ယူနိုက်တက်ကို ရှုံးစေချင်တဲ့ ဝိန်းရွန်းနီရဲ့ပြောစကားနဲ့ နည်းပြဆိုးလ်ရှားရဲ့ ရွန်းနီအပေါ်ပြောဆိုချက်များ….
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
FA ဖလားပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ ဒါဘီကောင်တီအသင်းတို့ယှဉ်ပြိုင်ကစားကြမယ့်ပွဲမှာ ပရိသတ် အာရုံစိုက်မယ့် သူကတော့ သရဲနီအသင်းသားဟောင်းဝိန်းရွန်းနီဖြစ်ပါတယ်။ ရွန်းနီ ဟာ အရင်တုန်းက အဲဗာတန်အသင်းအတွက် ကိုယ်စားပြုပြီး ယူနိုက်တက်နဲ့ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။ အခုတော့ ဒါဘီ ကောင်တီ အသင်း အတွက်ကိုယ်စားပြုပြီးယူနိုက်တက်ကို ဂိုးသွင်းနိုင်ဖို့ကြိုးစားတော့မှာဖြစ်ပါတယ်။
photo internet
“ယူနိုက်တက် အသင်း မှာရှိခဲ့တဲ့အချိန်တိုင်းကို ကျွန်တော်နှစ်သက်ပါတယ်။ အဲ့ဒီ တုန်းက မိနစ်တိုင်း ကို ကျွန်တော် ချစ် မြတ်နိုး ပါတယ် ။ ဒါပေမယ့်အခုတော့ ကျွန်တော် ဟာ ဒါဘီ ကောင်တီ အသင်း ရဲ့ ကစားသမား တစ်ယောက်ပါ ။ အခုလက်ရှိကျွန်တော့်အသင်း ဒါဘီနဲ့ အတူ အနိုင် ရချင် ပါတယ် အခုကစားရမယ့်ပွဲချိန် မိနစ် 90 ဒါမှမဟုတ် မိနစ် 120 မှာ ကျွန်တော်ကတော့ ယူနိုက်တက်အသင်းကို သေချာပေါက် ရှုံးနိမ့် စေချင် ပါတယ် ။ ကျွန်တော် ကတော့ ဒီပွဲ မှာ ဒါဘီ အသင်း ကို နိုင်စေ ချင်တာနဲ့ပတ်သက်ပြီး အားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ် ။အခုကစားရမယ့်ပွဲပြီးသွားရင်တော့ ကျွန်တော် ဟာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တစ်ဦး ပြန်ဖြစ် သွားမှာ ပါ ။ ယူနိုက်တက်အသင်းရဲ့ပရိသတ်နေရာကိုပြန်ရောက်သွားရင်တော့ ယူနိုက်တက် ကို ပွဲစဉ် တိုင်း အနိုင်ရစေချင်ပါတယ်။ ကျွန်တော်တွေ့ဆုံကစားချင်တဲ့အသင်းတစ်သင်းကလည်း ယူနိုက်တက်အသင်းပါပဲ။ မဲခွဲရလဒ်ကိုကြည့်ဖို့အတွက် ကျွန်တော်နဲ့နည်းပြအဖွဲ့ဝင်တွေ ဟိုတယ်တစ်ခုမှာ သွားရောက် စားသောက်ပြီးကြည့်ခဲ့ကြပါတယ်။ မဲခွဲ ရလဒ် အရ ကျွန်တော် တို့ ရင်ဆိုင် ကစား ရမယ့် အသင်း က ယူနိုက်တက် ဖြစ်တယ် ဆိုတာ ကိုသိလိုက် ရချိန် မှာကျွန်တော် တို့ အားလုံး အတူတကွ ခွက်တွေတိုက် ပြီးချီးယားစ်လုပ်ခဲ့ကြ ပါ သေးတယ် ။
photo internet
အဲဒါဟာ ကျွန်တော် တို့ အတွက် တော့ခမ်းနားတဲ့ မဲခွဲ ရလဒ် တစ်ခု ပါပဲ။ ကျွန်တော်ယူနိုက်တက်မှာရှိခဲ့ တဲ့အချိန်တွေမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အရာအားလုံးအနိုင်ရခဲ့ပါတယ်။ အက်ဖ်အေဖလားကို ကပ္ပတိန်အဖြစ်နဲ့အနိုင်ရတာက ကြီးမားတဲ့ဂုဏ်ထူးဆောင်မှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နိမ့်ကျတဲ့အခိုက်အတံ့တွေလည်းရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်မှာအလုပ်လုပ်ခဲ့ရတာကိုပျော်ပါတယ်။ အဲဒီအချိန်တွေကို ချစ်မြတ်နိုးတဲ့အမှတ်တရတွေနဲ့ အမြဲပြန်လည်ကြည့်ရှုနေမှာပါ။”ဆိုပြီး ရွန်းနီကပြောဆိုထားပါ တယ်။ရွန်းနီဟာ ဇန်နဝါရီတုန်းက မေဂျာလိဂ်အသင်း ဒီစီယူနိုက်တက်ကနေပြောင်းလာခဲ့ပြီးနောက် ဒါဘီအတွက် ၁၄ပွဲကစား ၄ဂိုးသွင်းထားပါတယ်။ သူဒါဘီနဲ့ ၁၈လစာချုပ်ချုုပ်ထားပြီး တစ်ပတ်ပေါင်တစ်သိန်းရပါတယ်။ ရွန်းနီဟာယူနိုက်တက်မှာနေခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၅ခါ၊ ချန်ပီယံလိဂ် ၁ခါ၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား ၃ခါရရှိခဲ့ပါတယ်။ အသက် 34 နှစ်အရွယ် ရွန်းနီဟာ အဲဗာတန်ကနေ ပေါင်၂၇သန်းနဲ့ပြောင်း လာခဲ့ပြီးနောက် ယူနိုက်တက်အတွက် ၂၀၀၄ကနေ ၂၀၁၇အတွင်း ၅၅၉ပွဲကစား၊ ၂၅၃ဂိုးသွင်းပေးခဲ့ပါတယ်။ ၂၀၁၇မှာ အိုးထရက်ဖို့ဒ်ကနေပြန်လည်ထွက်ခွာခဲ့ပြီး မိခင်အသင်းအဲဗာတန်ကို ပြန်သွားခဲ့ပြီးနောက် အသင်းဟောင်းနဲ့ပြန်ဆုံခဲ့ ရတဲ့၂ပွဲလုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။
photo internet
ယူနိုက်တက် အသင်း ရဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးရှား ကတော့ ယူနိုက်တက် ကပ္ပတိန်ဟောင်း ဝိန်းရွန်းနီ ကို သတိထား ကြဖို့ ကစား သမားတွေ ကို သတိပေး ပြောဆို ထားပါတယ် ။ ဒီည ပွဲ ဟာ 2017 ခုနှစ် တုန်းက အိုးထရက်ဖိုဒ့် ကို စွန့်ခွာ အပြီး မှာ ရွန်းနီ အနေနဲ့ ယူနိုက်တက် ကို ပြန်လည် ရင်ဆိုင် ရတဲ့ တတိယ မြောက် ပွဲစဉ်ဖြစ်ပါတယ်။ “ဂိုး ဧရိယာ အထဲ နဲ့ တစ်ဝိုက် မှာ ဝိန်းရွန်းနီဟာ ခြိမ်းခြောက်မှု ကြီးမား နေဆဲပါ ။ သူ့ရဲ့ တည်ကန်ဘောတွေ ၊ ပွဲကို သိမြင်နိုင်တဲ့ အရည် အသွေးတွေ ၊ ပေးပို့မှုတွေ ဟာ အကောင်းဆုံး အခြေအနေ မှာ ရှိနေတုန်း ပါပဲ ။ ပရီးမီးယားလိဂ် လို ထိပ်တန်း အဆင့် မှာ သူ ကစား နိုင်သေးကြောင်း ကိုလည်း သက်သေ ပြဖို့ ဆန္ဒ ပြင်းပြ နေမှာပါ။ဒါကြောင့် ဒီည ပွဲမှာ ဝိန်းရွန်းနီ ကို သတိထားရပါမယ် ။ သူက ကွင်းလယ် မှာရော ရှေ့တန်း မှာပါ ကစား နိုင်တဲ့ သူပါ ။ ပေါလ်စခိုး ပြီးရင် ကျွန်တော် မြင်ဖူး သမျှ ယူနိုက်တက် ကစား သမားတွေ ထဲ မှာ အဝေးဘော ပေးပို့မှု အကောင်းဆုံး က ဝိန်းရွန်းနီ ပါပဲ။သူ ဟာ ယူနိုက်တက် ရဲ့ စစ်မှန်တဲ့ ဂန္ထဝင် တစ်ဦး ပါ ။
photo internet
နောင်လည်း အဲဒီအတိုင်း ဖြစ်နေ ဦးမှာပါပဲ ။ ဒါပေမယ့် ဒီညမှာ ယူနိုက်တက် ဘက်ကို ဂိုး သွင်းခဲ့ ရင်တော့ အရင် တုန်းက ယူနိုက်တက် အတွက် သူ သွင်းထားတဲ့ ဂိုးတွေ ထဲ ကနေ ပြန်နှုတ် ချင် နှုတ် ပစ် မှာပါ။ ဝိန်း ရွန်းနီဟာ အသင်း မှာ အကြာကြီး ကစား ခဲ့သလို အောင်မြင်မှုတွေ လည်း အများကြီး ရခဲ့ ပါတယ် ။ အခုထိ ကလပ် ရဲ့ ဂိုး အများဆုံး သွင်းသူ အဖြစ် ရှိနေဆဲပါ ။ ပရိသတ်တွေကလည်း သူ့ကို အရမ်းချစ် ကြပါတယ် ။ ယူနိုက်တက် အတွက် သူ လုပ် ပေးခဲ့တာ တွေ အတွက် အရမ်းကို ဂုဏ်ယူမိ ပါတယ်”ဆိုပြီးနည်းပြဆိုးလ်ရှား ကပြောဆိုထားပါတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက်ကတော့ အခုပွဲဟာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ပွဲပါ။ ဘယ်အသင်းနိုင်နိုင်မလဲဆိုတာကိုလည်း ပရိသတ်တွေအနေနဲ့ထင်မြင်ချက်ပေးသွားကြပါအုံး။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)