ယူနိုက်တက်ကို နိုင်ပြီးရင် အခြေအနေမကောင်းဖြစ်သွားတဲ့အသင်းတွေထဲမှာ မန်စီးတီးလည်းပါဝင်မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အဖြစ်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို (၂-၀)ဂိုးနဲ့အနိုင်ယူပြီး ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၃)မှတ်အကွာ အဆင့်(၂)နေရာကိုရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ စိတ်ပျက်စရာကောင်းတဲ့ရလဒ်တွေနဲ့ရင်ဆိုင်နေရသလို ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး(၄)ပွဲမှာလည်း

ဗီလာ၊ လီဗာပူးလ်၊ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အဲဗာတန်နဲ့(၁-၁)ဂိုးစီသရေကျခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့နည်းစနစ်ပိုင်းအားနည်းမှု၊ ကစားသမားတွေရဲ့နိုင်လိုစိတ်ပျောက်ဆုံးနေမှုတွေကြောင့် ယူနိုက်တက်အသင်း အခုလိုရှုံးပွဲတွေနဲ့ရင်ဆိုင်နေရတာက သိပ်မဆန်းပေမယ့်

အံ့အားသ့င်စရာကောင်းတာက ဒီရာသီမှာ ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တဲ့အသင်းတွေဟာ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်နေရတာပါပဲ။

ယူနိုက်တက်အသင်းဟာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲအဖြစ် ဗီလာကို အိမ်ကွင်းမှာ(၁-၀)ဂိုးနဲ့ရှုံးခဲ့ပြီး

အဲဒီပွဲနောက်ပိုင်း ဗီလာအသင်း မထင်မှတ်လောက်အောင်ကို ရလဒ်တွေဆိုးရွားခဲ့သလို ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက်အရေးနိမ့်ခဲ့တာကြောင့် နည်းပြဒင်းစမစ်ပါ ရာထူးကအထုတ်ခံရတဲ့အထိဖြစ်သွားပါတယ်။

အဲဒီနောက် ယူနိုက်တက်အသင်းဟာ လက်စတာကို (၄-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး လက်စတာအသင်းဟာ ယူနိုက်တက်နဲ့ပွဲအပြီး

ပရီးမီးယားလိဂ်(၃)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့တဲ့အပြင် (၁)ပွဲရှုံး၊ (၁)ပွဲသရေကျခဲ့တာကြောင့် အခုလောလောဆယ် အမှတ်ပေးဇယားအဆင့်(၁၂)အထိကျဆင်းသွားခဲ့ပါတယ်။

ဗီလာ၊ လက်စတာအသင်းတို့လို ယူနိုက်တက်ကို အနိုင်ယူပြီးတဲ့နောက် အံ့အားသင့်စရာကောင်းအောင် ရလဒ်တွေယိမ်းယိုင်သွားတာကတော့ လီဗာပူးလ်အသင်းပါပဲ။

လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ(၅-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနိုင်ပွဲရယူခဲ့ပေမယ့် အဲဒီနောက်ပိုင်း ရလဒ်တွေကျဆင်းသွားခဲ့တာပါ။

ယူနိုက်တက်ပွဲအပြီး ဘရိုက်တန်နဲ့ကစားခဲ့တဲ့အိမ်ကွင်းပွဲမှာ လီဗာပူးလ်အသင်း (၂-၀)ဂိုးပြတ်ဦးဆောင်ပြီးတော့မှ ချေပဂိုးတွေပြန်ပေးလိုက်ရတဲ့အတွက် သရေနဲ့သာကျေနပ်ခဲ့ရတဲ့အပြင်

ပိုဆိုးတာက ပြီးခဲ့တဲ့တစ်ပတ်မှာ ဝက်စ်ဟမ်းအသင်းကို(၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ ဒီရာသီပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီး အဆင့်(၄)နေရာရောက်သွားပါတော့တယ်။

ဆိုးလ်ရှားဟာ ဘာအရည်အချင်းမှမရှိပေမယ့် ဘုန်းကံကြီးမားတဲ့လူတစ်ယောက်များဖြစ်နေလားဆိုတာ သံသယဖြစ်စရာပါပဲ။

အခု ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တဲ့ မန်စီးတီးအသင်းရော ဗီလာ၊ လက်စတာ၊ လီဗာပူးလ်တို့လို မထင်မှတ်ဘဲ ရလဒ်တွေယိမ်းယိုင်သွားမလား…

ခြေစွမ်းကောင်းတွေဆက်လက်ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ် …

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ကို ႏိုင္ၿပီးရင္ အေျခအေနမေကာင္းျဖစ္သြားတဲ့အသင္းေတြထဲမွာ မန္စီးတီးလည္းပါဝင္မွာလား?

ၿပီးခဲ့တဲ့စေနေန႔က ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)အျဖစ္ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ မန္စီးတီးအသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ယူၿပီး ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔(၃)မွတ္အကြာ အဆင့္(၂)ေနရာကိုေရာက္ရွိလာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ စိတ္ပ်က္စရာေကာင္းတဲ့ရလဒ္ေတြနဲ႔ရင္ဆိုင္ေနရသလို ပရီးမီးယားလိဂ္အိမ္ကြင္းေနာက္ဆုံး(၄)ပြဲမွာလည္း ဗီလာ၊ လီဗာပူးလ္၊ မန္စီးတီးတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီး အဲဗာတန္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕နည္းစနစ္ပိုင္းအားနည္းမႈ၊ ကစားသမားေတြရဲ႕ႏိုင္လိုစိတ္ေပ်ာက္ဆုံးေနမႈေတြေၾကာင့္ ယူႏိုက္တက္အသင္း အခုလိုရႈံးပြဲေတြနဲ႔ရင္ဆိုင္ေနရတာက သိပ္မဆန္းေပမယ့္ အံ့အားသ့င္စရာေကာင္းတာက ဒီရာသီမွာ ယူႏိုက္တက္အသင္းကို အႏိုင္ယူခဲ့တဲ့အသင္းေတြဟာ ေနာက္ပိုင္းပြဲေတြမွာ ႐ုန္းကန္ေနရတာပါပဲ။

ယူႏိုက္တက္အသင္းဟာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ္ရႈံးပြဲအျဖစ္ ဗီလာကို အိမ္ကြင္းမွာ(၁-၀)ဂိုးနဲ႔ရႈံးခဲ့ၿပီး အဲဒီပြဲေနာက္ပိုင္း ဗီလာအသင္း မထင္မွတ္ေလာက္ေအာင္ကို ရလဒ္ေတြဆိုး႐ြားခဲ့သလို ပရီးမီးယားလိဂ္(၅)ပြဲဆက္တိုက္အေရးနိမ့္ခဲ့တာေၾကာင့္ နည္းျပဒင္းစမစ္ပါ ရာထူးကအထုတ္ခံရတဲ့အထိျဖစ္သြားပါတယ္။

အဲဒီေနာက္ ယူႏိုက္တက္အသင္းဟာ လက္စတာကို (၄-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး လက္စတာအသင္းဟာ ယူႏိုက္တက္နဲ႔ပြဲအၿပီး ပရီးမီးယားလိဂ္(၃)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့တဲ့အျပင္ (၁)ပြဲရႈံး၊ (၁)ပြဲသေရက်ခဲ့တာေၾကာင့္ အခုေလာေလာဆယ္ အမွတ္ေပးဇယားအဆင့္(၁၂)အထိက်ဆင္းသြားခဲ့ပါတယ္။ ဗီလာ၊ လက္စတာအသင္းတို႔လို ယူႏိုက္တက္ကို အႏိုင္ယူၿပီးတဲ့ေနာက္ အံ့အားသင့္စရာေကာင္းေအာင္ ရလဒ္ေတြယိမ္းယိုင္သြားတာကေတာ့ လီဗာပူးလ္အသင္းပါပဲ။

လီဗာပူးလ္အသင္းဟာ ယူႏိုက္တက္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ(၅-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီး ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးႏိုင္ပြဲရယူခဲ့ေပမယ့္ အဲဒီေနာက္ပိုင္း ရလဒ္ေတြက်ဆင္းသြားခဲ့တာပါ။

ယူႏိုက္တက္ပြဲအၿပီး ဘ႐ိုက္တန္နဲ႔ကစားခဲ့တဲ့အိမ္ကြင္းပြဲမွာ လီဗာပူးလ္အသင္း (၂-၀)ဂိုးျပတ္ဦးေဆာင္ၿပီးေတာ့မွ ေခ်ပဂိုးေတြျပန္ေပးလိုက္ရတဲ့အတြက္ သေရနဲ႔သာေက်နပ္ခဲ့ရတဲ့အျပင္ ပိုဆိုးတာက ၿပီးခဲ့တဲ့တစ္ပတ္မွာ ဝက္စ္ဟမ္းအသင္းကို(၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့လို႔ ဒီရာသီပရီးမီးယားလိဂ္ပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့ၿပီး အဆင့္(၄)ေနရာေရာက္သြားပါေတာ့တယ္။

ဆိုးလ္ရွားဟာ ဘာအရည္အခ်င္းမွမရွိေပမယ့္ ဘုန္းကံႀကီးမားတဲ့လူတစ္ေယာက္မ်ားျဖစ္ေနလားဆိုတာ သံသယျဖစ္စရာပါပဲ။ အခု ယူႏိုက္တက္အသင္းကို အႏိုင္ယူခဲ့တဲ့ မန္စီးတီးအသင္းေရာ ဗီလာ၊ လက္စတာ၊ လီဗာပူးလ္တို႔လို မထင္မွတ္ဘဲ ရလဒ္ေတြယိမ္းယိုင္သြားမလား.. ေျခစြမ္းေကာင္းေတြဆက္လက္ျပသႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္ ..