတည်းက ယူနိုက်တက်ရဲ့လျင်မြန်တဲ့တိုက်စစ်နဲ့ပတ်သက်လို့ သတိထားရမယ်လို့ ပြောကြားခဲ့ပေမယ့် ပွဲအပြီးမှာတော့ မိမိတို့အသင်းအနေနဲ့ ယူနိုက်တက်တိုက်စစ်မှူး ၃ဦးရဲ့လျင်မြန်တဲ့ပြေးနှုန်းကို ထိန်းဖို့ အဖြေရှာမတွေ့ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

Photo Credit

”ကိုယ့်အသင်း ဘယ်လိုကစားသွားလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်တို့အသင်းဟာ နေရာလွတ်တွေ နည်းနည်းပေးခဲ့မိပါတယ်။ ပုံမှန်ထက်မများခဲ့ပေမယ့် မနှစ်ကထက်တော့ ပိုများခဲ့ပါတယ်။ ယူနိုက်တက်ရဲ့မြန်နှုန်းမြင့်ကစားသမားတွေအကြောင်း သိထားခဲ့ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ပေါ့။ ဒါပေမဲ့ တစ်ခါတလေမှာတော့ သူတို့ကို ထိန်းနိုင်ဖို့က မဖြစ်နိုင်ပါဘူး”လို့ ဂွါဒီယိုလာက ပြောပါတယ်။

Photo Credit

ပွဲချိန် ၈၅ မိနစ်မှာ နောက်ခံလူအော်တာမန်ဒီက ခေါင်းတိုက်ချက်နဲ့အတူ ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လက်ရှိချန်ပီယံ စီးတီးအနေနဲ့ သရေတစ်မှတ်ရဖို့အတွက် နောက်ထပ်ချေပဂိုးမသွင်းနိုင်ခဲ့ဘဲ ချန်ပီယံသရဖူကာကွယ်ရေးမျှော်လင့်ချက်လည်း ထပ်မံအထိနာခဲ့ရပါတယ်။

Photo Credit

”အကြမ်းဖျဉ်းအားဖြင့်ပြောရရင်တော့ ကျွန်တော်တို့အသင်းဟာ ကိုယ်သဘောကျတာကို လုပ်ခဲ့တာပါ။ ပြိုင်ဘက်အသင်းရဲ့ Final Third Zone ထဲ အများကြီးထိုးဖောက်နိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အဆုံးသတ်ပိုင်းက နည်းနည်းလိုသွားပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အသင်းရဲ့ကစားပုံကို စောင့်ကြည့်ရတာကြိုက်ပါတယ်။ ဘယ်သူကမှ ဒီစကားကို သဘောတူမှာမဟုတ်မှန်းသိပေမယ့် ကျွန်တော်ကတော့ ကြိုက်ပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။

Photo Credit

တတိယနေရာမှာ ရပ်တည်နေရတဲ့ စီးတီးဟာ ဘုန်းမောက်ကို ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၄ မှတ်အထိ ကွာဟသွားခဲ့ပြီး နောက်ထပ်လိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ယူႏုိက္တက္တုိက္စစ္သမားေတြရဲ႕ျမန္ႏႈန္းကို မယွဥ္ႏိုင္ခဲ့ေၾကာင္း ဂြါဒီယိုလာ ၀န္ခံ

စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ယူႏုိက္တက္အသင္းကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတဲ့ဒါဘီပြဲမွာ မိမိတုိ႔အသင္းအေနနဲ႔ ၿပိဳင္ဘက္တုိက္စစ္ကစားသမားေတြရဲ႕ ျမန္ႏႈန္းကို မထိန္းႏိုင္ခဲ့ေၾကာင္း ၀န္ခံသြားပါတယ္။ စီးတီးဟာ ပြဲအစမွာပဲ ယူႏုိက္တက္ရဲ႕မေမွ်ာ္လင့္တဲ့တုိက္စစ္ဆင္မႈေတြေၾကာင့္ အခက္ေတြ႕ခဲ့ရၿပီး ယူႏိုက္တက္က ပြဲခ်ိန္မိနစ္ ၃၀မျပည့္ခင္မွာ ၀-၂ ဂိုးနဲ႔႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဂြါဒီယိုလာဟာ ပြဲမတုိင္ခင္ကတည္းက ယူႏုိက္တက္ရဲ႕လ်င္ျမန္တဲ့တုိက္စစ္နဲ႔ပတ္သက္လုိ႔ သတိထားရမယ္လုိ႔ ေျပာၾကားခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ မိမိတုိ႔အသင္းအေနနဲ႔ ယူႏိုက္တက္တိုက္စစ္မွဴး ၃ဦးရဲ႕လ်င္ျမန္တဲ့ေျပးႏႈန္းကို ထိန္းဖို႔ အေျဖရွာမေတြ႕ခဲ့ဘူးလို႔ ၀န္ခံခဲ့ပါတယ္။
”ကုိယ့္အသင္း ဘယ္လိုကစားသြားလဲဆုိတာနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ သေဘာက်ပါတယ္။ ကၽြန္ေတာ္တို႔အသင္းဟာ ေနရာလြတ္ေတြ နည္းနည္းေပးခဲ့မိပါတယ္။ ပုံမွန္ထက္မမ်ားခဲ့ေပမယ့္ မႏွစ္ကထက္ေတာ့ ပိုမ်ားခဲ့ပါတယ္။ ယူႏုိက္တက္ရဲ႕ျမန္ႏႈန္းျမင့္ကစားသမားေတြအေၾကာင္း သိထားခဲ့ပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္၊ မာရွယ္နဲ႔ ရက္ရွ္ဖုိ႔ဒ္တို႔ေပါ့။ ဒါေပမဲ့ တစ္ခါတေလမွာေတာ့ သူတုိ႔ကို ထိန္းႏိုင္ဖို႔က မျဖစ္ႏိုင္ပါဘူး”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။
ပြဲခ်ိန္ ၈၅ မိနစ္မွာ ေနာက္ခံလူေအာ္တာမန္ဒီက ေခါင္းတုိက္ခ်က္နဲ႔အတူ ေခ်ပဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လက္ရွိခ်န္ပီယံ စီးတီးအေနနဲ႔ သေရတစ္မွတ္ရဖုိ႔အတြက္ ေနာက္ထပ္ေခ်ပဂိုးမသြင္းႏိုင္ခဲ့ဘဲ ခ်န္ပီယံသရဖူကာကြယ္ေရးေမွ်ာ္လင့္ခ်က္လည္း ထပ္မံအထိနာခဲ့ရပါတယ္။
”အၾကမ္းဖ်ဥ္းအားျဖင့္ေျပာရရင္ေတာ့ ကၽြန္ေတာ္တို႔အသင္းဟာ ကုိယ္သေဘာက်တာကို လုပ္ခဲ့တာပါ။ ၿပိဳင္ဘက္အသင္းရဲ႕ Final Third Zone ထဲ အမ်ားႀကီးထိုးေဖာက္ႏိုင္ခဲ့တယ္။ ကံမေကာင္းစြာနဲ႔ပဲ အဆုံးသတ္ပိုင္းက နည္းနည္းလုိသြားပါတယ္။ ဒါေပမဲ့ ဘယ္လုိပဲျဖစ္ျဖစ္ ကုိယ့္အသင္းရဲ႕ကစားပုံကို ေစာင့္ၾကည့္ရတာႀကိဳက္ပါတယ္။ ဘယ္သူကမွ ဒီစကားကုိ သေဘာတူမွာမဟုတ္မွန္းသိေပမယ့္ ကၽြန္ေတာ္ကေတာ့ ႀကိဳက္ပါတယ္”လို႔ ဂြါဒီယိုလာက ေျပာပါတယ္။
တတိယေနရာမွာ ရပ္တည္ေနရတဲ့ စီးတီးဟာ ဘုန္းေမာက္ကို ၀-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၁၄ မွတ္အထိ ကြာဟသြားခဲ့ၿပီး ေနာက္ထပ္လိဂ္ပြဲစဥ္အျဖစ္ အာဆင္နယ္အသင္းနဲ႔အေ၀းကြင္းပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။