ယူနိုက်တက်ဂိုးသမားဟောင်း ရိုမဲရိုး စီးရီးအေကို ပြောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဆာဂျီယိုရိုမဲရိုးဟာ စီးရီးအေကလပ် ဗင်နီဇီယာအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်တော့မယ်လို့ သိရပါတယ်။

အသက် ၃၄နှစ်အရွယ်ရှိ ရိုမဲရိုးဟာ ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း ဥရောပကလပ်အသင်း တော်တော်များများနဲ့ ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ စီးရီးအေ အမှတ်ပေးဇယားအဆင့် ၁၇ ကိုရောက်နေတဲ့ ဗင်နီဇီယာကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်လောက်ကတော့ အဲဗာတန်ကို ပြောင်းဖို့ လုပ်ပြီးမှ မပြောင်းဖြစ်ခဲ့တာပါ။

အဲဗာတန်အသင်းက သူ့ကို တစ်ပတ်လစာ ပေါင်တစ်သိန်းပေးမယ့်အပြင် အငှားစာချုပ်အတွက် မန်ယူကို ပေါင် ၂သန်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်က ပေါင် ၈ သန်းနဲ့ အပြီးသတ်ခေါ်နိုင်မှသာ ထွက်ခွင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့တာပါ။

အဲဗာတန်နဲ့ အပြောင်းအရွှေ့ကိစ္စ ပျက်ခဲ့တုန်းကဆိုရင် ရိုမဲရိုးရဲ့ ဇနီးကိုယ်တိုင်က လူမှုကွန်ယက်ပေါ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝေဖန်ခဲ့ပါသေးတယ်။

အခုတော့ ရိုမဲရိုးဟာ ဗင်နီဇီယာအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်တော့မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေရင် နောက်ထပ်စာချုပ်သက်တမ်း ၁နှစ်တိုးခွင့်ကို ထည့်သွင်းဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ဂိုးသမားေဟာင္း ႐ိုမဲ႐ိုး စီးရီးေအကို ေျပာင္း

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားေဟာင္း ဆာဂ်ီယို႐ိုမဲ႐ိုးဟာ စီးရီးေအကလပ္ ဗင္နီဇီယာအသင္းနဲ႔ ရာသီကုန္အထိ စာခ်ဳပ္ခ်ဳပ္ေတာ့မယ္လို႔ သိရပါတယ္။

အသက္ ၃၄ႏွစ္အ႐ြယ္ရွိ ႐ိုမဲ႐ိုးဟာ ၿပီးခဲ့တဲ့ေႏြရာသီက မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း ဥေရာပကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားနဲ႔ ေဆြးေႏြးခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ စီးရီးေအ အမွတ္ေပးဇယားအဆင့္ ၁၇ ကိုေရာက္ေနတဲ့ ဗင္နီဇီယာကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေလာက္ကေတာ့ အဲဗာတန္ကို ေျပာင္းဖို႔ လုပ္ၿပီးမွ မေျပာင္းျဖစ္ခဲ့တာပါ။ အဲဗာတန္အသင္းက သူ႔ကို တစ္ပတ္လစာ ေပါင္တစ္သိန္းေပးမယ့္အျပင္ အငွားစာခ်ဳပ္အတြက္ မန္ယူကို ေပါင္ ၂သန္းေပးမယ္လို႔ ကမ္းလွမ္းခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္က ေပါင္ ၈ သန္းနဲ႔ အၿပီးသတ္ေခၚႏိုင္မွသာ ထြက္ခြင့္ေပးမယ္လို႔ ဆုံးျဖတ္ခဲ့ေၾကာင့္ အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့တာပါ။

အဲဗာတန္နဲ႔ အေျပာင္းအေ႐ႊ႕ကိစၥ ပ်က္ခဲ့တုန္းကဆိုရင္ ႐ိုမဲ႐ိုးရဲ႕ ဇနီးကိုယ္တိုင္က လူမႈကြန္ယက္ေပၚမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေဝဖန္ခဲ့ပါေသးတယ္။ အခုေတာ့ ႐ိုမဲ႐ိုးဟာ ဗင္နီဇီယာအသင္းနဲ႔ ရာသီကုန္အထိ စာခ်ဳပ္ခ်ဳပ္ေတာ့မွာျဖစ္ၿပီး ႏွစ္ဦးႏွစ္ဖက္အဆင္ေျပရင္ ေနာက္ထပ္စာခ်ဳပ္သက္တမ္း ၁ႏွစ္တိုးခြင့္ကို ထည့္သြင္းဖို႔ရွိပါတယ္။