
Photo Credit
Photo Credit
လက်ရှိမှာ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းကနေမန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့လိမ့်မယ်လို့ အချေအတင် ပြောဆိုမှုတွေရှိနေပြီး စပါးအသင်းဂိုးသမားဟောင်းပေါလ်ရော်ဘင်ဆင်ကတော့ ဒီလိုအသင်းပြောင်းရွှေ့ရခြင်းရဲ့အကြောင်းပြချက်ကို ရှာမတွေ့ကြောင်း ဆိုပါတယ်။
Photo Credit
အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းဟာ စပါးကနေ ထွက်ခွာလိုတဲ့အရိပ်အယောင်တွေမပြသပေမယ့် ဟယ်ရီကိန်းနဲ့ပတ်သက်လို့ အပြောင်းအရွှေ့သတင်းတွေကတော့ ပုံမှန်ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဂန္ထဝင် ရွိုင်ကိန်းကတော့ အသက် ၂၆ နှစ်သားကိန်းဟာ လက်ရှိရာသီရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်အသင်းက လိုအပ်နေတဲ့ ကစားသမားမျိုးလို့ ယုံကြည်နေပါတယ်။
Photo Credit
တကယ်လို့ စပါးအသင်းက ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခြင်းမရှိဘူးဆိုရင်တော့ နောက်ဆုံးမှာကိန်းကအသင်းကထွက်ခွာသွားဖွယ်ရှိနိုင်တယ်လို့ ယူဆရပါတယ်။ ရော်ဘင်ဆင်ကတော့ အဆိုပါ ငြင်းခုံမှုတွေကိုသဘောကျနှစ်ခြိုက်နေပြီး ကိန်းကဘာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ရမှာလဲဆိုတဲ့အချက်ကိုတော့ နားမလည်နိုင်ဖြစ်မိကြောင်း ဆိုပါတယ်။
Photo Credit
ရော်ဘင်ဆင်က ”ဒါကခင်ဗျားဘယ်လိုအဆင့်ရှိတဲ့ ကစားသမားဆိုတဲ့အပေါ် မူတည်ပါတယ်။ ယူနိုက်တက်အသင်းက ကိန်းကိုအမြဲတမ်းချိတ်ဆက်နေမှာပါပဲ ။ ကျွန်တော်ကတော့ စပါးကနေ ယူနိုက်တက်ကို ဟယ်ရီကိန်း ဘာကြောင့်အသင်းပြောင်းရမှာလဲဆိုတဲ့အကြောင်းရင်းကို ရှာမတွေ့ပါဘူး။ သူက လက်ရှိယူနိုက်တက်မှာထက် စပါးမှာကအောင်မြင်မှုတွေပိုမိုရရှိနိုင်တယ်လို့ ထင်တာကြောင့် အသင်းမှာဆက်ရှိနေတာလို့ ကျွန်တော်ထင်ပါတယ်”
Photo Credit ; Getty Images
”ယူနိုက်တက်ဟာကမ္ဘာပေါ်မှာရှိတဲ့ အသင်းကြီးတွေထဲကတစ်သင်းပါ။ သမိုင်းအရရောအစဉ်အလာကောင်းတဲ့ အသင်းမျိုးပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ယူနိုက်တက်အသင်းက အကူးအပြောင်းကာလကိုရောက်ရှိနေပြီးရလဒ်တွေ မတည်မငြိမ်ဖြစ်နေတာပါ။ ဒါတွေကိုပြောင်းလဲနိုင်ဖို့ လိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
Photo Credit
Zawgyi
ယူႏိုက္တက္ကို ဟယ္ရီကိန္းေျပာင္းေ႐ႊ႕ရတဲ့အေၾကာင္းရင္းကို စပါးဂိုးသမားေဟာင္း ေရာ္ဘင္ဆင္ ေမးခြန္းထုတ္
လက္ရွိမွာ စပါးအသင္းတိုက္စစ္မႉး ဟယ္ရီကိန္းဟာ စပါးအသင္းကေနမန္ခ်က္စတာယူႏိုက္တက္အသင္းကိုေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ အေခ်အတင္ ေျပာဆိုမႈေတြရွိေနၿပီး စပါးအသင္းဂိုးသမားေဟာင္းေပါလ္ေရာ္ဘင္ဆင္ကေတာ့ ဒီလိုအသင္းေျပာင္းေ႐ႊ႕ရျခင္းရဲ႕အေၾကာင္းျပခ်က္ကို ရွာမေတြ႕ေၾကာင္း ဆိုပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ ကိန္းဟာ စပါးကေန ထြက္ခြာလိုတဲ့အရိပ္အေယာင္ေတြမျပသေပမယ့္ ဟယ္ရီကိန္းနဲ႔ပတ္သက္လို႔ အေျပာင္းအေ႐ႊ႕သတင္းေတြကေတာ့ ပုံမွန္ထြက္ေပၚေနပါတယ္။ ယူႏိုက္တက္ဂႏၳဝင္ ႐ြိဳင္ကိန္းကေတာ့ အသက္ ၂၆ ႏွစ္သားကိန္းဟာ လက္ရွိရာသီရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္အသင္းက လိုအပ္ေနတဲ့ ကစားသမားမ်ိဳးလို႔ ယုံၾကည္ေနပါတယ္။
တကယ္လို႔ စပါးအသင္းက ဆုဖလားေအာင္ျမင္မႈေတြ ရယူႏိုင္ျခင္းမရွိဘူးဆိုရင္ေတာ့ ေနာက္ဆုံးမွာကိန္းကအသင္းကထြက္ခြာသြားဖြယ္ရွိႏိုင္တယ္လို႔ ယူဆရပါတယ္။ ေရာ္ဘင္ဆင္ကေတာ့ အဆိုပါ ျငင္းခုံမႈေတြကိုသေဘာက်ႏွစ္ၿခိဳက္ေနၿပီး ကိန္းကဘာေၾကာင့္ အသင္းေျပာင္းဖို႔ ဆုံးျဖတ္ရမွာလဲဆိုတဲ့အခ်က္ကိုေတာ့ နားမလည္ႏိုင္ျဖစ္မိေၾကာင္း ဆိုပါတယ္။
ေရာ္ဘင္ဆင္က ”ဒါကခင္ဗ်ားဘယ္လိုအဆင့္ရွိတဲ့ ကစားသမားဆိုတဲ့အေပၚ မူတည္ပါတယ္။ ယူႏိုက္တက္အသင္းက ကိန္းကိုအၿမဲတမ္းခ်ိတ္ဆက္ေနမွာပါပဲ ။ ကြၽန္ေတာ္ကေတာ့ စပါးကေန ယူႏိုက္တက္ကို ဟယ္ရီကိန္း ဘာေၾကာင့္အသင္းေျပာင္းရမွာလဲဆိုတဲ့အေၾကာင္းရင္းကို ရွာမေတြ႕ပါဘူး။ သူက လက္ရွိယူႏိုက္တက္မွာထက္ စပါးမွာကေအာင္ျမင္မႈေတြပိုမိုရရွိႏိုင္တယ္လို႔ ထင္တာေၾကာင့္ အသင္းမွာဆက္ရွိေနတာလို႔ ကြၽန္ေတာ္ထင္ပါတယ္”
”ယူႏိုက္တက္ဟာကမာၻေပၚမွာရွိတဲ့ အသင္းႀကီးေတြထဲကတစ္သင္းပါ။ သမိုင္းအရေရာအစဥ္အလာေကာင္းတဲ့ အသင္းမ်ိဳးပါ။ ဒါေပမဲ့ လက္ရွိမွာေတာ့ ယူႏိုက္တက္အသင္းက အကူးအေျပာင္းကာလကိုေရာက္ရွိေနၿပီးရလဒ္ေတြ မတည္မၿငိမ္ျဖစ္ေနတာပါ။ ဒါေတြကိုေျပာင္းလဲႏိုင္ဖို႔ လိုပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။