ယူနိုက်တက်က ငကြောက်တွေပဲရှိတဲ့ အသင်းဆိုတဲ့ ရွိုင်းကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာမနေ့ညက အမ်းမရိတ် ကွင်းထဲမှာ အာဆင်နယ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကိုရင်ဆိုင် ကစားခဲ့ပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်သာ ရယူသွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းဟာ အမှတ်ပေး ဇယားကို ဦးဆောင် နေတဲ့ မန်စီးတီး အသင်း နဲ့ 3 မှတ်အကွာကိုရောက်ရှိသွားပါပြီ။

ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားအချို့ မပါနိုင်တဲ့ အာဆင်နယ်အသင်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ကာ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ယူနိုက်တက်ဟာ ယခုနှစ်ရာသီ အသင်းကြီး ၆သင်းနဲ့ ၆ပွဲ ကစားရာမှာ ၁ဂိုးသာ သွင်းထားနိုင်ခဲ့ပါတယ်။ မနေ့က ပွဲစဉ်အတွင်း တိုက်စစ်မှူး ကာဗာနီတစ်ယောက် နိုင်ပွဲရဖို့အတွက် အခွင့်အရေးရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။

ရွိုင်ကိန်းကတော့ ကစားသမားတွေရဲ့ အားထုတ်မှုအပေါ် မကျေမနပ် ဖြစ်နေပါတယ်။“ယူနိုက်တက်ကစားတာကြည့်ရတာ ကျွန်တော်စိတ်ညစ်လို့ ခေါင်းကုပ်နေမိပါတယ်။ အဲဒီပွဲ မှာ သူတို့ကိုကြည့်ရတာ စိုးရိမ်စရာကောင်းပြီး ပွဲကို အနိုင်ယူမယ်ဆိုတဲ့ ယုံကြည်မှုရှိမနေတာတွေ့ရပါတယ်။”

“ကိုယ့်အသင်းက ဘာလဲ ယူနိုက်တက်အသင်းပါ။ အဲဒါကို သိဖို့လိုပါတယ်။ ပွဲကအနိုင်သုံးမှတ်ရယူဖို့ သွားကန်တဲ့ပွဲစဉ် ဖြစ်ရမှာပါ။ဒါပေမယ့် ကစားသမား တွေက စိန်ခေါ်မှု တွေကို ကြောက်ရွံ့ နေတဲ့ ပုံစံ တွေဖြစ်နေပါတယ်။ သူတို့တွေက အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်ဖို့ အတွက် အဆင်သင့် မဖြစ်ကြသေးပုံပါပဲ။ သူတို့ကို ကြည့်ရတာ ဒုတိယလောက်နဲ့ ကျေနပ်မယ့် ပုံစံဖြစ်နေပါတယ်”

“ကာဗာနီ ဆိုရင် ဂိုးရဖို့ အတွက်တောင် နီးစပ်ခဲ့ပါ သေးတယ် ။ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်က ပြင်းပြမှုနည်းပါးပြီး အနိုင်ယူမယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ အရည်အသွေးကောင်းတွေ ပျောက် ဆုံးနေပါတယ်။အာဆင်နယ် အသင်းကတော့ အနည်းဆုံး သရေ ရဖို့ ထိုက်တန်ခဲ့ ပါတယ် ” လို့ ရွိုင်ကိန်း က ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ဂိုးမရှိသရေကျခဲ့ပေမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ၁၈ ပွဲဆက် ရှုံးနိမ့်ထားခြင်းမရှိတဲ့ အသင်းဖြစ်ပါတယ်။ယူနိုက်တက်ဟာ အဝေးကွင်း ၁၈ ပွဲမှာ ၁၃ ပွဲနိုင် ၅ ပွဲသရေကျခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံသွားရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္က ငေၾကာက္ေတြပဲရွိတဲ့ အသင္းဆိုတဲ့ ႐ြိဳင္းကိန္း

ယူႏိုက္တက္အသင္းဟာမေန႔ညက အမ္းမရိတ္ ကြင္းထဲမွာ အာဆင္နယ္ အသင္း နဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ကိုရင္ဆိုင္ ကစားခဲ့ၿပီး 0 – 0 ဆိုတဲ့ ဂိုးမရွိ သေရ ရလဒ္သာ ရယူသြားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္အသင္းဟာ အမွတ္ေပး ဇယားကို ဦးေဆာင္ ေနတဲ့ မန္စီးတီး အသင္း နဲ႔ 3 မွတ္အကြာကိုေရာက္ရွိသြားပါၿပီ။

ယူႏိုက္တက္အသင္းဟာ အဓိက ကစားသမားအခ်ိဳ႕ မပါႏိုင္တဲ့ အာဆင္နယ္အသင္းကို ဂိုးမရွိ သေရသာ ကစားႏိုင္ခဲ့ကာ စိတ္ပ်က္စရာ ျဖစ္ခဲ့ရပါတယ္။ယူႏိုက္တက္ဟာ ယခုႏွစ္ရာသီ အသင္းႀကီး ၆သင္းနဲ႔ ၆ပြဲ ကစားရာမွာ ၁ဂိုးသာ သြင္းထားႏိုင္ခဲ့ပါတယ္။ မေန႔က ပြဲစဥ္အတြင္း တိုက္စစ္မႉး ကာဗာနီတစ္ေယာက္ ႏိုင္ပြဲရဖို႔အတြက္ အခြင့္အေရးရရွိခဲ့ေပမဲ့ အသုံးမခ်ႏိုင္ခဲ့ပါဘူး။

႐ြိဳင္ကိန္းကေတာ့ ကစားသမားေတြရဲ႕ အားထုတ္မႈအေပၚ မေက်မနပ္ ျဖစ္ေနပါတယ္။“ယူႏိုက္တက္ကစားတာၾကည့္ရတာ ကြၽန္ေတာ္စိတ္ညစ္လို႔ ေခါင္းကုပ္ေနမိပါတယ္။ အဲဒီပြဲ မွာ သူတို႔ကိုၾကည့္ရတာ စိုးရိမ္စရာေကာင္းၿပီး ပြဲကို အႏိုင္ယူမယ္ဆိုတဲ့ ယုံၾကည္မႈရွိမေနတာေတြ႕ရပါတယ္။”

“ကိုယ့္အသင္းက ဘာလဲ ယူႏိုက္တက္အသင္းပါ။ အဲဒါကို သိဖို႔လိုပါတယ္။ ပြဲကအႏိုင္သုံးမွတ္ရယူဖို႔ သြားကန္တဲ့ပြဲစဥ္ ျဖစ္ရမွာပါ။ဒါေပမယ့္ ကစားသမား ေတြက စိန္ေခၚမႈ ေတြကို ေၾကာက္႐ြံ႕ ေနတဲ့ ပုံစံ ေတြျဖစ္ေနပါတယ္။ သူတို႔ေတြက အမွတ္ေပး ဖလားကို စိန္ေခၚ ႏိုင္ဖို႔ အတြက္ အဆင္သင့္ မျဖစ္ၾကေသးပုံပါပဲ။ သူတို႔ကို ၾကည့္ရတာ ဒုတိယေလာက္နဲ႔ ေက်နပ္မယ့္ ပုံစံျဖစ္ေနပါတယ္” “ကာဗာနီ ဆိုရင္ ဂိုးရဖို႔ အတြက္ေတာင္ နီးစပ္ခဲ့ပါ ေသးတယ္ ။ ဒါေပမယ့္ အသင္းရဲ႕ စြမ္းေဆာင္ရည္က ျပင္းျပမႈနည္းပါးၿပီး အႏိုင္ယူမယ္ဆိုတဲ့ စိတ္ဆႏၵနဲ႔ အရည္အေသြးေကာင္းေတြ ေပ်ာက္ ဆုံးေနပါတယ္။အာဆင္နယ္ အသင္းကေတာ့ အနည္းဆုံး သေရ ရဖို႔ ထိုက္တန္ခဲ့ ပါတယ္ ” လို႔ ႐ြိဳင္ကိန္း က ေျပာဆိုသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အာဆင္နယ္နဲ႔ ဂိုးမရွိသေရက်ခဲ့ေပမယ့္ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ ၁၈ ပြဲဆက္ ရႈံးနိမ့္ထားျခင္းမရွိတဲ့ အသင္းျဖစ္ပါတယ္။ယူႏိုက္တက္ဟာ အေဝးကြင္း ၁၈ ပြဲမွာ ၁၃ ပြဲႏိုင္ ၅ ပြဲသေရက်ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္ပြဲစဥ္အျဖစ္ အဂၤါေန႔မွာ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ဧည့္ခံသြားရမွာပါ။