ယူနိုက်တက်ကို ဘာကြောင့် “ သရဲနီ “ လို့ ခေါ်တွင်ကြလဲ ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းစတင် တည်ထောင်ချိန် ( ၁၈၇၈ ) ခုနှစ် ဝန်းကျင်တွေမှာ မန်ချက်စတာ ယူနိုက်တက်ကို “ The Heathens” လို့ ခေါ်ဆိုခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ “ Newton Heath Football Club” လို့ စတင်လူသိများလာပါတယ်။

( ၁၉၀၂ ) ခုနှစ်မှာတော့ “မန်ချက်စတာ ယူနိုက်တက်” အဖြစ် ‌ပြောင်းလဲခဲ့ပြီး အများစုက “ ယူနိုက်တက်” လို့ စတင်ခေါ်ဆိုခဲ့ကြပါတယ်။ (၁၉၄၅ ) ခုနှစ်မှာတော့ Sir Matt Busy က အသင်ကို တာဝန်ယူပြီးနောက် လူငယ်အများစုကို အသင်းကြီးမှာ ခေါ်ယူနေရာပေးခဲ့တဲ့ အတွက် မီဒီယာတွေက “ The Busy Babies” လို့ အမည်ပေးခေါ်တွင်ခဲ့ပါတယ်။

( ၁၉၅၈ ) မြူးနစ်ဖြစ်ရပ်ဆိုးအပြီးမှာ “ The Busby Babes” နာမည်က သင့်လျော်မှုမရှိတော့ကြောင်း သတ်မှတ်ကာ ခေါ်ဆိုခြင်းမပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အနီရောင် အင်္ကျီကို ဝတ်ဆင်လေ့ရှိတဲ့အတွက် ပြင်သစ်သတင်းစာ တစ်စောင်ကနေ “ သရဲနီ – the Red Devils” လို့ အဓိပ္ပာယ်ရတဲ့ “ Les Diables Rouges” လို့ အမည်ပေးခဲ့ပါတယ်။

( ၁၉၇၀ ) မှာတော့ ယူနိုက်ကတ်က အသင်းရဲ့ တံဆိပ်ကို တရားဝင် ပြောင်းလဲခဲ့ပြီး လက်ရှိမှာ ခက်ရင်းခွ နှင့် သရဲ သင်္ကေတဖြင့် အသင်းကို တွဲဖက် အမှတ်ရကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi



