
Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကာဗာနီဟာ ရိုးမားအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းမုဆိုးအဖြစ်သာမက လိုအပ်ရင် ကိုယ်ရံတော်အဖြစ်ပါ စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြသွားခဲ့ပါတယ်။
ပွဲချိန် (၇၁)မိနစ်မှာ ရိုးမားနောက်ခံလူတွေနဲ့ အချင်းများနေတဲ့ အသင်းဖော်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ရန်ပွဲတွေထဲကနေ ကာကွယ်ပေးခဲ့ပါတယ်။
ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့သူ့ရဲ့ အနာဂတ်မသေမချာဖြစ်နေပေမယ့် ဒီရာသီမှာ သူ့ရဲ့သွင်းဂိုးဟာ ပြိုင်ပွဲစုံ စုစုပေါင်း ၁၄ဂိုးသွင်းယူထားပြီးဖြစ်သလို ဆီမီးအဆင့်မှာ ရိုးမားအသင်းကို (၂)ကျော့စလုံး (၂)ဂိုးစီသွင်းယူပေးခဲ့ပါတယ်။
အခုလည်း အသင်းဖော်လူငယ်ကစားသမားဘက်ကနေ အပြည့်အဝကာကွယ်ရင်း သူ့ရဲ့အသင်းအပေါ် ပေးဆပ်လိုစိတ်ကို ပြသသွားခဲ့ပါတယ်။
ပွဲချိန် ၇၁ မိနစ်ခန့်မှာ ဘယ်တောင်ပံကနေ ရိုးမားဂိုးဧရိယာထဲကို ဝင်ရောက်လာတဲ့ ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်ကို ရိုးမားကွင်းလယ်ကစားသမား မန်ချီနီက ဖျက်ထုတ်ခဲ့ရာကနေ ဂရင်းဝုဒ်နဲ့စတင်ငြိလာခဲ့ပါတယ်။
သူတို့နှစ်ဦးအချင်းများနေချိန်မှာ နောက်ထပ် ရိုးမားကစားသမားတစ်ဦးဖြစ်တဲ့ ကားစ်ဒရော့က ဂရင်းဝုဒ်ကို ရန်ပြုဖို့ကျိုးစားလာခဲ့ပါတယ်။
ဒီအချိန်မှာ အခြေနေကို ကာဗာနီက ချက်ခြင်းဘဲ အပြေးဝင်လာပြီး ဂရင်းဝုဒ်ဘက်ကနေ ဝင်ရောက်ကာကွယ်မှုပေးခဲ့ကာ ကားစ်ဒရော့ကိုရဲ့ ရင်ဘတ်ကိုတွန်းပြီး ခေါင်းချင်းဆိုင်လို့ မင်းဘာလဲ ငါဘာလဲဆိုပြီး ရင်ဆိုင်ခဲ့ပြီးနောက် မန်ချီနီနဲ့ပါ ဆက်အချင်းများခဲ့ပါတယ်။
ရိုးမားကစားသမားတွေနဲ့ ထိပ်တိုက် အခြေတင်ဖြစ်ပွားခဲ့ကာ ကာဗာနီကို အသင်းဖေါ် အဲလက်တဲလ် ထိမ်းသိမ်းခဲ့ရသလို ပြင်းထန်တဲ့အခြေအနေတစ်ခုမပေါ်ပေါက်လာခင်မှာ ကာဗာနီ နဲ့ ရိုးမားအသင်းသားတွေကို ဖာနန်ဒက်ကပါကြားဝင် ဖြန်ဖြေပေးခဲ့ပါတယ်။
သည့်နောက်မှာတော့ ကွင်းလယ်ဒိုင်လူကြီးက ကားစ်ဒရော့ နဲ့ ကာဗာနီတို့ နှစ်ဦးကို အဝါကဒ်ပြားပြသပြီး သတိပေးခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ အရင်ကတည်းက ထရိန်နင်ကွင်းမှာ ကာဗာနီရဲ့အရေးပါမှုကို ဖွင့်ဟထားပြီးဖြစ်သလို ယခုလည်း နည်းပြဆိုးလ်ရှားက အသင်းမှာ ကာဗာနီ ရှိနေလို့ ပျော်ရွှင်မိကြောင်း ပြောပါတယ်။
ပရိသတ်တွေကလည်း ကာဗာနီရဲ့အသင်းဖော်တွေအပေါ် ကာကွယ်ပေးလိုစိတ်ကို အပြည့်အဝချီးကျူးခဲ့ကြပါတယ်။
”ကာဗာနီရဲ့အံ့ဖွယ်အပြုအမူပါပဲ။ ဘယ်သူက ဘော့စ်လဲဆိုတာ အတွေ့အကြုံက ပြသသွားတာပါ။
ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့လို လူငယ်အတွက် တကယ့်ကို ကြီးကျယ်တဲ့ Role Model ပါပဲ”။
”ဒီလိုဦးဆောင်နိုင်စွမ်းရည်တွေကြောင့် ရာသီသစ်မှာ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်သင့်ပါတယ်”လို့ ပရိသတ်တွေက တွစ်တာမှာ အသီးသီးချီးကျူးခဲ့ပါတယ်။
Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူႏိုက္တက္က ညီေတြနဲ႔ၿငိရင္ သည္းမခံတဲ့ ကာဗာနီရဲ႕ စိတ္ဓါတ္
ကာဗာနီဟာ ႐ိုးမားအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးသြင္းမုဆိုးအျဖစ္သာမက လိုအပ္ရင္ ကိုယ္ရံေတာ္အျဖစ္ပါ စြမ္းေဆာင္ႏိုင္စြမ္းရွိတယ္ဆိုတာ သက္ေသျပသြားခဲ့ပါတယ္။ ပြဲခ်ိန္ (၇၁)မိနစ္မွာ ႐ိုးမားေနာက္ခံလူေတြနဲ႔ အခ်င္းမ်ားေနတဲ့ အသင္းေဖာ္တိုက္စစ္မႉး ဂရင္းဝုဒ္ကို ရန္ပြဲေတြထဲကေန ကာကြယ္ေပးခဲ့ပါတယ္။
ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းနဲ႔သူ႔ရဲ႕ အနာဂတ္မေသမခ်ာျဖစ္ေနေပမယ့္ ဒီရာသီမွာ သူ႔ရဲ႕သြင္းဂိုးဟာ ၿပိဳင္ပြဲစုံ စုစုေပါင္း ၁၄ဂိုးသြင္းယူထားၿပီးျဖစ္သလို ဆီမီးအဆင့္မွာ ႐ိုးမားအသင္းကို (၂)ေက်ာ့စလုံး (၂)ဂိုးစီသြင္းယူေပးခဲ့ပါတယ္။ အခုလည္း အသင္းေဖာ္လူငယ္ကစားသမားဘက္ကေန အျပည့္အဝကာကြယ္ရင္း သူ႔ရဲ႕အသင္းအေပၚ ေပးဆပ္လိုစိတ္ကို ျပသသြားခဲ့ပါတယ္။
ပြဲခ်ိန္၇၁မိနစ္ခန႔္မွာ ဘယ္ေတာင္ပံကေန ႐ိုးမားဂိုးဧရိယာထဲကို ဝင္ေရာက္လာတဲ့ ယူႏိုက္တက္ တိုက္စစ္မႉး ဂရင္းဝုဒ္ကို ႐ိုးမားကြင္းလယ္ကစားသမား မန္ခ်ီနီကဖ်က္ထုတ္ခဲ့ရာကေန ဂရင္းဝုဒ္နဲ႔စတင္ၿငိလာခဲ့ပါတယ္။
သူတို႔ႏွစ္ဦးအခ်င္းမ်ားေနခ်ိန္မွာ ေနာက္ထပ္ ႐ိုးမားကစားသမားတစ္ဦးျဖစ္တဲ့ ကားစ္ဒေရာ့က ဂရင္းဝုဒ္ကို ရန္ျပဳဖို႔က်ိဳးစားလာခဲ့ပါတယ္။ ဒီအခ်ိန္မွာ အေျခေနကို ကာဗာနီက ခ်က္ျခင္းဘဲ အေျပးဝင္လာၿပီး ဂရင္းဝုဒ္ဘက္ကေန ဝင္ေရာက္ကာကြယ္မႈေပးခဲ့ကာ ကားစ္ဒေရာ့ကိုရဲ႕ ရင္ဘတ္ကိုတြန္းၿပီး ေခါင္းခ်င္းဆိုင္လို႔ မင္းဘာလဲ ငါဘာလဲဆိုၿပီး ရင္ဆိုင္ခဲ့ၿပီးေနာက္ မန္ခ်ီနီနဲ႔ပါ ဆက္အခ်င္းမ်ားခဲ့ပါတယ္။
႐ိုးမားကစားသမားေတြနဲ႔ ထိပ္တိုက္ အေျခတင္ျဖစ္ပြားခဲ့ကာ ကာဗာနီကို အသင္းေဖၚ အဲလက္တဲလ္ ထိမ္းသိမ္းခဲ့ရသလို ျပင္းထန္တဲ့အေျခအေနတစ္ခုမေပၚေပါက္လာခင္မွာ ကာဗာနီ နဲ႔ ႐ိုးမားအသင္းသားေတြကို ဖာနန္ဒက္ကပါၾကားဝင္ ျဖန္ေျဖေပးခဲ့ပါတယ္။ သည့္ေနာက္မွာေတာ့ ကြင္းလယ္ဒိုင္လူႀကီးက ကားစ္ဒေရာ့ နဲ႔ ကာဗာနီတို႔ ႏွစ္ဦးကို အဝါကဒ္ျပားျပသၿပီး သတိေပးခဲ့ပါတယ္။
ဂရင္းဝုဒ္ဟာ အရင္ကတည္းက ထရိန္နင္ကြင္းမွာ ကာဗာနီရဲ႕အေရးပါမႈကို ဖြင့္ဟထားၿပီးျဖစ္သလို ယခုလည္း နည္းျပဆိုးလ္ရွားက အသင္းမွာ ကာဗာနီ ရွိေနလို႔ ေပ်ာ္႐ႊင္မိေၾကာင္း ေျပာပါတယ္။
ပရိသတ္ေတြကလည္း ကာဗာနီရဲ႕အသင္းေဖာ္ေတြအေပၚ ကာကြယ္ေပးလိုစိတ္ကို အျပည့္အဝခ်ီးက်ဴးခဲ့ၾကပါတယ္။
”ကာဗာနီရဲ႕အံ့ဖြယ္အျပဳအမူပါပဲ။ ဘယ္သူက ေဘာ့စ္လဲဆိုတာ အေတြ႕အႀကဳံက ျပသသြားတာပါ။ ဂရင္းဝုဒ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔လို လူငယ္အတြက္ တကယ့္ကို ႀကီးက်ယ္တဲ့ Role Model ပါပဲ”။
”ဒီလိုဦးေဆာင္ႏိုင္စြမ္းရည္ေတြေၾကာင့္ ရာသီသစ္မွာ အသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္သင့္ပါတယ္”လို႔ ပရိသတ္ေတြက တြစ္တာမွာ အသီးသီးခ်ီးက်ဴးခဲ့ပါတယ္။