ယူနိုက်တက်ကို ပစ်ပစ်ခါခါ ပြောဆိုပြီး အင်တာကို ကျေးဇူးတင်ကြောင်းဆိုတဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုနွေအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ တိုက်စစ်မှူး လူကာကူက သူ့ရဲ့အသင်းဟောင်း အင်တာမီလန်အသင်းဟာ

သူ့ကို ယူနိုက်တက်ဆိုတဲ့ မစင်တွင်းနက်ကြီးထဲကနေ ကယ်ထုတ်ခဲ့တဲ့ ကျေးဇူးရှင်အသင်းဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုသွားခဲ့ပါတယ်။

လူကာကူဟာ ချယ်လ်ဆီးကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး (၁၀) နှစ်အကြာမှာ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

အင်တာမီလန်အသင်းက လူကာကူကို လက်လွှတ်မခံချင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကတော့ လူကာကူအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီး နောက်ဆုံးမှာတော့ ယူရို (၁၁၅) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

” ချယ်လ်ဆီးအသင်းဘက်က တတိယအကြိမ်မြောက် ကမ်းလှမ်းလာတော့မှ သူတို့ ကျွန်တော့်ကို အမှန်တကယ်အလိုရှိနေမှန်း နားလည်ခဲ့ပါတယ်။

ပထမအကြိမ်မှာ ယူရိုသန်း ၁၀၀၊ ဒုတိယအကြိမ်မှာ ယူရို ၁၀၅ သန်း+မားကို့စ် အလွန်ဆို၊ တတိယအကြိမ်မှာ ယူရိုသန်း ၁၁၀+ဇာပါကော်စတာ…စသဖြင့် ကမ်းလှမ်းခဲ့ပြီး အင်တာမီလန်အသင်းဘက်ကတော့ လုံးဝပယ်ချခဲ့ပါတယ်။ ”

” တကယ်တော့ အင်တာမီလန်အသင်းဆိုတာ ကျွန်တော့်ကို ခပ်နက်နက်ပြုတ်ကျပြီး နစ်မွန်းနေတဲ့ ယူနိုက်တက်ဆိုတဲ့ မစင်တွင်းထဲကနေ ကယ်ထုတ်ခဲ့တဲ့သူတွေပါ။

ဒါကြောင့် သူတို့ဆန္ဒကို မဆန့်ကျင်ခဲ့ပါဘူး။ နောက်ကျောကို ဓားနဲ့မထိုးခဲ့ပါဘူး။

လေ့ကျင့်ရေးဆင်းပြီးတဲ့ တစ်ရက်မှာ အင်ဇာဂီရဲ့ ရုံးခန်းထဲဝင်သွားခဲ့ပါတယ်။ ”

” ကျွန်တော့်စိတ်က မီလန်မှာ မရှိတော့ပါဘူး။ ဒါကြောင့် လက်ရှိသံယောဇဉ်ကိုလည်း မဖျက်ဆီးချင်ပါဘူး။

သဘောတူညီမှုတစ်ခုရအောင်တော့ လုပ်ဆောင်ပေးပါလို့ ကျွန်တော့်ဆန္ဒကို တောင်းဆိုခဲ့ပါတယ်။ ” လို့ လူကာကူကပြောဆိုပါတယ်။

လူကာကူဟာ ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံးပွဲထွက်ခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာတည်းက ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအတွက်လည်း အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ကို ပစ္ပစ္ခါခါ ေျပာဆိုၿပီး အင္တာကို ေက်းဇူးတင္ေၾကာင္းဆိုတဲ့ လူကာကူ

အခုေႏြအေျပာင္းအေ႐ႊ႕မွာ အင္တာမီလန္အသင္းကေန ခ်ယ္လ္ဆီးအသင္းဆီကို ေပါင္ ၉၈ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူ တိုက္စစ္မႉး လူကာကူက သူ႔ရဲ႕အသင္းေဟာင္း အင္တာမီလန္အသင္းဟာ သူ႔ကို ယူႏိုက္တက္ဆိုတဲ့ မစင္တြင္းနက္ႀကီးထဲကေန ကယ္ထုတ္ခဲ့တဲ့ ေက်းဇူးရွင္အသင္းျဖစ္ေၾကာင္း လူသိရွင္ၾကား ေျပာဆိုသြားခဲ့ပါတယ္။

လူကာကူဟာ ခ်ယ္လ္ဆီးကစားသမားေဟာင္းတစ္ေယာက္ျဖစ္ၿပီး (၁၀) ႏွစ္အၾကာမွာ ခ်ယ္လ္ဆီးအသင္းကို ျပန္လည္ေရာက္ရွိလာခဲ့တာပါ။အင္တာမီလန္အသင္းက လူကာကူကို လက္လႊတ္မခံခ်င္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းကေတာ့ လူကာကူအတြက္ အႀကိမ္ႀကိမ္ႀကိဳးပမ္းခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ယူ႐ို (၁၁၅) သန္းနဲ႔ ေခၚယူခဲ့ပါတယ္။

” ခ်ယ္လ္ဆီးအသင္းဘက္က တတိယအႀကိမ္ေျမာက္ ကမ္းလွမ္းလာေတာ့မွ သူတို႔ ကြၽန္ေတာ့္ကို အမွန္တကယ္အလိုရွိေနမွန္း နားလည္ခဲ့ပါတယ္။ ပထမအႀကိမ္မွာ ယူ႐ိုသန္း ၁၀၀၊ ဒုတိယအႀကိမ္မွာ ယူ႐ို ၁၀၅ သန္း+မားကို႔စ္ အလြန္ဆို၊ တတိယအႀကိမ္မွာ ယူ႐ိုသန္း ၁၁၀+ဇာပါေကာ္စတာ…စသျဖင့္ ကမ္းလွမ္းခဲ့ၿပီး အင္တာမီလန္အသင္းဘက္ကေတာ့ လုံးဝပယ္ခ်ခဲ့ပါတယ္။ ”

” တကယ္ေတာ့ အင္တာမီလန္အသင္းဆိုတာ ကြၽန္ေတာ့္ကို ခပ္နက္နက္ျပဳတ္က်ၿပီး နစ္မြန္းေနတဲ့ ယူႏိုက္တက္ဆိုတဲ့ မစင္တြင္းထဲကေန ကယ္ထုတ္ခဲ့တဲ့သူေတြပါ။ ဒါေၾကာင့္ သူတို႔ဆႏၵကို မဆန႔္က်င္ခဲ့ပါဘူး။ ေနာက္ေက်ာကို ဓားနဲ႔မထိုးခဲ့ပါဘူး။ ေလ့က်င့္ေရးဆင္းၿပီးတဲ့ တစ္ရက္မွာ အင္ဇာဂီရဲ႕ ႐ုံးခန္းထဲဝင္သြားခဲ့ပါတယ္။ ”

” ကြၽန္ေတာ့္စိတ္က မီလန္မွာ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ လက္ရွိသံေယာဇဥ္ကိုလည္း မဖ်က္ဆီးခ်င္ပါဘူး။ သေဘာတူညီမႈတစ္ခုရေအာင္ေတာ့ လုပ္ေဆာင္ေပးပါလို႔ ကြၽန္ေတာ့္ဆႏၵကို ေတာင္းဆိုခဲ့ပါတယ္။ ” လို႔ လူကာကူကေျပာဆိုပါတယ္။

လူကာကူဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ ပထမဆုံးပြဲထြက္ခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲမွာတည္းက ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အသင္းအတြက္လည္း အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။