ယူနိုက်တက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ဘရူနို ပယ်ချခဲ့တယ်လို့ သတင်းထွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်း အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ကလပ်အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှု၊ ဆုဖလားအောင်မြင်မှုအနေအထားအပေါ် မူတည်ပြီးမှ စာချုပ်သစ်ချုပ်ဆိုဖို့ရှိတယ်လို့ ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင်(၄၇)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၆၃)ပွဲကစား၊ (၃၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂၁)ကြိမ်အထိပြုလုပ်ထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်ကို လစာအဖြစ် ပေါင်(၁)သိန်းရရှိနေပြီး သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ခုနှစ်မှ ကုန်ဆုံးမှာဖြစ်သလို စာချုပ်သက်တမ်းပြည့်ရင် နှစ်ဖက်သဘောတူညီမှုနဲ့ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရဲ့လစာငွေအများဆုံး ကစားသမားစာရင်းထဲမှာ မပါဝင်ဘဲ ဒီဂီယာ(ပေါင် ၃၇၅,၀၀၀)၊ ပေ့ါဘာ (၂၉၀,၀၀၀)တို့နဲ့ယှဉ်ရင် အများကြီးနည်းနေတာပါ။

ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့အဓိက ကစားသမားဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် နောက်ထပ်(၅)နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ ပြင်ဆင်နေသလို တစ်ပတ်ကို ပေါင်(၂)သိန်းအထိတိုးမြှင့်ပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ကတော့ အသင်းနဲ့ နောက်ထပ်စာချုပ်သက်တမ်းမတိုးခင် အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆုဖလားအောင်မြင်မှုရဖို့ ဘယ်လိုကစားသမားသစ်တွေခေါ်မလဲဆိုတာကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်သွားဖို့ရှိနေပါပြီ။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီလက်ရွေးစင်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာလည်း သူ့ရဲ့ပုံစံကောင်းတွေကို ဆက်ထိန်းထားနိုင်ပြီး ပရီးမီးယားလိဂ်(၂၈)ပွဲကစား၊ (၁၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၀)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၂)၊ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်၊ FA ဖလား ကွာတားဖိုင်နယ်အဆင့်တွေကို တက်ရောက်နိုင်ခဲ့တာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် ချန်ပီယံဆုဖလားတစ်ခုခု ရရှိအောင် စွမ်းဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္က သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈကို ဘ႐ူႏို ပယ္ခ်ခဲ့တယ္လို႔ သတင္းထြက္

မန္ခ်က္စတာယူႏိုက္တက္အသင္း အဓိက ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းက စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ၿပီး ကလပ္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈ၊ ဆုဖလားေအာင္ျမင္မႈအေနအထားအေပၚ မူတည္ၿပီးမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ရွိတယ္လို႔ ၿဗိတိန္သတင္းစာ The Mirror က ေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္၊ ဇန္နဝါရီလမွာ စပို႔တင္းလစၥဘြန္းအသင္းကေန ေပါင္(၄၇)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းအတြက္အေကာင္းဆုံးေျခစြမ္းျပကစားေနၿပီး ၿပိဳင္ပြဲစုံ (၆၃)ပြဲကစား၊ (၃၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂၁)ႀကိမ္အထိျပဳလုပ္ထားပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လက္ရွိအခ်ိန္မွာ တစ္ပတ္ကို လစာအျဖစ္ ေပါင္(၁)သိန္းရရွိေနၿပီး သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၅ခုႏွစ္မွ ကုန္ဆုံးမွာျဖစ္သလို စာခ်ဳပ္သက္တမ္းျပည့္ရင္ ႏွစ္ဖက္သေဘာတူညီမႈနဲ႔ ေနာက္ထပ္(၁)ႏွစ္သက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့အခ်က္လည္း ပါဝင္ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပေနေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းရဲ႕လစာေငြအမ်ားဆုံး ကစားသမားစာရင္းထဲမွာ မပါဝင္ဘဲ ဒီဂီယာ(ေပါင္ ၃၇၅,၀၀၀)၊ ေပ့ါဘာ (၂၉၀,၀၀၀)တို႔နဲ႔ယွဥ္ရင္ အမ်ားႀကီးနည္းေနတာပါ။ ယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕အဓိက ကစားသမားျဖစ္လာတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို ဆက္ထိန္းထားႏိုင္ဖို႔အတြက္ ေနာက္ထပ္(၅)ႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနသလို တစ္ပတ္ကို ေပါင္(၂)သိန္းအထိတိုးျမႇင့္ေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးေနတယ္လို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ အသင္းနဲ႔ ေနာက္ထပ္စာခ်ဳပ္သက္တမ္းမတိုးခင္ အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဆုဖလားေအာင္ျမင္မႈရဖို႔ ဘယ္လိုကစားသမားသစ္ေတြေခၚမလဲဆိုတာကို ေစာင့္ၾကည့္ၿပီးမွ ဆုံးျဖတ္သြားဖို႔ရွိေနပါၿပီ။

အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေပၚတူဂီလက္ေ႐ြးစင္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီမွာလည္း သူ႔ရဲ႕ပုံစံေကာင္းေတြကို ဆက္ထိန္းထားႏိုင္ၿပီး ပရီးမီးယားလိဂ္(၂၈)ပြဲကစား၊ (၁၆)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၁၀)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္(၂)၊ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္၊ FA ဖလား ကြာတားဖိုင္နယ္အဆင့္ေတြကို တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းအတြက္ ခ်န္ပီယံဆုဖလားတစ္ခုခု ရရွိေအာင္ စြမ္းေဆာင္ျပႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .