
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်မန်နေဂျာ အာတီတာကတော့ အတိတ်က ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲတွေက ပိုပြင်းထန်ကြောင်း၊ ခုခေတ်မှာတော့ VAR ကြောင့် မပြင်းထန်တော့ကြောင်း ပြောလာပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲတွေဟာ ပွဲကြမ်းတွေ ဖြစ်လေ့ရှိတာကြောင့် ဘောလုံးပရိသတ်တွေက စောင့်ကြည့်လေ့ရှိပါတယ်။
ဒါပေမယ့် ဘောလုံးပွဲတွေက ဆင့်ကဲ ပြောင်းလဲလာခဲ့ပြီဖြစ်ကာ ဒီကနေ့ခေတ်မှာတော့ ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ ပွဲကစားနေရတာပါ။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ အဲဒီနှစ်သင်းရင်ဆိုင်တွေ့တိုင်း သာမန်ပွဲတစ်ပွဲအသွင်မှာသာရှိလာခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန် နဲ့ အာစင်ဝင်းဂါးတို့လက်ထက်ကလို နှစ်ဖက်ကစားသမားတွေကြား တင်းမာမှုတွေ၊ အနိုင်မခံအရှူံးမပေးကစားမှုမျိုးတွေ ပျောက်ကွယ်လာခဲ့ပြီလို့ ယူဆသူတွေလည်းရှိပါတယ်။
အာဆင်နယ်ကစားသမားဘဝမှာ ယူနိုက်တက်နဲ့ အကြိမ်ပေါင်းများစွာရင်ဆိုင်ခဲ့ဖူးတဲ့ အာတီတာက “စိတ်အေးလက်အေးနဲ့ ကစားကြဖို့လိုတာက ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့တဲ့ပွဲတစ်ပွဲပဲ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ဒါဘီဆိုရင် ဘယ်လို ကစားကြလဲဆိုတာကို အားလုံးလည်း သိကြပါလိမ့်မယ်။ အခုချိန်မှာတော့ အဲ့လို အခြေအနေတွေ မဟုတ်တော့ပါဘူး။”
“ကစားပွဲတွေက ပြောင်းလဲနေပါတယ်။ကျွန်တော်တို့က ကစားသမားတွေကို မတူညီတဲ့နည်းလမ်းနဲ့ သင်ကြားပေးနေပြီး သူတို့လုပ်ခဲ့ဖူးတဲ့အရာတချို့ကို ကျွန်တော်တို့က ခွင့်မပြုတော့ပါဘူး။ အခုဆို VAR ပါလာခဲ့ပြီဖြစ်လို့ အရင်လို ကစားပုံတွေထက်တော့ ကြမ်းတမ်းမှု ပိုနည်းလာပါတယ်။”
“အသင်းသားတွေအနေနဲ့ ပိုပြီး ထိန်းချုပ်ကစားရမှာဖြစ်ပြီး၊ သေချာတဲ့ ကိစ္စတွေမှာ ပိုလို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်လာရမယ်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ နေရာအတွက် ခုခံပေးဖို့ ပြင်းပြတဲ့ စိတ်ဓါတ်တွေတော့လိုပါတယ်။ ဘယ်လောက်အထိ အနိုင်ရလိုတယ်ဆိုတာကိုလည်း ပြသဖို့လိုပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ကတော့ နောက်ဆုံးလေးပွဲဆက်တိုက် ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရာမှာ ရှုံးနိမ့်ထားခြင်းမရှိခဲ့ပါဘူး။ တစ်ဖက်မှာလည်း ယူနိုက်တက်က အမှတ်ပေးဇယား ပထမနေရာပြန်ယူဖို့ အားခဲနေပါတယ်။ တကယ်ပဲ VAR က ကစားသမားတွေရဲ့ ခြေထောက်နဲ့ စိတ်ဓါတ်ကို ချုပ်ထိန်းနိုင်စွမ်းရှိပါသလား။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူႏိုက္တက္က ပြဲႀကီးေတြမွာ ျပင္းျပင္းထန္ထန္မကစားတာ VARေၾကာင့္လား
အာဆင္နယ္မန္ေနဂ်ာ အာတီတာကေတာ့ အတိတ္က ယူႏိုက္တက္နဲ႔ အာဆင္နယ္ပြဲေတြက ပိုျပင္းထန္ေၾကာင္း၊ ခုေခတ္မွာေတာ့ VAR ေၾကာင့္ မျပင္းထန္ေတာ့ေၾကာင္း ေျပာလာပါတယ္။ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံတဲ့ ပြဲေတြဟာ ပြဲၾကမ္းေတြ ျဖစ္ေလ့ရွိတာေၾကာင့္ ေဘာလုံးပရိသတ္ေတြက ေစာင့္ၾကည့္ေလ့ရွိပါတယ္။
ဒါေပမယ့္ ေဘာလုံးပြဲေတြက ဆင့္ကဲ ေျပာင္းလဲလာခဲ့ၿပီျဖစ္ကာ ဒီကေန႔ေခတ္မွာေတာ့ ပိုမိုတင္းၾကပ္တဲ့ စည္းမ်ဥ္းေတြနဲ႔ ပြဲကစားေနရတာပါ။ ဒီေနာက္ပိုင္းႏွစ္ေတြမွာေတာ့ အဲဒီႏွစ္သင္းရင္ဆိုင္ေတြ႕တိုင္း သာမန္ပြဲတစ္ပြဲအသြင္မွာသာရွိလာခဲ့ၿပီး ဆာအဲလက္စ္ဖာဂူဆန္ နဲ႔ အာစင္ဝင္းဂါးတို႔လက္ထက္ကလို ႏွစ္ဖက္ကစားသမားေတြၾကား တင္းမာမႈေတြ၊ အႏိုင္မခံအရႉံးမေပးကစားမႈမ်ိဳးေတြ ေပ်ာက္ကြယ္လာခဲ့ၿပီလို႔ ယူဆသူေတြလည္းရွိပါတယ္။
အာဆင္နယ္ကစားသမားဘဝမွာ ယူႏိုက္တက္နဲ႔ အႀကိမ္ေပါင္းမ်ားစြာရင္ဆိုင္ခဲ့ဖူးတဲ့ အာတီတာက “စိတ္ေအးလက္ေအးနဲ႔ ကစားၾကဖို႔လိုတာက ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ ထိပ္တိုက္ေတြ႕တဲ့ပြဲတစ္ပြဲပဲ မဟုတ္ပါဘူး။ ပုံမွန္အားျဖင့္ ဒါဘီဆိုရင္ ဘယ္လို ကစားၾကလဲဆိုတာကို အားလုံးလည္း သိၾကပါလိမ့္မယ္။ အခုခ်ိန္မွာေတာ့ အဲ့လို အေျခအေနေတြ မဟုတ္ေတာ့ပါဘူး။”
“ကစားပြဲေတြက ေျပာင္းလဲေနပါတယ္။ကြၽန္ေတာ္တို႔က ကစားသမားေတြကို မတူညီတဲ့နည္းလမ္းနဲ႔ သင္ၾကားေပးေနၿပီး သူတို႔လုပ္ခဲ့ဖူးတဲ့အရာတခ်ိဳ႕ကို ကြၽန္ေတာ္တို႔က ခြင့္မျပဳေတာ့ပါဘူး။ အခုဆို VAR ပါလာခဲ့ၿပီျဖစ္လို႔ အရင္လို ကစားပုံေတြထက္ေတာ့ ၾကမ္းတမ္းမႈ ပိုနည္းလာပါတယ္။”
“အသင္းသားေတြအေနနဲ႔ ပိုၿပီး ထိန္းခ်ဳပ္ကစားရမွာျဖစ္ၿပီး၊ ေသခ်ာတဲ့ ကိစၥေတြမွာ ပိုလို႔ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္လာရမယ္ဆိုတာ နားလည္ထားဖို႔ လိုပါတယ္။ ဒါေပမယ့္ ကိုယ္ရဲ႕ ေနရာအတြက္ ခုခံေပးဖို႔ ျပင္းျပတဲ့ စိတ္ဓါတ္ေတြေတာ့လိုပါတယ္။ ဘယ္ေလာက္အထိ အႏိုင္ရလိုတယ္ဆိုတာကိုလည္း ျပသဖို႔လိုပါတယ္ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ကေတာ့ ေနာက္ဆုံးေလးပြဲဆက္တိုက္ ယူႏိုက္တက္နဲ႔ ရင္ဆိုင္ခဲ့ရာမွာ ရႈံးနိမ့္ထားျခင္းမရွိခဲ့ပါဘူး။ တစ္ဖက္မွာလည္း ယူႏိုက္တက္က အမွတ္ေပးဇယား ပထမေနရာျပန္ယူဖို႔ အားခဲေနပါတယ္။ တကယ္ပဲ VAR က ကစားသမားေတြရဲ႕ ေျခေထာက္နဲ႔ စိတ္ဓါတ္ကို ခ်ဳပ္ထိန္းႏိုင္စြမ္းရွိပါသလား။