ယူနိုက်တက်ဂန္ထဝင် ပေါလ်စခိုးလ်ရဲ့စုစုပေါင်း ဂိုးဖန်တီးမှုကို ကျော်ဖြတ်ဖို့ နောက်ပွဲ ၄၃၀ မှာ ၃၈ကြိမ်ပဲ ဂိုးဖန်တီးပေးဖို့ လိုအပ်တော့တဲ့ အာနိုးလ်

Photo Credit

Photo Credit

လီဗာပူးအသင်းညာနောက်ခံလူ အာနိုးလ်ဟာ အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေတာ အခုမှ ၂ရာသီကျော်ပဲရှိသေးပြီး ပရီးမီးယားလိဂ်မှာ ၆၉ ပွဲသာကစားရသေးပေမယ့် ဂိုးဖန်တီးမှုအပိုင်းမှာ ယူနိုက်တက်ဂန္ထဝင် ပေါလ်စခိုးလ်ရဲ့စုစုပေါင်းအကြိမ်အရေအတွက်ကို လိုက်မီဖို့ ၃၇ကြိမ်ပဲလိုအပ်ပါတော့တယ်။

Photo Credit

သူဟာ အခုမှအသက် ၂၁နှစ်ပဲရှိသေးပေမယ့် ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ်စလုံးဖန်တီးပေးနိုင်ခဲ့ပြီးနောက် အာနိုးလ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၈ကြိမ်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း စခိုးလ်ကတော့ ဂိုးဖန်တီးမှုအပိုင်းမှာ စပယ်ရှယ်လစ်တစ်ဦးအဖြစ် မကျော်ကြားဘဲ စုစုပေါင်းကစားခဲ့တဲ့ ၄၉၉ပွဲမှာ ဂိုးဖန်တီးမှု ၅၅ကြိမ်ပဲ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

အင်္ဂလန်လက်ရွေးစင် အာနိုးလ်ကတော့ တည်ကန်ဘောတွေ၊ ထောင့်ဖြတ်ဘောတွေ အကောင်းဆုံးပေးပို့ရင်း ဂိုးဖန်တီးမှုပြုလုပ်ပေးနေတာဖြစ်ပြီး ယမန်နှစ်ရာသီကစတင်ကာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုစုစုပေါင်း ၁၇ကြိမ်ပြုလုပ်ပေးထားနိုင်ရာ အဲဒီကာလအတွင်း သူ့ထက် ဂိုးဖန်တီးမှုပိုများတဲ့ကစားသမား ပရီးမီးယားလိဂ်မှာ မရှိခဲ့ပါဘူး။

Photo Credit

လီဗာပူးအကယ်ဒမီထွက် အာနိုးလ်ဟာ နည်းပြကလော့ပ်ရဲ့လက်အောက်မှာ ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူတစ်ဦးအဖြစ် ထင်ပေါ်လာပြီး ယမန်နှစ်ရာသီက လီဗာပူးအသင်း ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရခဲ့ရာမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့သလို ဒီရာသီ လီဗာပူးအသင်းနဲ့အတူ ဆက်လက်ခြေစွမ်းပြနေပါတယ်။

Photo Credit

သူဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် ၂၀၂၀ ဂင်းနစ်စံချိန်ထဲမှာ ပါဝင်ခွင့်ရခဲ့ပြီး အဲဗာတန်အသင်းသားတွေဖြစ်တဲ့ ၁၉၉၄-၉၅နဲ့ ၂၀၁၀-၁၁ ရာသီက ဟင့်ချ်ကလစ်ဖ်နဲ့ လေတန်ဘိန်းစ်တို့ရဲ့ ဂိုးဖန်တီးမှု ၁၁ကြိမ်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္ဂႏၳ၀င္ ေပါလ္စခုိးလ္ရဲ႕စုစုေပါင္း ဂိုးဖန္တီးမႈကို ေက်ာ္ျဖတ္ဖို႔ ေနာက္ပဲြ ၄၃၀ မွာ ၃၈ႀကိမ္ပဲ ဂိုးဖန္တီးေပးဖုိ႔ လိုအပ္ေတာ့တဲ့ အာႏိုးလ္

လီဗာပူးအသင္းညာေနာက္ခံလူ အာႏိုးလ္ဟာ အသင္းႀကီးမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိေနတာ အခုမွ ၂ရာသီေက်ာ္ပဲရွိေသးၿပီး ပရီးမီးယားလိဂ္မွာ ၆၉ ပြဲသာကစားရေသးေပမယ့္ ဂိုးဖန္တီးမႈအပိုင္းမွာ ယူႏုိက္တက္ဂႏၳ၀င္ ေပါလ္စခုိးလ္ရဲ႕စုစုေပါင္းအႀကိမ္အေရအတြက္ကို လုိက္မီဖို႔ ၃၇ႀကိမ္ပဲလုိအပ္ပါေတာ့တယ္။
သူဟာ အခုမွအသက္ ၂၁ႏွစ္ပဲရွိေသးေပမယ့္ ဘ႐ိုက္တန္ကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တ့ဲပြဲမွာ ဂိုးဖန္တီးမႈ ၂ႀကိမ္စလံုးဖန္တီးေပးႏိုင္ခဲ့ၿပီးေနာက္ အာႏိုးလ္ဟာ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၁၈ႀကိမ္အထိရွိလာခဲ့ၿပီျဖစ္ပါတယ္။
ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကြင္းလယ္လူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ အဂၤလန္လက္ေရြးစင္ေဟာင္း စခုိးလ္ကေတာ့ ဂိုးဖန္တီးမႈအပိုင္းမွာ စပယ္ရွယ္လစ္တစ္ဦးအျဖစ္ မေက်ာ္ၾကားဘဲ စုစုေပါင္းကစားခဲ့တဲ့ ၄၉၉ပြဲမွာ ဂိုးဖန္တီးမႈ ၅၅ႀကိမ္ပဲ ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။
အဂၤလန္လက္ေရြးစင္ အာႏိုးလ္ကေတာ့ တည္ကန္ေဘာေတြ၊ ေထာင့္ျဖတ္ေဘာေတြ အေကာင္းဆုံးေပးပို႔ရင္း ဂိုးဖန္တီးမႈျပဳလုပ္ေပးေနတာျဖစ္ၿပီး ယမန္ႏွစ္ရာသီကစတင္ကာ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈစုစုေပါင္း ၁၇ႀကိမ္ျပဳလုပ္ေပးထားႏိုင္ရာ အဲဒီကာလအတြင္း သူ႕ထက္ ဂိုးဖန္တီးမႈပိုမ်ားတဲ့ကစားသမား ပရီးမီးယားလိဂ္မွာ မရွိခဲ့ပါဘူး။
လီဗာပူးအကယ္ဒမီထြက္ အာႏိုးလ္ဟာ နည္းျပကေလာ့ပ္ရဲ႕လက္ေအာက္မွာ ကမၻာ့အေကာင္းဆုံးညာေနာက္ခံလူတစ္ဦးအျဖစ္ ထင္ေပၚလာၿပီး ယမန္ႏွစ္ရာသီက လီဗာပူးအသင္း ၆ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားရခဲ့ရာမွာလည္း အဓိကေနရာကေန ပါ၀င္ခဲ့သလုိ ဒီရာသီ လီဗာပူးအသင္းနဲ႔အတူ ဆက္လက္ေျခစြမ္းျပေနပါတယ္။
သူဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၁၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ၂၀၂၀ ဂင္းနစ္စံခ်ိန္ထဲမွာ ပါ၀င္ခြင့္ရခဲ့ၿပီး အဲဗာတန္အသင္းသားေတြျဖစ္တဲ့ ၁၉၉၄-၉၅နဲ႔ ၂၀၁၀-၁၁ ရာသီက ဟင့္ခ်္ကလစ္ဖ္နဲ႔ ေလတန္ဘိန္းစ္တို႔ရဲ႕ ဂုိးဖန္တီးမႈ ၁၁ႀကိမ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။