ယူနိုက်တက်က အာရှသားလေးကျွန်တော်၊ ကိုက်တတ်တဲ့ ကောင်လေး နဲ့ ပင့်ကူနက်တို့အကြောင်း

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

၂၀၁၂ ခုနှစ်မှာ ယူနိုက်တက်အသင်းကိုရောက်ရှိခဲ့တဲ့ ရှင်ဂျီကာဂါဝါဟာ ပရီးမီးယားလိဂ်ဖလားတစ်လုံးအပြင် ပထမဆုံး ဟက်ထရစ်ရတဲ့ အာရှသားဆိုတဲ့ ဂုဏ်ထူးကိုလည်းရရှိခဲ့ပါသေးတယ်။ပေါင်၁၆သန်းနဲ့ ဒေါ့မွန်အသင်းကနေပြောင်းရွှေ့လာတဲ့ ရှင်ဂျီ ကို ဖာဂူဆန် ကိုယ်တိုင်က တောက်ပမယ့်ကြယ်တစ်ပွင့် ဆိုပြီးချီးကျူးခဲ့တာဖြစ်ပါတယ်။ ရှင်ဂျီက အဲဒီတုန်းကခံစားချက်အချို့ကိုအခုလိုပြောပါတယ်။ “ကျွန်တော့်ခံစားချက်က ယူနိုက်တက်ဟာ လီဗာပူလ်း၊အာဆင်နယ်၊ဒေါ့မွန်တို့ထက်ပိုပြီးကြီးမားတယ် ဆိုတာပါပဲ။ ကျွန်တော်ယူနိုက်တက် ဆီကကမ်းလှမ်းချက်ကိုစောင့်ခဲ့ပါတယ်။‌ဒေါ့မွန်နဲ့အသားကျနေတာတောင် ကျွန်တော်တကယ်ပဲ သူတို့အတွက်ကစားပေးချင်ပါတယ်။အပြောင်းအရွှေ့လည်းဖြစ်မြောက်ရော ကျွန်တော် ဆာအဲလက်စ်နဲ့မျက်နှာချင်းဆိုင်ပြီးစကားပြောချင်နေပြီ။

photo internet

အဓိက သိချင်တာက ဒီကမ်းလှမ်းမှု့က ယူနိက်တက်က လုပ်တာလား ဆာအဲလက်စ်ကလုပ်တာလားဆိုတာရယ် ကျွန်တော့်ကိုသူတကယ်လိုချင်လားဆိုတာကိုပေါ့။ ပြီးတော့ ကျွန်တော့်ကိုသူဘယ်နေရာမှာကစားစေချင်လဲဆိုတာကိုလည်းသေချာသိချင်ပါတယ်။သူက ကျွန်တော့်ဆီကဘာလိုချင်လည်းပြောပြခဲ့ပါတယ်။ ဆာအဲလက်စ် က ကျွန်တော်နဲ့အတူ သူဖလားပြန်လိုချင်တယ်ဆိုတာကိုသေချာရှင်းပြခဲ့ပါတယ်။”ဆိုပြီးအတိတ်ကအမှတ်တရတွေအကြောင်းကို ရှင်ဂျီကပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

photo internet

ဘောလုံးကစားတာခြေထောက်တွေ၊ခေါင်းတွေသုံးရပေမယ့်အခုကောင်လေးကတော့ ပါးစပ်ပါအသုံးပြုတာ ကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ ဘာတန်အသင်းကိုအငှားချထားတဲ့ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အိုဟာရာဟာ ပီတာဘရော့နဲ့ ပွဲစဉ်အတွင်း ပြိုင်ဘက်တိုက်စစ်မှူးကို ကိုက်ခဲ့လို့ (၆)ပွဲပယ် ပြစ်ဒဏ်ချမှတ် ခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူနိုက်တက်လူငယ်ဂိုးသမားလေး အိုဟာရာဟာ လိဂ်ဝမ်းကလပ် ဘာတန်အသင်းမှာ တစ်ရာသီအငှါးစာချုပ်နဲ့ သွားရောက်ကစားနေခဲ့တာ ဖြစ်ပါတယ်။ ပီတာဘရော့နဲ့ ဘာတန်တို့ရဲ့ပွဲစဉ်မှာတော့ အိုဟာရာဟာ ပြိုင်ဖက်တိုက်စစ်မှူး ဆမ်မီစမိုဒစ်ရဲ့လက်မောင်းကို ကုန်းကိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ကွင်းလယ်ဒိုင်က ပြင်းပြင်းထန်ထန် အရေးယူတာမျိုးမရှိခဲ့ပေမယ့် FA ကတော့ စွဲချက်တင်ခဲ့ပြီး ၆ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၂၅၀၀ ချမှတ်သွားခဲ့ပါတယ်။ အိုဟာရာဟာ သူ့အနေနဲ့ ဒါကိုမလုပ်ခဲ့ဘူးလိူ့ ငြင်းဆိုခဲ့ပါသေးတယ်။ FAက အိုဟာရာကို ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အိုဟာရာရဲ့ ရုတ်တရတ်အပြုအမူတွေဟာ FAရဲ့ စည်းမျဉ်း E3 နဲ့ သွားပြီးတော့ ငြိနေတာကြောင့် အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ထုက်ပြန်ကြေညာခဲ့ပါတယ်။ အိုဟာရာဟာ မိခင်ကလပ် ယူနိုက်တက်အသင်းအတွက် တစ်ပွဲမှ ပွဲထွက်ကစားရခြင်း မရှိသေးပေမယ့်လည်း ကလပ်အသင်းအသီးသီးမှာ အငှါးကစားသမားဘဝနဲ့ ပွဲတစ်ရာနီးပါး ကစားခဲ့ပြီးဖြစ်သလို အိုင်ယာလန်လက်ရွေးစင်အသင်းအတွက်လည်း ၂ ပွဲ ပါဝင်ကစားပေးထားပါတယ်။ အိုဟာရာဟာ အသက် ၁၆ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာကတည်းက ယူနိုက်တက်အသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပြီး မိုကမ်ဘီ၊ စတော့ပို့၊ မက်ကလပ်ဖီးတောင်းနဲ့ လက်ရှိကလပ်ဘာတန်တို့ အပါအဝင် ကလပ်အသင်း အတော်များများမှာ အငှါးသွားရောက်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

photo internet

နောက်ထပ်တင်ဆက်ပေးချင်တာကတော့ ယူနိုက်တက်ရဲ့ ပင့်ကူနက်အကြောင်းပဲဖြစ်ပါတယ်။ ယူနိုက်တက်ကို စစရောက်ချင်းမှာပဲ ညာခြမ်းခံစစ်နေရာကို အပိုင်စားရယူနိုင်ခဲ့တဲ့ အာရွန်ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်ရဲ့ပင့်ကူနက်အဖြစ်နာမည်ကျော်ကြားပါတယ်။ ဆုဖလားနဲ့ ၂ နှစ်ဆက် ဝေးကွာနေရတဲ့ ယူနိုက်တက်အသင်းဟာ ဆုဖလားတွေပြန်လည်ရယူဖို့ အလားအလာကောင်းနေ ပြီဆိုတဲ့အကြောင်း ကို ဝမ်ဘစ်ဆာကာက ပြောဆိုလာပါတယ်။ ”ကျွန်တော်ယူနိုက်တက် အသင်းကိုစရောက်တဲ့အချိန် ကထက် အခုအချိန်က ပိုပြီးတော့ကောင်းလာတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲစဉ်စတင်တုန်းက တော်တော်များ များတော့မကောင်းခဲ့ပါဘူး။ ဒါကြောင့်အခုလက်ရှိအချိန်က လမ်းကြောင်းမှန်ကိုနည်းနည်းရောက်လာပြီလို့တော့ ယူဆမိပါတယ်။ နောက်ပြီး အသင်းနဲ့အတူ အနာဂတ်မှာဖြစ် မယ့်အရာအတွက်စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးဆုဖလားအဖြစ် အသင်းအတွက် အဲဒီဆုကိုရရှိအောင်ကူညီပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ကျွန်တော်တို့အတွက် ပထမဆုံးဆုဖလားရရှိတာက နောက်ထပ်ဆုဖလားတွေရရှိဖို့ အတွက်ယုံကြည်မှုတိုးတက်လာပါလိမ့်မယ်။နည်းပြဆိုးလ်ရှားကလည်း သူ့အတွက်ပထမဆုံး ဆုဖလားကို ရချင်နေမှာပါ။ပြီးတော့မှ နောက်ထပ်ဆုဖလားတွေ ထပ်ရဖို့ ကြိုးပမ်းသွားရပါမယ်။ ဒီအချိန်မှာ ကျွန်တော်ဟာ ဖျက်ထုတ်မှုပိုင်းမှာ ဒုတိယအများဆုံးအဖြစ်ရှိနေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပျော်ရွှင်ပါတယ်။ ရာသီကုန်ရင်တော့ ပထမဆုံးနေရာရရှိဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့တွေဟာ ကိုယ်သွားလိုတဲ့ လမ်းကြောင်းကို မှန်မှန်ကန်ကန်သွားနေပါပြီ။ ဒီအတွက်လည်း အလုပ် တွေကို ဆက်လက်ကြိုးစားသွား လိုပါတယ်။ ”ဆိုပြီး ဝမ်ဘစ်ဆာကာက ပြောပါတယ်။

photo internet

လက်ရှိအချိန်ပရီမီးယားလိဂ်မှာ ဝမ်ဘာဆာကာက ဖျက်ထုတ်မှုပိုင်းမှာ လက်စတာ ကစားသမား ရီကာဒိုပါရဲရားရဲ့နောက် ဒုတိယအများဆုံး အဖြစ် မှတ်တမ်းဝင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝမ်ဘစ်ဆာကာက ရာသီကုန်မှာ ပါရဲရားကို ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္က အာရွသားေလးကြၽန္ေတာ္၊ ကိုက္တတ္တဲ့ ေကာင္ေလး နဲ႔ ပင့္ကူနက္တို႔အေၾကာင္း

၂၀၁၂ ခုႏွစ္မွာ ယူႏိုက္တက္အသင္းကိုေရာက္ရွိခဲ့တဲ့ ရွင္ဂ်ီကာဂါဝါဟာ ပရီးမီးယားလိဂ္ဖလားတစ္လုံးအျပင္ ပထမဆုံး ဟက္ထရစ္ရတဲ့ အာရွသားဆိုတဲ့ ဂုဏ္ထူးကိုလည္းရရွိခဲ့ပါေသးတယ္။ေပါင္၁၆သန္းနဲ႔ ေဒါ့မြန္အသင္းကေနေျပာင္းေ႐ႊ႕လာတဲ့ ရွင္ဂ်ီ ကို ဖာဂူဆန္ ကိုယ္တိုင္က ေတာက္ပမယ့္ၾကယ္တစ္ပြင့္ ဆိုၿပီးခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။ ရွင္ဂ်ီက အဲဒီတုန္းကခံစားခ်က္အခ်ိဳ႕ကိုအခုလိုေျပာပါတယ္။ “ကြၽန္ေတာ့္ခံစားခ်က္က ယူႏိုက္တက္ဟာ လီဗာပူလ္း၊အာဆင္နယ္၊ေဒါ့မြန္တို႔ထက္ပိုၿပီးႀကီးမားတယ္ ဆိုတာပါပဲ။ ကြၽန္ေတာ္ယူႏိုက္တက္ ဆီကကမ္းလွမ္းခ်က္ကိုေစာင့္ခဲ့ပါတယ္။‌ေဒါ့မြန္နဲ႔အသားက်ေနတာေတာင္ ကြၽန္ေတာ္တကယ္ပဲသူတို႔အတြက္ကစားေပးခ်င္ပါတယ္။အေျပာင္းအေ႐ႊ႕လည္းျဖစ္ေျမာက္ေရာ ကြၽန္ေတာ္ ဆာအဲလက္စ္နဲ႔မ်က္ႏွာခ်င္းဆိုင္ၿပီးစကားေျပာခ်င္ေနၿပီ။အဓိက သိခ်င္တာက ဒီကမ္းလွမ္းမႈ႕က ယူနိက္တက္က လုပ္တာလား ဆာအဲလက္စ္ကလုပ္တာလားဆိုတာရယ္ ကြၽန္ေတာ့္ကိုသူတကယ္လိုခ်င္လားဆိုတာကိုေပါ့။ ၿပီးေတာ့ ကြၽန္ေတာ့္ကိုသူဘယ္ေနရာမွာကစားေစခ်င္လဲဆိုတာကိုလည္းေသခ်ာသိခ်င္ပါတယ္။သူက ကြၽန္ေတာ့္ဆီကဘာလိုခ်င္လည္းေျပာျပခဲ့ပါတယ္။ ဆာအဲလက္စ္ က ကြၽန္ေတာ္နဲ႔အတူ သူဖလားျပန္လိုခ်င္တယ္ဆိုတာကိုေသခ်ာရွင္းျပခဲ့ပါတယ္။”ဆိုၿပီးအတိတ္ကအမွတ္တရေတြအေၾကာင္းကို ရွင္ဂ်ီကျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။
ေဘာလုံးကစားတာေျခေထာက္ေတြ၊ေခါင္းေတြသုံးရေပမယ့္အခုေကာင္ေလးကေတာ့ ပါးစပ္ပါအသုံးျပဳတာ ေၾကာင့္ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရပါတယ္။ ဘာတန္အသင္းကိုအငွားခ်ထားတဲ့ ယူႏိုက္တက္အသင္းရဲ႕ ဂိုးသမား အိုဟာရာဟာ ပီတာဘေရာ့နဲ႔ ပြဲစဥ္အတြင္း ၿပိဳင္ဘက္တိုက္စစ္မႉးကို ကိုက္ခဲ့လို႔ (၆)ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ယူႏိုက္တက္လူငယ္ဂိုးသမားေလး အိုဟာရာဟာ လိဂ္ဝမ္းကလပ္ ဘာတန္အသင္းမွာ တစ္ရာသီအငွါးစာခ်ဳပ္နဲ႔ သြားေရာက္ကစားေနခဲ့တာ ျဖစ္ပါတယ္။ ပီတာဘေရာ့နဲ႔ ဘာတန္တို႔ရဲ႕ပြဲစဥ္မွာေတာ့ အိုဟာရာဟာ ၿပိဳင္ဖက္တိုက္စစ္မႉး ဆမ္မီစမိုဒစ္ရဲ႕လက္ေမာင္းကို ကုန္းကိုက္ခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္ကို ကြင္းလယ္ဒိုင္က ျပင္းျပင္းထန္ထန္ အေရးယူတာမ်ိဳးမရွိခဲ့ေပမယ့္ FA ကေတာ့ စြဲခ်က္တင္ခဲ့ၿပီး ၆ ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေငြ ေပါင္ ၂၅၀၀ ခ်မွတ္သြားခဲ့ပါတယ္။ အိုဟာရာဟာ သူ႔အေနနဲ႔ ဒါကိုမလုပ္ခဲ့ဘူးလိူ႔ ျငင္းဆိုခဲ့ပါေသးတယ္။ FAက အိုဟာရာကို ျပစ္ဒဏ္ခ်မွတ္ခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ အိုဟာရာရဲ႕ ႐ုတ္တရတ္အျပဳအမူေတြဟာ FAရဲ႕ စည္းမ်ဥ္း E3 နဲ႔ သြားၿပီးေတာ့ ၿငိေနတာေၾကာင့္ အခုလိုျပစ္ဒဏ္ခ်မွတ္ခဲ့တာလို႔ ထုက္ျပန္ေၾကညာခဲ့ပါတယ္။ အိုဟာရာဟာ မိခင္ကလပ္ ယူႏိုက္တက္အသင္းအတြက္ တစ္ပြဲမွ ပြဲထြက္ကစားရျခင္း မရွိေသးေပမယ့္လည္း ကလပ္အသင္းအသီးသီးမွာ အငွါးကစားသမားဘဝနဲ႔ ပြဲတစ္ရာနီးပါး ကစားခဲ့ၿပီးျဖစ္သလို အိုင္ယာလန္လက္ေ႐ြးစင္အသင္းအတြက္လည္း ၂ ပြဲ ပါဝင္ကစားေပးထားပါတယ္။ အိုဟာရာဟာ အသက္ ၁၆ ႏွစ္အ႐ြယ္ ၂၀၁၂ ခုႏွစ္မွာကတည္းက ယူႏိုက္တက္အသင္းကို ေရာက္ရွိေနခဲ့တာျဖစ္ၿပီး မိုကမ္ဘီ၊ စေတာ့ပို႔၊ မက္ကလပ္ဖီးေတာင္းနဲ႔ လက္ရွိကလပ္ဘာတန္တို႔ အပါအဝင္ ကလပ္အသင္း အေတာ္မ်ားမ်ားမွာ အငွါးသြားေရာက္ကစားခဲ့ဖူးသူ ျဖစ္ပါတယ္။
ေနာက္ထပ္တင္ဆက္ေပးခ်င္တာကေတာ့ ယူႏိုက္တက္ရဲ႕ ပင့္ကူနက္အေၾကာင္းပဲျဖစ္ပါတယ္။ ယူႏိုက္တက္ကို စစေရာက္ခ်င္းမွာပဲ ညာျခမ္းခံစစ္ေနရာကို အပိုင္စားရယူႏိုင္ခဲ့တဲ့ အာ႐ြန္ဝမ္ဘစ္ဆာကာဟာ ယူႏိုက္တက္ရဲ႕ပင့္ကူနက္အျဖစ္နာမည္ေက်ာ္ၾကားပါတယ္။ ဆုဖလားနဲ႔ ၂ ႏွစ္ဆက္ ေဝးကြာေနရတဲ့ ယူႏိုက္တက္အသင္းဟာ ဆုဖလားေတြျပန္လည္ရယူဖို႔ အလားအလာေကာင္းေန ၿပီဆိုတဲ့အေၾကာင္း ကို ဝမ္ဘစ္ဆာကာက ေျပာဆိုလာပါတယ္။ ”ကြၽန္ေတာ္ယူႏိုက္တက္ အသင္းကိုစေရာက္တဲ့အခ်ိန္ ကထက္ အခုအခ်ိန္က ပိုၿပီးေတာ့ေကာင္းလာတယ္လို႔ထင္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ပြဲစဥ္စတင္တုန္းက ေတာ္ေတာ္မ်ား မ်ားေတာ့မေကာင္းခဲ့ပါဘူး။ ဒါေၾကာင့္အခုလက္ရွိအခ်ိန္က လမ္းေၾကာင္းမွန္ကိုနည္းနည္းေရာက္လာၿပီလို႔ေတာ့ ယူဆမိပါတယ္။ ေနာက္ၿပီး အသင္းနဲ႔အတူ အနာဂတ္မွာျဖစ္ မယ့္အရာအတြက္စိတ္လႈပ္ရွားမိပါတယ္။ ကြၽန္ေတာ့္ရဲ႕ ပထမဆုံးဆုဖလားအျဖစ္ အသင္းအတြက္ အဲဒီဆုကိုရရွိေအာင္ကူညီေပးသြားမယ္လို႔ စိတ္ကူးထားပါတယ္။ ကြၽန္ေတာ္တို႔အတြက္ ပထမဆုံးဆုဖလားရရွိတာက ေနာက္ထပ္ဆုဖလားေတြရရွိဖို႔ အတြက္ယုံၾကည္မႈတိုးတက္လာပါလိမ့္မယ္။နည္းျပဆိုးလ္ရွားကလည္း သူ႔အတြက္ပထမဆုံး ဆုဖလားကို ရခ်င္ေနမွာပါ။ၿပီးေတာ့မွ ေနာက္ထပ္ဆုဖလားေတြ ထပ္ရဖို႔ ႀကိဳးပမ္းသြားရပါမယ္။ ဒီအခ်ိန္မွာ ကြၽန္ေတာ္ဟာ ဖ်က္ထုတ္မႈပိုင္းမွာ ဒုတိယအမ်ားဆုံးအျဖစ္ရွိေနမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ေပ်ာ္႐ႊင္ပါတယ္။ ရာသီကုန္ရင္ေတာ့ ပထမဆုံးေနရာရရွိဖို႔ ရည္႐ြယ္ထားပါတယ္။ ကြၽန္ေတာ္တို႔ေတြဟာ ကိုယ္သြားလိုတဲ့ လမ္းေၾကာင္းကို မွန္မွန္ကန္ကန္သြားေနပါၿပီ။ ဒီအတြက္လည္း အလုပ္ ေတြကို ဆက္လက္ႀကိဳးစားသြား လိုပါတယ္။ ”ဆိုၿပီး ဝမ္ဘစ္ဆာကာက ေျပာပါတယ္။
လက္ရွိအခ်ိန္ပရီမီးယားလိဂ္မွာ ဝမ္ဘာဆာကာက ဖ်က္ထုတ္မႈပိုင္းမွာ လက္စတာ ကစားသမား ရီကာဒိုပါရဲရားရဲ႕ေနာက္ ဒုတိယအမ်ားဆုံး အျဖစ္ မွတ္တမ္းဝင္ထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဝမ္ဘစ္ဆာကာက ရာသီကုန္မွာ ပါရဲရားကို ျဖတ္ေက်ာ္ႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။