ယူနိုက်တက်ကို ပြန်ရောက်လာတာက အပန်းဖြေအနားယူဖို့မဟုတ်ဘူးလို့ စီရော်နယ်လ်ဒိုကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုက အသင်းဆီတစ်ကျော့ပြန်ရောက်လာတာက အပန်းဖြေအနားယူဖို့အတွက် မဟုတ်ဘူးလို့ ကြုံးဝါးခဲ့ပြီး နယူးကာဆယ်နဲ့ကစားမယ့်ပွဲမှာ အသင်းအတွက်ပါဝင်ကစားခွင့်ရဖို့ စိတ်အားထက်သန်နေပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ (၂)နှစ်စာချုပ်နဲ့ပြန်လည်ရောက်ရှိခဲ့ပြီး တစ်ချိန်က အောင်မြင်မှုတွေရယူခဲ့တဲ့ ကျောနံပါတ်(၇)ဂျာစီဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက နံပါတ်(၇)ဂျာစီနဲ့ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ ရယူခဲ့သလို အခုအချိန်မှာလည်း အဲဒီလိုဆုဖလားအောင်မြင်မှုတွေ ထပ်ပြီးရယူနိုင်အောင် ပစ်မှတ်ထားနေတာပါ။

စီရော်နယ်လ်ဒိုဟာ နံပါတ်(၇)ဂျာစီဝတ်ဆင်ပြီးတော့ ယူနိုက်တက်အသင်းရဲ့အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း လည်ပတ်ခဲ့ပြီး ယူနိုက်တက်အသင်းက အဲဒီ ရုပ်သံဖိုင်ကို သူတို့ Twitter မှာ ‘He’s home.’ ဆိုတဲ့ Caption နဲ့အတူ Post တင်ခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း အသင်းဖော်ဟောင်းဖြစ်တဲ့ နောက်ခံလူဝက်စ်ဘရောင်းနဲ့ စီရော်နယ်လ်ဒို အင်တာဗျူးပြုလုပ်ခဲ့ပြီး စီရော်နယ်လ်ဒိုက “ယူနိုက်တက်အသင်းဆီ ပြန်ရောက်လာတာက အရမ်းကို ပျော်စရာကောင်းပါတယ်။

ဒီအသင်းမှာ ပြန်ကစားခွင့်ရမယ်လို့ မထင်ထားတဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိသလို စိတ်လည်းလှုပ်ရှားမိပြီး မိသားစုတွေနဲ့ ကလေးတွေကလည်း ပျော်ရွှင်နေကြပါတယ်။

ယူနိုက်တက်အသင်းဆီ ပြန်ရောက်လာတာက အပန်းဖြေအနားယူဖို့မဟုတ်ပါဘူး။

တစ်ချိန်တုန်းက ယူနိုက်တက်အသင်းနဲ့ ကြီးမားတဲ့အောင်မြင်မှုတွေရယူခဲ့သလို အခုအချိန်မှာလည်း အဲဒီလို ထပ်ပြီးအောင်မြင်မှုရယူနိုင်ဖို့ ပြန်လာခဲ့တာပါ။

အသင်းအတွက် စတင်ကစားဖို့ ကျွန်တော်အသင့်ဖြစ်နေပါပြီ။

လာမယ့်(၃)၊ (၄)နှစ်လောက်အထိ ဘောလုံးလောကမှာ အကောင်းဆုံးရပ်တည်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုက ၂၀၀၃ ခုနှစ်တုန်းက ယူနိုက်တက်အသင်းအတွက် ပထမဆုံးပါဝင်ကစားခဲ့ချိန်မှာ ကြောက်ရွံ့စိတ်လှုပ်ရှားခဲ့ရသလို လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရရင်လည်း အဲဒီလိုပဲ ပြန်ပြီးခံစားမိလိမ့်မယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ၂၀၀၃-၀၄ရာသီမှာ ဘော်လ်တန်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲ၊ ဒုတိယပိုင်းမှာ နစ်ကီဘတ်ရဲ့နေရာအစားထိုးဝင်ကစားခဲ့ပြီး ပွဲဦးထွက်မှာပဲ ခြေစွမ်းပြကစားနိုင်ခဲ့သူပါ။

“ယူနိုက်တက်အသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားတုန်းက ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားကြောက်ရွံ့နေမိပါတယ်။

အသင်းကို ရောက်ရောက်ချင်းမှာပဲ ပွဲထွက်ကစားရမယ်လို့ ထင်မထားဘူးလေ။

လာမယ့်စနေနေ့ပွဲမှာကစားခွင့်ရရင်လည်း ကျွန်တော် စိတ်လှုပ်ရှားမိမှာအမှန်ပါပဲ။

ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်က အရင်ကထက် ပိုရင့်ကျက်လာပြီဖြစ်သလို အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပြီးပါပြီ။

လာမယ့်ပွဲအတွက် ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပြီး ဆိုးလ်ရှားကိုလည်း နယူးကာဆယ်နဲ့ပွဲမှာ ပွဲထွက်အသုံးပြုဖို့ ကျွန်တော် တောင်းဆိုသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ကို ျပန္ေရာက္လာတာက အပန္းေျဖအနားယူဖို႔မဟုတ္ဘူးလို႔ စီေရာ္နယ္လ္ဒိုႀကဳံးဝါး

မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုက အသင္းဆီတစ္ေက်ာ့ျပန္ေရာက္လာတာက အပန္းေျဖအနားယူဖို႔အတြက္ မဟုတ္ဘူးလို႔ ႀကဳံးဝါးခဲ့ၿပီး နယူးကာဆယ္နဲ႔ကစားမယ့္ပြဲမွာ အသင္းအတြက္ပါဝင္ကစားခြင့္ရဖို႔ စိတ္အားထက္သန္ေနပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ဂ်ဴဗင္တပ္စ္အသင္းကေန ယူႏိုက္တက္အသင္းဆီ (၂)ႏွစ္စာခ်ဳပ္နဲ႔ျပန္လည္ေရာက္ရွိခဲ့ၿပီး တစ္ခ်ိန္က ေအာင္ျမင္မႈေတြရယူခဲ့တဲ့ ေက်ာနံပါတ္(၇)ဂ်ာစီဝတ္ဆင္ကစားမွာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုက ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက နံပါတ္(၇)ဂ်ာစီနဲ႔ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈေတြ ရယူခဲ့သလို အခုအခ်ိန္မွာလည္း အဲဒီလိုဆုဖလားေအာင္ျမင္မႈေတြ ထပ္ၿပီးရယူႏိုင္ေအာင္ ပစ္မွတ္ထားေနတာပါ။ စီေရာ္နယ္လ္ဒိုဟာ နံပါတ္(၇)ဂ်ာစီဝတ္ဆင္ၿပီးေတာ့ ယူႏိုက္တက္အသင္းရဲ႕အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း လည္ပတ္ခဲ့ၿပီး ယူႏိုက္တက္အသင္းက အဲဒီ ႐ုပ္သံဖိုင္ကို သူတို႔ Twitter မွာ ‘He’s home.’ ဆိုတဲ့ Caption နဲ႔အတူ Post တင္ခဲ့ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ေနာက္ခံလူဝက္စ္ဘေရာင္းနဲ႔ စီေရာ္နယ္လ္ဒို အင္တာဗ်ဴးျပဳလုပ္ခဲ့ၿပီး စီေရာ္နယ္လ္ဒိုက “ယူႏိုက္တက္အသင္းဆီ ျပန္ေရာက္လာတာက အရမ္းကို ေပ်ာ္စရာေကာင္းပါတယ္။ ဒီအသင္းမွာ ျပန္ကစားခြင့္ရမယ္လို႔ မထင္ထားတဲ့အတြက္ ကြၽန္ေတာ္ အရမ္းဂုဏ္ယူမိသလို စိတ္လည္းလႈပ္ရွားမိၿပီး မိသားစုေတြနဲ႔ ကေလးေတြကလည္း ေပ်ာ္႐ႊင္ေနၾကပါတယ္။ ယူႏိုက္တက္အသင္းဆီ ျပန္ေရာက္လာတာက အပန္းေျဖအနားယူဖို႔မဟုတ္ပါဘူး။ တစ္ခ်ိန္တုန္းက ယူႏိုက္တက္အသင္းနဲ႔ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူခဲ့သလို အခုအခ်ိန္မွာလည္း အဲဒီလို ထပ္ၿပီးေအာင္ျမင္မႈရယူႏိုင္ဖို႔ ျပန္လာခဲ့တာပါ။ အသင္းအတြက္ စတင္ကစားဖို႔ ကြၽန္ေတာ္အသင့္ျဖစ္ေနပါၿပီ။ လာမယ့္(၃)၊ (၄)ႏွစ္ေလာက္အထိ ေဘာလုံးေလာကမွာ အေကာင္းဆုံးရပ္တည္ႏိုင္မယ္ဆိုတာ ကြၽန္ေတာ္ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္လ္ဒိုက ၂၀၀၃ ခုႏွစ္တုန္းက ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးပါဝင္ကစားခဲ့ခ်ိန္မွာ ေၾကာက္႐ြံ႕စိတ္လႈပ္ရွားခဲ့ရသလို လာမယ့္ နယူးကာဆယ္နဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ရရင္လည္း အဲဒီလိုပဲ ျပန္ၿပီးခံစားမိလိမ့္မယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ၂၀၀၃-၀၄ရာသီမွာ ေဘာ္လ္တန္နဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲ၊ ဒုတိယပိုင္းမွာ နစ္ကီဘတ္ရဲ႕ေနရာအစားထိုးဝင္ကစားခဲ့ၿပီး ပြဲဦးထြက္မွာပဲ ေျခစြမ္းျပကစားႏိုင္ခဲ့သူပါ။

“ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးအႀကိမ္ပြဲထြက္ကစားတုန္းက ကြၽန္ေတာ္ အရမ္းကို စိတ္လႈပ္ရွားေၾကာက္႐ြံ႕ေနမိပါတယ္။ အသင္းကို ေရာက္ေရာက္ခ်င္းမွာပဲ ပြဲထြက္ကစားရမယ္လို႔ ထင္မထားဘူးေလ။ လာမယ့္စေနေန႔ပြဲမွာကစားခြင့္ရရင္လည္း ကြၽန္ေတာ္ စိတ္လႈပ္ရွားမိမွာအမွန္ပါပဲ။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္က အရင္ကထက္ ပိုရင့္က်က္လာၿပီျဖစ္သလို အေတြ႕အႀကဳံေတြလည္း အမ်ားႀကီးရခဲ့ၿပီးပါၿပီ။ လာမယ့္ပြဲအတြက္ ကြၽန္ေတာ္အေကာင္းဆုံးျပင္ဆင္ထားၿပီး ဆိုးလ္ရွားကိုလည္း နယူးကာဆယ္နဲ႔ပြဲမွာ ပြဲထြက္အသုံးျပဳဖို႔ ကြၽန္ေတာ္ ေတာင္းဆိုသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။