
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကစားသမားအပြောင်းအရွှေ့လုပ်ငန်းစဉ်တွေကတော့စတင်နေပါပြီ။ အခုလောလောဆယ် ယူနိုက်တက်ကိုရောက်လာတော့မယ်ဆိုပြီးသတင်းကြီးနေတဲ့ကစားသမားကတော့ ဘရူနိုဖာနန်ဒက်စ် ဖြစ်ပါတယ်။ ရီယိုဖာဒီနန် က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဘရူနိုဆိုပြီး ရေးသားထားတာကြောင့် ယူနိုက်တက်ဆီကို ဖာနန်ဒက်စ်တစ်ယောက်ရောက်လာဖို့ရာခိုင်နှုန်းများနေပါပြီ။ ပေါ်တူဂီမီဒီယာ Record ရဲ့ဖော်ပြချက်အရတော့ စပို့တင်းလစ္စဘွန်းအသင်း တာဝန်ရှိသူတွေဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ အပြောင်းအရွေ့အတွက် ယူနိုက်တက်ဒ်နဲ့ တရားဝင်ဆွေးနွေးနေပြီလို့သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူဟာ ပြီးခဲ့တဲ့နွေရာသီမှာကတည်းက ယူနိုက်တက်နဲ့ တော့တင်ဟမ်စပါးအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ပေါ်တူဂီလိဂ်မှာသာ ဆက်လက်ကစားနေခဲ့ရပြီး နိုဝင်ဘာလအတွင်းက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးပြဿနာတွေရှိနေတဲ့ စပို့တင်းအသင်းဟာသူတို့ကွင်းလယ်လူကို ရောင်းချဖို့အတွက် ကြိုးပမ်းနေရပါတယ်။

ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ အချိန်ကာလတော်တော်ကြာအောင် ချိတ်ဆက်ခံခဲ့ရတာဖြစ်ပြီး စပို့တင်းလစ္စဘွန်းဥက္ကဌ ဗာရန်ဒက် နဲ့ အလုပ်အမှုဆောင် ဟူဂို ဗီယာနာ တို့ဟာ ယူနိုက်တက်အလုပ်အမှုဆောင်တွေနဲ့ ဆွေးနွေးနေပြီလို့ Record က အခိုင်အမာဆိုထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့ လက်ထောက်နည်းပြဖြစ်သူ မိုက်ဖီလန်တို့ဟာ ဖာနန်ဒက်စ်ရဲ့ခြေစွမ်းကိုသွားရောက်အကဲခတ်ခဲ့ကြပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကိုပြောင်းရွေ့ဖို့ နီးစပ်ခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းက တောင်းဆိုတဲ့ ပေါင်သန်း 60နီးပါး ကို စပါးအသင်းက ပေးချေလိုခြင်း မရှိတာကြောင့် အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ရပါတယ်။

“ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ တကယ်ကိုနီးစပ်နေတာပါ၊ ကလပ်အသင်းနှစ်သင်းကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ရက်အနည်းငယ်အတွင်း၊ ဒါမှမဟုတ် နာရီအနည်းငယ်အတွင်းမှာ အပြောင်းအရွှေ့ကိစ္စဖြစ်မြောက်လာနိုင်ပါတယ်။ စပို့တင်းလစ္စဘွန်းဟာ တော့တင်ဟမ်ရဲ့ ယူရိုသန်း 60 အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အဆင်မပြေခဲ့ပေမယ့် အခုတော့ အဲဒီပမာဏနဲ့ပဲ ယူနိုက်တက်နဲ့အဆင်ပြေမယ့် အနေအထားရှိနေပါတယ်။ ယူနိုက်တက်အသင်းကို ဘရူနိုဖာနန်ဒက်စ်တစ်ယောက်လည်း နှစ်သက်ပါတယ်။ သူကစားချင်တဲ့အသင်းထဲမှာယူနိုက်တက်ပါပါတယ်” လို့ ပေါ်တူဂီသတင်းထောက်ဖိလစ်ပီဒီယက်စ် က ဆိုထားပါတယ်။ ကောလာဟလသတင်းတွေမှာတော့ ဖာနန်ဒက်စ်တစ်ယောက် မန်ချက်စတာမြို့က Lowry Hotel ကိုတောင် ရောက်ရှိနေပြီလို့ ဆိုကြပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း နည်းပြဆိုးလ်ရှားက သူ့အနေနဲ့ ဖာနန်ဒက်စ်ကို သွားရောက်လေ့လာခဲ့တယ်ဆိုပြီးပြောထားပါတယ်။ “ကျွန်တော်တို့အနေနဲ့ အပြောင်းအရွှေ့အတွက် သူ့ကိုသွားရောက်စောင့်ကြည့်ခဲ့ပါတယ်။ ထူးထူးခြားခြား ဆက်စပ်ပတ်သက်တဲ့ကိစ္စတွေတော့မရှိခဲ့ပါဘူး။ ဖာနန်ဒက်စ်က တခြားအသင်းက ကစားသမားဖြစ်နေတာကြောင့် ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီး ဘာမှပြောလို့မရသေးပါဘူး”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။

ဖာနန်ဒက်စ်ဟာလက်ရှိဘောလုံးရာသီမှာ စပို့တင်းအသင်းအတွက်အမှတ်ပေးပွဲ 14 ပွဲ ကစားပေးထားပြီး၊ 6 ဂိုးသွင်းထားကာ 7 ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ယူနိုက်တက်အသင်းမှာ ဒဏ်ရာရကစားသမားတွေရှိနေ တာကြောင့် မဖြစ်မနေ အင်အားဖြည့်တင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။ ပေါ့ဘာနဲ့မက်တိုမီနေးတို့ရဲ့ဒဏ်ရာဟာ တစ်လနီးပါးလောက်အနားယူရဖွယ်အနေအထားရှိပြီး၊မသက်သာပါက ဒီထက်ပိုပြီးမြက်ခင်းစိမ်းနဲ့ဝေးနိုင်ပါ တယ်။ ဒါကြောင့် ကွင်းလယ်ကစားသမားကောင်းတွေကိုနည်းပြဆိုးလ်ရှားအနေနဲ့ လိုက်လံချိတ်ဆက်နေတာပါ။ ကွင်းလယ်ပိုင်းအတွက် ယူနိုက်တက်ဟာ မကြာသေးခင်က အက်စ်တွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ချ်၊ လက်စတာစီးတီးကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ်မက်ဒီဆင်တို့ကိုလည်း ချိတ်ဆက်ခဲ့တယ် ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းကို ကစားသမားကောင်းတွေရောက်လာဖို့ မလိုတဲ့သူတွေအသင်းကနေထွက်သွားဖို့မျှော်လင့်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
ယူႏိုက္တက္ဆီေရာက္လာဖို႔ရာခိုင္ႏႈန္းမ်ားေနၿပီျဖစ္တဲ့ ဘရူႏိုဖာနန္ဒက္စ္
ကစားသမားအေျပာင္းအေရႊ႕လုပ္ငန္းစဥ္ေတြကေတာ့စတင္ေနပါၿပီ။ အခုေလာေလာဆယ္ ယူႏိုက္တက္ကိုေရာက္လာေတာ့မယ္ဆိုၿပီးသတင္းႀကီးေနတဲ့ကစားသမားကေတာ့ ဘရူႏိုဖာနန္ဒက္စ္ ျဖစ္ပါတယ္။ ရီယိုဖာဒီနန္ က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဘရူႏိုဆိုၿပီး ေရးသားထားတာေၾကာင့္ ယူႏိုက္တက္ဆီကို ဖာနန္ဒက္စ္တစ္ေယာက္ေရာက္လာဖို႔ရာခိုင္ႏႈန္းမ်ားေနပါၿပီ။ ေပၚတူဂီမီဒီယာ Record ရဲ႕ေဖာ္ျပခ်က္အရေတာ့ စပို႔တင္းလစၥဘြန္းအသင္း တာဝန္ရွိသူေတြဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အေျပာင္းအေ႐ြ႕အတြက္ ယူႏိုက္တက္ဒ္နဲ႔ တရားဝင္ေဆြးေႏြးေနၿပီလို႔သိရပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ ေပၚတူဂီကြင္းလယ္လူဟာ ျပီးခဲ့တ့ဲေႏြရာသီမွာကတည္းက ယူႏိုက္တက္နဲ႔ ေတာ့တင္ဟမ္စပါးအသင္းတို႔ရဲ႕ ပစ္မွတ္ျဖစ္ခဲ့ေပမယ့္ ေပၚတူဂီလိဂ္မွာသာ ဆက္လက္ကစားေနခဲ့ရျပီး ႏို၀င္ဘာလအတြင္းက အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဘ႑ာေရးျပႆနာေတြရွိေနတဲ့ စပို႔တင္းအသင္းဟာသူတို႔ကြင္းလယ္လူကို ေရာင္းခ်ဖို႔အတြက္ ၾကိဳးပမ္းေနရပါတယ္။
ေပၚတူဂီလက္ေ႐ြးစင္ ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းနဲ႔ အခ်ိန္ကာလေတာ္ေတာ္ၾကာေအာင္ ခ်ိတ္ဆက္ခံခဲ့ရတာျဖစ္ၿပီး စပို႔တင္းလစၥဘြန္းဥကၠဌ ဗာရန္ဒက္ နဲ႔ အလုပ္အမႈေဆာင္ ဟူဂို ဗီယာနာ တို႔ဟာ ယူႏိုက္တက္အလုပ္အမႈေဆာင္ေတြနဲ႔ ေဆြးေႏြးေနၿပီလို႔ Record က အခိုင္အမာဆိုထားပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္အတြင္း ယူႏိုက္တက္နည္းျပဆိုးလ္ရွားနဲ႔ လက္ေထာက္နည္းျပျဖစ္သူ မိုက္ဖီလန္တို႔ဟာ ဖာနန္ဒက္စ္ရဲ႕ေျခစြမ္းကိုသြားေရာက္အကဲခတ္ခဲ့ၾကပါတယ္။ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက စပါးအသင္းကိုေျပာင္းေ႐ြ႕ဖို႔ နီးစပ္ခဲ့ေပမယ့္ စပို႔တင္းလစၥဘြန္းက ေတာင္းဆိုတဲ့ ေပါင္သန္း 60နီးပါး ကို စပါးအသင္းက ေပးေခ်လိုျခင္း မရွိတာေၾကာင့္ အေျပာင္းအေ႐ြ႕ ပ်က္ျပယ္ခဲ့ရပါတယ္။
“ယူႏိုက္တက္က ဘရူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔ တကယ္ကိုနီးစပ္ေနတာပါ၊ ကလပ္အသင္းႏွစ္သင္းၾကားမွာ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီး ရက္အနည္းငယ္အတြင္း၊ ဒါမွမဟုတ္ နာရီအနည္းငယ္အတြင္းမွာ အေျပာင္းအေရႊ႕ကိစၥျဖစ္ေျမာက္လာႏိုင္ပါတယ္။ စပို႔တင္းလစၥဘြန္းဟာ ေတာ့တင္ဟမ္ရဲ႕ ယူရိုသန္း 60 အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး အဆင္မေျပခဲ့ေပမယ့္ အခုေတာ့ အဲဒီပမာဏနဲ႔ပဲ ယူႏိုက္တက္နဲ႔အဆင္ေျပမယ့္ အေနအထားရိွေနပါတယ္။ ယူႏိုက္တက္အသင္းကို ဘရူႏိုဖာနန္ဒက္စ္တစ္ေယာက္လည္း ႏွစ္သက္ပါတယ္။ သူကစားခ်င္တဲ့အသင္းထဲမွာယူႏိုက္တက္ပါပါတယ္” လို႔ ေပၚတူဂီသတင္းေထာက္ဖိလစ္ပီဒီယက္စ္ က ဆိုထားပါတယ္။ ေကာလာဟလသတင္းေတြမွာေတာ့ ဖာနန္ဒက္စ္တစ္ေယာက္ မန္ခ်က္စတာၿမိဳ႕က Lowry Hotel ကုိေတာင္ ေရာက္ရွိေနၿပီလို႔ ဆိုၾကပါတယ္။
ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာလည္း နည္းျပဆိုးလ္ရွားက သူ႔အေနနဲ႔ ဖာနန္ဒက္စ္ကို သြားေရာက္ေလ့လာခဲ့တယ္ဆိုၿပီးေျပာထားပါတယ္။ “ကြၽန္ေတာ္တို႔အေနနဲ႔ အေျပာင္းအေရႊ႕အတြက္ သူ႔ကိုသြားေရာက္ေစာင့္ၾကည့္ခဲ့ပါတယ္။ ထူးထူးျခားျခား ဆက္စပ္ပတ္သက္တဲ့ကိစၥေတြေတာ့မရိွခဲ့ပါဘူး။ ဖာနန္ဒက္စ္က တျခားအသင္းက ကစားသမားျဖစ္ေနတာေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ ဒီထက္ပိုၿပီး ဘာမွေျပာလို႔မရေသးပါဘူး”ဆိုၿပီးနည္းျပဆိုးလ္ရွားကေျပာပါတယ္။
ဖာနန္ဒက္စ္ဟာလက္ရိွေဘာလုံးရာသီမွာ စပို႔တင္းအသင္းအတြက္အမွတ္ေပးပြဲ 14 ပြဲ ကစားေပးထားၿပီး၊ 6 ဂိုးသြင္းထားကာ 7 ဂိုးဖန္တီးေပးထားႏိုင္ပါတယ္။ ယူႏိုက္တက္အသင္းမွာ ဒဏ္ရာရကစားသမားေတြရိွေန တာေၾကာင့္ မျဖစ္မေန အင္အားျဖည့္တင္းဖို႔လိုအပ္ေနတာျဖစ္ပါတယ္။ ေပါ့ဘာနဲ႔မက္တိုမီေနးတို႔ရဲ႕ဒဏ္ရာဟာ တစ္လနီးပါးေလာက္အနားယူရဖြယ္အေနအထားရိွၿပီး၊မသက္သာပါက ဒီထက္ပိုၿပီးျမက္ခင္းစိမ္းနဲ႔ေ၀းႏိုင္ပါ တယ္။ ဒါေၾကာင့္ ကြင္းလယ္ကစားသမားေကာင္းေတြကိုနည္းျပဆိုးလ္ရွားအေနနဲ႔ လိုက္လံခ်ိတ္ဆက္ေနတာပါ။ ကြင္းလယ္ပိုင္းအတြက္ ယူႏိုက္တက္ဟာ မၾကာေသးခင္က အက္စ္တြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ခ်္၊ လက္စတာစီးတီးကြင္းလယ္ဖန္တီးရွင္ ဂ်ိမ္းစ္မက္ဒီဆင္တို႔ကိုလည္း ခ်ိတ္ဆက္ခဲ့တယ္ ဆိုၿပီးသတင္းေတြထြက္ေပၚခဲ့ပါေသးတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ အသင္းကို ကစားသမားေကာင္းေတြေရာက္လာဖို႔ မလုိတဲ့သူေတြအသင္းကေနထြက္သြားဖို႔ေမွ်ာ္လင့္ေနၾကပါတယ္။