ယူနိုက်တက်ကို အနိုင်ယူမယ်ဆိုပြီး လေပစ်ကြုံးဝါးထားတဲ့ အာနိုးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နဲ့လီဗာပူးပွဲကို ဒီည (၁၀) နာရီမှာ ကစားမှာဖြစ်ပြီး ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

လီဗာပူးက ယူနိုက်တက်ကို (၄) မှတ်ဖြတ်ထားပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့လည်း ဒီပွဲမှာ မဖြစ်မနေနိုင်ပွဲပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်နေတာပါ။

အာနိုးလ်က “ ကျွန်တော့်အထင် ဒီပွဲကို နိုင်ဖို့ အရေးအကြီးဆုံး အချက်က ခံစစ်ပိုင်း ကောင်းမွန်ဖို့ပါပဲ။

သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းက အတော်လေး ထက်မြက်ပြီး ကျွန်တော်တို့ သူတို့ရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ဖို့ လိုအပ်ပါမယ်။

သူတို့မှာ ထိပ်တန်း ကစားသမားတွေ ရှိတယ်။

ပြီးတော့ သူတို့က ရှုံးနိမ့်နေရာ ကနေ အနိုင်ရလဒ် ပြန်ရအောင် တိုက်စစ်အစွမ်း ပြထားပါတယ်။

ဒါကြောင့် သူတို့တွေမှာ ယုံကြည်မှု ရှိနေမှာ သေချာပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲမှာ ရလဒ်ကောင်း ရချင်ရင် ခံစစ်ပိုင်း တည်ငြိမ်မှု ရရှိအောင် အရင်ဆုံး လုပ်ဖို့ လိုအပ်ပါတယ်။

ပြီးတော့ သူတို့အသင်းရဲ့ အားနည်းချက်တွေကို ထိုးနှက်ဖို့ လုပ်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

ယခုနှစ်မှာတော့ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတာကြောင့်

သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းဟာ ချန်ပီယံဆုကို ပိုမို စိန်ခေါ်နိုင်စွမ်း ရှိမှာ ဖြစ်ပြီး ဒီပွဲစဉ်ရဲ့ ရလဒ်ဟာ နှစ်သင်းစလုံး အတွက် အတော်လေးကို အရေးပါနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ကို အႏိုင္ယူမယ္ဆိုၿပီး ​ေလပစ္ႀကဳံး၀ါးထားတဲ့ အာႏိုးလ္

ယူႏိုက္တက္နဲ႔လီဗာပူးပြဲကို ဒီည (၁၀) နာရီမွာ ကစားမွာျဖစ္ၿပီး ဒီတစ္ပတ္ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးပြဲစဥ္တစ္ပြဲအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။လီဗာပူးက ယူႏိုက္တက္ကို (၄) မွတ္ျဖတ္ထားၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး (၃) ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ ယူႏိုက္တက္အေနနဲ႔လည္း ဒီပြဲမွာ မျဖစ္မေနႏိုင္ပြဲျပန္လည္ရွာေဖြႏိုင္ဖို႔ လိုအပ္ေနတာပါ။

အာႏိုးလ္က “ ကြၽန္ေတာ့္အထင္ ဒီပြဲကို ႏိုင္ဖို႔ အေရးအႀကီးဆုံး အခ်က္က ခံစစ္ပိုင္း ေကာင္းမြန္ဖို႔ပါပဲ။ သူတို႔အသင္းရဲ႕ တိုက္စစ္ပိုင္းက အေတာ္ေလး ထက္ျမက္ၿပီး ကြၽန္ေတာ္တို႔ သူတို႔ရဲ႕ တိုက္စစ္ကို ဟန႔္တားႏိုင္ဖို႔ လိုအပ္ပါမယ္။

သူတို႔မွာ ထိပ္တန္း ကစားသမားေတြ ရွိတယ္။ ၿပီးေတာ့ သူတို႔က ရႈံးနိမ့္ေနရာ ကေန အႏိုင္ရလဒ္ ျပန္ရေအာင္ တိုက္စစ္အစြမ္း ျပထားပါတယ္။ ဒါေၾကာင့္ သူတို႔ေတြမွာ ယုံၾကည္မႈ ရွိေနမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီပြဲမွာ ရလဒ္ေကာင္း ရခ်င္ရင္ ခံစစ္ပိုင္း တည္ၿငိမ္မႈ ရရွိေအာင္ အရင္ဆုံး လုပ္ဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ သူတို႔အသင္းရဲ႕ အားနည္းခ်က္ေတြကို ထိုးႏွက္ဖို႔ လုပ္ရပါမယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။

ယခုႏွစ္မွာေတာ့ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု အတြက္ အၿပိဳင္အဆိုင္ ျဖစ္ေနတာေၾကာင့္ သူတို႔ႏွစ္သင္း ထိပ္တိုက္ ေတြ႕ဆုံတဲ့ ပြဲစဥ္မွာ အႏိုင္ရတဲ့ အသင္းဟာ ခ်န္ပီယံဆုကို ပိုမို စိန္ေခၚႏိုင္စြမ္း ရွိမွာ ျဖစ္ၿပီး ဒီပြဲစဥ္ရဲ႕ ရလဒ္ဟာ ႏွစ္သင္းစလုံး အတြက္ အေတာ္ေလးကို အေရးပါေနပါတယ္။