ယူနိုက်တက်တိုက်စစ်ကိုအင်အားဖြည့်တင်းဖို့ ဆိုးလ်ရှားပစ်မှတ်ထားနေတဲ့ ကစားသမား ၃ ဦး

Photo Credit

Photo Credit ; Getty Images

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်အင်အားဖြည့်တင်းဖို့အတွက် လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ လီယွန်တိုက်စစ်မှူးဒမ်ဘီလီ၊ လိုက်ပ်ဇစ်တိုက်စစ်မှူးတီမိုဝါနာနဲ့ ဘာစီလိုနာတောင်ပံကစားသမား မူဆာဒမ်ဘီလီတို့ကိုပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit ; Getty Images

ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းထုတ်ခဲ့ပြီး နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကိုလည်း အင်တာမီလန်အသင်းဆီပဲ အငှားချထားခဲ့တာကြောင့် တိုက်စစ်ပိုင်းမှာ အစားထိုးဖို့ ကစားသမားမရှိ ဖြစ်နေခဲ့ပါတယ်။

Photo Credit ; Getty Images

နည်းပြဆိုးလ်ရှားကတော့ အသင်းကို နောက်ထပ်အဆင့်တစ်ခုဆီ ခေါ်ဆောင်နိုင်ဖို့ အဆိုပါ ကစားသမား ၃ ဦးကိုခေါ်ယူရမယ်လို့ ယုံကြည်နေပါတယ်။

Photo Credit ; Getty Images

ဆိုးလ်ရှားပစ်မှတ်ထားနေတဲ့ ကစားသမားတွေဟာ လက်ရှိမှာစာချုပ်သစ်တွေ ချုပ်ဆိုထားတာကြောင့် ဈေးပေါပေါနဲ့တော့ ရရှိနိုင်မှာမဟုတ်ပါဘူး။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကိုဂိုးပြတ် အနိုင်ရရှိပြီးကတည်းက နောက်ပိုင်းပွဲစဉ်တွေမှာ သွင်းဂိုး ၁ ဂိုးထက် ပိုမသွင်းနိုင်ခဲ့ပါဘူး။

Photo Credit ; Getty Images

တိုက်စစ်မှူးနေရာမှာ ကစားနေတဲ့အန်တိုနီမာရှယ်ကလည်း သြဂုတ်လကတည်းကဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ရက်ရှ်ဖို့ဒ်နဲ့ မေဆင်ဂရင်းဝုဒ်တို့ကလည်း ကြံ့ခိုင်မှုရှိဖို့နဲ့ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပါတယ်။

Photo Credit

The Sun သတင်းရဲ့အဆိုအရ ယူနိုက်တက်အသင်းက ဆိုစီဒက်မှာအငှားကစားနေတဲ့ ရီးရဲလ်ကွင်းလယ်လူ မာတင်အိုဒီဂတ်ကိုလည်း စာချုပ်ချုပ်ဆိုဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit

နည်းပြဆိုးလ်ရှားက တစ်နိုင်ငံတည်းသား အသက် ၂၀ အရွယ် အိုဒီဂတ်ကို ခေါ်ယူပြီး အိုးထရက်ဖို့ဒ်ကိုလူငယ်ကစားသမားတွေနဲ့ ပုံဖော်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အိုဒီဂတ်ဟာ နော်ဝေလက်ရွေးစင်အသင်းမှာ အသက် ၁၅ နှစ်အရွယ်ကတည်းကခေါ်ယူခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္တိုက္စစ္ကိုအင္အားျဖည့္တင္းဖို႔ ဆိုးလ္ရွားပစ္မွတ္ထားေနတဲ့ ကစားသမား ၃ ဦး

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တိုက္စစ္အင္အားျဖည့္တင္းဖို႔အတြက္ လာမယ့္အေျပာင္းအေရႊ႕ေစ်းကြက္မွာ လီယြန္တုိက္စစ္မွဴးဒမ္ဘီလီ၊ လုိက္ပ္ဇစ္တုိက္စစ္မွဴးတီမိုဝါနာနဲ႔ ဘာစီလုိနာေတာင္ပံကစားသမား မူဆာဒမ္ဘီလီတို႔ကိုပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အသင္းဟာ တိုက္စစ္မွဴး လူကာကူကို အင္တာမီလန္အသင္းဆီ ေရာင္းထုတ္ခဲ့ၿပီး ေနာက္ထပ္တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ အလက္ဆစ္ဆန္းခ်က္ဇ္ကိုလည္း အင္တာမီလန္အသင္းဆီပဲ အငွားခ်ထားခဲ့တာေၾကာင့္ တိုက္စစ္ပိုင္းမွာ အစားထိုးဖို႔ ကစားသမားမရွိ ျဖစ္ေနခဲ့ပါတယ္။
နည္းျပဆိုးလ္ရွားကေတာ့ အသင္းကို ေနာက္ထပ္အဆင့္တစ္ခုဆီ ေခၚေဆာင္ႏိုင္ဖို႔ အဆုိပါ ကစားသမား ၃ ဦးကိုေခၚယူရမယ္လို႔ ယံုၾကည္ေနပါတယ္။
ဆိုးလ္ရွားပစ္မွတ္ထားေနတဲ့ ကစားသမားေတြဟာ လက္ရွိမွာစာခ်ဳပ္သစ္ေတြ ခ်ဳပ္ဆုိထားတာေၾကာင့္ ေစ်းေပါေပါနဲ႔ေတာ့ ရရွိႏိုင္မွာမဟုတ္ပါဘူး။ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းကိုဂိုးျပတ္ အႏိုင္ရရွိၿပီးကတည္းက ေနာက္ပိုင္းပြဲစဥ္ေတြမွာ သြင္းဂိုး ၁ ဂိုးထက္ ပိုမသြင္းႏိုင္ခဲ့ပါဘူး။
တိုက္စစ္မွဴးေနရာမွာ ကစားေနတဲ့အန္တိုနီမာရွယ္ကလည္း ၾသဂုတ္လကတည္းကဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ေမဆင္ဂရင္းဝုဒ္တို႔ကလည္း ႀကံ့ခိုင္မႈရွိဖို႔နဲ႔ ပံုမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ေနရပါတယ္။
The Sun သတင္းရဲ႕အဆိုအရ ယူႏိုက္တက္အသင္းက ဆိုစီဒက္မွာအငွားကစားေနတဲ့ ရီးရဲလ္ကြင္းလယ္လူ မာတင္အိုဒီဂတ္ကိုလည္း စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
နည္းျပဆိုးလ္ရွားက တစ္ႏိုင္ငံတည္းသား အသက္ ၂၀ အရြယ္ အိုဒီဂတ္ကို ေခၚယူၿပီး အိုးထရက္ဖို႔ဒ္ကိုလူငယ္ကစားသမားေတြနဲ႔ ပံုေဖာ္ဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ အိုဒီဂတ္ဟာ ေနာ္ေဝလက္ေရြးစင္အသင္းမွာ အသက္ ၁၅ ႏွစ္အရြယ္ကတည္းကေခၚယူျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။